ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၁၄၄-စာ. ၁၅၂
  • နိုင်ငံတော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုင်ငံတော်
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—
  • နီးကပ်နေသောအနာဂတ်ကို ကြိုဟောခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • “ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံ”
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင်နိုင်ငံတော်မှ ဆောင်ရွက်ပေးမည့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၁၄၄-စာ. ၁၅၂

နိုင်ငံတော်

အဓိပ္ပာယ်သတ်မှတ်ချက်– ဘုရားသခင့်နိုင်ငံတော်ဟူသည် မိမိဖန်ဆင်းရာသတ္တဝါများအပေါ် မိမိ၏စကြဝဠာအချုပ်အခြာအာဏာတော်ကို သက်ရောက်စေခြင်းဖြစ်သည်။ သို့မဟုတ်၊ ၎င်းအချုပ်အခြာအာဏာတော်ကိုသက်ရောက်စေရာ၌ အသုံးပြုတော်မူရာပင်ဖြစ်သည်။ သားတော်ယေရှုခရစ်ဦးစီးသောဘုရင့်အစိုးရမှတစ်ဆင့် ဘုရားသခင့်အချုပ်အခြာအာဏာတော်ဖော်ပြခြင်းကို အထူးရည်ညွှန်းသည့်အသုံးအနှုန်းဖြစ်သည်။ “နိုင်ငံတော်” သည် ဘုရင်အဖြစ်ဘိသိက်ခံသောသူ၏အုပ်စိုးမှု၊ သို့မဟုတ်၊ ထိုကောင်းကင်အစိုးရအုပ်စိုးသောမြေကြီးဆိုင်ရာနယ်ပယ်ကိုလည်း ရည်ညွှန်းနိုင်သည်။

ဘုရားသခင့်နိုင်ငံတော်သည် တကယ့်အစိုးရတစ်ဖွဲ့လော

သို့မဟုတ်၊ လူတို့နှလုံးထဲမှအခြေအနေတစ်ရပ်လော

လု. ၁၇:၂၁– “ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါဟုပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊ ဘုရားသခင့်နိုင်ငံတော်သည် သင်တို့၏အထဲ၌ [သမ္မာ၊ သက၊ TEV, Dy; KJ; သို့သော် သမ၊ KJ အောက်ခြေမှတ်ချက်၊ NEနှင့် JBတို့က “သင်တို့ဘောင်တွင်။” RSက “သင်တို့၏အလယ်၌။” ကဘ က “သင်တို့အလယ်၌၊”] ရှိသည်။” (အခန်းငယ် ၂၀ ဆိုသည့်အတိုင်း၊ ယေရှုသည် ဖာရိရှဲတို့နှင့်ပြောနေခြင်းဖြစ်ကြောင်း သတိပြုပါ။ သူတို့ကို ယေရှုက ကြောင်သူတော်များဟုဆိုကာ ရှုတ်ချထားသည်ဖြစ်ရာ နိုင်ငံတော်သည် သူတို့၏ နှလုံးထဲ၌ရှိသည်ဟု ယေရှုဆိုနေခြင်းမဖြစ်နိုင်။ သို့သော် ခရစ်တော်အားဖြင့် ကိုယ်စားပြုသောနိုင်ငံတော်သည် သူတို့၏အလယ်၌ ရှိ၏။ ထို့ကြောင့် The Emphatic Diaglott ကျမ်းက ဤသို့ဆို၏– “ဘုရားသခင့်ဘုရင့်အာဏာတော်သည် သင်တို့အလယ်၌ရှိ၏။”

သမ္မာကျမ်းစာက ဘုရားသခင့်နိုင်ငံတော်အကြောင်းကို တကယ်ပင် အစိုးရတစ်ခုအဖြစ်ထား၍ဆိုသလော

ဟေရှာ. ၉:၆၊ ၇၊ RS– “ငါတို့အဖို့ သားတစ်ပါးဖွားမြင်၏။ ငါတို့အား သားတစ်ပါး ပေးတော်မူ၏။ အစိုးရ [KJ, AT, Dy; “အစိုးရပိုင်ခွင့်၊” JB, NE; “ဘုရင့်အုပ်ချုပ်ရေး၊” ကဘ] သည် ပခုံးတော်အထက်၌ရှိမည်။ နာမတော်ကို ‘အံ့သြဖွယ်အတိုင်ပင်ခံ၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းမင်းသား’ ဟူ၍ သမုတ်မည်။ ကိုယ်တော့်အစိုးရနှင့်ငြိမ်းချမ်းမှုသည် အဆုံးရှိမည်မဟုတ်။”

မည်သူတို့သည် နိုင်ငံတော်၌ မင်းပြုကြသနည်း

ဗျာ. ၁၅:၃၊ သမ္မာ– “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော [“ယေဟောဝါ၊” ကဘ] ဘုရားသခင်၊ ကိုယ်တော်၏အပြုအမူများသည် ကြီးမြတ်အံ့သြဖွယ်ဖြစ်ကြပါ၏။ ကပ်ကာလတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်များသည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။”

ဒံ. ၇:၁၃၊ ၁၄– “လူသားနှင့်တူသောသူတစ်ဦး [ယေရှုခရစ်။ မာကု ၁၄:၆၁၊ ၆၂ ကိုကြည့်ပါ။] သည် မိုးတိမ်ကိုစီးလျက် အသက်ကြီးသောသူ [ယေဟောဝါဘုရားသခင်] ၏အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့ သွင်းကြ၏။ အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတို့ကိုအုပ်စိုးစေခြင်းငှာ ထိုသူ [ယေရှုခရစ်] သည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။”

ဗျာ. ၅:၉၊ ၁၀၊ သမ္မာ– “ကိုယ်တော် [ယေရှုခရစ်] သည် အသေသတ်ခြင်းကိုခံတော်မူ၍ အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းအထဲမှ အသွေးတော်နှင့် ဘုရားသခင့်အဖို့ ဝယ်ယူတော်မူ၍ သူတို့ကို အကျွန်ုပ်တို့၏ဘုရားသခင့်အဖို့ နိုင်ငံတော်နှင့် ယဇ်ပုရောဟိတ်များ ဖြစ်စေတော်မူပြီ။ ထိုသူတို့သည် မြေကြီးပေါ်မှာ စိုးစံကြရလိမ့်မည်။” (ဗျာဒိတ် ၁၄:၁-၃ ၌ ကောင်းကင်ဇိအုန်တောင်ပေါ် သိုးသငယ်နှင့်အတူ မင်းလုပ်ရန် “မြေကြီးမှရွေးနုတ်” သောဤသူတို့သည် အရေအတွက် ၁၄၄,၀၀၀ ရှိသည်ဟုဆိုသည်။)

ဤနိုင်ငံတော်သည် လူ့အစိုးရများအပေါ် အဘယ်အာနိသင်သက်ရောက်မည်နည်း

ဒံ. ၂:၄၄၊ ၄၅– “ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ထိုမင်းကြီးများလက်ထက်၌ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကိုချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”

ဆာ. ၂:၈၊ ၉– “ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏အမွေဥစ္စာဖို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင်ထိုက်သောအခွင့်ကိုလည်း ငါပေးမည်။ သင်သည် သူတို့ကိုသံလှံတံနှင့်အုပ်စိုး၍ မြေအိုးကိုခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်။”

ဘုရားသခင့်နိုင်ငံတော် ဘာကိုဖြစ်မြောက်စေမည်နည်း

ယေဟောဝါနာမတော်ကို သန့်စင်မြင့်မြတ်စေ၍ အချုပ်အခြာအာဏာတော်ကို တည်မြဲစေမည်

မ. ၆:၉၊ ၁၀– “ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော် တည်ထောင် [“လာ၊” ကဘ] ပါစေသော။” (ဘုရားသခင့်နာမတော်ကို ရိုသေလေးမြတ်စေခြင်းသည် ကိုယ်တော့်နိုင်ငံတော်လာခြင်းနှင့် စပ်ယှက်လျက်နေသည်။)

ယေဇ. ၃၈:၂၃၊ သမ္မာ– “ထိုသို့ငါသည် ကိုယ်ကြီးမြတ်ကြောင်းနှင့် သန့်ရှင်းကြောင်းကို များစွာသောလူမျိုးတို့ရှေ့ မှာ ထင်ရှားစေသောအခါ ငါသည် [“ယေဟောဝါ၊” ကဘ] ဖြစ်ကြောင်း သူတို့သိရကြလိမ့်မည်။” (ဘုရားသခင့်နာမတော်သည် ကဲ့ရဲ့ခြင်းရှိသမျှနှင့် ကင်းရှင်းလိမ့်မည်။ သန့်ရှင်းမြင့်မြတ်၍ လေးစားထိုက်သောအရာအဖြစ် မှတ်ယူခံရလိမ့်မည်။ အသက်ရှင်သူတိုင်း ယေဟောဝါ၏အချုပ်အခြာအာဏာတော်ကို စိတ်လိုကိုယ်လျောက်ထောက်ခံ၍ အလိုတော်ကို အားရဝမ်းမြောက်စွာ ဆောင်ရွက်လိမ့်မည်။ စကြဝဠာတစ်ခွင်လုံး၏ငြိမ်းချမ်းရေးနှင့် ကောင်းစားရေးသည် ယေဟောဝါ၏နာမတော်ကို ဤသို့လေးမြတ်ခြင်းပေါ်မူတည်ပေသည်။)

လောကကိုကြီးစိုးသော စာတန့်အုပ်ချုပ်ရေးကို အဆုံးသတ်မည်

ဗျာ. ၂၀:၂၊ ၃– “[ကောင်းကင်ဘုရင်ယေရှုခရစ်] သည် . . . ရှေးမြွေဟောင်း၊ မာရ်နတ်စာတန်တည်းဟူသောနဂါးကိုကိုင်ဖမ်း၍ အနှစ်တစ်ထောင်ဖို့ ချည်နှောင်လေ၏။ အနှစ်တစ်ထောင်မကုန်မီတိုင်အောင် လူအမျိုးမျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသောတွင်းထဲသို့ချပစ်လှောင်ထား၍ တံဆိပ်ခတ်လေ၏။ အနှစ်တစ်ထောင်ကုန်ပြီးမှတစ်ဖန် ခဏလွှတ်ရဦးမည်။” (သို့ဖြစ်၍ လူသားတို့သည် မှန်ရာလုပ်လိုသူတို့၏ဘဝကို အလွန်ခဲယဉ်းစေသော စာတန့်သြဇာနှင့် ကင်းလွတ်ကြလိမ့်မည်။ အလွန်ရက်စက်သောအမှုများကို ဖြစ်စေသောမာရ်နတ်၏သြဇာ၊ လူများစွာတို့၏ဘဝကို ကြောက်စိတ်ဖြင့်ပြည့်စေသော နတ်ဆိုးတို့၏သြဇာသည် ရှိတော့မည်မဟုတ်။)

သတ္တဝါအပေါင်းအား တစည်းတလုံးတည်း ဘုရားမှန်ကိုကိုးကွယ်စေမည်

ဗျာ. ၅:၁၃; ၁၅:၃၊ ၄– “ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တဝါအပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူ [ယေဟောဝါဘုရားသခင်] နှင့် သိုးသငယ် [ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီးမင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိတော်မူစေသတည်းဟု ပြောဆိုကြသည်ကိုငါကြားလေ၏။” “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏အပြုအမူတို့သည် ကောင်းမြတ်၍ အံ့သြဖွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ [“နိစ္စ၊” ကဘ] ဘုရင်၊ ကိုယ်တော်၏အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။ အိုထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ၊ နာမတော်ကိုမချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးအပေါင်းတို့သည် လာ၍ ရှေ့တော်၌ ကိုးကွယ်ကြပါလိမ့်မည်။”

လူသားတို့ကို ဘုရားသခင်နှင့် ပြန်၍သဟဇာတဖြစ်စေမည်

ရော. ၈:၁၉-၂၁၊ သမ္မာ– “ဖန်ဆင်းတော်မူသောအရာများ [လူသားတို့] သည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်း [ယေရှုနှင့်အတူ ကောင်းကင်အသက်တာသို့ထမြောက်ခြင်းခံရသူများ မင်းအဖြစ် စတင်အုပ်ချုပ်ကြောင်း ထင်ရှားခြင်း] ကို အလွန်တောင့်တမျှော်လင့်လျက်စောင့်နေကြ၏။ အကြောင်းမူကား၊ ထိုအရာများသည် အနိစ္စနိုင်ငံသို့ အလိုလိုလိုက်ကြသည်မဟုတ်။ ဘုရားသခင့်သားတို့၏ဘုန်းဖြစ်သော လွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကို ဝင်စားမည်ဟု၊ မျှော်လင့်ရသောအခွင့်ကိုပေး၍၊ အနိစ္စနိုင်ငံသို့ လိုက်စေတော်မူသောအရှင်၏ အလိုတော်ကြောင့်သာ လိုက်ရကြ၏။”

လူသားတို့အား စစ်၏ခြိမ်းခြောက်မှုမှန်သမျှမှ ကင်းဝေးစေမည်

ဆာ. ၄၆:၈၊ ၉– “ထာဝရဘုရားစီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်းအမှုတော်များကို လာ၍ကြည့်ရှုကြလော့။ လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်လျက် ရထားကိုမီးရှို့လျက် မြေကြီးစွန်းတိုင်အောင်စစ်မှုကို ငြိမ်းစေတော်မူ၏။”

ဟေရှာ. ၂:၄– “[လူမျိုးတို့သည်] ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်။ တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန် မသင်ရကြ။”

ယိုယွင်းဖောက်ပြန်သောမင်းများနှင့် နိုင်ထက်စီးနင်းပြုမှုတို့ကို ကမ္ဘာပေါ်မှသုတ်သင်မည်

ဆာ. ၁၁၀:၅၊ ကဘ– “သင့်လက်ယာတော်ဘက်မှ ယေဟောဝါကိုယ်တော်တိုင် အမျက်တော်နေ့၌ ဘုရင်များကို အမှန်တကယ် အပိုင်းပိုင်းချိုးဖဲ့တော်မူလိမ့်မည်။”

ဆာ. ၇၂:၁၂-၁၄၊ သက– “[ယေဟောဝါ၏မေရှိယဘုရင်] မင်းကြီးသည် မိမိအား ဟစ်ခေါ်ကြသည့် ဆင်းရဲသူတို့အားလည်းကောင်း၊ ချို့တဲ့နွမ်းပါး၍ ခိုကိုးရာမဲ့သူတို့အားလည်းကောင်း ကယ်ဆယ်တော်မူ၏။ ချို့တဲ့ဆင်းရဲသူတို့ကို သနားတော်မူ၍ သူတို့၏အသက်ကို ကယ်ဆယ်တော်မူ၏။ သူတို့၏အသက်သည် မင်းကြီး၏ရှေ့တော်တွင် အဖိုးထိုက်သည်အလျောက် ဖိစီးနှိပ်စက်မှုနှင့် အကြမ်းဖက်မှုများမှ သူတို့ကို ကယ်ဆယ်တော်မူ၏။”

လူသားအားလုံးအဖို့ ပေါများကြွယ်ဝသောအစားအသောက် ပေးတော်မူမည်

ဆာ. ၇၂:၁၆– “ပြည်တော်၌ များစွာသောစပါးရှိ၍ အသီးအနှံသည် လေဗနုန်တောကဲ့သို့ တောင်ထိပ်ပေါ်မှာ လှုပ်ရှား [“ပြည့်လျှံ၊” ကဘ] လိမ့်မည်။”

ဟေရှာ. ၂၅:၆၊ သမ– “ဗိုလ်ခြေတို့အရှင် ထာဝရဘုရားသည် ဆူဖြိုးလျက်အဆီနိုင်သောခဲဖွယ်၊ စစ်ပြီးလက်ဟောင်းစပျစ်ရည်သောက်ဖွယ်များကို လူအမျိုးမျိုးတို့အဖို့ ဤတောင်တော်ပေါ်တွင် [ဘုရားသခင့်နိုင်ငံတော်တည်ရာ ကောင်းကင်ဇိအုန်တောင်ပေါ်၌ လက်အောက်ခံမြေကြီးသားများအတွက်] စီရင်တော်မူ [မည်။]”

အဖျားအနာနှင့် မသန်စွမ်းမှုအလုံးစုံတို့ကို ပယ်ရှားမည်

လု. ၇:၂၂; ၉:၁၁– “သင်တို့သည် ကြားရသမျှ၊ မြင်ရသမျှတို့ကို သွား၍ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။” “[ယေရှုခရစ်သည်] ထိုလူများကို လက်ခံတော်မူလျက် ဘုရားသခင့်နိုင်ငံတော်၏အကြောင်းကို ဟောပြော၍ နာသောသူတို့ကို ချမ်းသာပေးတော်မူ၏။” (ထိုသို့ပြုခြင်းဖြင့်၊ ယေရှုသည် ကောင်းကင်ဘုရင်အနေနှင့် လူသားတို့အဖို့ ဘာပြုမည်ကို သာဓကပြတော်မူ၏။)

လူတိုင်းအတွက် သင့်တော်သောအိုးအိမ်တည်ထောင်ပေးမည်

ဟေရှာ. ၆၅:၂၁၊ ၂၂– “ထိုသူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ကိုယ်စိုက်သောစပျစ်ဥယျာဉ်အသီးကို စားကြလိမ့်မည်။ သူတို့သည် အိမ်ကိုဆောက်၍ အခြားသောသူ နေရမည်မဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူ စားရမည်မဟုတ်။”

အားလုံးအတွက် ကျေနပ်ဖွယ်လုပ်ငန်း ဧကန်ရစေမည်

ဟေရှာ. ၆၅:၂၃၊ သမ– “သူတို့သည် သားမြေးတို့ပါ၊ ထာဝရဘုရားထံတော်မှ မင်္ဂလာခံရသောသူတို့အမျိုးအနွယ်ဖြစ်ကြသောကြောင့် အကျိုးမဲ့လုပ်ဆောင်ခြင်း၊ ဘေးသင့်ရန်သားဖွားခြင်းမရှိချေ။”

အသက်အိုးအိမ်ပစ္စည်းလုံခြုံမှုအတွက် အာမခံမည်

မိ. ၄:၄– “လူအပေါင်းတို့သည် ကိုယ်ပိုင်သောစပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူတစ်ယောက်မျှ မရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နှုတ်တော်ထွက်အမိန့်တော်ရှိ၏။”

ဆာ. ၃၇:၁၀၊ ၁၁– “ခဏကြာပြီးမှ၊ မတရားသောသူသည်မရှိရ။ သူ၏နေရာကိုစေ့စေ့ရှာ၍ မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။”

ဖြောင့်မတ်ခြင်းနှင့်တရားမျှတမှု စိုးမိုးစေမည်

၂ ပေ. ၃:၁၃– “ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ကတိတော်နှင့်အညီ မျှော်လင့်ကြ၏။”

ဟေရှာ. ၁၁:၃-၅– “ထိုသူ [မေရှိယဘုရင်] သည် ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်းမဆုံးဖြတ်ဘဲ၊ ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍ နှိမ့်ချသောမြေကြီးသားတို့ဘက်၌နေလျက် ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်။ . . . တရားနှင့်သစ္စာသည် သူ၏ခါးပန်းခါးစည်းဖြစ်လိမ့်မည်။”

လူသားတို့အား သဘာဝဘေးဒဏ်မှန်သမျှမှ ကာကွယ်ပေးမည်

မာ. ၄:၃၇-၄၁– “ထိုအခါ ပြင်းစွာသောမိုးသက်မုန်တိုင်းဖြစ်၍ လှိုင်းတံပိုးခတ်သောကြောင့် လှေသည် ရေနှင့်ပြည့်လေ၏။ . . . ကိုယ်တော် [ယေရှု] သည်ထ၍ တိတ်ဆိတ်ငြိမ်ဝပ်စွာနေ ဟု လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် လေသည်ငြိမ်၍အလွန်သာယာလေ၏။ . . . သူတို့သည် အလွန်ကြောက်ရွံ့ ၍ ဤသူကား၊ အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကိုနားထောင်ပါသည်တကားဟု အချင်းချင်းပြောဆိုကြ၏။” (ဤနည်းဖြင့် ခရစ်တော်က မိမိသည် ကောင်းကင်ဘုရင်အနေနှင့် ထိုသို့သောသဘာဝတရားများအပေါ် တန်ခိုးတော်သုံးမည်ကို ပြသတော်မူသည်။)

လူသေတို့ကို ထမြောက်စေမည်

ယော. ၅:၂၈၊ ၂၉– “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော် [ခရစ်တော်ဘုရင်] ၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။”

ဗျာ. ၂၀:၁၂– “သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကိုဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသော စာစောင်ကိုလည်းဖွင့်လေ၏။ သေလွန်သောသူတို့သည် [ထမြောက်ပြီးနောက်ပိုင်း; ရောမ ၆:၇ နှင့် နှိုင်းယှဉ်။] မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကို ခံရကြ၏။”

အာဒံ့အပြစ်ကိုအမွေရသဖြင့်သေကြရရာ၊ ထိုသို့သောသေခြင်းမှန်သမျှကို ပယ်ရှင်းမည်

ဟေရှာ. ၂၅:၈– “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေ [“အစဉ်အမြဲပယ်ဖျက်၊” သမ္မာ; သမ] တော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။”

ဗျာ. ၂၁:၄– “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန်သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”

အချင်းချင်း မေတ္တာစစ်ထားကြသောကမ္ဘာကို ဖန်တီးပေးမည်

ယော. ၁၃:၃၅– “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။ (သို့ဖြင့် ယေရှု၏ကောင်းကင်နိုင်ငံစိုးစံဖက် သို့မဟုတ် နိုင်ငံတော်၏မြေကြီးဆိုင်ရာ လက်အောက်ခံသား ဖြစ်ခွင့်ရကြမည်။)”

တိရစ္ဆာန်နှင့်လူကို သင့်မြတ်စေမည်

ဟေရှာ. ၁၁:၆-၉– “တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်။ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသောအကောင်တို့သည် အတူသွားလာကြ၍ လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။ နွားမနှင့်ဝံမသည် အတူကျက်စား၍ သူတို့သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည်လည်း နွားကဲ့သို့မြက်ကို စားလိမ့်မည်။ နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသောသူငယ်သည်လည်း မြွေဟောက်တွင်းဝ၌ မိမိလက်ကို သွင်းလိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။” (ဟေရှာယ ၆၅:၂၅ ကိုလည်းရှု။)

ဟော. ၂:၁၈– “ထိုကာလ၌ ငါသည် သူတို့အတွက် တောသားရဲ၊ မိုးကောင်းကင်ငှက်၊ မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်များနှင့် မိတ်သဟာယဖွဲ့၍ . . . သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။”

မြေကြီးကို ပရဒိသုဖြစ်စေမည်

လု. ၂၃:၄၃၊ ကဘ– “သင့်အားယနေ့ ငါအမှန်ဆို၏။ သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်။”

ဆာ. ၉၈:၇-၉၊ သက– “အချင်းပင်လယ်နှင့် ပင်လယ်ရှိသတ္တဝါအပေါင်းတို့၊ အသံကျယ်စွာကြွေးကြော်ကြလော့။ အချင်းကုန်းမြေ [“သီးထွက်ကောင်းသောမြေ၊” ကဘ] နှင့် ကုန်းမြေပေါ်တွင် အသက်ရှင်သူအပေါင်းတို့၊ သီချင်းဆိုကြလော့။ အချင်းမြစ်တို့၊ လက်ခုပ်တီးကြလော့။ အချင်းတောင်များတို့၊ ထာဝရဘုရားသည် ကမ္ဘာလောကကို အုပ်စိုးရန် ကြွလာတော်မူပြီဖြစ်၍ တစ်ပြိုင်နက် ရှေ့တော်တွင် ရွှင်လန်းဝမ်းမြောက်စွာ သီချင်းဆိုကြလော့။ ကိုယ်တော်သည် ကမ္ဘာပေါ်ရှိလူအပေါင်းတို့အား တရားမျှတစွာ အုပ်စိုးတော်မူလိမ့်မည်။”

ကမ္ဘာဦး ၁:၂၈; ၂:၁၅; ဟေရှာယ ၅၅:၁၁ တို့နှင့်နှိုင်းယှဉ်။

ဘုရားသခင့်နိုင်ငံတော် အဘယ်အချိန်မှစ၍ အုပ်စိုးရန်ဖြစ်သနည်း

ပထမရာစုတွင်လော

ကော. ၁:၁၊ ၂၊ ၁၃– “ဘုရားသခင်၏အလိုတော်အားဖြင့် ယေရှုခရစ်၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေသည် . . . သန့်ရှင်းသူ [ကောင်းကင်နိုင်ငံတော်အမွေခံများ] . . . တို့ကို ကြားလိုက်ပါ၏။ . . . [ဘုရားသခင်သည်] မှောင်မိုက်တန်ခိုးမှလည်း ငါတို့ [ခရစ်ယာန်အသင်းတော်သား သန့်ရှင်းသူတို့] ကိုနုတ်၍ ချစ်တော်မူသောသားတော်၏နိုင်ငံထဲသို့ သွင်းတော်မူ၏။” (ထို့ကြောင့် ဤအချက်ကိုမရေးမီ ခရစ်တော်သည် ပထမရာစုတွင် ခရစ်ယာန်အသင်းတော်ပေါ် အုပ်စိုးနှင့်ပြီ။ သို့သော် တစ်ကမ္ဘာလုံးကိုအုပ်စိုးသော နိုင်ငံတော်မူကား၊ နောင်၌တည်ထောင်ရန်ဖြစ်သည်။)

၁ ကော. ၄:၈– “ယခုတွင် သင်တို့သည် ကြွယ်ဝကြ၏။ ငွေရတတ်ကြ၏။ ငါတို့မရှိစဉ်တွင် စိုးစံကြ၏။ ငါတို့သည် သင်တို့နှင့်အတူ စိုးစံရသောအခွင့်ရှိမည်အကြောင်း၊ သင်တို့ကို အမှန်စိုးစံစေခြင်းငှာ အလိုရှိ၏။” (ဤတွင် တမန်တော်ပေါလုက သူတို့၌ အမြင်မှားရှိသောကြောင့် သူတို့အား ဆုံးမနေသည်မှာ သိသာသည်။)

ဗျာ. ၁၂:၁၀၊ ၁၂– “ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဉ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ။ ထိုကြောင့်၊ ကောင်းကင်နှင့်ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီ။” (ဘုရားသခင့်နိုင်ငံတော်တည်ထောင်ခြင်းသည် စာတန်ကို ကောင်းကင်မှချပစ်သည့်ကိစ္စနှင့် ဆက်စပ်နေ၏။ ယောဘအခန်းကြီး ၁၊ ၂ တင်ပြသည့်အတိုင်း၊ ဧဒင်၌ပုန်ကန်ကြစဉ် စာတန်ကို မချပစ်သေး။ ဗျာဒိတ်ကျမ်းကို စီ.အီး. ၉၆ ခုတွင် မှတ်တမ်းတင်သည်။ ၎င်းသည် နောင်အနာဂတ်နှင့်ဆိုင်ကြောင်း ဗျာဒိတ် ၁:၁ က တင်ပြသည်။)

တစ်ကမ္ဘာလုံး ဘာသာပြောင်းဝင်လာပြီးနောက်မှ ဘုရားသခင်နိုင်ငံတော်အာဏာ တည်ထောင်ရန်လော

ဆာ. ၁၁၀:၁၊ ၂– “ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင် [ယေရှုခရစ်] အားမိန့်တော်မူ၏။ ထာဝရဘုရားသည် အရှင်၏အာဏာတော်လှံတံကို ဇိအုန်မြို့မှလွှတ်တော်မူမည်။ ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူလိမ့်မည်။” [ထို့ကြောင့် ကိုယ်တော်၌ ရန်သူများရှိဦးမည်။ နှိမ်နင်းဖို့လိုသေး၏။ ရှိသမျှသောသူတို့က ကိုယ်တော့်အုပ်စိုးမှုကို နာခံကြမည်မဟုတ်။]

မ. ၂၅:၃၁-၄၆– “လူသား [ယေရှုခရစ်] သည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်များအခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကိုစုဝေးစေသဖြင့် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြားခွဲ [မည်။] . . . ထိုသူတို့ [ကိုယ်တော့်ဘိသိက်ခံညီတော်များပေါ် မေတ္တာမဲ့သူတို့] သည် ထာဝရအပြစ်ဒဏ်ခံရာ [“ထာဝရဖြတ်တောက်ခြင်း၊” ကဘ] သို့လည်းကောင်း၊ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့လည်းကောင်း သွားရကြလတ္တံ့။” (ခရစ်တော်နန်းမတက်မီ လူသားအားလုံးကို ဘာသာသွင်းရန်မဟုတ်သည်မှာ ထင်ရှားသည်။ လူတိုင်း ဖြောင့်မတ်သူများဖြစ်ကြမည်မဟုတ်။)

နိုင်ငံတော်အဘယ်အချိန် စတင်အုပ်ချုပ်မည်ကို သမ္မာကျမ်းစာက အရိပ်အမြွက်ပြသလော

“သက္ကရာဇ်နေ့စွဲများ” အောက် စာမျက်နှာ ၃၃၇-၃၃၉ နှင့် “နောက်ဆုံးကာလ” အောက် စာမျက်နှာ ၁၃၅-၁၄၀ တို့ကိုပါရှု။

တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—

‘ကျွန်တော်အသက်ရှင်နေတုန်း ဘုရားသခင်ရဲ့နိုင်ငံတော် လာမှာမဟုတ်ဘူး’

ဤသို့ ပြန်ပြောနိုင်သည်– ‘ဒါပေမဲ့ တစ်ယောက်ယောက်အသက်ရှင်နေတုန်းအချိန်မှာ လာမှာပါ။ မဟုတ်လားခင်ဗျာ။ . . . ကိုယ့်လူမျိုးဆက်အတွင်း နိုင်ငံတော်လာမလာ၊ သိနိုင်မလား။ ယေရှုရဲ့တမန်တော်တွေကိုယ်တိုင် ဒါကိုသိချင်ကြတယ်။ ယေရှုရဲ့ဖြေကြားချက်ကလဲ ခုခေတ် ကျွန်တော်တို့အတွက် အင်မတန်အဓိပ္ပာယ်ထူးခြားတယ်။ (မ. ၂၄:၃-၁၄; လု. ၂၁:၂၉-၃၂)’

သို့မဟုတ် ဤသို့ ပြောနိုင်သည်– ‘အများတကာဒီလိုပဲပြောကြတယ်။ ယေဟောဝါသက်သေများကတော့ ဘုရားသခင့်နိုင်ငံတော်ဟာ ကောင်းကင်မှာ အုပ်ချုပ်နေပြီဆိုတာ၊ ကျမ်းစာပေါ်အခြေပြုပြီး အခိုင်အမာယုံကြည်ကြတယ်။ ကျွန်တော်တို့အနေနဲ့ ဘုရားသခင့်ရဲ့ဖြောင့်မတ်တဲ့အစိုးရအုပ်ချုပ်မှုအောက်မှာ ကမ္ဘာပေါ်ဆက်လက်ပြီး အသက်ရှင်ချင်တဲ့ဆန္ဒရှိမရှိ ပြရပါလိမ့်မယ်။ ဒါကြောင့် ဒီကနေ့ မိတ်ဆွေရဲ့အိမ်ကို ကျွန်တော်လာခဲ့ခြင်းဖြစ်တယ်။ မဿဲ ၂၅:၃၁-၃၃ မှာ ဘယ်လိုပြောသလဲဆိုတာကို တစ်ဆိတ်လောက်သတိပြုပါ။’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ