ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bsi01 စာ. ၁၂-၁၃
  • ကျမ်းစာစောင် နံပါတ် ၁၆​—နေဟမိမှတ်စာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာစောင် နံပါတ် ၁၆​—နေဟမိမှတ်စာ
  • ‘ကျမ်းတစ်ကျမ်းလုံး’—စစ်မှန်ပြီးအကျိုးပြု အတွဲ ၈
  • ခေါင်းစ‎ဥ်ငယ်များ
  • အဘယ်ကြောင့်အကျိုးရှိကြောင်း
‘ကျမ်းတစ်ကျမ်းလုံး’—စစ်မှန်ပြီးအကျိုးပြု အတွဲ ၈
bsi01 စာ. ၁၂-၁၃

ကျမ်းစာစောင် နံပါတ် ၁၆​—နေဟမိမှတ်စာ

ကျမ်းရေးသူ– နေဟမိ

ရေးရာဒေသ– ယေရုရှလင်

ရေးသားပြီးစီးချိန်– ဘီ.စီ.အီး. ၄၄၃ နောက်ပိုင်း

ငုံမိသည့်ကာလပိုင်း– ဘီ.စီ.အီး. ၄၅၆-၄၄၃ နောက်ပိုင်း

၁။ နေဟမိသည် ယုံကြည်စိတ်ချခံရသူများသာရသော အဘယ်ရာထူးကို ရရှိခဲ့ပြီး သူ၏စိတ်ထဲတွင် အရေးအထားဆုံးအရာမှာ အဘယ်နည်း။

“ဂျားနှစ်သိမ့်မှုပေး” ဟူ၍အဓိပ္ပာယ်ရသော နေဟမိသည် ပါရှန်းဘုရင် အာတဇေရဇ် (လောန်ဂင်မနပ်စ်) ၏ ဂျူးကျွန်ယုံတော်တစ်ဦးဖြစ်သည်။ သူသည် ရှင်ဘုရင်၏ဖလားတော်ဝန်ဖြစ်၏။ အလွန်ယုံကြည်စိတ်ချရသူများသာရသောရာထူး၊ ဂုဏ်ရှိသောရာထူးဖြစ်ကာ ရှင်ဘုရင်၏စိတ်တော်ရွှင်ပျပြီး အခွင့်အရေးများချီးမြှင့်ရန်အသင့်ဖြစ်နေချိန်များတွင် ဘုရင့်အပါးတော်ချဉ်းခွင့်ရ၍ အများတကာလိုချင်သော ရာထူးဖြစ်သည်။ သို့ရာတွင် နေဟမိသည် ယေရုရှလင်မြို့ကို အခြားမည်သည့်ကိုယ်ရေးကိုယ်တာ “ဝမ်းမြောက်ခြင်းအကြောင်း” ထက်မဆို အထက်တွင်ထားလိုသော သစ္စာရှိသုံ့ပန်းများထဲမှတစ်ဦးဖြစ်သည်။ (ဆာ. ၁၃၇:၅၊ ၆) နေဟမိ၏အတွေးအာရုံတွင် အရေးထားဆုံးအရာမှာ ရာထူး၊ စည်းစိမ်မဟုတ်ဘဲ ယေဟောဝါ၏ဝတ်ပြုရေး ပြန်လည်တည်ထောင်ခြင်းဖြစ်သည်။

၂။ အဘယ်ဝမ်းနည်းဖွယ်အခြေအနေက နေဟမိကိုကြေကွဲပူဆွေးစေခဲ့သနည်း၊ သို့သော် အဘယ်သတ်မှတ်ထားသည့်အချိန်သည် နီးကပ်လာခဲ့သနည်း။

၂ ဘီ.စီ.အီး. ၄၅၆ တွင် ‘သိမ်းသွားခံရာမှ ကြွင်းကျန်’ သူများဖြစ်သည့် ယေရုရှလင်မြို့သို့ပြန်လာသော ဂျူးအကြွင်းအကျန်များသည် ပြေပြေလည်လည်မရှိခဲ့ပါ။ သူတို့သည် မြည်တမ်းငိုကြွေးနေရသည့်ဘဝ ရောက်ခဲ့ကြသည်။ (နေ. ၁:၃) မြို့ရိုးများပြိုပျက်နေပြီး လူမျိုးတော်သည် သူတို့၏ ထာဝရရန်သူများ၏အမြင်တွင် ကဲ့ရဲ့ရှုတ်ချဖွယ်ရာဖြစ်ခဲ့သည်။ နေဟမိ အလွန်ဝမ်းနည်းကြေကွဲခဲ့သည်။ သို့ရာတွင် ဤအချိန်သည် ယေရုရှလင်မြို့ရိုးနှင့်ပတ်သက်၍ တစ်စုံတစ်ခုပြုလုပ်ရန် ယေဟောဝါ၏သတ်မှတ်ထားသည့်အချိန်ဖြစ်သည်။ အချိန်ကိုဖန်ဆင်းသူအနေဖြင့် ယေဟောဝါသည် မေရှိယကြွလာမည့်အကြောင်းနှင့်ပတ်သက်ပြီး ဒံယေလအားပေးခဲ့သောပရောဖက်ပြုချက်နှင့်ဆက်စပ်ကာ ရန်သူများရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကာအကွယ်မြို့ရိုးနှင့်တကွယေရုရှလင်မြို့ကို တည်ဆောက်မှုပြုကိုပြုရမည်။ (ဒံ. ၉:၂၄-၂၇) ထိုသို့နှင့်အညီ ယေဟောဝါသည် သစ္စာရှိပြီး ဇွဲလုံ့လရှိသူ နေဟမိကိုသုံးကာ မြင့်မြတ်သောအလိုတော်ပြီးမြောက်ရေးအတွက် ကိစ္စရပ်များကို ညွှန်ကြားခဲ့သည်။

၃။ (က) နေဟမိသည် ကျမ်းရေးသူဖြစ်ကြောင်း အဘယ်အချက်ကသက်သေထူသနည်း၊ နေဟမိမှတ်စာဟု မည်သို့ခေါ်တွင်လာသနည်း။ (ခ) ဤကျမ်းနှင့် ဧဇရမှတ်စာတို့သည် အချိန်မည်မျှကွာခြားသနည်း၊ နေဟမိမှတ်စာသည် အဘယ်နှစ်များကို ငုံမိသနည်း။

၃ နေဟမိသည် မိမိနာမည်ဖြင့်သမုတ်ထားသောကျမ်း၏ ကျမ်းရေးသူဖြစ်သည်မှာ သံသယဖြစ်စရာမရှိပါ။ “ဟာလခိသား နေဟမိစကားဟူမူကား” ဟုအစချီထားခြင်းနှင့် ရေးသားရာတွင် ပြောသူနာမ်စားကိုအသုံးပြုထားခြင်းက ယင်းအချက်မှန်ကန်ကြောင်း အထင်အရှားသက်သေထူသည်။ (နေ. ၁:၁) ဧဇရနှင့် နေဟမိမှတ်စာသည် ယခင်ကတစ်ကျမ်းတည်းဖြစ်ပြီး ဧဇရကျမ်းဟုခေါ်ခဲ့သည်။ နောက်ပိုင်းတွင် ဂျူးတို့က ၎င်းကို ဧဇရပထမနှင့် ဒုတိယစောင်ဟုခွဲထုတ်လိုက်ပြီး ဧဇရဒုတိယစောင်သည် နေဟမိမှတ်စာဖြစ်လာသည်။ ဧဇရမှတ်စာအဆုံးမှအဖြစ်အပျက်များနှင့် နေဟမိမှတ်စာအစမှအဖြစ်အပျက်များအကြား ၁၂ နှစ်ခန့်ကွာခြားသည်၊ သို့နှင့် နေဟမိ၏ရာဇဝင်ကျမ်းသည် ဘီ.စီ.အီး. ၄၅၆ အကုန်ပိုင်းမှ ဘီ.စီ.အီး. ၄၄၃ နောက်ပိုင်းကာလအထိ ငုံမိသည်။—၁:၁; ၅:၁၄; ၁၃:၆။

၄။ နေဟမိမှတ်စာသည် ကျန်ကျမ်းစာစောင်များနှင့် မည်သို့သဟဇာတဖြစ်သနည်း။

၄ နေဟမိမှတ်စာသည် ကျန်မှုတ်သွင်းခံကျမ်းများနှင့် သဟဇာတဖြစ်နေရာ ယင်းတို့အဝင် အမှန်ဖြစ်ထိုက်သည်။ တစ်ပါးအမျိုးသားများနှင့် ထိမ်းမြားပေးစား၍ အမျိုးစပ်ခြင်း (တရား. ၇:၃; နေ. ၁၀:၃၀)၊ ချေးငှားခြင်း (ဝတ်. ၂၅:၃၅-၃၈; တရား. ၁၅:၇-၁၁; နေ. ၅:၂-၁၁)၊ သကေနေပွဲ (တရား. ၃၁:၁၀-၁၃; နေ. ၈:၁၄-၁၈) ကဲ့သို့သောကိစ္စရပ်များနှင့်ပတ်သက်ပြီး ပညတ်တရားကိုညွှန်းသည့် ရည်ညွှန်းချက်များစွာပါရှိသည်။ ထို့ပြင် ယေရုရှလင်မြို့သည် ပြန်လည်တည်ထောင်ခြင်းခံရမည်၊ သို့သော် “အနှောင့်အယှက်ခံရသောကာလ” ဖြစ်၍ဖိနှိပ်မှုကင်းလိမ့်မည်မဟုတ်စသည့် ဒံယေလပရောဖက်ပြုချက် စတင်ပြည့်စုံသည့်အချိန်ကို ဤကျမ်းကမှတ်သားဖော်ပြပေးသည်။—ဒံ. ၉:၂၅။

၅။ (က) အာတဇေရဇ်မင်းသည် ဘီ.စီ.အီး. ၄၇၅ တွင်နန်းတက်ကြောင်း အဘယ်ဇာစ်မြစ်များမှ အထောက်အထားက အတိအကျထောက်ပြကြသနည်း။ (ခ) သူ၏နန်းစံ ၂၀ မြောက်နှစ်သည် မည်သည့်ခုနှစ်ဖြစ်သနည်း။ (ဂ) နေဟမိမှတ်စာနှင့် လုကာကျမ်းတို့သည် မေရှိယနှင့်ပတ်သက်သော ဒံယေလပရောဖက်ပြုချက်ပြည့်စုံခြင်းနှင့် မည်သို့ဆက်စပ်နေသနည်း။

၅ မြို့ရိုးတည်ဆောက်ရန် ယေရုရှလင်မြို့သို့ နေဟမိခရီးနှင်ခဲ့သည့် ဘီ.စီ.အီး. ၄၅၅ နှင့်ပတ်သက်၍အသို့နည်း။ ဂရိ၊ ပါရှန်းနှင့် ဗာဗုလုန်မှ ယုံကြည်စိတ်ချရသော သမိုင်းအထောက်အထားများက ဘီ.စီ.အီး. ၄၇၅ သည် အာတဇေရဇ်မင်းနန်းတက်သည့်နှစ်ဖြစ်ပြီး ဘီ.စီ.အီး. ၄၇၄ သည် သူ၏နန်းစံပထမနှစ်ဖြစ်ကြောင်း ဖော်ပြသည်။a ထို့ကြောင့် သူ၏နန်းစံ ၂၀ မြောက်နှစ်သည် ဘီ.စီ.အီး. ၄၅၅ ဖြစ်သည်။ နေဟမိ ၂:၁-၈ က ထိုနှစ်နွေဦးအချိန်၊ ဂျူးနိသန်လတွင် ဖလားတော်ဝန်နေဟမိသည် ယေရုရှလင်မြို့၊ မြို့ရိုးနှင့် မြို့တံခါးမကြီးများကို ပြန်လည်တည်ဆောက်ရန် ဘုရင့်ခွင့်ပြုချက်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ “ယေရုရှလင်မြို့ကို တစ်ဖန်တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည်နေ့မှစ၍ ခရစ်တော်သခင်၏လက်ထက်တိုင်အောင်” ၆၉ သီတင်းနှစ် သို့မဟုတ် ၄၈၃ နှစ်ကြာရှည်မည်ဖြစ်ကြောင်း ဒံယေလပရောဖက်ပြုချက်က ဖော်ပြသည်—၎င်းပရောဖက်ပြုချက်သည် လောကီသမိုင်းအရကော ကျမ်းစာသမိုင်းအရပါကိုက်ညီရမည့်နှစ်ဖြစ်သည့် စီ.အီး. ၂၉၊ ယေရှုဘိသိက်ခံရချိန်တွင် မှတ်လောက်သားလောက်ဖွယ်ပြည့်စုံခဲ့သည်။b (ဒံ. ၉:၂၄-၂၇; လု. ၃:၁-၃၊ ၂၃) ယေဟောဝါဘုရားသခင်သည် စစ်မှန်သောပရောဖက်ပြုချက်၏ အာဘော်ရှင်နှင့် ပြည့်စုံစေသောအရှင်ဖြစ်ကြောင်းတင်ပြရာတွင် နေဟမိမှတ်စာနှင့် လုကာကျမ်းတို့သည် ဒံယေလပရောဖက်ပြုချက်နှင့် ထူးခြားစွာဆက်စပ်နေသည်! နေဟမိမှတ်စာသည် မှတ်သွင်းခံကျမ်းဝင် ကျမ်းတစ်ကျမ်းအမှန်ပင်ဖြစ်သည်။

အဘယ်ကြောင့်အကျိုးရှိကြောင်း

၁၆။ မှန်သောဝတ်ပြုမှုကိုချစ်မြတ်နိုးသူအားလုံးအတွက် နေဟမိသည် မည်သည့်နည်းများတွင် ပုံသက်သေကောင်းဖြစ်သနည်း။

၁၆ နေဟမိ၏ ဘုရားဝတ်၌မွေ့လျော်မှုသည် မှန်သောဝတ်ပြုရေးမြတ်နိုးသူအားလုံးအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်သင့်သည်။ ယေဟောဝါလူမျိုးအလယ်တွင် နှိမ့်ကျသောကြီးကြပ်မှူးတစ်ဦးဖြစ်လာရန် သူသည် အခွင့်ထူးသော ရာထူးကို စွန့်လွှတ်ခဲ့သည်။ သူသည် ရပိုင်ခွင့်ရှိသောထောက်ပံ့ငွေကိုပင်မယူခဲ့ပါ၊ ရုပ်ဝါဒလိုက်စားမှုကို ထောင်ချောက်တစ်ခုအဖြစ် ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့သည်။ ယေဟောဝါ၏ဝတ်ပြုရေးကို စိတ်ထက်သန်စွာလိုက်စားပြီး ထိန်းသိမ်းစောင့်ရှောက်ရန် မိမိလူမျိုးတစ်မျိုးလုံးကို နေဟမိ အားပေးထောက်ခံခဲ့သည်။ (၅:၁၄၊ ၁၅; ၁၃:၁၀-၁၃) နေဟမိ၏ တစ်ကိုယ်ကောင်းစိတ်ကင်းခြင်း၊ အမြော်အမြင်ရှိခြင်း၊ တက်ကြွမှုရှိသူဖြစ်ခြင်း၊ အန္တရာယ်ကြားတွင် ဖြောင့်မတ်ခြင်းတရားအတွက် ကြောက်ရွံ့မှုကင်းခြင်းတို့က ကျွန်ုပ်တို့အတွက် အလွန်ကောင်းသောပုံသက်သေဖြစ်သည်။ (၄:၁၄၊ ၁၉၊ ၂၀; ၆:၃၊ ၁၅) သူ့တွင် ဘုရားသခင်ကို လျော်ကန်သောကြောက်ရွံ့စိတ်ရှိပြီး ကျေးကျွန်ချင်းများ၏ယုံကြည်ခြင်းကို ဆောက်တည်ပေးရန် စိတ်ဝင်စားခဲ့သည်။ (၁၃:၁၄; ၈:၉) အထူးသဖြင့် စစ်မှန်သောဝတ်ပြုရေး၊ တိတ္ထိများနှင့် အိမ်ထောင်ပြုခြင်းကဲ့သို့သော တိုင်းတစ်ပါးသားတို့၏သြဇာကိုပယ်ရှားခြင်းကိစ္စတို့တွင် သူသည် ယေဟောဝါ၏ပညတ်တော်များကို အားသွန်ခွန်စိုက် ကြိုးစားလိုက်နာကျင့်သုံးခဲ့၏။—၁၃:၈၊ ၂၃-၂၉။

၁၇။ နေဟမိသည် ဘုရားသခင့်ပညတ်တော်ကို သိရှိနားလည်ခြင်းနှင့် ကျင့်သုံးခြင်းတို့တွင်လည်း အဘယ်ပုံသက်သေရှိသနည်း။

၁၇ နေဟမိသည် ယေဟောဝါပညတ်တော်အကြောင်း ကောင်းစွာသိရှိနားလည်ပြီး ယင်းတို့ကိုကောင်းစွာကျင့်သုံးကြောင်း ကျမ်းအနှံ့ဖော်ပြထားသည်။ တရားဟောရာ ၃၀:၁-၄ တွင် ယေဟောဝါကတိရှိထားသောကြောင့် မိမိ၏အကျိုးအလို့ငှာ သစ္စာရှိရှိအရေးယူလုပ်ဆောင်ပေးတော်မူမည်ကို အပြည့်အဝယုံကြည်ကာ ဘုရားသခင့်ကောင်းချီးရဖို့ တောင်းခံခဲ့သည်။ (နေ. ၁:၈၊ ၉) သူသည် အစည်းအဝေးကြီးများစွာကို စီစဉ်ကျင်းပခဲ့သည်၊ အဓိကအနေနှင့် ရှေးလွန်လေပြီးသောကာလကရေးသားခဲ့ရာများနှင့် ဂျူးများကို အကျွမ်းတဝင်ရှိလာစေရန်ဖြစ်သည်။ ပညတ္တိကျမ်းစာကို သူတို့ဖတ်ရာတွင် နေဟမိနှင့် ဧဇရတို့သည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လူတို့နားလည်ရန်နှင့် ယင်းတို့ကို လက်တွေ့ကျင့်သုံးလိုက်နာရန် ကြိုးစားအားထုတ်ခဲ့ကြသည်။—၈:၈၊ ၁၃-၁၆; ၁၃:၁-၃။

၁၈။ ကြီးကြပ်မှူးအားလုံးသည် နေဟမိ၏ ထက်သန်စွာဦးဆောင်မှုမှ မည်သည့်သင်ခန်းစာကို စိတ်စွဲမှတ်သင့်သနည်း။

၁၈ နေဟမိ၏ ယေဟောဝါပေါ် အကြွင်းမဲ့ယုံကြည်အားကိုးခြင်းနှင့် နှိမ့်ချစွာအသနားခံဆုတောင်းခြင်းတို့က ဘုရားသခင်ကို ထက်သန်စွာမှီခိုအားထားတတ်သောသဘောထားမျိုးကို မွေးမြူရန် ကျွန်ုပ်တို့အတွက် အားပေးမှုဖြစ်သင့်သည်။ သူ၏ဆုတောင်းချက်များ၌ ဘုရားသခင်အား ဂုဏ်တင်ချီးမြှင့်ခဲ့ပုံ၊ မိမိလူမျိုးအပြစ်ကို အသိအမှတ်ပြုဝန်ခံခဲ့ပုံနှင့် ယေဟောဝါ၏နာမတော် သန့်ရှင်းမြင့်မြတ်စေသည့်ဆုတောင်းပုံတို့ကို မှတ်သားပါ။ (၁:၄-၁၁; ၄:၁၄; ၆:၁၄; ၁၃:၁၄၊ ၂၉၊ ၃၁) ဘုရားသခင့်လူမျိုးသည် သူ၏ပညာရှိသောညွှန်ကြားချက်များကို လိုက်နာရန် အသင့်ရှိကြောင်းတင်ပြခြင်းနှင့် သူနှင့်အတူ ဘုရားသခင့်အလိုတော်ဆောင်ခြင်းမှရရှိသည့် ရွှင်လန်းမှုတို့က ဤဇွဲရှိသည့်ကြီးကြပ်မှူးသည် အလွန်အားထားရသူတစ်ဦးဖြစ်ကြောင်း ဖော်ပြသည်။ အမှန်ပင် အားတက်စရာကောင်းသောပုံသက်သေပင်! သို့သော် ပညာရှိကြီးကြပ်မှူးမရှိသည့်အခါ ရုပ်ဝါဒလိုက်စားခြင်း၊ အကျင့်ယိုယွင်းခြင်း၊ အယူဖောက်ပြန်ခြင်းနောက်သို့ မြန်မြန်ဆန်ဆန်ပင် ပါသွားကြလေသည်! ဤအဖြစ်အပျက်က ယနေ့ ဘုရားသခင်လူမျိုးအလယ်ရှိ ကြီးကြပ်မှူးအားလုံးသည် ခရစ်ယာန်ညီအစ်ကိုများ၏အကျိုးအတွက် တက်ကြွနိုးကြားနေကာ ဇွဲထက်သန်မှုရှိရန်လိုပြီး စစ်မှန်သောဝတ်ပြုနည်းလမ်းများဖြင့် သူတို့ကိုဦးဆောင်ရာတွင် နားလည်မှုရှိရှိနှင့် ခိုင်မာပြတ်သားစွာဦးစီးရန်လိုကြောင်း အမှန်ပင်စိတ်စွဲမှတ်ထားသင့်သည်။

၁၉။ (က) နေဟမိသည် နိုင်ငံတော်ကတိတော်များ၌ ယုံကြည်စိတ်ချမှုခိုင်ခံ့စေရန် ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို မည်သို့အသုံးပြုခဲ့သနည်း။ (ခ) နိုင်ငံတော်မျှော်လင့်ချက်သည် ယနေ့ ဘုရားသခင့်ကျေးကျွန်များကို မည်သို့လှုံ့ဆော်မှုဖြစ်စေသနည်း။

၁၉ နေဟမိသည် ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်မြွက်စကားတော်အပေါ် အကြွင်းမဲ့ယုံကြည်အားထားကြောင်း တင်ပြခဲ့၏။ သူသည် ဇွဲရှိသောကျမ်းစာသွန်သင်သူတစ်ဦးမျှသာမဟုတ်ပါ၊ ပြန်လည်တည်ထောင်ထားသည့် ဘုရားသခင့်လူမျိုးတော်အလယ်တွင် ဆွေစဉ်မျိုးဆက်ဆိုင်ရာအမွေဆက်ခံမှုများ၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့၏ လုပ်ငန်းများကို ပြဋ္ဌာန်းပေးရာတွင်လည်း ကျမ်းစာကိုအသုံးပြုခဲ့သည်။ (နေ. ၁:၈၊ ၉; ၁၁:၁–၁၂:၂၆; ယောရှု ၁၄:၁–၂၁:၄၅) ၎င်းသည် ဂျူးအကြွင်းအကျန်တို့အတွက် အလွန်အားတက်ဖွယ်ဖြစ်ခဲ့ရမည်။ မျိုးနွယ်တော်နှင့်ပတ်သက်၍ အတိတ်ကပေးခဲ့သောထူးမြတ်သည့်ကတိတော်နှင့် ကိုယ်တော်၏နိုင်ငံတော်အောက်တွင် သာ၍ကြီးမြတ်သော ပြန်လည်တည်ထောင်ခြင်းဖြစ်လာမည်တို့နှင့်စပ်လျဉ်း၍ သူတို့၏ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေခဲ့သည်။ နိုင်ငံတော်၏ပြန်လည်တည်ထောင်ခြင်းမျှော်လင့်ချက်က ဘုရားသခင့်ကျေးကျွန်များအား နိုင်ငံတော်အကျိုးစီးပွားအတွက် ရဲရဲရင့်ရင့်တိုက်ခိုက်ရန်နှင့် ကမ္ဘာတစ်ဝန်း စစ်မှန်သောဝတ်ပြုရေးပျိုးထောင်ခြင်းတွင် အလုပ်များနေရန် လှုံ့ဆော်မှုဖြစ်စေသည်။

[အောက်ခြေမှတ်ချက်များ]

a ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၂၊ စာမျက်နှာ ၆၁၃-၁၆။

b ကျမ်းစာစောင်များအပေါ်ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၂၊ စာမျက်နှာ ၈၉၉-၉၀၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ