ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၉၁-စာ. ၉၅
  • ဆုတောင်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆုတောင်းခြင်း
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—
  • ဘုရားသခင် နားညောင်းတော်မူသော ဆုတောင်းချက်များအကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်း
    ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၉၁-စာ. ၉၅

ဆုတောင်းခြင်း

အဓိပ္ပာယ်သတ်မှတ်ချက်– ဘုရားမှန်ထံဖြစ်စေ၊ မှောက်မှားသောဘုရားများထံဖြစ်စေ၊ အသံထွက်၍သော်လည်းကောင်း၊ စိတ်ထဲမှသော်လည်းကောင်း၊ ရှိခိုးလျှောက်တင်ခြင်းဖြစ်သည်။

သင်သည် အများတကာကဲ့သို့ တောင်းဆုမပြည့်ဘဲနေသည်ကိုတွေ့ရသလော

မည်သူ့ဆုတောင်းသံကို ဘုရားသခင်နားညောင်းလိုသနည်း

ဆာ. ၆၅:၂; တ. ၁၀:၃၄၊ ၃၅၊ သက– “ပတ္ထနာစကားကို နားထောင်တော်မူသောဘုရား၊ ကိုယ်တော်ထံသို့ လူသားအပေါင်းတို့သည် ချဉ်းကပ်ရကြလိမ့်မည်။” “ထာဝရဘုရားသည် မျက်နှာကြီးငယ် လိုက်တော်မမူ . . . ။ မိမိအားကြောက်ရွံ့ရိုသေ၍ အမှန်တရားကိုကျင့်သုံးသူမှန်သမျှအား လူမျိုးခွဲခြားမှုမပြုဘဲ နှစ်သက်လက်ခံတော်မူ၏။” (နိုင်ငံသား၊ အသားအရောင်၊ ဆင်းရဲချမ်းသာ အကြောင်းမဟုတ်ပါ။ နှလုံးသား၏လှုံ့ဆော်ချက်နှင့် အသက်ရှင်နေထိုင်ပုံသာမဓာန။)

လု. ၁၁:၂-၄– “ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော . . . ဟုဆုတောင်းကြလော့ဟု မိန့်တော်မူ၏။” (သင်သည် ကျမ်းစာအရ၊ ယေဟောဝါအမည်ရှိသောခမည်းတော်ထံ ဆုတောင်းသလော။ သို့တည်းမဟုတ်၊ “သူတော်စင်များ” ထံဆုတောင်းသလော။)

ယော. ၁၄:၆၊ ၁၄– “ယေရှုက ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင် တောင်းသည်အတိုင်း ငါပြုမည်။” (သင်သည် အပြစ်သားအနေနှင့် ယေရှုခရစ်၏ကြားဖျန်မှုလိုအပ်ကြောင်းသိမှတ်လျက် ယေရှုနာမကိုအမှီပြု၍ ဆုတောင်းသလော။)

၁ ယော. ၅:၁၄၊ သက– “ကိုယ်တော်သည် မိမိ၏အလိုတော်နှင့်ညီသောဆုတောင်းပတ္ထနာကို နားညောင်းတော်မူကြောင်း [ငါတို့] စိတ်ချယုံကြည်နိုင်သဖြင့် . . . ရှေ့တော်သို့ ရဲဝံ့စွာ ချဉ်းကပ်ကြပေသည်။” (ထိုရဲဝံ့ခြင်းရှိနိုင်ရန် ဘုရားသခင့်အလိုတော်ကိုသိ၍ အလိုတော်နှင့်အညီ ဆုတောင်းဖို့လိုသည်။)

၁ ပေ. ၃:၁၂– “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက်ပြုသောသူတို့ကိုကား . . . မျက်နှာလွှဲတော်မူ၏။” (ဖြောင့်မတ်ရာ ဆိုးညစ်ရာတို့နှင့်ပတ်သက်ပြီး နှုတ်ကပါဌ်တော်မှတစ်ဆင့် ယေဟောဝါမိန့်ဆိုချက်ကိုသိရှိအောင် သင်သည် အချိန်ယူ၍ သင်အံခဲ့ပြီလော။)

၁ ယော. ၃:၂၂– “ငါတို့သည် ပညတ်တော်တို့ကိုစောင့်ရှောက်၍ နှစ်သက်တော်မူသောအကျင့်တို့ကိုကျင့်သောကြောင့် ဆုတောင်းသမျှတို့ကို ဘုရားသခင့်ထံတော်မှရကြ၏။” (သင်သည် တကယ်ပင် ဘုရားသခင့်စိတ်တော်နှင့်တွေ့လို၍ မိမိသိသမျှပညတ်တော်များကို စိတ်ရောကိုယ်ပါ လိုက်နာလျက်နေသလော။)

ဟေရှာ. ၅၅:၆၊ ၇– “တွေ့နိုင်သည်ကာလတွင် ထာဝရဘုရားကိုရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်းပတ္ထနာပြုကြလော့။ ဆိုးသောသူသည် မိမိလမ်းကိုလည်းကောင်း၊ မတရားသောသူသည် မိမိအကြံတို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင့်ထံတော်သို့ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကိုလွှတ်တော်မူလိမ့်မည်။” (ယေဟောဝါသည် ဒုစရိုက်ပြုခဲ့သူတို့အားပင် မိမိထံဆုတောင်းရန် ကရုဏာတော်ဖြင့် ဖိတ်ကြားတော်မူ၏။ သို့တစေ၊ မိမိတို့၏လမ်းမှား၊ အကြံမှားတို့ကိုတကယ်နောင်တရ၍ လမ်းစဉ်ပြောင်းလဲမှသာ စိတ်တော်နှင့်တွေ့နိုင်မည်။)

အဘယ်အရာသည် ဆုတောင်းခြင်းကိုဘုရားသခင်နားမညောင်းစေရန် ဖန်တီးနိုင်သနည်း

မ. ၆:၅၊ သက– “သင်တို့သည် ဆုတောင်းပတ္ထနာပြုသောအခါ သူတော်ယောင်ဆောင်သူတို့ကဲ့သို့ မပြုကြနှင့်။ ထိုသူတို့သည် လူများမြင်သာအောင် တရားဇရပ်များနှင့် လမ်းဆုံလမ်းခွများမှာရပ်လျက် ဆုတောင်းပတ္ထနာပြုတတ်ကြ၏။ အမှန်အကန် သင်တို့အား ငါဆိုသည်ကား ထိုသူတို့သည် မိမိတို့ခံစားလိုသည့်အကျိုးကို ခံစားကြရပြီ။” (လုကာ ၁၈:၉-၁၄ ကိုပါရှု။)

မ. ၆:၇၊ သမ္မာ– “သင်တို့သည် ဆုတောင်းသောအခါ လူမျိုးခြားတို့နည်းတူ၊ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားအားဖြင့် နားညောင်းတော်မူမည်ဟုထင်မှတ်ကြ၏။”

သု. ၂၈:၉– “တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်းသော်လည်း သူ၏ပတ္ထနာစကားသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။”

မိ. ၃:၄၊ သမ– “ထိုကာလ၊ ထာဝရဘုရားထံ ထိုသူတို့ဟစ်ကြသော်လည်း၊ ဆိုးသွမ်းမှုပြုကျင့်လေ့ရှိကြသောကြောင့်၊ ထူးတော်မမူဘဲ မျက်နှာတော်လွှဲလိမ့်မည်။”

ယာ. ၄:၃– “ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာဖို့ရှိစေခြင်းငှာ အလွဲတောင်းသောကြောင့် မရကြ။”

ဟေရှာ. ၄၂:၈၊ သမ္မာ; မ. ၄:၁၀– “ငါသည် မှန်ကန်သောဘုရားသခင် ယေဟောဝါဖြစ်၏။ ထိုနာမသည် ငါ့နာမဖြစ်၏။ ငါ့ဘုန်းကို အခြားတစ်ပါးသူအားလည်းကောင်း၊ ငါ့အသရေကို ရုပ်တုဆင်းတုတို့အားလည်းကောင်း မပေး။” “သင်၏ဘုရားသခင်ထာဝရဘုရား [“ယေဟောဝါ၊” ကဘ]ကိုကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။” (ဆာလံ ၁၁၅:၄-၈ ကိုပါရှု။) (ဆုတောင်းခြင်းသည် ဝတ်ပြုမှုတစ်ရပ်ဖြစ်၏။ ရုပ်တုဆင်းတုများရှေ့ဆုတောင်းပါက ဘုရားသခင်စိတ်တော်နှင့်တွေ့မည်လော။)

ဟေရှာ. ၈:၁၉– “တိုးတိုးပြော၍ မန္တန်သရဇ္စျယ်တတ်သော နတ်ဝင်နှင့်စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အားဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်းကပ်အပ်သလော။ အသက်ရှင်သောသူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။”

ယာ. ၁:၆၊ ၇၊ သက– “သင်တို့သည် ယုံမှားသံသယမရှိဘဲ ထာဝရဘုရားကိုယုံကြည်သောစိတ်နှင့် တောင်းလျှောက်ကြရမည်။ ယုံမှားသံသယရှိသောသူသည် လေတိုက်၍ ရွေ့လျားလှုပ်ရှားနေသောပင်လယ်လှိုင်းနှင့်တူ၏။ ဤကဲ့သို့သောသူသည် ဘုရားသခင်၏ထံတော်မှ တစ်စုံတစ်ရာကိုရရှိလိမ့်မည်ဟု မမျှော်လင့်စေနှင့်။”

တောင်းသင့်သောအရာများကား အဘယ်နည်း

မ. ၆:၉-၁၃– “သင်တို့ဆုတောင်းရမည်မှာ [၁]ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ ကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်ခြင်းရှိပါစေသော။ [၂]နိုင်ငံတော်တည်ထောင်ပါစေသော။ [၃]အလိုတော်သည် ကောင်းကင်ပေါ်မှာပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ [၄]အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ပေးသနားတော်မူပါ။ [၅]သူတစ်ပါးသည် အကျွန်ုပ်တို့ကိုပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကို လွှတ်တော်မူပါ။ [၆]အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှလည်း ကယ်နုတ်တော်မူပါ။” (ဘုရားသခင့်နာမတော်နှင့် ရည်ရွယ်ချက်ကို ရှေ့ဦးထားရမည်ဖြစ်ကြောင်း သတိပြုပါ။)

ဆာ. ၂၅:၄၊ ၅– “အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြညွှန်၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ။ ကိုယ်တော်၏သမ္မာတရားကိုပြ၍ အကျွန်ုပ်ကိုသွန်သင်တော်မူပါ။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုကယ်တင်သောဘုရားသခင် ဖြစ်တော်မူ၏။”

လု. ၁၁:၁၃– “သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေးတော်မူမည်မဟုတ်လော။”

၁ သက်. ၅:၁၇၊ ၁၈– “မခြားမလပ်ဆုတောင်းပတ္ထနာပြုကြလော့။ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။”

မ. ၁၄:၁၉၊ ၂၀– “[ယေရှုသည်] မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ ကြည့်မျှော်လျက် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူအပေါင်းတို့အား ပေးကြ၏။ လူအပေါင်းတို့သည် စား၍ဝကြ [၏။]”

ယာ. ၅:၁၆– “အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့။”

မ. ၂၆:၄၁၊ သက– “စုံစမ်းသွေးဆောင်ခြင်းကိုခံရပ်နိုင်မည်အကြောင်း ဆုတောင်း၍ စောင့်နေကြလော့။”

ဖိ. ၄:၆– “အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။”

တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်​—

‘ကျွန်တော်နဲ့အတူဆုတောင်းပြီးမှ ဟောစရာရှိတာဟောပါ’

ဤသို့ပြန်ပြောနိုင်သည်– ‘မိတ်ဆွေဟာ ဆုတောင်းခြင်းကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်ဖြစ်မှန်းသိရလို့ ဝမ်းသာတယ်။ ယေဟောဝါသက်သေတွေလဲ မှန်မှန်ဆုတောင်းကြတယ်။ ဒါပေမဲ့ ဘယ်အချိန်၊ ဘယ်ပုံဘယ်နည်းနဲ့ဆုတောင်းရမှာနဲ့ပတ်သက်ပြီး ယေရှုပြောတာတစ်ခုရှိတယ်။ မိတ်ဆွေအတွက် အသစ်အဆန်းဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ကိုယ်ဟာ ဘုရားတရားကိုင်းရှိုင်းတဲ့လူ၊ အခါမလပ် ဆုတောင်းတဲ့လူဖြစ်မှန်း လူတွေသိအောင် လူသူရှေ့ ဆုတောင်းတာမျိုး မလုပ်ဖို့ တပည့်တော်များကို ယေရှုမှာကြားခဲ့တယ်ဆိုတာ မိတ်ဆွေသိပါသလား။ . . . (မ. ၆:၅)’ ထို့နောက် ဤသို့ထပ်၍ဆိုနိုင်သည်– ‘ကျွန်တော်တို့အထူးအရေးပေးသင့်တဲ့ကိစ္စ၊ ဦးစားပေးဆုတောင်းရမဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ယေရှုဆက်ပြီးဘယ်လိုမိန့်ကြားသလဲဆိုတာကိုကြည့်ပါခင်ဗျား။ မိတ်ဆွေကို ဒီအချက်ပြောပြချင်လို့လာပါတယ်။ (မ. ၆:၉၊ ၁၀)’

သို့မဟုတ် ဤသို့ပြောနိုင်သည်– ‘တချို့ဘာသာရေးအဖွဲ့ကိုယ်စားလှယ်တွေ ဒီလိုလုပ်လေ့လုပ်ထရှိမှန်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေများ ဒီလုပ်မလုပ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ တခြားနည်းနဲ့ဟောပြောဖို့ တပည့်တော်တွေကို ယေရှုညွှန်ကြားခဲ့လို့ပါ။ “အိမ်သို့ဝင်သောအခါ ဦးစွာဆုတောင်းကြလော့”ဆိုပြီးမပြောဘဲ မဿဲ ၁၀:၁၂၊ ၁၃ မှာပါတဲ့အတိုင်း သူဘယ်လိုမိန့်မှာသလဲဆိုတာကြည့်ပါ။ ပြီးတော့ သူတို့ဘာပြောရမယ်ဆိုတာ မဿဲ ၁၀:၇ မှာကြည့်ပါ။ . . . ဒီနိုင်ငံတော်ဟာ မိတ်ဆွေနဲ့ကျွန်တော်တို့လိုလူတွေအတွက် ဘယ်လိုအကျိုးပြုနိုင်သလဲ။ (ဗျာ. ၂၁:၄)’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ