ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၂၅-စာ. ၂၉
  • ကုသခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကုသခြင်း
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—
  • ယုံကြည်ခြင်းသည် ဖျားနာသူအားမည်သို့ကူညီနိုင်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • လူသားထုအား အံ့ဖွယ်ကုစားချိန်နီးပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယနေ့ခေတ်မှ ‘အံ့ဖွယ်ကုသမှုများ’—ယင်းတို့သည် ဘုရားသခင်ထံမှလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယုံကြည်ခြင်းကုထုံးကို ယေဟောဝါသက်သေတွေ အသုံးပြုကြသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၂၅-စာ. ၂၉

ကုသခြင်း

အဓိပ္ပာယ်သတ်မှတ်ချက်– ကာယ၊ စိတ္တနှင့်ဝိညာဏဘက်တွင် ဖျားနာသူအား ပြန်လည်ကျန်းမာစေခြင်းဖြစ်သည်။ ခရစ်ယာန်ခေတ်မတိုင်မီက ဟေဗြဲပရောဖက်အချို့နှင့် ယေရှုခရစ်အပြင် ကနဦးခရစ်ယာန်အသင်းတော်သားအချို့သည် ဘုရားသခင့်ဝိညာဉ်တော်ကူညီမှုဖြင့် အံ့ဖွယ်ကုသမှုပြုလုပ်ခဲ့ကြသည်။

ယနေ့အံ့ဖွယ်ကုသမှုသည် ဘုရားသခင့်ဝိညာဉ်တော်အားဖြင့်လော

ဘုရားသခင့်ထံတော်မှမဟုတ်ဘဲ၊ အခြဌာနမှ အံ့ဖွယ်ကုသစွမ်း သက်ရောက်လာနိုင်သလော

မောရှေနှင့်အာရုန်တို့သည် ဣသရေလလူတို့အား တောထဲသို့သွား၍ယေဟောဝါကိုယဇ်ပူဇော်ခွင့်ပေးရန် အီဂျစ်ပြည်ဖာရောမင်းထံတောင်းဆိုရာ၌ မိမိတို့ဘက်၌ဘုရားသခင်ကျောထောက်နောက်ခံရှိကြောင်း သက်သေပြသည့်အနေနှင့် အာရုန်သည် မောရှေညွှန်ကြားချက်အတိုင်း မိမိလှံတံကိုမြေသို့ပစ်ချသောအခါ လှံတံသည် မြွေကြီးတစ်ကောင်ဖြစ်လာသည်။ ၎င်းအံ့ဖွယ်အမှုကို ဘုရားသခင့်တန်ခိုးတော်ဖြင့်ပြုခဲ့ခြင်းဖြစ်၏။ သို့ရာတွင် အီဂျစ်မှော်ဆရာပုရောဟိတ်များလည်း မိမိတို့လှံတံကိုမြေသို့ချကြရာ မြွေကြီးများဖြစ်လာကြသည်။ (ထွ. ၇:၈-၁၂) မည်သူ့တန်ခိုးဖြင့် ထိုအံ့ဖွယ်အမှုများကိုပြုကြခြင်းဖြစ်သနည်း။​—တရားဟောရာ ၁၈:၁၀-၁၂ နှင့်နှိုင်း။

၂၀ ရာစုနှစ်တွင်လည်း ခရစ်ယာန်ဘောင်ဓမ္မဆရာများအမှူးပြုသောဝတ်ပြုမှုများ၌ ယုံကြည်ခြင်းဖြင့်ကုသမှုကိုတွေ့ရသည်။ ခရစ်ယာန်မဟုတ်သောဘာသာများဘောင်တွင် ဗူးဒူးခေါ်အောက်လမ်းဆရာ၊ ပယောဂကုဆရာ၊ ဆေးသမားမှစ၍အခြားကုသသူများရှိကြသည်။ သူတို့လည်း မှော်ပညာနှင့်နိမိတ်ဖတ်ခြင်းကို အသုံးပြုကြသည်။ အချို့“စိတ်ဆိုင်ရာကုသသူများ” က မိမိတို့၏ကုထုံးသည် ဘာသာရေးနှင့်မည်သို့မျှမပတ်သက်ဟုဆို၏။ ဤသူများ၏ကုသစွမ်းသည် ဘုရားမှန်ထံမှသက်ရောက်လာသလော။

မ. ၂၄:၂၄– “ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့်မိစ္ဆာပရောဖက်တို့သည်ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကိုပြကြလိမ့်မည်။”

မ. ၇:၁၅-၂၃– “မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။ ထိုနေ့၌၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြဝါဒကိုပေးပါပြီမဟုတ်လော၊ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကိုနှင်ထုတ်ပါပြီမဟုတ်လော၊ ကိုယ်တော်အခွင့်နှင့်များစွာသောတန်ခိုးတို့ကိုပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတည့်အလင်းငါပြောမည်။”

ကျွန်ုပ်တို့ခေတ်ရှိ စိတ်တက်ကြွဖွယ်ကုသမှုများသည် ယေရှုနှင့်ရှေးတပည့်တော်များပြုသော အံ့ဖွယ်ကုသမှုများ၏ပုံစံကိုလိုက်သလော

အမှုဆောင်ခ– “နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကိုခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့။” (မ. ၁၀:၈) (ယခုခေတ်ကုသသူတို့သည် ယေရှုမိန့်ကြားသည့်အတိုင်း အခမဲ့လုပ်ဆောင်ကြသလော။)

ပျောက်နှုန်း– “တန်ခိုးတော်ထွက်၍ ရှိသမျှ ကို အနာကင်းစေသောကြောင့် ကိုယ်တော် [ယေရှု] ကိုတို့ခြင်းငှာ လူပရိသတ်လုံး ရှာကြံကြ၏။” (လု. ၆:၁၉၊ သမ) “ပေတရုသည် လမ်း၌လျှောက်သွားစဉ် အနာစွဲသောသူတို့တွင် တစ်ယောက်ယောက်ကို သူ၏အရိပ်လွှမ်းမိုးစေခြင်းငှာ၊ လူနာတို့ကို လမ်းနားသို့ထုတ်၍ ခုတင်မွေ့ရာပေါ်မှာထားကြ၏။ ပတ်ဝန်းကျင်၌ရှိသောမြို့သူမြို့သားအပေါင်းတို့သည် အနာစွဲသောသူ၊ နတ်ဆိုးညှဉ်းဆဲသောသူတို့ကိုဆောင်ခဲ့လျက် ယေရုရှလင်မြို့သို့စုဝေးလာကြ၍ ထိုလူနာအပေါင်း [“ရှိသမျှ၊” သမ္မာ] တို့သည် အနာကင်းလွတ်ခြင်းသို့ရောက်ကြ၏။” (တ. ၅:၁၅၊ ၁၆) (ယခုခေတ်၌ ဘာသာရေးဖြင့်ကုသသူများ သို့မဟုတ် ဘာသာရေးကျောင်းဆောင်များသို့သွား၍ အကုသခံသောသူအားလုံး ရောဂါပျောက်ကင်းကြသလော။)

“ကုသသူများ” ၏ဘာသာအဖွဲ့တူအသင်းသားများနေထိုင်ပုံက မိမိတို့၌ ဘုရားသခင့်ဝိညာဉ်တော်ကျိန်းဝပ်ကြင်း သက်သေပြသလော

အုပ်စုတစ်ခုအနေနှင့် မေတ္တာ၊ စိတ်ရှည်ခြင်း၊ သိမ်မွေ့ခြင်းနှင့်စိတ်ချုပ်တည်းခြင်းစသော ဝိညာဉ်အသီးများ သီးပွင့်ကြသလော။​—ဂလ. ၅:၂၂၊၂၃။

သူတို့သည် ‘လောကနှင့်မသက်ဆိုင်’ လောကီနိုင်ငံရေးရာအားလုံးကို ရှောင်ကြဉ်သလော။ စစ်ဖြစ်ချိန်၌ လူသတ်ခြင်းအပြစ်နှင့်ကင်းရှင်း၏လော။ လောကီသီလပျက်မှုကိုရှောင်ရှားခြင်းကြောင့် နာမည်ကောင်းရကြသလော။​—ယော. ၁၇:၁၆၊ သက; ဟေရှာ. ၂:၄; ၁ သက်. ၄:၃-၈။

ယနေ့ခရစ်ယာန်စစ်တို့၏အထိမ်းအမှတ်မှာ အံ့ဖွယ်ကုသနိုင်စွမ်းလော

ယော.၁၃:၃၅– “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်။” (ဤကား ယေရှုမိန့်ဆိုချက်။ ကိုယ်တော်ကိုကျွန်ုပ်တို့တကယ်ယုံကြည်လျှင် မေတ္တာကို ခရစ်ယာန်ဘာသာအစစ်အမှန်၏အထိမ်းအမှတ်အဖြစ် စံထားမည်ဖြစ်သည်။ အံ့ဖွယ်ကုသမှုကိုစံထားမည်မဟုတ်။)

တ.၁:၈– “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ . . . မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။” (တမန်တော်များနှင့်ခွဲခွာ၍ ကောင်းကင်သို့ပြန်မကြွမီကလေးတွင် သူတို့လုပ်ရမည့်အလုပ်မှာ ထိုအလုပ်ပင်ဖြစ်ကြောင်းမိန့်တော်မူသည်။ ကုသမှုမဟုတ်။ မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀ တို့ကိုလည်းရှု။)

၁ကော.၁၂:၂၈-၃၀၊ သမ– “ပထမ၊ တမန်တော်များ၊ ဒုတိယ၊ ပရောဖက်များ၊ တတိယ၊ ဆရာများမှစ၍ အမှုကြီးများပြုခွင့်၊ ကုသခွင့်၊ ထောက်ပံ့ခွင့်၊ အုပ်ချုပ်ခွင့်၊ ဘာသာစကားထူးပြောဆိုခွင့်ရသူတို့ကို အသင်းတော်တွင် ဘုရားသခင်ထားတော်မူပြီ။ ရှိသမျှသည် တမန်တော်များ၊ ရှိသမျှသည် ပရောဖက်များ၊ ရှိသမျှသည် ဆရာများဖြစ်ကြသလော။ ရှိသမျှသည် အမှုကြီး ပြုခွင့်၊ ရှိသမျှသည် ကုသခွင့် . . . ကိုရကြသလော။” (ထို့ကြောင့် ခရစ်ယာန်စစ်အားလုံး ကုသစွမ်းရမည်မဟုတ်ကြောင်း ကျမ်းစာကထင်ရှားစွာပြော၏။)

မာကု ၁၆:၁၇၊ ၁၈ က ကုသစွမ်းသည် ယုံကြည်သူတို့၏ထင်ရှားသော အမှတ်အသားဖြစ်မည်ဟု မဆိုပေလော

မာ. ၁၆:၁၇၊ ၁၈– “ယုံကြည်သောသူတို့၌ ဖြစ်အံ့သောနိမိတ်လက္ခဏာဟူမူကား ငါ၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်ကြလတ္တံ့။ ထူးခြားသောဘာသာစကားမျိုးတို့ကို ပြောကြလတ္တံ့။ မြွေတို့ကို ဖမ်းကိုင်ကြလတ္တံ့။ သေစေတတ်သောအဆိပ်အတောက်ကိုသောက်စားလျှင် ဘေးဥပဒ်နှင့်ကင်းလွတ်ကြလတ္တံ့။ မကျန်းမမာသောသူတို့အပေါ်မှာလက်ကိုတင်၍ ချမ်းသာပေးကြလတ္တံ့။”

အချို့သမ္မာကျမ်းစာလက်ရေးစာမူများ၊ ခ.သ.ပဉ္စမနှင့်ဆဋ္ဌမရာစုကျမ်းစောင်များ၌ အထက်ပါကျမ်းချက်များကိုတွေ့ရသည်။ သို့သော် ပို၍ရှေးကျသောဂရိလက်ရေးစာမူများဖြစ်ကြသောစတုတ္ထရာစုSinaiticus [သိနာကျမ်း] နှင့်Vatican MS 1209 [ဗက်တီကင် စာမူ ၁၂၀၉] တို့၌မတွေ့ရ။ သမ္မာကျမ်းစာလက်ရေးစာမူသုခမိန် ဒေါက်တာ ဝက်စကော့တ် က “၎င်းကျမ်းချက်များသည် . . .မူရင်းစီကုံးချက်တွင်မပါဝင်၊ နောက်ဖြည့်သာဖြစ်သည်” ဟုဆို၏။ (ခရစ်ဝင်ကျမ်းများလေ့လာမှုနိဒါန်း၊ လန်ဒန်၊ ၁၈၈၁၊ စ. ၃၃၈) ပဉ္စမရာစု၌ ကျမ်းစာဘာသာပြန် ဂျရုမ်းက “ဂရိကျမ်းစာတွဲအားလုံးလိုလို ဤစာပိုဒ်မပါရှိချေ” ဟုဆို၏။ (မာကုခရစ်ဝင်ကျမ်း၏နောက်ဆုံးအခန်းငယ်တစ်ဆယ့်နှစ်ခု၊ လန်ဒန်၊ ၁၈၇၁၊ ဂျေ.ဒဗ္ဗလျူ.ဘားဂုံး၊ စ.၅၃) ကက်သလစ်စွယ်စုံကျမ်းသစ်(၁၉၆၇) က “၎င်း၏ဝေါဟာရနှင့်စီကုံးပုံသည် ထိုခရစ်ဝင်ကျမ်း၏အခြားအပိုင်းများနှင့် သိသိသာသာခြားနားလှရကား ၎င်း [အခန်းငယ် ၉-၂၀] သည် မာကုစီကုံးရာမဖြစ်နိုင်” ဟုဆို၏။ (အတွဲ၉၊ စ.၂၄၀) ရှေးခရစ်ယာန်များ မိမိတို့ယုံကြည်သူများဖြစ်ကြောင်း အဆိပ်သောက်၍ဖြစ်စေ၊ မြွေကိုင်၍ဖြစ်စေ သက်သေပြခဲ့ကြသည်ဟူသောမှတ်တမ်းတင်ချက် မရှိချေ။

အံ့ဖွယ်ကုသစွမ်းစသောဆုကျေးဇူးများကို ပထမရာစုခရစ်ယာန်များအား အဘယ်ကြင့် ပေးတော်မူသနည်း

ဟေဗြဲ ၂:၃၊ ၄၊ သက– “ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရားတော်ကို ငါတို့ဂရုမစိုက်ဘဲနေကြပါမူ အဘယ်သို့လျှင် ငါတို့သည် အပြစ်ဒဏ်စီရင်ခြင်းနှင့်ကင်းလွတ်နိုင်ကြပါမည်နည်း။ ထိုကယ်တင်ခြင်းတရားတော်ကို သခင်ဘုရားကိုယ်တော်တိုင် ဦးစွာပထမ ဟောကြားတော်မူ၍ ကြားနာရသူတို့က ငါတို့အား ထိုတရားတော်မှန်ကန်ကြောင်းကို သက်သေပြခဲ့ကြ၏။ ထိုမှတစ်ပါးလည်း ထာဝရဘုရားကိုယ်တော်တိုင်ပင်လျှင် နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများနှင့် ထူးဆန်းသောတန်ခိုးအမျိုးမျိုးတို့ကို ပြတော်မူခြင်းအားဖြင့်လည်းကောင်း၊ ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သောဆုကျေးဇူးများကို အလိုတော်ရှိသည်အတိုင်းဝေငှတော်မူခြင်းအားဖြင့်လည်းကောင်း ထပ်လောင်းသက်သေပြတော်မူ၏။” (ဤသည်ကား ထိုအချိန်ကပေါ်စဖြစ်သောခရစ်ယာန်အသင်းတော်သည် ဘုရားသခင့်အသင်းတော်အမှန်ဖြစ်ကြောင်းသက်သေထူသည့် ယုံလောက်ဖွယ်သာဓကတည်း။ အခိုင်အလုံသက်သေထူပြီးသည့်နောက်၌ အဖန်တလဲလဲ သက်သေပြရန်လိုဦးမည်လော။)

၁ ကော. ၁၂:၂၉၊ ၃၀; ၁၃:၈၊ ၁၃– “ရှိသမျှတို့သည် ပရောဖက်ဖြစ်ကြသလော။ . . . ရှိသမျှတို့သည် အနာရောဂါကိုငြိမ်းစေနိုင်သောအခွင့်ရှိကြသလော။ ရှိသမျှတို့သည် အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်ကြသလော။ . . . မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့်အစဉ်ကင်းလွတ်၏။ ပရောဖက်ဉာဏ်သော်လည်းကောင်း၊ အမျိုးမျိုးသောဘာသာစကားကို ပြောနိုင်သောအခွင့်သော်လည်းကောင်း . . . ကွယ်ပျောက်လိမ့်မည်။ . . . ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်သတည်း။” (ထိုအံ့ဖွယ်ဆုကျေးဇူးတို့သည် ဆိုင်ရာရည်ရွယ်ချက်များကိုဖြစ်မြောက်စေသည့်နောက် တိမ်ကောသွားမည်ဖြစ်သည်။ သို့သော် အဖိုးအနဂ္ဃထိုက်၍ ဘုရားသခင့်ဝိညာဉ်တော်အသီးဖြစ်သောအရည်အချင်းများမူ ခရစ်ယာန်စစ်တို့၏အသက်တာတွင် ဆက်လက်ထင်ရှားနေမည်ဖြစ်သည်။)

အနာပျောက်ဖို့သာအဓိက၊ ဘယ်နည်းဖြင့်ကုကု အရေးလော

၂ သက်. ၂:၉၊ ၁၀– “ထိုအဓမ္မလူ၏လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့်စပ်ဆိုင်သောထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုအမျိုးမျိုးနှင့်လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်သောသူတို့တွင် မတရားသောလှည့်ဖြားခြင်းအမျိုးမျိုးနှင့်လည်းကောင်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ သမ္မာတရား၌မွေ့လျော်သောစိတ်ကိုမခံမယူကြ။”

လု. ၉:၂၄၊ ၂၅၊ သက– “မိမိအသက်ကိုကယ်ဆယ်လိုသူသည် အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့ကြောင့်အသက်ဆုံးရှုံးသူသည် မိမိအသက်ကိုကယ်ဆယ်လိမ့်မည်။ လူသည် တစ်လောကလုံးကိုစိုးပိုင်ခွင့်ရသော်လည်း မိမိ၏အသက်ဆုံးရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။”

အနာခပ်သိမ်းနှင့်တကယ်ကင်းရှင်းရန် အဘယ်မျှော်လင့်ချက်ရှိသနည်း

ဗျာ. ၂၁:၁-၄– “ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်းငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ . . . ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”

ဟေရှာ. ၂၅:၈၊ သမ္မာ– “အရှင်ထာဝရဘုရားသည်လည်း သေခြင်းကိုအစဉ်အမြဲပယ်ဖျက်လျက် ခပ်သိမ်းသောမျက်နှာမှမျက်ရည်ကို သုတ်တော်မူလိမ့်မည်။” (ဗျာဒိတ် ၂၂:၁၊ ၂ ကိုလည်းရှု။)

ဟေရှာ. ၃၃:၂၄၊ သမ္မာ– “ထိုမြို့သားတစ်စုံတစ်ယောက်က ငါနာသည်ဟုမဆို။”

တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—

‘အံ့ဖွယ်ကုသမှုကို ခင်ဗျားယုံသလား’

ဤသို့ပြန်ပြောနိုင်သည်– ‘ဘုရားသခင်မှာ အံ့ဖွယ်ကုသနိုင်စွမ်းရှိတယ်ဆိုတာကိုမယုံတဲ့လူဟာ သမ္မာကျမ်းစာကိုမယုံရာရောက်တယ်။ ဒါပေမဲ့ ခုခေတ်မှာ လူတွေ နည်းလမ်းမှန်မှန်နဲ့ကုသနေတာမှဟုတ်ရဲ့လားဆိုပြီး ကျွန်တော်တွေးစရာဖြစ်နေတယ်။’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– (၁) ‘မိတ်ဆွေကို ကျွန်တော် ကျမ်းချက်တစ်ချက် ဖတ်ပြပါရစေ။ ခုခေတ်လုပ်ပုံနဲ့လုံးဝမတူတဲ့လုပ်ရိုးတစ်ခုကို မိတ်ဆွေသတိပြုမိမလား၊ ကြည့်ရအောင်။ (မ. ၁၀:၇၊ ၈) . . . ဒီကျမ်းချက်မှာ ယေရှုက တပည့်တော်တွေလုပ်နိုင်မယ်လို့ပြောပေမဲ့ ခုခေတ်ကုသသူများမလုပ်နိုင်တဲ့အလုပ်တစ်ခုရှိတယ်ဆိုတာကိုကော သတိပြုမိသလား။ (လူသေကိုသူတို့မထမြောက်စေနိုင်။)’ (၂) ‘ကျွန်တော်တို့ဟာ တခြားလူတွေကိုစီရင်တဲ့တရားသူကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ မဿဲ ၂၄:၂၄က ကျွန်တော်တို့သတိပြုရမဲ့ကိစ္စတစ်ရပ်ကို တင်ပြထားတာကိုတော့ သတိပြုသင့်ပါတယ်။’

သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘သမ္မာကျမ်းစာမှာပါတဲ့ကုသခြင်းအကြောင်းကို ကျွန်တော်တကယ်ယုံတယ်။ ဒါပေမဲ့ ခုစနစ်အောက်မှာ ကုသသမျှဟာ တဒင်္ဂအကျိုးသာရှိတယ်။ ဟုတ်တယ်မဟုတ်လား။ အဆုံးမှာ ကျွန်တော်တို့အားလုံး သေရတာချည်းပဲ။ တစ်နေ့သောအခါ အသက်ရှင်နေသမျှလူတွေ ကျန်းမာသန်စွမ်းပြီး သေစရာမလိုတော့တဲ့အဖြစ်မျိုး ရနိုင်မယ်ထင်လား။ (ဗျာ. ၂၁:၃၊ ၄)’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ