ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၀၉ စာ. ၁
  • သင်မည်သို့ဖြေဆိုမည်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မည်သို့ဖြေဆိုမည်နည်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်အဖြေများကို တိုးတက်စေခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • သင်မည်သို့ ဖြေဆိုသင့်သည်ကို သိနားလည်ပါ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • တပည့်ဖြစ်စေရာတွင် ကြီးမြတ်သောဆရာကို တုပလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မေးခွန်းများကို ထိရောက်စွာအသုံးပြုခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နဓ ၉/၀၉ စာ. ၁

သင်မည်သို့ဖြေဆိုမည်နည်း

၁။ ကျွန်ုပ်တို့သည် မေးခွန်းအမေးခံရသည့်အခါ ယေရှု၏ပုံနမူနာကို အဘယ်ကြောင့် ဆင်ခြင်သင့်သနည်း။

၁ လူတို့မေးခွန်းမေးသည့်အခါ ယေရှု၏ဖြေဆိုပုံနှင့်ပတ်သက်၍ ယနေ့အချိန်အထိ လူအများ အံ့သြချီးမွမ်းကြသည်။ ကျွန်ုပ်တို့ဓမ္မအမှုဆောင်စဉ် မေးခွန်းအမျိုးမျိုးအမေးခံရသည့်အခါ လူတို့အား ယေရှုပြန်အဖြေပေးခဲ့ပုံကို တုပသင့်သည်။—၁ ပေ. ၂:၂၁။

၂။ မေးခွန်းတစ်ခုကို ထိရောက်သောအဖြေပေးဖို့ ကျွန်ုပ်တို့ကို ဘာကအထောက်အကူပြုနိုင်သနည်း။

၂ ဦးစွာနားထောင်ပါ– ယေရှုသည် မေးခွန်းမေးသူ၏သဘောထားကို စဉ်းစားသုံးသပ်ခဲ့သည်။ လူတို့အမှန်တကယ်ဘာကိုစဉ်းစားနေကြောင်းသိရှိရန် မေးခွန်းများမေးဖို့လိုသည့်အခါရှိမည်။ တစ်စုံတစ်ယောက်က “ခင်ဗျား ယေရှုကိုယုံသလား” ဟုမေးခြင်းသည် သင်ဘာကြောင့် ခရစ္စမတ်မကျင်းပသည်ကို အမှန်သိလို၍ဖြစ်ပေမည်။ မေးခွန်းမေးသူ အမှန်တကယ်သိလိုရာကို သင်ခွဲခြားသိမြင်ပါက သူနှင့်ပို၍ထိရောက်စွာဆင်ခြင်သုံးသပ်နိုင်သည်။—လု. ၁၀:၂၅-၃၇။

၃။ ကျေနပ်လောက်သော ကျမ်းဆိုင်ရာအဖြေများရှာတွေ့ရန် ကျွန်ုပ်တို့ကို အကူအညီဖြစ်စေမည့် အဘယ်အရာများရှိသနည်း။

၃ ဘုရားသခင့်တရားစကားတော်ဖြင့်တုံ့ပြန်ပါ– မေးခွန်းနှင့်ပတ်သက်ပြီး သမ္မာကျမ်းစာက မည်သို့ဖြေဆိုထားသည်ကို ဖော်ပြခြင်းသည်အကောင်းဆုံးဖြစ်လေ့ရှိသည်။ (၂ တိ. ၃:၁၆၊ ၁၇; ဟေဗြဲ ၄:၁၂) ကျိုးကြောင်းဆင်ခြင်စာအုပ်နှင့် ကမ္ဘာသစ်ဘာသာပြန် သမ္မာကျမ်းစာပါ ‘‘ဆွေးနွေးရန်ကျမ်းစာအကြောင်းများ’’ သည် အဖြေမှန်ကိုပေးရန် အထောက်အကူပြုသည်။ မေးခွန်းမေးသူသည် သမ္မာကျမ်းစာကို အာဏာပိုင်အဖြစ် လက်မခံလျှင်ပင် ကျမ်းစာသွန်သင်ရာကို လိမ္မာပါးနပ်စွာ ဝေမျှနိုင်ပေမည်။ သမ္မာကျမ်းစာတွင်တွေ့ရသည့် ရေရှည်အကျိုးဖြစ်စေသော ဉာဏ်ပညာကို အလေးအနက်ဆင်ခြင်သုံးသပ်ရန် မေးခွန်းမေးသူကို အားပေးပါ။ ယေရှုကိုတုပခြင်းဖြင့် သင်တို့၏အဖြေများသည် ‘‘ငွေအပြောက်မှာစီခြယ်သော ရွှေရှောက်ချိုသီး’’ ကဲ့သို့ သိက္ခာရှိပြီး နှစ်သက်ဖွယ်ဖြစ်ကာ တန်ဖိုးရှိပါလိမ့်မည်။—သု. ၂၅:၁၁။

၄။ အဘယ်အချိန်တွင် မေးခွန်းတိုင်းကိုမဖြေဆိုခြင်းသည် အကောင်းဆုံးဖြစ်သနည်း။

၄ မေးခွန်းတိုင်းကို ဖြေဆိုသင့်သလော။ သင်သည် မေးခွန်းတစ်ခု၏အဖြေကို မသိပါက “ကျွန်တော် အဖြေမသိဘူး၊ ဒါပေမဲ့ မိတ်ဆွေမေးခွန်းရဲ့ အဖြေကိုရှာဖွေပြီး ပြန်လာပြောပြပါ့မယ်” ဟုပြောရန် စိတ်,ကသိကအောက်မဖြစ်ပါနှင့်။ ယင်းသို့သော ကျိုးနွံမှုနှင့် ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုက သူ့ထံပြန်လည်ပတ်ရန် ဖိတ်ခေါ်ဖို့ အိမ်ရှင်အား လှုံ့ဆော်မှုဖြစ်စေလိမ့်မည်။ အတိုက်အခံပြုသူများ၏ မေးခွန်းတစ်ခုသည် ငြင်းခုံရန်စတင်ကြိုးစားခြင်းဖြစ်နိုင်ကြောင်း သင်ခွဲခြားသိမြင်ပါက သင့်တုံ့ပြန်ပုံကို ကန့်သတ်လိုက်ခြင်းဖြင့် ယေရှုအား တုပပါ။ (လု. ၂၀:၁-၈) အလားတူ၊ တစ်စုံတစ်ဦးသည် အမှန်တရားကို စိတ်ရင်းမှန်ဖြင့် စိတ်ဝင်စားခြင်းမဟုတ်ဘဲ အငြင်းအခုံလုပ်ရန်ကြိုးစားပါက ယဉ်ကျေးစွာ ဆွေးနွေးမှုကိုရပ်လိုက်ပြီး သင့်အချိန်ကို စိတ်ရင်းမှန်ရှိသူများအားရှာဖွေရာတွင် အသုံးပြုပါ။—မ. ၇:၆။

၅။ မေးခွန်းများကိုအဖြေပေးရာတွင် အဘယ်ပုံနမူနာကို ယေရှုချမှတ်ခဲ့သနည်း။

၅ စိတ်ရိုးမှန်ဖြင့်မေးသူတို့၏မေးခွန်းကိုဖြေဆိုခြင်းပါဝင်သည့် “အမှန်တရားကို သက်သေခံရန်” ဟူသော မိမိ၏တာဝန်ကိုထမ်းဆောင်ရာတွင် ယေဟောဝါအပေါ်မှီခိုအားထားခြင်း၏ အရေးကြီးမှုကို ယေရှုသိခဲ့သည်။ (ယော. ၁၈:၃၇) ‘‘ထာဝရအသက်ကို လိုလားသူ’’ များအား အဖြေပေးရာတွင် ယေရှုကိုတုပရန် အခွင့်ထူးကြီး ကျွန်ုပ်တို့တွင်ရှိနေပါသည်။—တ. ၁၃:၄၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ