သီချင်း ၉
ယေဟောဝါ ကောင်းချီး ကြွယ်ဝစေ
၁။ ရက်ရောကောင်းချီးများ ယေဟောဝါပင်ပေး၊
တို့စည်းလုံးစွာ မှုဆောင်ရေး
ပျော်ရွှင်မှုများ စိတ်နှလုံးထဲသိုထား၊
နှုတ်တော် လိမ္မာသူမှတ်သား
၂။ ညှဉ်းပန်းနှိပ်စက် မလိုမုန်းထားမှုပွား၊
ခက်ထန်ဆုံးဒဏ်များခံစား
ကရုဏာတော် ပတ်လည်စဉ် တွေ့ရမြဲ၊
စမ်းသပ်ရာများ ရင်ဆိုင်ရဲ
၃။ လက်လုပ်ဖွယ်ရာ လုပ်ငန်းတွေ့ရှိစဉ်ခါ၊
ဖြောင့်မှန်ရာ လုပ်ဆောင်မည်သာ
ဘုရားယေဟောဝါ ဖြောင့်မတ်သစ္စာရှိ၊
ဝမ်းသာဘဝင် တို့တွေ့ထိ
၄။ ကိုးကွယ်သူများမှ စိတ်ထက်သန်မှုပြ၊
ကောင်းချီးများတို့ရရှိကြ
သူမေတ္တာကရုဏာစိတ်ထား ဖော်ပြ၊
ဝေဒနာထပ်မတိုးရ