ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက သင်ခန်းစာ ၅၀ စာ. ၂၅၈-စာ. ၂၆၂ ပိုဒ်. ၅
  • နှလုံးကိုထိမိစေရန် ကြိုးပမ်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှလုံးကိုထိမိစေရန် ကြိုးပမ်းခြင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်နှလုံးကို ထိမိဖို့ ကြိုးစားခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ကြားနာသူ၏နှလုံးကို ထိမိအောင် ပြောဆိုခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ကျမ်းစာသင်သားရဲ့ စိတ်နှလုံးကို ထိမိစေနိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • သွန်သင်သူတစ်ဦးအဖြစ် စွမ်းရည်ကို တိုးတက်စေပါ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက သင်ခန်းစာ ၅၀ စာ. ၂၅၈-စာ. ၂၆၂ ပိုဒ်. ၅

သင်ခန်းစာ ၅၀

နှလုံးကိုထိမိစေရန် ကြိုးပမ်းခြင်း

သင်ဘာပြုလုပ်ဖို့ လိုအပ်သနည်း။

ဆွေးနွေးနေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ လူတို့မည်သို့ယူဆကြကြောင်းကို ထည့်တွက်စဉ်းစားပါ။ သူတို့အား ဘုရားသခင့်အပါးတော်သို့ ချဉ်းကပ်လာစေပြီး ကိုယ်တော့်မိတ်ဆွေများဖြစ်လာစေမည့် ခံစားချက်များနှင့် စေ့ဆော်မှုများဖြစ်ပေါ်လာစေရန် ကူညီပေးပါ။

ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

လူတို့သည် ယေဟောဝါ၏နှစ်သက်မှုရရန် မိမိတို့နှလုံးတွင် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ခိုင်ခံ့မြဲမြံစွာ အမြစ်တွယ်နေရမည်။

လူတို့ကို သက်သေခံခြင်းအပြင် သူတို့၏နှလုံးကို ထိမိစေရန် ကြိုးပမ်းဖို့လိုအပ်သည်။ သမ္မာကျမ်းစာတွင် နှလုံးကို လူတစ်ဦး၏ အပေါ်ယံ ထွက်ပေါ်လာသည့်အရာနှင့်ဆန့်ကျင်ကာ သတ်မှတ်လေ့ရှိသည်။ ဤပုံဆောင်နှလုံးသည် လူတစ်ဦး ခံစားပုံ၊ သူတွေးတောရာအားလုံး၊ အဘယ်ကြောင့်တွေးတောရကြောင်းနှင့် ယင်းအတွေးအခေါ်များက သူ့အပြုအမူများကို မည်သို့သြဇာလွှမ်းမိုးပုံ စသည့်အတွင်းပိုင်းရှိအရာတို့ကို ကိုယ်စားပြုသည်။ ဤပုံဆောင်နှလုံး၌ သမ္မာတရားမျိုးစေ့ကို ကြဲခြင်းဖြစ်သည်။ (မ. ၁၃:၁၉) ထို့အပြင် ဘုရားသခင်အား နာခံခြင်းသည် နှလုံးမှပေါက်ဖွားလာရမည်။—သု. ၃:၁; ရော. ၆:၁၇။

သင်၏သွန်သင်ခြင်းသည် နှလုံးထဲထိ ထိုးဖောက်ဝင်ရောက်နိုင်ရန် ဤအကြောင်းရင်းများအပေါ် အာရုံစိုက်ပါ– (၁) သင့်နားထောင်နေသူ၏နှလုံးကို လွှမ်းမိုးထားပြီးသောအရာအား ပိုင်းခြားသိမြင်ပါ။ (၂) မေတ္တာနှင့် ဘုရားရေးရာကြောက်ရွံ့ ခြင်း ကဲ့သို့သော အကျိုးပြုသည့် အရည်အသွေးများကို ထပ်လောင်းပြောဆိုပါ။ (၃) သင်၏နားထောင်နေသူသည် ယေဟောဝါ၏နှစ်သက်မှုကို အပြည့်အဝရရှိနိုင်ရန် သူ၏အတွင်းသဘောများကို ဆန်းစစ်ဖို့ အားပေးပါ။

ပိုင်းခြားသိမြင်မှုကို အသုံးပြုခြင်း။ လူတို့သည် အမှန်တရားကို လက်သင့်မခံသေးရခြင်း၏ အကြောင်းရင်းများမှာ ကွဲပြားခြားနားကြသည်။ အိမ်တွင်းကျမ်းစာသင်အံမှုပြုစဉ် စိတ်စွန်းကွက်မှုကို ဖြိုခွဲပေးကာ သင်သား၌ရှိသည့် မှားယွင်းသော ယူဆချက်များကို ပြုပြင်တည့်မတ်ပေးနိုင်သည့် အချက်များကို တင်ပြပေးဖို့ လိုအပ်ပေမည် သို့မဟုတ် သက်သေအထောက်အထားပြပေးရုံသာ လိုအပ်ပေမည်။ မိမိကိုယ်ကို ဤသို့မေးစမ်းကြည့်ပါ– ‘လူသားတစ်ဦးအနေနှင့် ဝိညာဉ်ရေးလိုအပ်ချက်များရှိကြောင်း သူသတိပြုမိသလော။ အဘယ်မျှလောက် သူယုံကြည်ထားပြီနည်း။ အဘယ်အရာကို သူ,မယုံကြည်သနည်း။ ထိုကောက်ချက်များ အဘယ်ကြောင့် သူချခဲ့ရသနည်း။ အမှန်တရားသိရှိခြင်းနှင့်အတူ ဒွန်တွဲလာသောတာဝန်များကို လက်ခံယူခြင်းမှ သူ့ကို ဟန့်တားနိုင်သည့် အလိုဆန္ဒများကို အောင်မြင်ကျော်လွှားရန် သူအကူအညီလိုအပ်ပါသလော။’

လူတို့ အဘယ်ကြောင့် ဤသို့လက်ခံယုံကြည်ကြကြောင်းသိရှိရန် အမြဲမလွယ်ကူချေ။ “လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့်တူသော်လည်း ဉာဏ်ကောင်းသော [“ပိုင်းခြားသိမြင်သော၊” ကဘ] သူသည် ခပ်ယူလိမ့်မည်” ဟု သုတ္တံ ၂၀:၅ ကဆိုသည်။ ပိုင်းခြားသိမြင်မှုသည် အလွယ်တကူမထင်ရှားသည့်အရာကို နားလည်သဘောပေါက်နိုင်သည့် အရည်အချင်းဖြစ်သည်။ ယင်းက ထက်သန်သောလေ့လာမှတ်သားမှုနှင့် ဂရုစိုက်သည့်သဘောထား လိုအပ်သည်။

ဆက်သွယ်မှုအားလုံး နှုတ်စကားဖြင့် မဟုတ်ချေ။ တစ်စုံတစ်ရာသောခေါင်းစဉ်က သင်သား၏ မျက်နှာထား သို့မဟုတ် လေသံကို ပြောင်းသွားစေပေမည်။ သင်သည် မိဘတစ်ဦးဖြစ်ပါက သင့်ကလေး၏အပြုအမူပြောင်းလဲသွားခြင်းက သူသည် ဘဝအသက်တာတွင် ဩဇာလွှမ်းမိုးမှုအသစ်ကို တုံ့ပြန်နေသည့်လက္ခဏာဖြစ်ကြောင်း သင်အတပ်သိလိုက်သည်။ ဤလက္ခဏာများကို လျစ်လျူမရှုလိုက်ပါနှင့်။ ၎င်းတို့သည် အတွင်းလူ၏ အရိပ်အယောင်များဖြစ်ကြသည်။

ကောင်းစွာရွေးချယ်ထားသော မေးခွန်းများက တစ်ဦးဦး၏နှလုံးတွင် အဘယ်အရာရှိကြောင်း ဆွဲထုတ်ရန် ကူညီပေးနိုင်သည်။ သင်ဤသို့မေးနိုင်သည်– “. . . နှင့်ပတ်သက်ပြီး သင်မည်သို့ခံစားရသနည်း။” “. . . ကြောင်း သင့်ကို အဘယ်အရာက ယုံကြည်စိတ်ချစေသနည်း။” “. . . ပါက သင်မည်သို့တုံ့ပြန်မည်နည်း။” သို့တိုင်၊ လူတို့ကို မေးခွန်းများ တရစပ်မမေးမိစေရန် ဂရုစိုက်ပါ။ သင့်မေးခွန်းများကို “စိတ်မရှိရင် မေးပါရစေ။ . . . ” ဟု လိမ္မာပါးနပ်စွာ အစချီနိဒါန်းပျိုးပေမည်။ နှလုံးထဲတွင် အဘယ်အရာရှိကြောင်း ဖော်ထုတ်ရေးမှာ ကြိုးပမ်းအားထုတ်ရသောအလုပ်တစ်ခုဖြစ်၍ ပြီးစလွယ်လုပ်၍မရနိုင်ပါ။ များသောအားဖြင့် လူတစ်ဦးသည် မိမိ၏အတွင်းအကျဆုံး ခံစားချက်များကို လိုလိုလားလားမဖော်ပြမီ အချိန်အတိုင်းအတာတစ်ခုတွင် ယုံကြည်စိတ်ချမှုကို တည်ဆောက်ရမည်။ သို့ဖြစ်လျက်ပင် သင်နှင့်မဆိုင်သည့် အကြောင်းများကို သင်မေးမြန်းနေသည်ဟု ထိုပုဂ္ဂိုလ်မယူမှတ်သွားစေရန် အထူးဂရုစိုက်ရမည်။—၁ ပေ. ၄:၁၅။

ကြားရသည့်အရာနှင့်အညီ သင့်တုံ့ပြန်ပုံတွင်လည်း ပိုင်းခြားသိမြင်မှုလိုပါသည်။ သင့်ရည်မှန်းချက်မှာ လူတို့ကို နားလည်ရန်ဖြစ်သည်၊ သို့မှသာ ကျမ်းစာအခြေပြု အဘယ်သတင်းအချက်အလက်က သူတို့ကို လှုံ့ဆော်ပေးနိုင်ဖွယ်ရှိကြောင်း ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ သူတို့၏ရှုမြင်ချက်မှားကြောင်း ဖော်ထုတ်မိစေမည့် မည်သည့်တွန်းအားကိုမဆို ချက်ချင်းနှိပ်ကွပ်ပစ်ပါ။ ယင်းအစား စကားလုံးများ၏နောက်ကွယ်မှ ခံစားချက်များကို ပိုင်းခြားသိမြင်ရန် နိုးနိုးကြားကြားရှိပါ။ သို့နှင့် မည်သို့တုံ့ပြန်ရန်ကို သင်သိမည်; ထို့အပြင် သူ့ကို သင်နားလည်သဘောပေါက်သည်ဟူသည့်ခံစားချက်က သင်သားသည် သင်ပြောဆိုသည့်အကြောင်းကို ပို၍ လေးလေးနက်နက် စဉ်းစားလာဖို့ အကြောင်းရှိမည်။—သု. ၁၆:၂၃။

သင်သည် ကြီးမားသောအုပ်စုတစ်စုကို တိုက်ရိုက်ပြောဆိုနေသည့်အခါ၌ပင် လူတစ်ဦးချင်းစီကို အတော်အတန် လှုံ့ဆော်ပေးနိုင်သည်။ သင်သည် ပရိသတ်နှင့် ဆက်သွယ်မှုကောင်းရှိထားပြီး မျက်နှာနေမျက်နှာထားကို ဂရုစိုက်ကာ စဉ်းစားဉာဏ်ကိုလှုံ့ဆော်ပေးသည့် အဖြေမလိုသော မေးခွန်းများမေးပါက သင်ပြောဆိုနေသည့်အကြောင်းအရာအပေါ် နားထောင်နေသူများ မည်သို့ခံစားကြရသည်ဟူသည့်အချက်ကို သင်သဘောပေါက်ပေမည်။ သင့်ပရိသတ်ကို ကောင်းစွာသိရှိပါက သူတို့၏အခြေအနေများကို ထောက်ထားစာနာမှုပြပါ။ သူတို့နှင့်အတူ ဘုရားသခင့်နှုတ်ကပါဌ်တော်ဖြင့် ကျိုးကြောင်းဆင်ခြင်စဉ် အသင်းတော်၏ယေဘုယျသဘောထားကို ထည့်တွက်စဉ်းစားပါ။—ဂလ. ၆:၁၈။

အကျိုးရှိသောခံစားချက်များကို နှိုးဆွပေးခြင်း။ သင်သည် လူတစ်ဦးယုံကြည်သည့်အရာ၊ မယုံကြည်သည့်အရာနှင့် အဘယ်ကြောင့် ဤသို့ယုံသည်၊ မယုံသည်ကို နားလည်မှုအတော်အတန် ရရှိလာပြီးနောက် ထိုအရာတို့အပေါ်မူတည်၍ သင် တည်ဆောက်သွားနိုင်မည်။ ယေရှုရှင်ပြန်ထမြောက်ပြီးနောက် မကြာမီက ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များနှင့်စပ်လျဉ်း၍ မိမိတပည့်တော်များအား “ကျမ်းစာအနက်ကို ဖွင့်ပြ” ပေးခြင်းဖြင့် သူတို့၏နှလုံးကို ထိမိစေခဲ့သည်။ (လု. ၂၄:၃၂) သင်လည်း လူတစ်ဦးတွေ့ ကြုံခဲ့သည့်အရာ၊ သူလိုလားတမ်းတသည့်အရာတို့နှင့် ဘုရားသခင့်နှုတ်ကပါဌ်တော်၌ တွေ့ရှိသည့်အရာ၏ဆက်စပ်မှုကို ပေါင်းကူးပေးရန် ကြိုးစားသင့်သည်။ “ဒါဟာအမှန်တရားပဲ!” ဟု ရှင်းလင်းစွာ သူသဘောပေါက်သည့်အခါ သင်သား၏နှလုံးကို အကျိုးရှိစွာဖြင့် ထိမိစေပါလိမ့်မည်။

ယေဟောဝါ၏ကောင်းမြတ်မှု၊ ချစ်ခြင်းမေတ္တာ၊ ကိုယ်တော်၏မခံစားထိုက်သောကရုဏာတော်နှင့် ကိုယ်တော့်နည်းလမ်းတော်များ၏ မှန်ကန်မှုကို သင်အလေးပေးတင်ပြသောအခါ ဘုရားသခင်အား ချစ်သည့်မေတ္တာကို တည်ဆောက်ရန် သွန်သင်ပေးခံရသူများကို ကူညီရာကျသည်။ တစ်ဦးချင်းစီအနေနှင့် သူတို့၌ရှိသည့် အရည်အချင်းကောင်းများကို ဘုရားသခင်မြင်တွေ့ကြောင်း နားထောင်သူများအား ပြသပေးရန် အချိန်ယူသည့်အခါ ကိုယ်တော်နှင့်နှစ်ကိုယ်ကြားဆက်ဆံရေးသည် ဖြစ်နိုင်ကြောင်း ယုံကြည်ရန်အကြောင်းရင်းကို သူတို့အား သင်ပေးသည်။ ဆာလံ ၁၃၉:၁-၃၊ လုကာ ၂၁:၁-၄ နှင့် ယောဟန် ၆:၄၄ စသည့်ကျမ်းချက်များကို ပြန်လည်သုံးသပ်ခြင်းအားဖြင့်လည်းကောင်း၊ မိမိ၏သစ္စာရှိကျေးကျွန်များအပေါ် ယေဟောဝါ၏ နက်ရှိုင်းသော ချစ်ခင်တွယ်တာမှုကို လေးမြတ်ရန် နားထောင်သူများကို ကူညီပေးခြင်းအားဖြင့်လည်းကောင်း ယင်းကို ပြီးမြောက်အောင်မြင်စေနိုင်ပါသည်။ (ရော. ၈:၃၈၊ ၃၉) ယေဟောဝါသည် ကျွန်ုပ်တို့၏ အမှားများကို ကျော်လွန်၍ကြည့်မြင်ပြီး ကျွန်ုပ်တို့၏ဘဝအသက်တာတစ်ခုလုံး၊ စစ်မှန်သောဝတ်ပြုရေးအတွက် ကျွန်ုပ်တို့၏စိတ်ထက်သန်မှု၊ ကိုယ်တော့်နာမတော်ကိုချစ်သည့် ကျွန်ုပ်တို့၏မေတ္တာကို တွေ့ မြင်ကြောင်း ရှင်းပြပေးပါ။ (၆ ရာ. ၁၉:၂၊ ၃; ဟေဗြဲ ၆:၁၀) ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ ဖွဲ့စည်းတည်ဆောက်ထားပုံနှင့်ပတ်သက်၍ အသေးငယ်ဆုံးသော အသေးစိတ်အချက်အလက်များကိုပင်လျှင် ကိုယ်တော်မှတ်မိတော်မူသည်၊ ထို့အပြင် ကိုယ်တော်သည် “အောက်မေ့ရာသင်္ချိုင်းများမှာရှိသောသူအပေါင်း” တို့ကို ထူးခြားသည့်နည်းဖြင့် အသက်ပြန်ပေးတော်မူမည်။ (ယော. ၅:၂၈၊ ၂၉၊ ကဘ; လု. ၁၂:၆၊ ၇) လူသားတို့သည် ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံခဲ့ရသောကြောင့် ကိုယ်တော့်ဂုဏ်ရည်တော်များအကြောင်း ဆွေးနွေးမှုက အများအားဖြင့် အတွင်းလူထဲရှိ နှစ်လိုဖွယ်တုံ့ပြန်မှုကို ရိုက်ခတ်စေပါလိမ့်မည်။—က. ၁:၂၇။

လူတစ်ဦးသည် အခြားသူအား ယေဟောဝါရှုမြင်သကဲ့သို့ ရှုမြင်တတ်လာသည့်အခါ နှလုံးကိုလည်း ထိမိသွားနိုင်သည်။ ကျွန်ုပ်တို့၏ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီအား ကြင်နာသည်ဆိုလျှင် ကိုယ်တော်သည် နောက်ခံမရွေး၊ နိုင်ငံမရွေး သို့မဟုတ် လူမျိုးမရွေး အခြားသူများကိုလည်း ထပ်တူထောက်ထားမှုပြခြင်းမှာ ကျိုးကြောင်းညီညွတ်ပါသည်။ (တ. ၁၀:၃၄၊ ၃၅) လူတစ်ဦးသည် ထိုသို့သောနားလည်မှုကို ရရှိသွားသည့်အခါ သူ၏နှလုံးမှ မုန်းတီးမှုနှင့် စိတ်စွန်းကွက်မှုတို့ကို အမြစ်ပါနုတ်ပစ်ရန် သူ့တွင် ခိုင်ခံ့သော ကျမ်းစာအခြေခံအကြောင်းရင်း ရှိပေမည်။ ဘုရားသခင့်အလိုတော်သယ်ပိုးရန် သင်ယူလာသည်နှင့်အမျှ ယင်းက အခြားသူများနှင့် အေးအေးချမ်းချမ်း သင့်မြတ်စွာနေတတ်ဖို့ စွမ်းဆောင်ပေးပါလိမ့်မည်။

ဘုရားရေးရာခန့်ညားကြောက်ရွံ့မှုသည် အခြားသူများ ပြုစုပျိုးထောင်ရန် သင်ကူညီပေးသင့်သည့် ခံစားမှုနောက်တစ်ခုဖြစ်သည်။ (ဆာ. ၁၁၁:၁၀; ဗျာ. ၁၄:၆၊ ၇) ထိုကဲ့သို့သော ကြည်ညိုလေးစားခြင်း သို့မဟုတ် ဘုရားသခင်အား ခန့်ညားကြောက်ရွံ့ခြင်းက မိမိခွန်အားဖြင့် မဖြစ်နိုင်သည့်အရာကို တတ်စွမ်းနိုင်စေရန် လူတစ်ဦးအား လှုံ့ဆော်ပေးနိုင်သည်။ ယေဟောဝါ၏ စိုးရွံ့ဖွယ်ကောင်းသော လုပ်ဆောင်မှုများနှင့် ကိုယ်တော်၏သာမန်ထက်ထူးကဲသည့် ချစ်ခင်ကြင်နာမှုကို ဆွေးနွေးခြင်းအားဖြင့် ကိုယ်တော့်စိတ်တော်ငြိုငြင်အောင်ပြုမိမည်စိုးသည့် အကျိုးဖြစ်ထွန်းသောကြောက်စိတ်ကို တိုးပွားစေရန် အခြားသူများအား ကူညီပေးနိုင်ပါသည်။—ဆာ. ၆၆:၅; ယေ. ၃၂:၄၀။

နားထောင်နေသူများ၏အကျင့်အကြံသည် ယေဟောဝါအတွက် အရေးကြီးကြောင်း နားလည်စေရန် သေချာစေပါ။ ကိုယ်တော့်တွင် ခံစားချက်များရှိပြီး ကိုယ်တော့်လမ်းညွှန်မှုကို ကျွန်ုပ်တို့တုံ့ပြန်ပုံအားဖြင့် ကိုယ်တော်အား ဝမ်းနည်းစေမှုကိုသော်လည်းကောင်း၊ ဝမ်းမြောက်စေမှုကိုသော်လည်းကောင်း ဖြစ်စေသည်။ (ဆာ. ၇၈:၄၀-၄၂) ဘုရားသခင်အား စာတန့်စိန်ခေါ်ချက်ကို ဖြေဆိုရာတွင် လူတို့၏ အပြုအမူအကျင့်အကြံက အဘယ်ကြောင့် ကွာခြားသွားစေနိုင်ကြောင်း ဖော်ပြပါ။—သု. ၂၇:၁၁။

ဘုရားသခင့်တောင်းဆိုချက်များကို ပြည့်မီခြင်းက သူတို့အတွက် အကျိုးပြုကြောင်း တွေ့ မြင်ရန် ပရိသတ်အား ကူညီပေးပါ။ (ဟေရှာ. ၄၈:၁၇) ယင်းအား လုပ်ဆောင်နိုင်သည့်နည်းတစ်နည်းမှာ ဘုရားသခင့်ဉာဏ်ပညာကို အခိုက်အတန့်အားဖြင့်ပင် ငြင်းပယ်ခြင်း၏ ကာယရေးနှင့် စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ အကျိုးဆက်များကို ထောက်ပြပေးခြင်းအားဖြင့်ဖြစ်သည်။ အပြစ်သည် ကျွန်ုပ်တို့အား ဘုရားသခင်ထံမှ မည်သို့ကွာဝေးစေကြောင်း၊ အခြားသူများ ကျွန်ုပ်တို့ထံမှ အမှန်တရားလေ့လာခွင့်ကို မည်သို့ပျက်ပြားသွားစေရာ အကျိုးဆက်အနေနှင့် သူတစ်ထူး၏ရပိုင်ခွင့်ကို ဖျက်ဆီးပစ်လိုက်ရာကျကြောင်း ရှင်းပြပါ။ (၁ သက်. ၄:၆) ဘုရားသခင့်ပညတ်တော်များကို စောင့်ထိန်းခြင်းကြောင့် ခံစားနေရသည့်ကောင်းချီးများကို လေးမြတ်တန်ဖိုးထားရန် ပရိသတ်ကို ကူညီပေးပါ။ ယေဟောဝါ၏ ဖြောင့်မတ်သောနည်းလမ်းတော်များအတိုင်း လျှောက်လှမ်းခြင်းက ကျွန်ုပ်တို့အား အတိဒုက္ခတို့မှ ကင်းဝေးစေသည့်အဖြစ်မှန်အတွက် တန်ဖိုးထားလေးမြတ်စိတ်ကို သန်စွမ်းစေပါ။ လူတစ်ဦးသည် ဘုရားသခင့်နည်းလမ်းတော်များ၏ဉာဏ်ပညာကို ယုံကြည်ခြင်းရှိသည်နှင့် ယင်းနည်းလမ်းတော်များကို ဆန့်ကျင်သည့်လမ်းစဉ်တိုင်း၏ တွန်းလှန်မှုကို ထိုသူခံရလိမ့်မည်။ (ဆာ. ၁၁၉:၁၀၄) သူသည် နာခံမှုကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် မရှုမြင်ဘဲ ယေဟောဝါအား ပုဂ္ဂိုလ်တစ်ပါးအဖြစ် မေတ္တာပါစွာ ဆည်းကပ်ဝတ်ပြုကြောင်းပြသရန် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်မည်။

ဆန်းစစ်ရန် အခြားသူများအား ကူညီပေးခြင်း။ လူတို့သည် ဝိညာဉ်ရေးအရ ဆက်၍ကြီးထွားစေရန် မိမိတို့၏နှလုံးတွင် ရှိထားရာကို အကဲဆတ်ဖို့လိုသည်။ ယင်းသို့အကဲဆတ်တတ်ရန် သမ္မာကျမ်းစာက သူတို့ကိုမည်သို့ကူညီပေးနိုင်ကြောင်း ရှင်းပြပါ။

သမ္မာကျမ်းစာသည် ပညတ်တော်များ၊ သွန်သင်ချက်၊ သမိုင်းဖြစ်ရပ်များနှင့် ပရောဖက်ပြုချက်များကို မှတ်တမ်းတင်ထားသည့် စာအုပ်မျှသာမဟုတ်ကြောင်း နားထောင်သူများအား သဘောပေါက်စေပါ။ ယင်းက ဘုရားသခင်၏စဉ်းစားတွေးခေါ်ပုံကိုလည်း ဖော်ပြသည်။ ယာကုပ် ၁:၂၂-၂၅ တွင် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို မှန်တစ်ချပ်ဖြင့် နှိုင်းယှဉ်ပြထားသည်။ ကျမ်းစာပြောဆိုရာနှင့် မိမိ၏ရည်ရွယ်တော်မူချက်ကို ယေဟောဝါလုပ်ဆောင်သည့် နည်းလမ်းအပေါ် ကျွန်ုပ်တို့၏တုံ့ပြန်ပုံအားဖြင့် ကျမ်းစာသတင်းတရားက ကျွန်ုပ်တို့၏နှလုံးတွင် အဘယ်အရာရှိနေသည်ကို ပြသသည်။ သို့ဖြစ်၍ ‘နှလုံးကိုစစ်ဆေးတော်မူသောအရှင်’ ဖြစ်သော ဘုရားသခင်သည် ကျွန်ုပ်တို့အား မည်သို့ကြည့်မြင်သည်ကို ယင်းကဖော်ပြသည်။ (သု. ၁၇:၃) ယင်းကို စိတ်တွင်စွဲမှတ်ထားရန် နားထောင်နေသူများကို အားပေးပါ။ သမ္မာကျမ်းစာမှတ်တမ်းတွင် ကျွန်ုပ်တို့အတွက် ဘုရားသခင် မပျောက်မပျက်ထိန်းသိမ်းပေးခဲ့သည့်အရာနှင့် ကိုယ်တော် သာ၍နှစ်သက်လက်ခံနိုင်စရာဖြစ်စေရန် မိမိတို့၏ ဘဝအသက်တာတွင် မည်သည့် ပြုပြင်မှုများပြုကောင်းပြုရမည်ကို တွေးတောဆင်ခြင်ရန် သူတို့ကိုတိုက်တွန်းပါ။ ကျမ်းစာဖတ်ရှုခြင်းသည် အဘယ်လိုအပ်သော ပြုပြင်ပြောင်းလဲမှုများမဆို ပြုလုပ်ရာတွင် သူတို့အား ဘုရားသခင်နှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်စေရန် “စိတ်နှလုံးအကြံအစည်များ” ကို ယေဟောဝါ၏ အကဲဖြတ်နိုင်စွမ်းမျိုး ရရှိနိုင်သည့်နည်းတစ်နည်းအဖြစ် ရှုမြင်ရန် ကူညီပေးပါ။—ဟေဗြဲ ၄:၁၂; ရော. ၁၅:၄။

အချို့သော ကျမ်းစာသင်သားများသည် သူတို့တတ်သိလာသည့်အရာနှင့်အညီ ဆောင်ရွက်လိုကြပေမည်; သို့တိုင် အခြားသူများ မည်သို့ထင်မြင်ကြမည်ကို သူတို့စိတ်ပူကြသည်။ သူတို့သည် ပြင်းထန်သည့်သွေးသားဆန္ဒအချို့နှင့် တိုက်ပွဲဝင်နေရကြပေမည်။ သို့မဟုတ် လောကအကျင့်များကို ဖက်တွယ်ထားရင်း ဘုရားသခင့်အမှုတော်ဆောင်နိုင်သည့် တစ်နည်းနည်းကို ရှာတွေ့ဖို့ အကြောင်းပြချက်ရှာနေပေမည်။ ထိုကဲ့သို့သော မပြတ်သားမှု၏အန္တရာယ်များကို ထောက်ပြပါ။ (၃ ရာ. ၁၈:၂၁) မိမိတို့၏နှလုံးကိုစစ်ဆေးပြီး သန့်စင်ပေးပါရန် ဘုရားသခင်ထံ ဆုတောင်းလျှောက်ဖို့ သူတို့ကိုတိုက်တွန်းပါ။—ဆာ. ၂၆:၂; ၁၃၉:၂၃၊ ၂၄။

သူတို့၏ရုန်းကန်နေရမှုကို ယေဟောဝါနားလည်တော်မူကြောင်းနှင့် ဤသို့ဖြစ်ရသည့်အကြောင်းရင်းကို သမ္မာကျမ်းစာက ရှင်းပြပေးကြောင်း ပြသပါ။ (ရော. ၇:၂၂၊ ၂၃) မစုံလင်သည့်နှလုံး၏ အကြံအစည်များက မစိုးမိုးစေရန် သတိထားဖို့ သူတို့ကို ကူညီပေးပါ။—သု. ၃:၅၊ ၆; ၂၈:၂၆; ယေ. ၁၇:၉၊ ၁၀။

ကိစ္စရပ်များကို အဘယ်ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်နေကြောင်း ဆန်းစစ်ရန် တစ်ဦးစီကို အားပေးပါ။ သူ့ကိုယ်ကို ဤသို့မေးမြန်းဖို့ သင်ပေးပါ– ‘ဤအမှုကို ကျွန်ုပ်အဘယ်ကြောင့်လုပ်လိုသနည်း။ ကျွန်ုပ်အတွက် ယေဟောဝါလုပ်ပေးတော်မူခဲ့ရာအားလုံးကို ကျွန်ုပ်အမှန်တကယ် တန်ဖိုးထားကြောင်း ယင်းက ကိုယ်တော်အားပြမည်လော။’ ယေဟောဝါနှင့်မျက်နှာသာရ ဆက်ဆံရေးသည် မည်သူမဆို လက်ဝယ်ပိုင်ဆိုင်နိုင်သည့် တန်ဖိုးအရှိဆုံးအရာဖြစ်ကြောင်း ယုံကြည်စိတ်ချမှုကို ခိုင်ခံ့စေရန်လုပ်ဆောင်ပါ။

ယေဟောဝါအား “နှလုံးအကြွင်းမဲ့” အမှုတော်ထမ်းဆောင်ခြင်း၏ အရေးကြီးမှုကို ပရိသတ်သဘောပေါက်ရန် ကူညီပါ။ (လု. ၁၀:၂၇) ယင်းက သူတို့၏ခံစားမှုများ၊ လိုအင်ဆန္ဒများနှင့် သဘောထားများအားလုံးကို ယေဟောဝါ၏နည်းလမ်းတော်များနှင့်အညီ ဖြစ်စေရမည်ကို ဆိုလိုပါသည်။ ထို့ကြောင့် သူတို့ လုပ်ဆောင်နေသည့်အရာကိုသာမက ကိုယ်တော့်တောင်းဆိုချက်များနှင့်ပတ်သက်၍ သူတို့မည်သို့မည်ပုံ ခံစားရကြောင်းနှင့် ဘုရားသခင့်အမှုတော်ထမ်းဆောင်ခြင်းတွင် သူတို့၏ရည်ရွယ်ချက်များမှာ အဘယ်အရာဖြစ်ကြောင်း လေ့လာဆန်းစစ်ရန် နားထောင်သူများကို သင်ပေးပါ။ (ဆာ. ၃၇:၄) တိုးတက်ဖို့ လိုအပ်နေသောကဏ္ဍများကို သင်သားများ ပိုင်းခြားသိမြင်လာသည်နှင့်အမျှ “နာမတော်ကို ကြောက်ရွံ့ရန် အကျွန်ုပ်နှလုံးကို စုစည်းတော်မူပါ” ဟု ယေဟောဝါထံဆုတောင်းရန် သူတို့ကို အားပေးပါ။—ဆာ. ၈၆:၁၁။

သင်သားသည် ယေဟောဝါနှင့်နှစ်ကိုယ်ကြားဆက်ဆံရေး တိုးတက်ရင့်သန်လာသည့်အခါ သင့်တိုက်တွန်းချက်များကြောင့်သာမဟုတ်ဘဲ ယုံကြည်ခြင်းကြောင့် ဘုရားသခင်အား နာခံပါလိမ့်မည်။ ထို့နောက် သူသည် သူ့ဘာသာ “သခင်ဘုရားနှစ်သက်တော်မူသောအရာ အဘယ်အရာဖြစ်သည်ကို [ဆက်၍]သင်ယူ” ပါလိမ့်မည်။ (ဧ. ၅:၁၀; ဖိ. ၂:၁၂) ထိုသို့သော လှိုက်လှိုက်လှဲလှဲ နာခံမှုက ယေဟောဝါအား နှစ်သက်စေသည်။—သု. ၂၃:၁၅။

ယေဟောဝါသည် နှလုံးကို ခန့်မှန်းအကဲဖြတ်သောအရှင်ဖြစ်ကာ မိမိနှင့်ရင်းနှီးသော ဆက်ဆံမှုထဲသို့ လူတို့အားဆွဲဆောင်ကြောင်း စွဲမှတ်ထားပါ။ (သု. ၂၁:၂; ယော. ၆:၄၄) ကျွန်ုပ်တို့၏အခန်းကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ (၁ ကော. ၃:၉) ယင်းက “ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့” ပင်ဖြစ်ပေသည်။ (၂ ကော. ၅:၂၀; တ. ၁၆:၁၄) ယေဟောဝါသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမှန်တရားလက်ခံဖို့ အတင်းအကျပ်မပြုချေ၊ သို့သော် ကျမ်းစာကို ကျွန်ုပ်တို့အသုံးပြုကြသောအခါ နားထောင်သူများက မိမိတို့ကြားနာနေသည့်အရာသည် မိမိတို့၏မေးခွန်းများ သို့မဟုတ် ဆုတောင်းချက်များ၏အဖြေဖြစ်ကြောင်း သဘောပေါက်ရန် ကိုယ်တော်ပြုပေမည်။ သွန်သင်ဖို့အခွင့်အရေး ရရှိသည့်အခါတိုင်း ဤအချက်ကို စိတ်တွင်စွဲမှတ်ထားကာ ကိုယ်တော့်လမ်းညွှန်မှုနှင့်မစမှုရရှိရေးအတွက် ယေဟောဝါထံ စိတ်အားထက်သန်စွာ ဆုတောင်းပါလေ။—၅ ရာ. ၂၉:၁၈၊ ၁၉; ဧ. ၁:၁၆-၁၈။

တိုးတက်စေနိုင်ပုံ

  • စစ်မှန်သောမေတ္တာ တင်ပြပါ။

  • သင့်နားထောင်နေသူ၏နှလုံးကို အဘယ်အရာက လွှမ်းမိုးခဲ့ကြောင်း ပိုင်းခြားသိမြင်ပါ။

  • ယေဟောဝါ၏အံ့သြဖွယ်ကောင်းသော ဂုဏ်ရည်တော်များကို အလေးပေးတင်ပြပါ။

  • မိမိတို့၏သဘောထားများကို မည်သို့လေ့လာဆန်းစစ်ကာ သန့်စင်နိုင်ပုံကို နားလည်ဖို့ နားထောင်နေသူများကို ကူညီပေးပါ။

လေ့ကျင့်ခန်းများ– (၁) မဿဲ ၆:၂၁ ကိုဖတ်ပြီး သင့်ဘဝအသက်တာ၌ ဤကျမ်းချက်သက်ဆိုင်ပုံကို ဆန်းစစ်ပါ။ အခန်းငယ် ၁၉ နှင့် ၂၀ ကိုလည်းဖတ်ကာ သင့်နှလုံးက အဘယ်ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် လှုံ့ဆော်ပေးကြောင်း သုံးသပ်ပါ။ (၂) ယေဟောဝါထံ စတင်အမှုတော်ဆောင်ရန် သင့်အား စေ့ဆော်ပေးသည့်အရာကို ဆန်းစစ်ပါ။ လက်ရှိအချိန်၌ အဘယ်အရာက သင့်ကို လှုံ့ဆော်ပေးသနည်း။ ယေဟောဝါနှစ်သက်လက်ခံစေမည့် အဘယ်လှုံ့ဆော်တိုက်တွန်းမှုများကို သင်ခိုင်ခံ့စေလိုသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ