သီချင်း ၇၂
နိုင်ငံတော်လုပ်ငန်းမှရ ပျော်ရွှင်မှုနှင့်အသီးများ
(မဿဲ ၅:၁၂)
၁။ မှုတော်ဆောင်ရာ
မြတ်ဘုရား ယေဟောဝါ၊
တို့ရ ရွှင်ပျ ဘာမျှမနှိုင်းသာ
ကိုယ်ကျိုးစွန့်ကာ သတင်းကောင်းကို ဟောကြ၊
အခြားသူအား နှစ်သိမ့်မှုဝေမျှ
ဤသောကြောင်းရာ ခရစ်ယေရှု ကတိပြု၊
ပေးကမ်းမှု ရိတ်သိမ်းရ
ပျော်ရွှင်ဆု အဘယ်ပိုသာ ပစ္စည်းများပေးကမ်းငြား၊
ဖြောင့်မတ်သက်ဦးဆောင်သစ္စာ သာလွန်တရား
၂။ တစ်အိမ်တက်ဆင်း ဟောပြော သွန်သင်ရာတွင်၊
လျစ်လျူရှု ပြက်ရယ်မှု ကြုံလျက်ပင်
စိတ်ဆုံးဖြတ် သတ်မှတ် ရပ်တည်ရာ ခွန်အား၊
တို့သစ္စာတည်ကြည်ရာ ဆုပ်ကိုင်ထား
ခါးသီးလျက် နှိပ်စက်ညှဉ်းပန်း ခံရငြား၊
မစွန့် နာမတော် ယေဟောဝါအား
ယေရှုမိန့်ဆို ပျော်ဖို့ တို့ ရွှင်မြူးကြ၊
ရှေးပရောဖက်များလည်း ထပ်တူပင်ခံရ
၃။ အိုဘယ်ပျော်ဖွယ် မြင့်မြတ်မှု ဆောင်ရာဝယ်၊
ကိုယ်တော် လျှောက်ရာလမ်း
တို့လိုက်လျှောက်ဖွယ် လက်စားချေနေ့ဟော
သတိပေးယုတ်မာ၊ ဂုဏ်ပြုရာ
ဘုရားယေဟောဝါသာ တောင့်တသူများတွက်
မျှော်လင့်ရာ ဆောင်လာ ဒုစရိုက်ခိုက်ရန်ကင်းမဲ့
ကမ္ဘာ ဤပေးထား ဆုတွက် တို့ကျေနပ် ပျော်ရွှင်၊
မျှော်လင့်ရာမင်္ဂလာ ထာဝစဉ်သက်ရှင်