အခါကြီးရက်ကြီးရုံးပိတ်ရက်တွေမှာ သင် ဘာလုပ်မလဲ
လူများစွာဟာ ဘာသာရေး၊ နိုင်ငံရေးဆိုင်ရာ ရုံးပိတ်ရက်တွေမှာ အိမ်မှာရှိတတ်ကြလို့ အဲဒီအချိန်တွေဟာ ကျွန်ုပ်တို့အတွက် ဟောပြောခြင်းမှာပါဝင်ဖို့ အချိန်အခါကောင်းဖြစ်တယ်။ ဒီလိုရုံးပိတ်ရက်တွေမှာ ဟောပြောနိုင်ဖို့ အသင်းတော်တွေက အထူးအစီအစဉ်တွေ လုပ်နိုင်တယ်။ ဒီလိုရက်တွေမှာ လူတွေက အိပ်ရာထနောက်ကျတတ်တဲ့အတွက် လယ်ကွင်းစုဆုံမှုအချိန်ကို ပြောင်းလုပ်ရင် ကောင်းပါတယ်။ လုပ်ငန်းတော်စည်းဝေးမှာ အခါကြီးရက်ကြီးရုံးပိတ်ရက်အတွက် ဟောပြောခြင်းအစီအစဉ်ကို ကြေညာပြီး ညီအစ်ကို ညီအစ်မအားလုံး ပါဝင်နိုင်ဖို့ အားပေးပါလိမ့်မယ်။ ဒီလိုရုံးပိတ်ရက်တွေမှာ ကျွန်ုပ်တို့ဟာ အနားယူချင်ကြတယ်၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ လုပ်ချင်ကြတယ်။ ဒါပေမဲ့ အဲဒီလိုရုံးပိတ်ရက်ရဲ့ အချိန်တချို့ကို ဟောပြောခြင်းမှာ အသုံးပြုနိုင်မလား။ အသုံးပြုမယ်ဆိုရင် ဒီမြင့်မြတ်တဲ့လုပ်ငန်းမှာ ပါဝင်ခြင်းကနေ လန်းဆန်းမှု ခံစားရပါလိမ့်မယ်။—မ. ၁၁:၂၉၊ ၃၀။