တိုးချဲ့ပါဝင်ဖို့ အခွင့်အရေးရစေတဲ့ အောက်မေ့ပွဲရာသီ
၁။ မတ်၊ ဧပြီနဲ့ မေလအတွင်းမှာ ကျွန်ုပ်တို့ရဲ့ဓမ္မအမှုကိုတိုးချဲ့ဖို့ ဘာကြောင့်သုံးသပ်သင့်သလဲ။
၁ လာမယ့်သတိရအောက်မေ့ပွဲရာသီအတွင်းမှာ သင် ဓမ္မအမှုမှာ တိုးချဲ့ပါဝင်နိုင်မလား။ များသောအားဖြင့် ဒီအချိန်က ရာသီဥတုကောင်းပြီး နေ့တာရှည်တယ်။ အလုပ်ပိတ်ရက် ကျောင်းပိတ်ရက်တွေရှိတဲ့အတွက် ကြေညာသူအတော်များများက ဓမ္မအမှုမှာ ပါဝင်နိုင်ကြတယ်။ ဧပြီ ၁၇ ရက်နေ့၊ သတိရအောက်မေ့ပွဲကိုတက်ရောက်ဖို့ စိတ်ဝင်စားသူတွေကိုဖိတ်ခေါ်တဲ့ အထူးကင်ပိန်းကို ဧပြီ ၂ ရက်နေ့မှာ စတင်မှာဖြစ်တယ်။ အဲဒီနောက် သတိရအောက်မေ့ပွဲ တက်ရောက်ခဲ့တဲ့ စိတ်ဝင်စားသူတွေကို ဆက်ကူညီပေးပြီး ဧပြီ ၂၅ ရက်အပတ်အတွင်းမှာ ဟောပြောမယ့် အထူးဟောပြောချက်ကိုတက်ရောက်ဖို့ ဖိတ်ခေါ်ကြမှာဖြစ်တယ်။ အမှန်ပါပဲ၊ မတ်၊ ဧပြီနဲ့ မေလအတွင်းမှာ ကျွန်ုပ်တို့ရဲ့ ဓမ္မအမှုကိုတိုးချဲ့ဖို့ သုံးသပ်သင့်တဲ့ အကြောင်းရင်းများစွာရှိပါတယ်။
၂။ ဓမ္မအမှုမှာ ပိုပါဝင်လုပ်ဆောင်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုက ဘာလဲ။
၂ အရန်ရှေ့ဆောင်– တိုးချဲ့နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုကတော့ အရန်ရှေ့ဆောင်လုပ်ခြင်းဖြစ်တယ်။ အားလုံးက အလုပ်များကြတဲ့အတွက် ဒီလိုလုပ်နိုင်ဖို့ ကြိုတင်စီစဉ်ဖို့လိုတယ်၊ ကိုယ်ပိုင်ဇယားတွေကို ပြုပြင်ချိန်ညှိဖို့လိုတယ်။ (သု. ၂၁:၅) လုပ်ရိုးလုပ်စဉ်တွေထဲက အရေးမကြီးတဲ့ အလုပ်တချို့ကို ရွှေ့ဆိုင်းထားနိုင်တယ်။ (ဖိ. ၁:၉-၁၁) အသင်းတော်မှာရှိတဲ့ အခြားသူတွေလည်း သင်နဲ့အတူ အရန်ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်လာဖို့ သင်ရှေ့ဆောင်လုပ်မယ့်အကြောင်း သူတို့ကို ပြောပြပါ။
၃။ တိုးချဲ့ပါဝင်နိုင်ဖို့ မိသားစုတွေ ဘယ်လိုစီစဉ်နိုင်သလဲ။
၃ လာမယ့်သင့်မိသားစုဝတ်ပြုမှုညချမ်းမှာ မိသားစုလိုက် ဘာပန်းတိုင်တွေချမှတ်မယ်ဆိုတာ ဆွေးနွေးနိုင်ပါတယ်။ (သု. ၁၅:၂၂) မိသားစုဝင်အားလုံး ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် မိသားစုဝင်တချို့ အရန်ရှေ့ဆောင်လုပ်ငန်းမှာ တစ်လ ဒါမှမဟုတ် အဲဒီထက်မက ပါဝင်နိုင်မှာဖြစ်တယ်။ တကယ်လို့ အရန်ရှေ့ဆောင်မလုပ်နိုင်ဘူးဆိုရင်ကော။ ညနေခင်းတချို့မှာ ဓမ္မအမှုမှာပါဝင်ခြင်း ဒါမှမဟုတ် စနေ၊ တနင်္ဂနွေနေ့မှာ အချိန်ပိုပါဝင်ခြင်းအားဖြင့် မိသားစုက ဓမ္မအမှုကို တိုးချဲ့နိုင်ပါတယ်။
၄။ အောက်မေ့ပွဲရာသီအတွင်း ဓမ္မအမှုမှာ တိုးချဲ့ပါ၀င်ခြင်းကနေ ဘယ်ကောင်းချီးတွေ ခံစားရမလဲ။
၄ ယေဟောဝါကိုအမှုဆောင်ဖို့ကျွန်ုပ်တို့ရဲ့လုပ်ဆောင်လေသမျှကို ကိုယ်တော်သိမြင်ပြီး ကျွန်ုပ်တို့ရဲ့ ပေးဆက်မှုတွေကို တန်ဖိုးထားလေးမြတ်တယ်။ (ဟေဗြဲ ၆:၁၀) ယေဟောဝါနဲ့ တခြားသူတွေကို ပေးဆက်ခြင်းက ရွှင်လန်းမှုခံစားရစေတယ်။ (၅ ရာ. ၂၉:၉; တ. ၂၀:၃၅) ရွှင်လန်းမှုနဲ့ ကောင်းချီးတွေခံစားရဖို့ အောက်မေ့ပွဲရာသီမှာ သင် တိုးချဲ့ပါဝင်နိုင်မလား။