ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
စက်တင်ဘာ ၄–၁၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေဇကျေလ ၄၂–၄၅
“စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်တည်ထောင်”
ဘုရားသခင့်ဗိမာန်တော်ကို “နှလုံးသွင်းလော့!”
၃ ယေဇကျေလကျမ်း၏ အခန်းကြီး ကိုးခန်း အပြည့်ဖြစ်သော ဤကျယ်ပြန့်သည့် အဆင်းအာရုံသည် ပြည်နှင်ခံ ဂျူးများအတွက် ယုံကြည်ခြင်း ခိုင်ခံ့စေသော ကတိတော် ဖြစ်ခဲ့သည်။ စင်ကြယ်သော ဝတ်ပြုရေး ပြန်လည် ထူထောင်ရမည်တကား! ထိုအချိန်မှစ၍ ရာစုနှစ်များတစ်လျှောက် ကျွန်ုပ်တို့ အချိန်အထိပင် ဤအဆင်းအာရုံသည် ယေဟောဝါအား ချစ်မြတ်နိုးသူများအတွက် အားပေးရာရင်းမြစ် ဖြစ်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ ယေဇကျေလ၏ ပရောဖက်ပြုချက် အဆင်းအာရုံသည် ပြည်နှင်ခံ ဣသရေလများအတွက် အဘယ် အဓိပ္ပာယ်ရှိကြောင်း ဦးဆုံး ဆန်းစစ်ကြည့်ကြစို့။ ၎င်းတွင် အဓိက ကဏ္ဍလေးရပ် ရှိသည်– ဗိမာန်တော်၊ ယဇ်ပုရောဟိတ်၊ အကဲအမှူးနှင့် ပြည်တော်တို့ဖြစ်သည်။
it-2-E ၁၀၈၂ ပိုဒ်. ၂
ဗိမာန်တော်
စိတ်အာရုံထဲမှာ ယေဇကျေလ မြင်ခဲ့တဲ့ ဗိမာန်တော်။ ဂျေရုဆလင်မြို့နဲ့ ရှောလမုန် ဗိမာန်တော် ပျက်စီးပြီး ၁၄ နှစ်အကြာ၊ ဘီစီ ၅၉၃ မှာ ပုရောဟိတ်လည်းဖြစ်၊ ပရောဖက်လည်းဖြစ်တဲ့ ယေဇကျေလဟာ စိတ်အာရုံထဲမှာ တောင်အမြင့်ကြီးပေါ် ပို့ဆောင်ခံရပြီး ဗိမာန်တော်ကို မြင်တယ်။ (ယဇ ၄၀:၁၊ ၂) ယေဟောဝါ ခိုင်းတဲ့အတိုင်း ယေဇကျေလက “အစ္စရေးအမျိုး” ကို မြင်သမျှ ပြန်ပြောရတာဟာ ပြည်နှင်ခံဂျူးတွေ အရှက်ရပြီး နောင်တရဖို့နဲ့ သစ္စာရှိသူတွေကို နှစ်သိမ့်ပေးဖို့လည်း ဖြစ်တယ်။ (ယဇ ၄၀:၄။ ၄၃:၁၀၊ ၁၁) စိတ်အာရုံမှာ ဗိမာန်တော်ရဲ့ အတိုင်းအထွာ အသေးစိတ်ကို ဖော်ပြတယ်။ အရှည် ခြောက်တောင် ရှည်တဲ့ တိုင်းစရာ “ကျူရိုး” ကို အသုံးပြုတယ်။ (ယဇ ၄၀:၅၊ အောက်ခြေမှတ်ချက်) ပြည်နှင်ခံတွေ ပြန်ရောက်ပြီးနောက်ပိုင်း ဇေရုဗဗေလ တည်ဆောက်တဲ့ ဗိမာန်တော်ကို ယေဇကျေလ စိတ်အာရုံမှာ မြင်တဲ့ အတိုင်းအတာအတိုင်း ဆောက်ရမယ်လို့ တချို့ ထင်ကြတယ်။ ဒါပေမဲ့ အဲဒီလိုယူမှတ်ဖို့ ခိုင်လုံတဲ့ အကြောင်းရင်း မရှိပါဘူး။
ဘုရားသခင့်ဗိမာန်တော်ကို “နှလုံးသွင်းလော့!”
၁၀ ယင်းတို့အားလုံးသည် ပြည်နှင်ခံများကို စိတ်အားတက်စေလိုက်မည်ဖြစ်ခြင်း! မိသားစုတစ်ခုစီသည် ပြည်တော်တွင်အမွေရမည်ဖြစ်ကြောင်း စိတ်ချစေခဲ့သည်။ (မိက္ခာ ၄:၄ နှိုင်းယှဉ်။) ထိုနေရာတွင် စင်ကြယ်သောဝတ်ပြုရေးသည် ချီးမြှောက်ခံရကာ ဗဟိုနေရာဖြစ်ပါလိမ့်မည်။ ထို့ပြင် ယေဇကျေလ၏အဆင်းအာရုံတွင် အကဲအမှူးသည် ယဇ်ပုရောဟိတ်များနည်းတူ လူတို့လှူဒါန်းထားသောမြေပေါ် နေထိုင်ရမည်ဖြစ်ကြောင်းကို သတိပြုပါ။ (ယေဇကျေလ ၄၅:၁၆) ထို့ကြောင့် ပြန်လည်တည်ထောင်ထားသော ပြည်တော်တွင် ပြည်သားများသည် သူတို့ကိုဦးဆောင်ရန် ယေဟောဝါခန့်အပ်ထားသူများ၏လုပ်ငန်းကို ကူညီပေးရန်ဖြစ်ပြီး ၎င်းတို့၏ညွှန်ကြားမှုအတိုင်း ပူးပေါင်းဆောင်ရွက်ပေးခြင်းအားဖြင့် ထောက်မကူညီပေးဖို့ ဖြစ်သည်။ ခြုံကြည့်လျှင် ဤပြည်တော်သည် ဖွဲ့စည်းမှု၊ ပူးပေါင်းလုပ်ဆောင်မှုနှင့် လုံခြုံမှု၏ရုပ်လုံးသဏ္ဌာန်ဖြစ်သည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
it-2-E ၄၆၇ ပိုဒ်. ၄
နာမည်
ဘုရားနာမည် ခံယူထားတဲ့ လူမျိုးအနေနဲ့ အစ္စရေးတွေဟာ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းအတိုင်း နေထိုင်ဖို့ ပျက်ကွက်တာက ဘုရားနာမည်ကို ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်စေခဲ့တယ်။ (ယဇ ၄၃:၈။ အ ၂:၇) အစ္စရေးတွေရဲ့ သစ္စာမဲ့မှုကြောင့် သူတို့ကို ဘုရား အပြစ်ပေးတာက တခြားတိုင်းနိုင်ငံတွေ ဘုရားနာမကို မလေးမစား ပြောဆိုဖို့ အကြောင်းပေါ်စေတယ်။ (ဆ ၇၄:၁၀၊ ၁၈ နဲ့နှိုင်းယှဉ်ပါ။ ရှာ ၅၂:၅) အဲဒီတိုင်းနိုင်ငံတွေက အစ္စရေးတွေ ကြုံရတဲ့ ဒုက္ခဟာ ယေဟောဝါ ဆုံးမတယ်ဆိုတာကို အသိအမှတ်ပြုမယ့်အစား ယေဟောဝါဟာ သူ့လူမျိုးကို မကာကွယ်နိုင်ဘူးလို့ တလွဲယူမှတ်ကြတယ်။ အဲဒီလို ကဲ့ရဲ့ရှုတ်ချခံရတဲ့ နာမည်ကို သန့်ရှင်းမြင့်မြတ်စေဖို့ ယေဟောဝါက မိမိရဲ့ နာမည်ကို ထောက်ပြီး အစ္စရေးအကြွင်းအကျန်တွေကို ပြည်တော်ပြန်ခွင့် ပြုခဲ့တယ်။—ယဇ ၃၆:၂၂-၂၄။
it-2-E ၁၄၀
တရားမျှတမှု
ယေဟောဝါရဲ့ မျက်နှာသာရချင်တဲ့သူတွေဟာ ကိုယ်တော်ရဲ့ တရားမျှတတဲ့ စံနှုန်းအတိုင်း လိုက်လျှောက်ရမယ်လို့ တောင်းဆိုထားတယ်။ (ရှာ ၁:၁၇၊ ၁၈။ ၁၀:၁၊ ၂။ ယေ ၇:၅-၇။ ၂၁:၁၂။ ၂၂:၃၊ ၄။ ယဇ ၄၅:၉၊ ၁၀။ အ ၅:၁၅။ မိ ၃:၉-၁၂။ ၆:၈။ ဇာ ၇:၉-၁၂)
စက်တင်ဘာ ၁၁-၁၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေဇကျေလ ၄၆–၄၈
“ပြည်တော်ပြန် အစ္စရေးတွေ ခံစားရမယ့် ကောင်းချီးများ”
ဘုရားသခင့်ဗိမာန်တော်ကို “နှလုံးသွင်းလော့!”
၁၁ သူတို့၏ပြည်တော်ကို ယေဟောဝါ ကောင်းချီးပေးမည်လော။ ပရောဖက်ပြုချက်သည် နှလုံးနွေးထွေးဖွယ် ပုံဖော်ချက်ဖြင့် ဤမေးခွန်းကို ဖြေဆို၏။ စမ်းချောင်းတစ်ခုသည် ဗိမာန်တော်မှစီးဆင်းပြီး စီးဆင်းစဉ် ကျယ်ပြန့်လာကာ ပင်လယ်သေသို့ ဝင်ရောက်ချိန်တွင်မူ ရေစီးသန်သော ရေစီးကြောင်းကြီးတစ်ခု ဖြစ်လာလေသည်။ ထိုတွင် ရေသေသည် ပြန်ရှင်သန်လာပြီး ကမ်းစပ်တစ်လျှောက် တံငါလုပ်ငန်း ပြန်လည်ထွန်းကားလာသည်။ မြစ်ကမ်းနားရှိ အပင်များစွာသည် အာဟာရပေးပြီး အနာရောဂါ ပျောက်ကင်းစေသော အသီးများကို တစ်နှစ်ပတ်လုံး သီးပွင့်ပေးသည်။—ယေဇကျေလ ၄၇:၁-၁၂။
၁၂ ဤကတိတော်သည် ပြည်နှင်ခံများ အလွန်မြတ်နိုးကြသော အစောပိုင်းက ကြေညာခဲ့သည့် ပြန်လည်ထူထောင်ရေး ပရောဖက်ပြုချက်များကို ပဲ့တင်ထပ်၍ အတည်ပြုသည်။ ယေဟောဝါ၏ မှုတ်သွင်းခံ ပရောဖက်များသည် ပြန်လည်ထူထောင်ပြီး စည်ကားသော ဣသရေလနိုင်ငံကို ပရဒိသုအခေါ်ဝေါ်ဖြင့် တစ်ကြိမ်ထက်မက ဖော်ပြခဲ့ကြသည်။ သက်မဲ့ဒေသများ သက်ဝင်လှုပ်ရှားခြင်းသည် ထပ်တလဲလဲ ပရောဖက်ပြုချက် ဖြစ်ခဲ့သည်။ (ဟေရှာယ ၃၅:၁၊ ၆၊ ၇; ၅၁:၃; ယေဇကျေလ ၃၆:၃၅; ၃၇:၁-၁၄) ထို့ကြောင့် ယေဟောဝါ၏ အသက်ပေး ကောင်းချီးများသည် ပြန်လည်တည်ထောင်ထားသော ဗိမာန်တော်မှ မြစ်တစ်စင်းပမာ စီးဆင်းလာမည်ဟု လူတို့ မျှော်လင့်နိုင်ကြသည်။ သို့ဖြင့် ဝိညာဉ်ရေးအရ သေနေသော လူမျိုးသည် ပြန်လည်ရှင်သန်လာမည် ဖြစ်သည်။ ပြန်လည်ထူထောင်သော လူမျိုးသည် ဝိညာဉ်ရေးအရ ထူးကဲသော အမျိုးသားများ၊ ထိုအဆင်းအာရုံတွင် မြင်ရသော မြစ်ကမ်းနားရှိ အပင်များနည်းတူ ဖြောင့်မတ်ခိုင်ခံ့သူများ၊ ပျက်စီးနေသော ပြည်တော်ကို ပြန်တည်ဆောက်ရာတွင် ဦးဆောင်ဦးရွက် ပြုကြမည့်သူများဖြင့် ကောင်းချီးခံစားကြရမည် ဖြစ်သည်။ ဟေရှာယကလည်း “ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြ” မည့် ‘ဖြောင့်မတ်ခြင်း သပိတ်ပင်ကြီးများ’ အကြောင်း ရေးသားခဲ့သည်။—ဟေရှာယ ၆၁:၃၊ ၄။
ဘုရားသခင့်ဗိမာန်တော်ကို “နှလုံးသွင်းလော့!”
၁၀ ယင်းတို့အားလုံးသည် ပြည်နှင်ခံများကို စိတ်အားတက်စေလိုက်မည်ဖြစ်ခြင်း! မိသားစုတစ်ခုစီသည် ပြည်တော်တွင်အမွေရမည်ဖြစ်ကြောင်း စိတ်ချစေခဲ့သည်။ (မိက္ခာ ၄:၄ နှိုင်းယှဉ်။) ထိုနေရာတွင် စင်ကြယ်သောဝတ်ပြုရေးသည် ချီးမြှောက်ခံရကာ ဗဟိုနေရာဖြစ်ပါလိမ့်မည်။ ထို့ပြင် ယေဇကျေလ၏အဆင်းအာရုံတွင် အကဲအမှူးသည် ယဇ်ပုရောဟိတ်များနည်းတူ လူတို့လှူဒါန်းထားသောမြေပေါ် နေထိုင်ရမည်ဖြစ်ကြောင်းကို သတိပြုပါ။ (ယေဇကျေလ ၄၅:၁၆) ထို့ကြောင့် ပြန်လည်တည်ထောင်ထားသော ပြည်တော်တွင် ပြည်သားများသည် သူတို့ကိုဦးဆောင်ရန် ယေဟောဝါခန့်အပ်ထားသူများ၏လုပ်ငန်းကို ကူညီပေးရန်ဖြစ်ပြီး ၎င်းတို့၏ ညွှန်ကြားမှုအတိုင်း ပူးပေါင်းဆောင်ရွက်ပေးခြင်းအားဖြင့် ထောက်မကူညီပေးဖို့ဖြစ်သည်။ ခြုံကြည့်လျှင် ဤပြည်တော်သည် ဖွဲ့စည်းမှု၊ ပူးပေါင်းလုပ်ဆောင်မှုနှင့် လုံခြုံမှု၏ရုပ်လုံးသဏ္ဌာန်ဖြစ်သည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
ဘုရားသခင့်ဗိမာန်တော်ကို “နှလုံးသွင်းလော့!”
၁၄ ဤဖြစ်ရပ်များသည် ယေဇကျေလ အဆင်းအာရုံ၏ တစ်ခုတည်းသော ပြည့်စုံချက်လော။ မဟုတ်ပါ၊ သာ၍ကြီးမားသည့် ပြည့်စုံချက် ရှိနေသေးကြောင်း ဖော်ပြထားသည်။ သုံးသပ်ကြည့်ပါ– ယေဇကျေလ မြင်တွေ့ခဲ့သော ဗိမာန်တော်ကို ဖော်ပြထားသည့်အတိုင်း မတည်ဆောက်နိုင်ပါ။ ထိုအဆင်းအာရုံကို ဂျူးများ အလေးအနက်ထားခဲ့ကြပြီး အချို့သော အသေးစိတ် အချက်အလက်များကို စာသားအတိုင်းပင် ယူမှတ်ခဲ့ကြသည်။ သို့ရာတွင် အဆင်းအာရုံမှ ဗိမာန်တော် တစ်ခုလုံးအနေနှင့် ယခင်ဗိမာန်တော်၏နေရာ မောရိတောင်ပေါ်တွင်ပင် မတည်ဆောက်နိုင်လောက်အောင် အလွန်ကြီးမားလွန်း၏။ ထို့အပြင် ယေဇကျေလ၏ ဗိမာန်တော်သည် မြို့တွင်မရှိဘဲ အတော်အတန်ဝေးသော သီးခြားမြေကွက်တွင် တည်ရှိရာ ဒုတိယဗိမာန်တော်မူကား ယေရုရှလင်မြို့တွင်း ယခင်နေရာတွင်ပင် တည်ဆောက်ထား၏။ (ဧဇရ ၁:၁၊ ၂) ထို့ပြင် အဘယ် ပကတိမြစ်မျှ ယေရုရှလင် ဗိမာန်တော်မှ တစ်ခါမျှ စီးထွက်မလာပေ။ ထို့ကြောင့် ရှေးဣသရေလလူမျိုးသည် ယေဇကျေလ ပရောဖက်ပြုချက်၏ အသေးစား ပြည့်စုံချက်ကိုသာ တွေ့ရှိခဲ့ကြသည်။ ယင်းက ဤအဆင်းအာရုံ၏ သာ၍ကြီးမားသော ဝိညာဉ်ရေးအရ ပြည့်စုံချက် ရှိရမည်ကို ဆိုလိုသည်။
it-2-E ၁၀၀၁
လူသား
ဟေဗြဲကျမ်းစောင်တွေထဲမှာ “လူသား” ဆိုတဲ့ စကားလုံးကို ယေဇကျေလ ကျမ်းထဲမှာ အကြိမ်အများဆုံးပါရှိပြီး ဘုရားသခင်က ပရောဖက်ကို အကြိမ် ၉၀ ကျော် ခေါ်ခဲ့တယ်။ (ယဇ ၂:၁၊ ၃၊ ၆၊ ၈) ပရောဖက်ဟာ ရိုးရိုးလူတစ်ယောက်ပဲ ဖြစ်တယ်ဆိုတာ ပေါ်လွင်စေဖို့ ဖြစ်တယ်။ သတင်းစကားရဲ့ ရင်းမြစ်ဖြစ်တဲ့ အကြီးမြတ်ဆုံးဘုရားနဲ့ အဲဒီသတင်းစကားကို ကြေညာတဲ့လူသား ကွာခြားမှုကို ဖော်ပြတယ်။ ဒံယေလ ၈:၁၇ မှာ ပရောဖက်ဒံယေလကိုလည်း “လူသား” လို့ ခေါ်ဆိုခဲ့တယ်။
စက်တင်ဘာ ၁၈–၂၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဒံယေလ ၁–၃
“ယေဟောဝါကို သစ္စာစောင့်သိလို့ ဆုကျေးဇူးရ”
ဘုရားသခင့်နိုင်ငံတော်ကို ဆက်သစ္စာစောင့်သိနေပါ
၁၅ ကျွန်တော်တို့ဟာ ယေဟောဝါကို ကြည်လင်တဲ့သိစိတ်နဲ့ ဝတ်ပြုချင်တယ်။ ဒါကြောင့် အလုပ်ဖော်၊ အတန်းဖော်၊ အိမ်နီးချင်း၊ ဆွေမျိုးတွေနဲ့ တစ်ခါတလေ သိသိသာသာ ကွာခြားနေလိမ့်မယ်။ (၁ ပေ. ၂:၁၉) သူတို့နဲ့မတူလို့ အမုန်းတောင်ခံရမယ်လို့ ယေရှု သတိပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ဆန့်ကျင်သူအများစုဟာ ဘုရားသခင့် နိုင်ငံတော်အကြောင်း မသိကြဘူး။ လူ့အစိုးရအစား ဘုရားသခင့်နိုင်ငံတော်ကို သစ္စာစောင့်သိဖို့ ဘာကြောင့် အရေးကြီးတယ်ဆိုတာကိုလည်း နားမလည်ကြဘူး။
၁၆ ယေဟောဝါကို သစ္စာစောင့်သိဖို့ဆိုရင် ခြိမ်းခြောက်မှုတွေ ကြုံရချိန်မှာတောင် သစ္စာတည်ကြည်ရမယ်။ (ဒံ. ၃:၁၆-၁၈) ကျွန်တော်တို့ အသက်အရွယ်မရွေး လူကိုကြောက်စိတ် ဝင်မိနိုင်တယ်။ ဒါပေမဲ့ ခေတ်ရေစီးကြောင်းကိုဆန်ဖို့ အထူးသဖြင့် လူငယ်တွေအတွက် ပိုခက်နိုင်တယ်။ ဒါကြောင့် မိဘတို့၊ ကျောင်းမှာ ရဲစွမ်းသတ္တိရှိနိုင်ဖို့ သားသမီးတွေကို ကူညီပေးပါ။ သားသမီးတွေက အထိမ်းအမှတ်ကို အလေးပြုဖို့၊ အမျိုးသားရေး အခမ်းအနားတွေမှာ ပါဝင်ဖို့ ငြင်းဆိုရမှာ ကြောက်နေနိုင်တယ်။ ဒီကိစ္စတွေကို ဘုရားသခင် ဘယ်လို သဘောထားတယ်ဆိုတာ နားလည်လာအောင် မိသားစုဝတ်ပြုမှုမှာ ဆွေးနွေးပါ။ ကိုယ့်ယုံကြည်ချက်ကို ရှင်းရှင်းလင်းလင်း၊ လေးလေးစားစား ရှင်းပြတတ်ဖို့ သင်ပေးပါ။ (ရော. ၁:၁၆) လိုအပ်မယ်ဆိုရင် သူတို့ရဲ့ ဆရာတွေဆီသွားပြီး ယုံကြည်ချက်အကြောင်း ရှင်းပြပေးပါ။
သတ္တိရှိပါ—ယေဟောဝါ သင်နဲ့အတူရှိ
၁၃ ဘီစီ ခုနစ်ရာစုက ယေဟောဝါရဲ့ ကျေးကျွန်တွေဖြစ်တဲ့ ဟေဗြဲလူသုံးယောက်ဟာ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ တင်ပြခဲ့လို့ ဆုချခံခဲ့ရတယ်။ ဘုရင်နေဗုခဒ်နေဇာက ဗာဗုလုန်မှာရှိတဲ့ အရေးပါတဲ့လူတွေကို စုဝေးပြီး ဧရာမ ရွှေရုပ်တုကြီးကို ဦးချဝတ်ပြုဖို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီရုပ်တုကို ဦးမချ ဝတ်မပြုတဲ့သူတိုင်း တောက်လောင်နေတဲ့ မီးဖိုထဲပစ်ချခံရပြီး သေဒဏ်ခံရမှာဖြစ်တယ်။ ဟေဗြဲလူသုံးယောက်က နေဗုခဒ်နေဇာကို ဒီလို လေးလေးစားစား ပြောခဲ့တယ်– “ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရားသခင်က ကျွန်တော်တို့ကို ကယ်တင်နိုင်တယ်။ တောက်လောင်နေတဲ့ မီးဖိုကြီးထဲကနေ၊ အရှင်မင်းကြီးရဲ့ လက်ကနေ ကျွန်တော်တို့ကို သူကယ်တင်လိမ့်မယ်။ တကယ်လို့ မကယ်တင်ဘူးဆိုရင်လည်း မင်းကြီးရဲ့ ဘုရားတွေကို ကျွန်တော်တို့ မကိုးကွယ်ဘူး။ မင်းကြီးတည်ထားတဲ့ ရွှေရုပ်တုကို ကျွန်တော်တို့ ၀တ်ပြုမှာမဟုတ်ဘူးဆိုတာ မင်းကြီးကို သိစေချင်ပါတယ်။” (ဒံ. ၃:၁၆-၁၈၊ ကဘ) ဟေဗြဲလူသုံးယောက်ကို ယေဟောဝါ ကယ်တင်ခဲ့တဲ့ စိတ်လှုပ်ရှားစရာ မှတ်တမ်းကို ဒံယေလ ၃:၁၉-၃၀ မှာဖတ်နိုင်ပါတယ်။ တောက်လောင်နေတဲ့ မီးဖိုထဲပစ်ချပြီး အသတ်ခံရမယ်လို့ ခြိမ်းခြောက်တာမျိုး ကျွန်ုပ်တို့ ကြုံရချင်မှ ကြုံရမယ်၊ ဒါပေမဲ့ ယေဟောဝါအပေါ် သစ္စာတည်ကြည်ဖို့ အရမ်းခက်တဲ့ အခြေအနေတွေ ကြုံတွေ့ရနိုင်တယ်။ ကျွန်ုပ်တို့မှာ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ ရှိမယ်ဆိုရင် ဘုရားသခင် ကောင်းချီးပေးမယ်ဆိုတာ ယုံကြည်စိတ်ချ နိုင်ပါတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
it-2-E ၃၈၂
မေရှက်
ဘုရင်ကျွေးတဲ့အစာက သူတို့ကို “ညစ်ညူး” စေတယ်လို့ ထင်ရတဲ့အကြောင်းရင်း သုံးခုရှိတယ်- (၁) မောရှေပညတ်က ညစ်ညူးတယ်လို သတ်မှတ်တဲ့ တိရစ္ဆာန်တွေကို ဗာဗုလုန်လူတွေက စားကြတယ်၊ (၂) တိရစ္ဆာန်တွေကို သတ်တဲ့အခါ သွေးကောင်းကောင်း ထုတ်မထုတ် သူတို့ မသိနိုင်သလို တချို့ဆိုရင် လည်ညှစ်သတ်တဲ့ အသားတွေ ဖြစ်နိုင်တယ်၊ (၃) အယူမှားသူတွေဟာ တိရစ္ဆာန်တွေကို အရင်ဆုံး သူတို့ရဲ့ ဘုရားတွေကို ပူဇော်ပြီးမှ သတ်ကြတယ်။ အဲဒီအသားကို စားတာက သူတို့ရဲ့ ဝတ်ပြုရေးမှာ ပါဝင်တယ်လို့ သတ်မှတ်ကြတယ်။—ဒံ ၁:၈။ ၁က ၁၀:၁၈-၂၀၊ ၂၈ နဲ့နှိုင်းယှဉ်ပါ။
က၁၂ ၆/၁၅ ၁၇၊ လေးထောင့်ကွက်
“အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှ” က ဘယ်သူတွေလဲ
ဒံယေလ ၂:၄၄၊ ၄၅ ပါ ပရောဖက်ပြုချက်က ဘုရားသခင့်နိုင်ငံတော်က “အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှကို ချိုးဖဲ့ဖျက်ဆီး” မယ်လို့ ဖော်ပြတယ်။ အဲဒီပရောဖက်ပြုချက်က ရုပ်တုကြီးရဲ့ အစိတ်အပိုင်း အသီးသီးနဲ့ ပုံဆောင်ထားတဲ့ နိုင်ငံတွေကိုပဲ ရည်ညွှန်းတယ်။
ကျန်တဲ့နိုင်ငံတွေ ဘာဖြစ်သွားမယ်ဆိုတာကိုတော့ ဒံယေလ ၂:၄၄၊ ၄၅ က ဖော်ပြမထားဘူး။ ဒါပေမဲ့ ဗျာ. ကျမ်းမှာတွေ့ရတဲ့ ပရောဖက်ပြုချက်က အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး များစွာသိရှိစေတယ်။ ဗျာ. ကျမ်းက “လူနေထိုင်ရာ မြေတစ်ပြင်လုံးရှိ ဘုရင်များ” ဟာ ယေဟောဝါကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် ‘အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်၏နေ့ကြီးတွင် တိုက်မည့်စစ်ပွဲ’ ကို စုရုံးခံရလိမ့်မယ်လို့ ဖော်ပြတယ်။ (ဗျာ. ၁၆:၁၄; ၁၉:၁၉-၂၁) ဒါကြောင့် ရုပ်တုကြီးရဲ့ အစိတ်အပိုင်းတွေနဲ့ ပုံဆောင်ခံရတဲ့ နိုင်ငံတွေအပြင် တခြားအုပ်ချုပ်ရေးမှန်သမျှလည်း အာမဂေဒုန်မှာ ဖျက်ဆီးခံရပါလိမ့်မယ်။
ပျော်ရွှင်ဖွယ်လောက၏ သော့ချက်
အဖြေကို ဒံယေလ ၂:၄၄ [ကဘ] တွင်ဤသို့တွေ့ရှိရသည်– “ပျက်စီးခြင်းသို့ မရောက်နိုင်သော နိုင်ငံကို [လက်ရှိအစီအစဉ်စနစ် အဆုံးတွင် အုပ်ချုပ်နေကြသော] ထိုဘုရင်များလက်ထက်၌ ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်တော်မူမည်။ ထိုနိုင်ငံသည်လည်း အခြား အဘယ်လူမျိုး၏ လက်သို့မျှမရောက်ဘဲ အထက်ဆိုခဲ့ပြီးသော [လူ့]နိုင်ငံရှိသမျှကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” ဘုရားသခင့် နိုင်ငံတော်သည် မြေကြီးအုပ်ချုပ်မှုများကို အဘယ်ကြောင့် “ဖျက်ဆီး” ပစ်ရမည်နည်း။ အကြောင်းမူကား ဧဒင်ဥယျာဉ်တွင် စာတန်ဆွပေးခဲ့သည့် ဘုရားသခင်ကို အာခံလိုသော မိမိဘာသာ ဆုံးဖြတ်ပြုလုပ်ခြင်းကို ဤအုပ်ချုပ်မှုများက အစဉ်တည်ရှိစေလိုသောကြောင့် ဖြစ်သည်။ လူ့ကောင်းကျိုးကို ဆန့်ကျင်၍ လုပ်ဆောင်နေကြသည့်အပြင် ထိုစိတ်ဓာတ်ကို အစဉ်အမြဲရှိစေဖို့ ကြိုးစားနေသူများသည် ဖန်ဆင်းရှင်ကို ကလန်ကဆန် ပြုလုပ်နေကြသည်။ (ဆာလံ ၂:၆-၁၂; ဗျာဒိတ် ၁၆:၁၄၊ ၁၆) ထို့ကြောင့် မိမိကိုယ်ကိုမေးရမည်မှာ ‘ကျွန်ုပ်တို့သည် ဘုရားသခင်၏ အုပ်ချုပ်မှုဘက်မှာ ရှိသလော၊ သို့မဟုတ် ၎င်း၏တစ်ဖက်တွင်ရှိသလော’ ဟူ၍ဖြစ်သည်။
စက်တင်ဘာ ၂၅–အောက်တိုဘာ ၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဒံယေလ ၄-၆
“ယေဟောဝါကို သင် အမြဲ ဝတ်ပြုနေသလား”
လူငယ်တို့—သမ္မာကျမ်းစာ၏လမ်းညွှန်မှုကို ခံယူပါ
၁၆ သင် တစ်ဦးတည်းရှိနေချိန်မှာတောင် ဘာကြောင့် ယေဟောဝါကို နာခံလိုစိတ် ရှိသင့်သလဲ။ ဒီအချက်ကို သတိရပါ– သင်ဟာ ယေဟောဝါရဲ့စိတ်ကို ထိခိုက်စေနိုင်သလို၊ ပျော်ရွှင်စေနိုင်တယ်။ (က. ၆:၅၊ ၆; သု. ၂၇:၁၁) ယေဟောဝါက ‘သင့်ကိုဂရုစိုက်’ တဲ့အတွက် သင့်လုပ်ရပ်က ကိုယ်တော့်ကို ထိခိုက်နိုင်တယ်။ (၁ ပေ. ၅:၇) ကိုယ်တော်မိန့်မှာရာကို သင်နားထောင်ဖို့ ကိုယ်တော်အလိုရှိပြီး အဲဒီကနေ သင် အကျိုးရရှိနိုင်တယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယေဟောဝါရဲ့ ရှေးခေတ်ကျေးကျွန် အစ္စရေးလူမျိုးတချို့က ဘုရားသခင့်စကား နားမထောင်ခဲ့ကြလို့ ကိုယ်တော် စိတ်နာကျင်ခဲ့တယ်။ (ဆာ. ၇၈:၄၀၊ ၄၁) ဒါပေမဲ့ ကောင်းကင်တမန်က ပရောဖက် ဒံယေလကို “အလွန်ချစ်အပ်သောသူ” လို့ခေါ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ယေဟောဝါ သူ့ကို အလွန်ချစ်ခင်နှစ်သက်တယ်ဆိုတာ သိရတယ်။ (ဒံ. ၁၀:၁၁) အကြောင်းကတော့ ဒံယေလက လူသူရှေ့မှာသာမက တစ်ဦးတည်းရှိနေချိန်မှာပါ ဘုရားသခင်အပေါ် သစ္စာတည်ကြည်မှု ပြခဲ့လို့ပဲ။—ဒံယေလ ၆:၁၀ ကိုဖတ်ပါ။
သန့်ရှင်းမြင့်မြတ်သော အရာများနှင့် ပတ်သက်၍ ယေဟောဝါနည်းတူ သင်ရှုမြင်သလော
၁၂ ခရစ်ယာန်အသင်းတော်ရှိ ဝိညာဉ်တော်ဖွား အဖွဲ့ဝင်များ၊ သူတို့အပေါင်းပါများ၏ အသက်တာနှင့် ဆက်စပ်နေသော အရာများစွာသည် သန့်ရှင်းမြင့်မြတ်သည်မှာ မဆန်းပေ။ ယေဟောဝါနှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေးသည် သန့်ရှင်းမြင့်မြတ်ရာတစ်ခု ဖြစ်သည်။ (၁ ရာဇဝင်ချုပ် ၂၈:၉; ဆာလံ ၃၆:၇) ထိုဆက်ဆံရေးသည် အလွန်တန်ဖိုးရှိသောကြောင့် မည်သည့်အရာ၊ မည်သူကမျှ ယင်းကို ထိခိုက်ပျက်စီးစေခွင့် မပြုကြပေ။ (၂ ရာဇဝင်ချုပ် ၁၅:၂; ယာကုပ် ၄:၇၊ ၈) ယေဟောဝါနှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေရန် ဆုတောင်းခြင်းသည် အရေးပါသော ကဏ္ဍမှ ပါဝင်သည်။ ဆုတောင်းခြင်းကို အလွန်မြင့်မြတ်သောအရာအဖြစ် ပရောဖက်ဒံယေလ ရှုမြင်ခဲ့ရာ အသက်အန္တရာယ်ရှိသည့်ကြားမှပင် ယေဟောဝါထံ သစ္စာရှိရှိ ဆက်ဆုတောင်းခဲ့သည်။ (ဒံယေလ ၆:၇-၁၁) ဝိညာဉ်တော်ဖွား ခရစ်ယာန်များ သို့မဟုတ် ‘သန့်ရှင်းသူတို့၏ ဆုတောင်းချက်များ’ ကို ဝတ်ပြုရာအိမ်တော်တွင် ဘုရားသခင်အား ဝတ်ပြုရာ၌ အသုံးပြုသော နံ့သာပေါင်းနှင့် ခိုင်းနှိုင်းထားသည်။ (ဗျာ. ၅:၈; ၈:၃၊ ၄; ဝတ်ပြုရာ ၁၆:၁၂၊ ၁၃) ထိုပုံဆောင်ချက်သည် ဆုတောင်းခြင်း၏ မြင့်မြတ်မှုကို ပေါ်လွင်စေသည်။ စကြဝဠာ အကြွင်းမဲ့ ပိုင်သအုပ်စိုးရှင်နှင့် ဆက်သွယ်နိုင်ခြင်းမှာ အမှန်အခွင့်ထူးပင်! ဆုတောင်းခြင်းကို ကျွန်ုပ်တို့အသက်တာတွင် မြင့်မြတ်ရာအဖြစ် ရှုမြင်ရမည်မှာ ယုံမှားဖွယ်မရှိပေ!
အဘယ်ကြောင့်မခြားမလပ် ဆုတောင်းသင့်သနည်း
၂ ဒံယေလကို ယေဟောဝါ မည်သို့ရှုမြင်ခဲ့သနည်း။ ဒံယေလ၏ ဆုတောင်းချက်တစ်ခုကို ဖြေဆိုဖို့ ကောင်းကင်တမန် ဂါဗြေလ ရောက်လာသောအခါ အဆိုပါပရောဖက်ကို “အလွန်ချစ်အပ်သောသူ” ဟု ခေါ်ဆိုခဲ့၏။ (ဒံယေလ ၉:၂၀-၂၃) ယေဇကျေလ ပရောဖက်ပြုချက်တွင် ဒံယေလကို ဖြောင့်မတ်သူဟု ယေဟောဝါ ရည်ညွှန်းခေါ်ဆိုခဲ့သည်။ (ယေဇကျေလ ၁၄:၁၄၊ ၂၀) နှစ်များတစ်လျှောက် ဒံယေလ၏ ဆုတောင်းချက်များသည် သူ၏ဘုရားသခင်နှင့် ရင်းနှီးသည့်ဆက်ဆံရေး ရှိစေခဲ့သည်မှာ ထင်ရှားသည်၊ ယင်းကို ဒါရိမင်းကြီးပင် အသိအမှတ်ပြုခဲ့သည်။—ဒံယေလ ၆:၁၆။
“စွမ်းအားတော်နှင့်သတို့သမီးက ‘လာလော့’ ဟု မပြတ်ဆို၏”
၁၅ ခြင်္သေ့တွင်းထဲ၌ ဒံယေလ တစ်ည နေပြီးနောက် ဘုရင်ကိုယ်တိုင် ကြွလာကာ ဤသို့အော်ပြောခဲ့သည်– “အသက်ရှင်တော်မူသော ဘုရားသခင်၏ကျွန် ဒံယေလ၊ သင်မပြတ်ကိုးကွယ်သော ဘုရားသခင်သည် သင့်ကို ခြင်္သေ့ဘေးမှ ကယ်လွှတ်နိုင်သလော။” ဒံယေလ ဤသို့ ချက်ချင်း ပြန်ဖြေခဲ့သည်– “အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။ အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ခြင်္သေ့နှုတ်ကို ပိတ်ထားတော်မူသဖြင့် အကျွန်ုပ်သည် ခြင်္သေ့ဘေးနှင့် လွတ်ပါ၏။ အကြောင်းမူကား ဘုရားသခင့်ရှေ့ ၌ အကျွန်ုပ်သည် အပြစ်ကင်းပါ၏။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ်မှားပါ။” ဒံယေလ၏ “မပြတ်ကိုးကွယ်” မှုကို ယေဟောဝါ ကောင်းချီးပေးခဲ့သည်။—ဒံ. ၆:၁၉-၂၂။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
ဒံယေလကျမ်းမှ ပေါ်လွင်ချက်များ
၄:၁၀၊ ၁၁၊ ၂၀-၂၂—နေဗုခဒ်နေဇာအိပ်မက်မှ ဧရာမသစ်ပင်ကြီးသည် အဘယ်အရာကို ကိုယ်စားပြု သို့မဟုတ် အမှတ်သင်္ကေတပြုသနည်း။ သစ်ပင်သည် ကမ္ဘာ့အင်ပါယာ၏ အုပ်စိုးရှင်တစ်ဦးအဖြစ် နေဗုခဒ်နေဇာအား ဦးဆုံး ကိုယ်စားပြုသည်။ သို့သော် အာဏာစက်သည် “မြေကြီးစွန်းတိုင်အောင်” ရောက်သောကြောင့် သစ်ပင်ကြီးသည် နေဗုခဒ်နေဇာအင်ပါယာထက် သာလွန်ကြီးမြတ်သောအရာကို ကိုယ်စားပြုရမည်။ ဒံယေလ ၄:၁၇ က အိပ်မက်ကို လူသားတို့အပေါ် အုပ်စိုးသော ‘အမြင့်ဆုံးသောဘုရားသခင်’ ၏အာဏာစက်နှင့် ဆက်စပ်ဖော်ပြထားသည်။ ထို့ပြင် သစ်ပင်သည် အထူးသဖြင့် မြေကြီးနှင့်ပတ်သက်သော ယေဟောဝါ၏ စကြဝဠာ အကြွင်းမဲ့ ပိုင်သအုပ်စိုးမှုကိုလည်း ကိုယ်စားပြု၏။ ထို့ကြောင့် အိပ်မက်သည် နေဗုခဒ်နေဇာ၏ အာဏာစက်နှင့် ယေဟောဝါ၏ အကြွင်းမဲ့ ပိုင်သအုပ်စိုးမှု နှစ်ခုစလုံးတွင် ပြည့်စုံမှုရှိခဲ့သည်။
က၈၈-E ၁၀/၁ ၃၀ ပိုဒ်. ၃-၅
စာရှုသူများထံမှ မေးခွန်းလွှာ
ဒံယေလ ဘုရင့်ရှေ့ ရောက်လာတဲ့အခါ သူ့ကို ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ပေးမယ်၊ ရွှေလည်ဆွဲ ဆွဲပေးမယ်၊ နိုင်ငံမှာ တတိယအကြီးဆုံးသူ ဖြစ်စေမယ်ဆိုပြီး ဘုရင် ထပ်ပြောတယ်။ ပရောဖက်က ဒီလိုဖြေတယ်- “ဆုလက်ဆောင်တွေကို မင်းကြီးဆီမှာပဲ ထားပြီး တခြားသူတွေကို ပေးချင်ပေးလိုက်ပါ။ ဒီစာကိုတော့ ကျွန်တော်ဖတ်ပြပြီး အဓိပ္ပာယ် ပြောပြပါ့မယ်။”—ဒံယေလ ၅:၁၇။
နံရံပေါ်က စာတွေကို ဘာသာပြန်ပေးဖို့ ဒံယေလကို လာဘ်ပေးဖို့၊ လက်ဆောင်ပေးဖို့ မလိုဘူး။ ဒံယေလက ဆုရဖို့ အဓိပ္ပာယ်ရှင်းပြတာမဟုတ်ဘဲ ဗာဗုလုန်ကို တရားစီရင်မယ့် စစ်မှန်တဲ့ဘုရား ယေဟောဝါရဲ့ တန်ခိုးနဲ့ ရှင်းပြတာဖြစ်တယ်။
ဒံယေလ ၅:၂၉ မှာ ဖတ်ရတဲ့အတိုင်း ဒံယေလ အဓိပ္ပာယ် ရှင်းပြပြီးတဲ့အခါ ဘုရင်က သူ့ကို လက်ဆောင်တွေ ပေးတယ်။ ဝတ်စုံနဲ့ လည်ဆွဲကို ဒံယေလ ကိုယ်တိုင် လက်မခံပေမဲ့ ဘုရင့်အမိန့်နဲ့ သူတို့ ဝတ်ဆင်ပေးကြတယ်။ ကိုယ်ကျိုးအတွက် လုပ်တာမဟုတ်ဘူးလို့ ဒံယေလ ၅:၁၇ မှာ ပရောဖက် ရှင်းရှင်းဖော်ပြထားပေမဲ့ ဒံယေလ ၅:၂၉ မှာ ဘုရင့်အမိန့်ကြောင့် သူလက်ခံလိုက်ရတာဖြစ်တယ်။
၂၂ ဤသို့ဖြင့် စကားထာ ရှင်းလင်းသွားလေသည်။ တန်ခိုးကြီးသော ဗာဗုလုန်သည် မီးဒီးယား-ပါးရှားတို့၏ တပ်ဖွဲ့လက်ထဲသို့ ကျရောက်တော့မည်ဖြစ်သည်။ ဤပျက်စီးခြင်း ကြေညာချက်ကြောင့် စိတ်ပျက်အားလျော့သွားသော်လည်း ဗေလရှာဇာသည် ကတိအတိုင်း ပြုခဲ့သည်။ သူသည် ဒံယေလအား ခရမ်းရောင်ဝတ်လုံကို ဆင်ယင်စေလျက် လည်၌ ရွှေစလွယ်တင်ပြီးလျှင် နိုင်ငံတော်တွင် တတိယမင်းအဖြစ် ခန့်ထားကြောင်း ကြေညာစေ၏။ (ဒံယေလ ၅:၂၉၊ ကဘ) ဒံယေလက ၎င်းဂုဏ်အသရေများသည် ယေဟောဝါ ခံထိုက်သည့်ဂုဏ်တော်ကို ထင်ဟပ်ခြင်းဖြစ်ကြောင်း သိမှတ်လျက် ၎င်းတို့ကို ငြင်းပယ်ခြင်းမပြုခဲ့ချေ။ ဗေလရှာဇာအနေဖြင့် ယေဟောဝါ၏ တရားစီရင်ချက်ကို လျော့ပေါ့သက်သာစေနိုင်ကောင်းသည် ဟူသောမျှော်လင့်ချက်ဖြင့် ကိုယ်တော်၏ပရောဖက်ကို ဤသို့ဂုဏ်ပြုခြင်း ဖြစ်ဖွယ်ရှိသည်။ သို့ဖြစ်ခဲ့ပါက၊ အလွန့်အလွန် အခါနှောင်းသွားပေပြီ။