သီချင်း ၁၃၀
ဝမ်းမြောက်စွာမှုတော်ဆောင်ပါ
၁။ ရွှင်လန်းစွာ ဘုရားမင်းမှုတော်ဆောင်ရွက်စို့၊
မှုတော်တွက်ဉာဏ်စွမ်း သတ္တိ တန်ခိုးပြဖို့
ကျွန်တော်များ ဆောင်ရွက်အား သေးသိမ်ပါသော်ငြား၊
ကြည်ညိုပြည့်ဝ စိတ်ထားမေတ္တာမှ ထင်ရှား
၂။ ရှင်ယေဟောဝါ လုပ်ငန်း လူတိုင်း ဝင်မှုထမ်း၊
ရိတ်သိမ်းလုပ်သားများအား မြဲဖိတ်ခေါ် ကမ်းလှမ်း
တာဝန်ခံ မြတ်လှ လက်ခံရ ကောင်းကင်မှ၊
ပေးအပ် မှုဆောင်ရာမှကြွယ်ဝကောင်းချီးရ
၃။ မုသာသုံးလူသားသမ္မာတရားပယ်ငြား၊
တို့သိထား “မုသာမသုံးနိုင်သော ဘုရား”
ထိုကြောင့်တို့ကြိုးစား နှုတ်ကပါဌ်တော်ဟောကြား၊
သို့ဖြစ်သောအား တို့ဆုံးတိုင်ယုံကြည်ကိုးစား
၄။ ချိုသာမှုတော်ဆောင်စဉ် တူဝမ်းသာလျက်ပင်၊
ဆုရသူတိုင်းကို စဉ်သက်သေခံလျက်ပင်
ဘုရားပေးခွင့်ထူးမျက်နှာသာ ဤမြေမှာ၊
ကိုယ်တော်. ကျေးကျွန်ပြုကာ၊ စီးရာထောမနာ