-
ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး အလျှော့မပေးကြ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
-
-
အင်ဒိုနီးရှားနိုင်ငံ
ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး အလျှော့မပေးကြ
ဒယ်နီရယ် လာကိုလို
မွေးဖွားတဲ့နှစ်– ၁၉၆၅
နှစ်ခြင်းခံတဲ့နှစ်– ၁၉၈၆
ကိုယ်ရေးမှတ်တမ်းအကျဉ်း– နှိပ်စက်ညှဉ်းပန်းမှုကို သစ္စာရှိရှိခံရပ်ခဲ့တဲ့ အထူးရှေ့ဆောင်တစ်ဦးဖြစ်တယ်။
၁၉၈၉၊ ဧပြီ ၁၄ ရက်၊ ဖလောရစ်ကျွန်း မော်မဲရ်မြို့မှာ စည်းဝေးကျင်းပနေတုန်း အစိုးရအရာရှိတချို့ အိမ်ထဲရုတ်တရက်ဝင်လာပြီး ကျွန်တော်နဲ့ ညီအစ်ကိုညီအစ်မသုံးယောက်ကို ဖမ်းသွားတယ်။
ထောင်အရာရှိတွေက ကျွန်တော်တို့ကို အလံအလေးပြုခိုင်းတယ်။ အလေးမပြုတော့ ရိုက်တယ်၊ ကန်တယ်၊ ကျဲကျဲတောက်ပူတဲ့နေရောင်အောက်မှာ ၅ ရက် မတ်တတ်ရပ်ခိုင်းတယ်။ ညဆိုရင် အကျဉ်းခန်းလေးထဲက အေးစက်မာကျောနေတဲ့ သမံတလင်းပေါ်မှာ အိပ်ရတယ်။ တစ်ကိုယ်လုံး ညစ်ပတ်နံစော်နေပြီး အားလည်းမရှိ၊ ဒဏ်ရာတွေကလည်း နာလိုက်တာ ပြောမနေပါနဲ့တော့။ ထောင်ပိုင်ကြီးက အလျှော့ပေးလိုက်လျောဖို့ အကြိမ်ကြိမ် ဖိအားပေးတယ်။ ကျွန်တော်တို့ကတော့ “အသေသာခံမယ်၊ အလံကိုတော့အလေးမပြုဘူး” လို့ ပြန်ပြောလိုက်တယ်။ ရှေးခတ်ကခရစ်ယာန်တွေလိုပဲ ‘ဖြောင့်မတ်ခြင်းတရားအတွက် ဆင်းရဲဒုက္ခခံရတာကို’ အခွင့်ထူးအဖြစ် ယူမှတ်ကြတယ်။—၁ ပေ. ၃:၁၄။
-
-
ညွှန်ကြားချက်ကိုနာခံလို့ အသက်ရှင်လွတ်မြောက်ခဲ့၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
-
-
အင်ဒိုနီးရှားနိုင်ငံ
ညွှန်ကြားချက်ကိုနာခံလို့ အသက်ရှင်လွတ်မြောက်ခဲ့
ဗလာဆီယပ်စ် ဒါဂိုမက်စ်
မွေးဖွားတဲ့နှစ်– ၁၉၆၃
နှစ်ခြင်းခံတဲ့နှစ်– ၁၉၉၅
ကိုယ်ရေးမှတ်တမ်းအကျဉ်း– မာလုကူကျွန်းစုထဲက အမ်ဘွန်ကျွန်းမှာ ဘာသာရေးပဋိပက္ခ ဖြစ်ပွားချိန်အတွင်း သိုးတော်စုကို မေတ္တာပါပါ ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ အကြီးအကဲဖြစ်တယ်။
၁၉၉၉၊ ဇန်နဝါရီ ၁၉ ရက်မှာ မွတ်စလင်နဲ့ခရစ်ယာန်တွေကြား ဖြစ်ပွားတဲ့ရန်ပွဲကနေ ပြင်းထန်တဲ့အကြမ်းဖက်မှုတွေ ဖြစ်လာတယ်။ အဲဒီနေရာက ကျွန်တော့်အိမ်နဲ့ဆို ၂ မိုင်လောက် ဝေးတယ်။ အခြေအနေကတော့ ထိန်းမနိုင်သိမ်းမရပဲ။a
ကျွန်တော့်မိသားစုကို လုံခြုံတဲ့နေရာမှာ ထားပြီးနောက် တခြားကြေညာသူတွေဆီ ဖုန်းဆက်ပြီး အခြေအနေမေးကြည့်တယ်။ စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့၊ အန္တရာယ်ရှိတဲ့နေရာတွေကိုရှောင်ဖို့ သူတို့ကိုမှာတယ်။ နောက်ပိုင်းမှာ အကြီးအကဲတွေက သိုးတော်စုဆီ လည်ပတ်အားပေးတယ်၊ အုပ်စုလေးတွေဖွဲ့ပြီး စည်းဝေးလုပ်ခိုင်းတယ်။
ဌာနခွဲရုံးက အန္တရာယ်ရှိတဲ့ဒေသမှာနေထိုင်တဲ့ ညီအစ်ကိုညီအစ်မအားလုံးကို ပြောင်းရွှေ့ခိုင်းတယ်။ အဲဒီညွှန်ကြားချက်ကို ကျွန်တော်တို့က မိသားစုတွေကို ပြန်ပြောပြတယ်။ ညီအစ်ကိုတစ်ယောက်က မပြောင်းရွှေ့ခဲ့လို့ နောက်ပိုင်းမှာ လက်နက်ကိုင်လူစုရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရတယ်။ ဒါပေမဲ့ ဌာနခွဲရုံးကလာတဲ့ ညွှန်ကြားချက်ကို လိုက်နာသူတိုင်း အသက်ရှင်လွတ်မြောက်ခဲ့ကြတယ်။
a မာလုကူခရိုင်မှာဖြစ်ပွားတဲ့ အဲဒီပဋိပက္ခဟာ နှစ်နှစ်ကျော်ကြာပြီး ထောင်နဲ့ချီတဲ့လူတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရတယ်။
-