ခရစ်ယာန်အသက်တာလမ်းစဉ်
တံခါးဝမှာ ကလေးတစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါ
တံခါးဝမှာ ကလေးတစ်ယောက်နဲ့ တွေ့ဆုံတဲ့အခါ သူ့ရဲ့မိဘတွေ အိမ်မှာရှိမရှိ မေးမြန်းသင့်တယ်။ ဒါက မိဘရဲ့အုပ်ထိန်းမှုကို လေးစားကြောင်း ပြရာရောက်တယ်။ (သု. ၆:၂၀) ကလေးက အိမ်ထဲဝင်ဖို့ ပြောတယ်ဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ ငြင်းသင့်ပါတယ်။ တကယ်လို့ မိဘတွေ မရှိကြဘူးဆိုရင် တခြားအချိန်မှ ပြန်သွားသင့်တယ်။
ကလေးက အသက် ၁၅ နှစ်နဲ့ ၁၉ နှစ်ကြား ဖြစ်မယ်ဆိုရင်တောင် သူ့ရဲ့မိဘ အိမ်မှာရှိမရှိ မေးမြန်းတာက ကောင်းပါတယ်။ တကယ်လို့ မိဘတွေ မရှိကြဘူးဆိုရင် မိဘတွေက သူ့ကို စာပေတွေ ဖတ်ခွင့်ပြုထား၊ မထား မေးမြန်းသင့်ပါတယ်။ ခွင့်ပြုထားတယ်ဆိုရင် စာပေတွေ ဝေငှနိုင်တယ်။ jw.org/mya ဝက်ဘ်ဆိုက်ကိုလည်း ညွှန်ပြနိုင်ပါတယ်။
စိတ်ဝင်စားတဲ့ လူငယ်တစ်ယောက်ဆီ ပြန်လည်ပတ်တဲ့အခါ သူ့မိဘနဲ့ တွေ့လို့ရမရ မေးမြန်းသင့်တယ်။ ဒါက ကျွန်တော်တို့လာရတဲ့ အကြောင်းရင်းကိုရှင်းပြဖို့နဲ့ မိသားစုတွေအတွက် ကျမ်းစာပါ ယုံကြည်စိတ်ချထိုက်တဲ့ အကြံပေးချက်အကြောင်း ပြောပြဖို့ အခွင့်အရေးရစေတယ်။ (ဆာ. ၁၁၉:၈၆၊ ၁၃၈) မိဘတွေကို လေးစားကြောင်းပြပြီး သူတို့ကို ထည့်စဉ်းစားပေးတာက ကောင်းတဲ့သက်သေခံချက်ဖြစ်စေသလို မိသားစုတွေကိုလည်း ကျမ်းစာပါ သတင်းကောင်းကို ဝေမျှဖို့ အခွင့်အရေးရစေတယ်။—၁ ပေ. ၂:၁၂။