ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၀၅ စာ. ၃
  • ကျွန်ုပ်တို့ မည်သို့ကူညီပေးနိုင်ကြသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့ မည်သို့ကူညီပေးနိုင်ကြသနည်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘေးအန္တရာယ်ကြုံရသူတွေကို သင်တို့ ကူညီပေးသလား
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ‘ယေဟောဝါဘုရားအတွက် ပေးလှူ’
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်း
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ဘေးအန္တရာယ် ကျရောက်ပြီးနောက် အကူအညီ ပေးနိုင်ပုံ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
နဓ ၁၁/၀၅ စာ. ၃

ကျွန်ုပ်တို့ မည်သို့ကူညီပေးနိုင်ကြသနည်း

၁ ယေဟောဝါသက်သေများသည် ကမ္ဘာ့ဒေသအချို့တွင် ကျရောက်သည့် ကပ်ဘေးကို ကြားသိသောအခါ “ကျွန်ုပ်တို့ မည်သို့ကူညီပေးနိုင်ကြသနည်း” ဟူသော မေးခွန်းကို မေးတတ်ကြသည်။ တမန်တော် ၁၁:၂၇-၃၀ တွင်ဖော်ပြထားသည့် မှတ်တမ်းအရ ပထမရာစုရှိခရစ်ယာန်များသည် ယုဒပြည်တွင် အစာခေါင်းပါးမှုဖြစ်ခဲ့ရာ ထိုဒေသရှိညီအစ်ကိုများအတွက် ကယ်ဆယ်ရေးလုပ်ငန်းကို စီစဉ်ဖွဲ့စည်းပေးခဲ့သည်။

၂ မျက်မှောက်ခေတ်တွင် ကျွန်ုပ်တို့၏အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းအရ စေတနာ့ဝန်ထမ်းလုပ်ငန်းကို လုပ်ဆောင်ရန်နှင့် သဘာဝဘေးဒဏ်များ သို့မဟုတ် လူကြောင့်ဖြစ်ပေါ်လာသောဘေးဒဏ်များကို ခံစားနေရသူများအား လူသားချင်းစာနာမှု ထောက်ပံ့ပေးရန် ငွေကိုအသုံးပြုခွင့်ပေးထားသည်။

၃ ဥပမာ၊ ပြီးခဲ့သည့်နှစ်က ညီအစ်ကိုများစွာသည် တောင်အာရှတွင် ဆူနာမီဘေးဒဏ်ခံခဲ့ရသူများကို ငွေကြေးလှူဒါန်းခဲ့ကြသည်။ အဖွဲ့အစည်း၏ကယ်ဆယ်ရေးရန်ပုံငွေသို့ ဤသို့လှိုက်လှိုက်လှဲလှဲ ငွေကြေးလှူဒါန်းခြင်းကို အလွန်ကျေးဇူးတင်ပါသည်။ သို့သော် အချို့နိုင်ငံများတွင် အလှူငွေများကို ဘေးဒဏ်တစ်မျိုးမျိုးအတွက် သတ်သတ်မှတ်မှတ်ထားရှိသည့်အခါ ကျွန်ုပ်တို့ဒေသခံညီအစ်ကိုများ၏လိုအပ်ရာများကို ဖြည့်ဆည်းပေးရာ၌ ပိုလျှံနေသည်ပင်ဖြစ်ပါစေ၊ ထိုငွေများကို အလှူရှင်၏ဆန္ဒအတိုင်း အချိန်အတိုင်းအတာတစ်ခုအတွင်း အသုံးပြုပစ်ဖို့ ဥပဒေရှိသည်။

၄ ထို့ကြောင့် လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးအတွက် အလှူငွေများကို ကမ္ဘာချီလုပ်ငန်းအတွက် ရန်ပုံငွေတွင်ထည့်ရန် အကြံပြုပါသည်။ ဤအလှူငွေများကို ကယ်ဆယ်ရေးလုပ်ငန်းများအပြင် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်း၏ ဝိညာဉ်ရေးလိုအပ်ရာများ ဖြည့်ဆည်းပေးရန်လည်း အသုံးပြုသည်။ အကြောင်းတစ်ခုခုကြောင့် ကမ္ဘာချီလုပ်ငန်းအတွက်မဟုတ်ဘဲ ကယ်ဆယ်ရေးအတွက်သာ အလှူငွေထည့်လိုလျှင် ယင်းကို လက်ခံပြီး ကယ်ဆယ်ရေးအထောက်အပံ့ လိုအပ်သော နေရာတိုင်းတွင် အသုံးပြုသွားမည်ဖြစ်သည်။ သို့သော် အလှူငွေများကို အဘယ်နေရာတွင်၊ အဘယ်သို့အသုံးပြုနိုင်သည်ဟု ကန့်သတ်ချက်မပါလျှင် ပိုကောင်းပါလိမ့်မည်။

၅ ကမ္ဘာချီလုပ်ငန်းကို အဓိကထား၍ လှူဒါန်းရန် ကျွန်ုပ်တို့ညွှန်ကြားရသည့်အကြောင်းမှာ အလှူငွေများကို ကယ်ဆယ်ရေးလိုအပ်ရာများအတွက်သာ သီးသန့်ထားခြင်းထက် နိုင်ငံတော်လုပ်ငန်းနှင့်ဆက်နွှယ်နေသည့် ကဏ္ဍအားလုံးအတွက် အသုံးပြုနိုင်ရန်ဖြစ်သည်။ “မိမိကိုယ်ကိုမေတ္တာ၌ တည်ဆောက်ခြင်းငှာ ကြီးပွားစေ” ဖို့လိုအပ်ရာကို ကျွန်ုပ်တို့ အတူတကွပေးဆက်ကြရာ ယင်းသည် ဧဖက် ၄:၁၆ ၏ဆိုလိုရင်းနှင့် ကိုက်ညီပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ