သီချင်း ၁၀၈
ယေဟောဝါနှုတ်ကပါဌ်တော်တည်ကြည်
၁။ ကောင်းကင်မှမိုးရေများရွာချသည်သို့၊
ကမ္ဘာသီးထွက်များစွာ ထွက်ပေါ်ဖို့
နှုတ်ကပါဌ်တော် ယေဟောဝါရှင်မိန့်ကြား၊
အောင်မြင်မည်သာ သစ္စာတရားထင်ရှား
၂။ ဣသရေလတို့အား ယောရှုမှာကြား၊
ဘယ်မျှ ကြီးမြတ် ကောင်းမှုတော်ပြထား
ရှိသမျှမှယေဟောဝါကတိထား၊
မည်သူမျှမရှုံး တန်ခိုးတော်ထင်ရှား
၃။ တစ်ကြိမ်ပြဖူး ကတိတော် မွေခံအား၊
မပြောင်းလဲနိုင်ရာ သစ္စာစကား
“ငါ့နာမ၌ငါကျိန်” ဆိုယေဟောဝါ၊
ကျောက်ဆူးမြဲသည်သို့ရထား မျှော်လင့်ရာ
၄။ ဘုရားမိန့်ကြားရာ တို့စိတ်ချနိုင်ပါ၊
သူ့ဖြောင့်မတ် ကတိအောင်ပွဲခံမှာ
စနစ်သစ်ချိန်ခါပြင်ဆင်စီမံကာ၊
ချီးမွမ်းယေဟောဝါ ကတိတော်သစ္စာ