ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
ဩဂုတ် ၇–၁၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေဇကျေလ ၂၈–၃၁
“အယူမှားလူမျိုးတစ်မျိုးကို ယေဟောဝါ ဆုချ”
it-2-E ၁၁၃၆ ပိုဒ်. ၄
တိုင်ရာ
မြို့တော် ဖျက်ဆီးခံရ။ တိုင်ရာမြို့ကို နေဗုခဒ်နေဇာ ဝိုင်းရံထားတဲ့ကာလအတွင်း သူ့စစ်သားတွေဟာ သူတို့ရဲ့ခမောက်နဲ့ ပွတ်တိုက်တာကြောင့် “ခေါင်းတုံးဖြစ်သွား” ပြီး ထိုးစစ်တံတိုင်း တည်ဆောက်ဖို့ ပစ္စည်းတွေ သယ်ရလို့ ပခုံးတွေ “ပွန်းပဲ့ကုန်” တယ်။ တိုင်ရာကို တရားစီရင်တဲ့အခါ နေဗုခဒ်နေဇာဟာ ယေဟောဝါရဲ့ အသုံးတော်ခံဖြစ်ခဲ့ပေမဲ့ ဘာ “လုပ်အားခ” မှမရလို့ အီဂျစ်ရဲ့စည်းစိမ်တွေကို ပေးမယ်လို့ ကိုယ်တော် ကတိပေးတယ်။ (ယေဇ. ၂၉:၁၇-၂၀) ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်ရဲ့ အဆိုအရ ၁၃ နှစ်ကြာ ဝိုင်းရံထားချိန်အတွင်း ဗာဗုလုန်တွေ အတော်လေး ဆုံးရှုံးနစ်နာသွားတယ်။ နေဗုခဒ်နေဇာရဲ့ ဝိုင်းရံတိုက်ခိုက်မှု ဘယ်လောက် ထိရောက်အောင်မြင်တယ်ဆိုတာ လောကသမိုင်းမှာ မဖော်ပြထားဘူး။ ဒါပေမဲ့ တိုင်ရာမြို့သားတွေရဲ့ အသက်၊ စည်းစိမ်ဥစ္စာတွေ အတော်လေး ဆုံးရှုံးခဲ့မှာပဲ။—ယေဇ. ၂၆:၇-၁၂။
it-1-E ၆၉၈ ပိုဒ်. ၅
အီဂျစ်၊ အီဂျစ်လူမျိုး
နေဗုခဒ်နေဇာ နန်းစံ ၃၇ ခုနှစ်မြောက် (ဘီစီ ၅၈၈) ဆိုပြီး ရက်စွဲတပ်ထားတဲ့ ဗာဗုလုန်ကျောက်စာတစ်ခုပေါ်မှာ အီဂျစ်ကို တိုက်ခိုက်ခဲ့တဲ့အကြောင်း ဖော်ပြထားတယ်။ ပထမဆုံးတိုက်ပွဲလား၊ နောက်ပိုင်းတိုက်တဲ့ စစ်ပွဲလား ဆိုတာ မဖော်ပြထားဘူး။ ဘာပဲဖြစ်ပါစေ၊ နေဗုခဒ်နေဇာဟာ ဘုရားလူမျိုးရဲ့ရန်သူ တိုင်ရာမြို့ကို ယေဟောဝါအတွက် တိုက်ခိုက်ပေးလို့ လုပ်အားခအဖြစ် အီဂျစ်ရဲ့ စည်းစိမ်တွေ ရရှိခဲ့တယ်။—ယေဇ. ၂၉:၁၈-၂၀။ ၃၀:၁၀-၁၂။
န၈၆-E ၁၁/၈ ၂၇ ပိုဒ်. ၄-၅
အခွန်အားလုံးကို ပေးဆက်ရမှာလား
လောကီအစိုးရ လုပ်ဆောင်ပေးတာတွေအတွက် လုပ်အားခပေးတာနဲ့ပတ်သက်ပြီး ဖန်ဆင်းရှင်ရဲ့ လုပ်ရပ်နဲ့ နှိုင်းယှဉ်ကြည့်နိုင်တယ်။ ရှေးခေတ်တိုင်ရာမြို့ကို ယေဟောဝါ ဒေါသထွက်တဲ့အတွက် ဖျက်ဆီးမယ်လို့ စီရင်ချက်ချခဲ့တယ်။ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာရဲ့ စစ်တပ်ကိုသုံးပြီး ဖျက်ဆီးခဲ့တယ်။ ဗာဗုလုန်ဟာ စစ်နိုင်ပေမဲ့ အတော်လေး ဆုံးရှုံးသွားမှန်း ယေဟောဝါသိတဲ့အတွက် သူတို့ကို လုပ်အားခပေးတယ်။ ယေဇကျေလ ၂၉:၁၈၊ ၁၉ မှာ ကိုယ်တော် ဒီလိုပြောတယ်- ‘လူသား၊ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာက တိုင်ရာမြို့ကို တိုက်ခိုက်ဖို့ သူ့စစ်တပ်ကို အကြီးအကျယ် ခိုင်းစားတယ်။ ဒါပေမဲ့ သူနဲ့သူ့စစ်တပ်က တိုင်ရာမြို့ကို တိုက်ခိုက်ဖို့ အားကုန်သုံးပေမဲ့ ဘာလုပ်အားခမှ မရဘူး။ ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– “အီဂျစ်ပြည်ကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ ငါအပ်မယ်။ သူက အီဂျစ်စည်းစိမ်တွေ၊ တိုက်ရာပါဥစ္စာတွေ တစ်ပုံတစ်ခေါင်း သိမ်းသွားလိမ့်မယ်။ ဒါဟာ သူ့စစ်တပ်အတွက် လုပ်အားခ ဖြစ်လာလိမ့်မယ်။’”
နေဗုခဒ်နေဇာဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး မောက်မာတဲ့ အယူမှားဘုရင်ဖြစ်မှန်း ကျမ်းစာကျောင်းသားတွေ သိကြတယ်။ ဗာဗုလုန်စစ်တပ်ဟာ သုံ့ပန်းတွေကို ရက်ရက်စက်စက် ဆက်ဆံတတ်တယ်။ ဒါတွေကို ယေဟောဝါ မနှစ်သက်ပေမဲ့ သူ့ရဲ့လုပ်အားခကိုတော့ အပြည့်ပေးခဲ့တယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
it-2-E ၆၀၄ ပိုဒ်. ၄-၅
စုံလင်ခြင်း
ပထမဆုံးအပြစ်သားနဲ့ တိုင်ရာဘုရင်။ ယောဟန် ၈:၄၄ ပါယေရှုစကားနဲ့ ကမ္ဘာဦး အခန်းကြီး ၃ ဖော်ပြချက်အရ လူတွေ အပြစ်မလုပ်ခင်၊ မစုံလင်မှု မစတင်ခင် နာမ်ဝိညာဉ်လောကမှာ အပြစ်တရားနဲ့ မစုံလင်မှု စတင်ခဲ့တယ်။ ယေဇကျေလ ၂၈:၁၂-၁၉ မှာပါတဲ့ ငိုချင်းဟာ “တိုင်ရာဘုရင်” ကို ရည်ညွှန်းတာဖြစ်ပေမဲ့ ဘုရားကို ဦးဆုံးပြစ်မှားခဲ့တဲ့ နာမ်ဝိညာဉ်သားနဲ့လည်း ကိုက်ညီတယ်။ “တိုင်ရာဘုရင်” ဟာ စိတ်နေမြင့်တယ်၊ သူ့ကိုယ်သူ ဘုရားတစ်ဆူဖြစ်စေတယ်၊ “ခေရုဗိမ်” လို့အခေါ်ခံတယ်၊ “ဘုရားသခင်ရဲ့ ဧဒင်ဥယျာဉ်” မှာနေတယ်ဆိုတဲ့ ဖော်ပြချက်တွေဟာ စာတန်မာရ်နတ်နဲ့လည်း သက်ဆိုင်တယ်။ စာတန်မာရ်နတ်ဟာ မာနထောင်လွှားသူ၊ ဧဒင်ဥယျာဉ်ထဲက မြွေ၊ “ဒီလောကစနစ်ရဲ့ဘုရား” ဖြစ်တယ်။—၁ တိ. ၃:၆။ က. ၃:၁-၅၊ ၁၄၊ ၁၅။ ဗျာ. ၁၂:၉။ ၂ ကော. ၄:၄။
“ငါ့အလှဟာ ပြစ်မျိုးမှဲ့မထင်’ လို့ ပြောခဲ့တဲ့ တိုင်ရာမြို့နေ အမည်မသိရတဲ့ ဘုရင်ဟာ မဖြောင့်မတ်တဲ့စိတ် မဝင်ခင်အထိ “ဉာဏ်ပညာပြည့်ဝသူ၊ ပြစ်မျိုးမှဲ့မထင် လှပသူ” ဖြစ်ပြီး “အပြစ်ကင်းခဲ့တယ်။” (ယေဇ. ၂၇:၃။ ၂၈:၁၂၊ ၁၅) ယေဇကျေလရဲ့ ငိုချင်းဟာ တိုင်ရာမင်းတစ်ပါးကိုမဟုတ်ဘဲ တိုင်ရာမင်းဆက်ကို ရည်ညွှန်းနေတာ ဖြစ်နိုင်တယ်။ (ဟေရှာ. ၁၄:၄-၂၀ ပါ အမည်မဖော်ပြထားတဲ့ “ဗာဗုလုန်ဘုရင်” အကြောင်း ပရောဖက်ပြုချက်နဲ့ နှိုင်းယှဉ်ကြည့်ပါ။) ဒီလိုသာဆိုရင် အဲဒီရည်ညွှန်းချက်ဟာ ဒါဝိဒ်နဲ့ ရှောလမုန်မင်းတို့ လက်ထက်က တိုင်ရာမင်းတွေကို ဆိုလိုတာဖြစ်မယ်။ သူတို့ဟာ မောရိတောင်ပေါ်မှာ ယေဟောဝါရဲ့ ဗိမာန်တော်ဆောက်ဖို့ ပစ္စည်းတွေတောင် လှူဒါန်းခဲ့တယ်။ ဒါကြောင့် အစပိုင်းမှာ ယေဟောဝါရဲ့လူမျိုးအပေါ် တိုင်ရာရဲ့သဘောထားဟာ အပြစ်ကင်းခဲ့တယ်။ (၁ ဘု. ၅:၁-၁၈။ ၉:၁၀၊ ၁၁၊ ၁၄။ ၂ ရာ. ၂:၃-၁၆) ဒါပေမဲ့ နောက်ပိုင်း တိုင်ရာဘုရင်တွေဟာ “အပြစ်ကင်း” တဲ့လမ်းစဉ်ကို မလိုက်တော့တဲ့အတွက် ဘုရားသခင့်ပရောဖက် ယောလ၊ အာမုတ်နဲ့ ယေဇကျေလက ပြစ်တင်ပြောဆိုရတဲ့အထိ ဖြစ်လာတယ်။ (ယောလ ၃:၄-၈။ အာ. ၁:၉၊ ၁၀) ပရောဖက်ပြုချက်မှာ “တိုင်ရာဘုရင်” နဲ့ ဘုရားသခင့် အဓိကရန်သူကြီးရဲ့ တူညီချက်ကို ဖော်ပြထားတဲ့အပြင် “စုံလင်ခြင်း” နဲ့ “အပြစ်ကင်းခြင်း” ကို အကန့်အသတ်ရှိတဲ့သဘောနဲ့ သုံးနိုင်ပုံကိုလည်း ဖော်ပြတယ်။
၎င်းတို့ မည်သို့ဖြစ်သွားသနည်း
နောဖနှင့် နောမြို့တို့သည် တစ်ချိန်က အီဂျစ်နိုင်ငံ၏ နာမည်ကြီးမြို့တော်များဖြစ်သော မဲမ်ဖိစ်နှင့် သီဘ်စ်တို့၏ သမ္မာကျမ်းစာအမည်များဖြစ်သည်။ နောဖမြို့ (မဲမ်ဖိစ်) သည် နိုင်းလ်မြစ်၏ အနောက်ဘက်ရှိ ကိုင်ရိုမြို့တောင်ဘက် ၁၄ မိုင်ခန့်တွင်ရှိ၏။ သို့သော် မဲမ်ဖိစ်မြို့သည် တဖြည်းဖြည်းနှင့် အီဂျစ်နိုင်ငံ၏မြို့တော် အနေအထား မရှိတော့ချေ။ ဘီ.စီ.အီး. ၁၅ ရာစု နှစ်ဆန်းပိုင်း၌ မဲမ်ဖိစ်မြို့၏ တောင်ဘက် မိုင် ၃၀၀ ခန့်တွင် တည်ရှိသော နောမြို့ (သီဘ်စ်) သည် အီဂျစ်နိုင်ငံ၏ မြို့တော်သစ် ဖြစ်လာလေသည်။ သီဘ်စ်မြို့ရှိ ဘုရားကျောင်း အပျက်အယွင်း များစွာတို့တွင် ကာနက်ဘုရားကျောင်း ပါဝင်သည်၊ ၎င်းသည် တိုင်လုံးကြီးများဖြင့် ဆောက်ခဲ့သမျှတို့တွင် အကြီးဆုံး အဆောက်အအုံဖြစ်၏ဟု ယူဆကြသည်။ အီဂျစ်လူတို့၏ အဓိကနတ်ဘုရား အမ္မုန်ကို ဝတ်ပြုကိုးကွယ်ရန် သီဘ်စ်နှင့် ၎င်း၏ ကာနက်ဘုရားကျောင်းတို့ကို ရည်စူးဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
မဲမ်ဖိစ်မြို့၊ သီဘ်စ်မြို့တို့နှင့် စပ်လျဉ်း၍ သမ္မာကျမ်းစာ ပရောဖက်ပြုချက်က မည်သို့ ကြိုဟောသနည်း။ အီဂျစ်ဘုရင်ဖာရောနှင့် ၎င်း၏နတ်ဘုရားများ၊ အထူးသဖြင့် အဓိက နတ်ဘုရားဖြစ်သည့် “နောမြို့၌ရှိသော အမ္မုန်ဘုရား” နှင့်ပတ်သက်၍ တရားစီရင်ချက်ချခဲ့၏။ (ယေရမိ ၄၆:၂၅၊ ၂၆) ထိုအရပ်သို့ အစုလိုက်အပြုံလိုက် သွားရောက် ဝတ်ပြုကိုးကွယ်သူများသည် “ပယ်ဖြတ်” ခံရမည်ဖြစ်သည်။ (ယေဇကျေလ ၃၀:၁၄၊ ၁၅) ထိုအတိုင်းပင် ဖြစ်ပျက်ခဲ့သည်။ အမ္မုန်ဝတ်ပြုကိုးကွယ်မှုမှ ကျန်ကြွင်းသည်မှာ ဘုရားကျောင်း အပျက်အယွင်းများသာ ဖြစ်၏။ မျက်မှောက်ခေတ် လူခ်ဆောမြို့သည် ရှေးသီဘ်စ်မြို့ စိုက်တည်ခဲ့ရာ ဒေသတစ်ပိုင်းတွင် တည်ရှိပြီး ၎င်းမြို့၏ အပျက်အယွင်းများကြားတွင် တခြားရွာလေးများ ရှိ၏။
မဲမ်ဖိစ်မြို့မူကား သင်္ချိုင်းတစပြင်မှလွဲ၍ အဘယ်အရာမျှ မကျန်ရှိတော့ချေ။ ကျမ်းစာပညာရှင် လူဝီဂိုလ်ဒင်က ဤသို့ဆိုသည်– “ရာစုနှစ်များစွာတိုင် အီဂျစ်ပြည်ကို အာရပ်စစ်အောင်နိုင်သူများသည် မြစ်တစ်ဖက်ကမ်းတွင် ၎င်းတို့၏ [ကိုင်ရို] မြို့တော်ကို တည်ဆောက်ရန် ဧရာမ မဲမ်ဖိစ်မြို့ အပျက်အယွင်းများကို ကျောက်ကျင်းအဖြစ် အသုံးပြုခဲ့ကြသည်။ နိုင်းလ်မြစ်နှင့် အာရပ်ဆောက်လုပ်ရေးသမားများ၏ လုပ်ငန်းသည် မည်မျှစေ့စပ်သနည်းဟူမူ ရှေးဟောင်းမြို့၏ မိုင်ပေါင်းများစွာအတွင်း မြေနက်ပေါ်တွင် ငေါထွက်နေသော ကျောက်တုံးတစ်တုံးမျှ မရှိချေ။” သမ္မာကျမ်းစာ ကြိုဟောထားသည့်အတိုင်း မဲမ်ဖိစ်မြို့သည် အမှန်တကယ်ပင် “နေသောသူမရှိအောင် သုတ်သင်ဖျက်ဆီးခြင်းကိုခံ” ခဲ့ရသည်။—ယေရမိ ၄၆:၁၉။
ဩဂုတ် ၁၄-၂၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေဇကျေလ ၃၂–၃၄
“ကင်းစောင့်ရဲ့ ကြီးလေးတဲ့တာဝန်”
it-2-E ၁၁၇၂ ပိုဒ်. ၂
ကင်းစောင့်
ပုံဆောင် အသုံးအနှုန်း။ ယေဟောဝါက ပရောဖက်တွေကို အစ္စရေးလူမျိုးအတွက် ပုံဆောင် ကင်းစောင့်တွေအဖြစ် ခန့်အပ်ထားတယ်။ (ယေ. ၆:၁၇) ပရောဖက်တွေကလည်း ကင်းစောင့်တွေနဲ့ပတ်သက်ပြီး တင်စားပြောတဲ့အခါတွေ ရှိတယ်။ (ဟေရှာ. ၂၁:၆၊ ၈။ ၅၂:၈။ ၆၂:၆။ ဟော. ၉:၈) ကင်းစောင့်တွေလည်းဖြစ်တဲ့ ဒီပရောဖက်တွေဟာ လူဆိုးတွေကို ဖျက်ဆီးခံရမယ်လို့ သတိပေးရတယ်။ သူတို့ တာဝန်မကျေရင် အရေးယူခံရမှာ ဖြစ်တယ်။ သတိပေးတာကို လူတွေ လက်မခံရင် သူ့အပြစ်နဲ့သူ သေရမယ်။ (ယေဇ. ၃:၁၇-၂၁။ ၃၃:၁-၉) သစ္စာမရှိတဲ့ ပရောဖက်ဟာ မျက်စိကန်းနေတဲ့ ကင်းစောင့်၊ အနေတဲ့ခွေးလိုပဲ အသုံးမဝင်ဘူး။—ဟေရှာ. ၅၆:၁၀။
က၈၉ ၁/၁ ၂၂ ပိုဒ်. ၁၃
နိုင်ငံတော်သတင်းကို ဆက်ဟောပြောခြင်း
သွေးပြစ်ကိုရှောင်ခြင်း
၁၃ ယေဟောဝါ၏ ဆက်ကပ်အပ်နှံ သက်သေများသည် မကြာမီ ဘုရားသခင် တရားစီရင်တော့မည့်အကြောင်း သတိပေးရမည့်တာဝန်ကို ယေဇကျေလခေတ်က သူ၏တာဝန်နှင့် နှိုင်းယှဉ်နိုင်ပါသည်။ သူ့အား ဣသရေလလူမျိုးအတွက် ကင်းစောင့်အဖြစ် ခန့်အပ်ထားသည်။ လူများသည် မိမိတို့၏ လမ်းဆိုးတို့မှ နောင်တမယူလျှင် တရားစီရင်ခံရမည်အကြောင်း ဣသရေလလူမျိုးကို သတိပေးရန် သူတာဝန်ရရှိထားပါသည်။ ကင်းစောင့်တစ်ဦးအနေနှင့် သတိမပေးဘဲ နေမည်ဆိုလျှင် လူဆိုးတို့အပေါ် တရားစီရင်ချက် ကျရောက်ဦးမည်ဖြစ်သည်။ သို့သော် သူတို့၏အသွေးသည် တာဝန်မကျေပွန်သော ကင်းစောင့်ခေါင်းပေါ် ကျမည်ဖြစ်သည်။ ဤသို့ဖြင့် တရားစီရင်ခြင်းကို ယေဟောဝါ မည်သို့သဘောထားကြောင်း တင်ပြပါသည်။ “ဆိုးသောသူသည် အသေခံခြင်းအမှုကို ငါနှစ်သက်သည်မဟုတ်။ ဆိုးသောသူသည် မိမိဆိုးသောလမ်းမှလွဲ၍ အသက်ရှင်ခြင်းအမှုကိုသာ ငါနှစ်သက်၏။ အိုဣသရေလအမျိုးသားတို့ သင်တို့လိုက်သော လမ်းဆိုးမှ လွှဲကြလော့။ လွှဲကြလော့။ အဘယ်ကြောင့် အသေခံလိုကြသနည်း။”—ယေဇကျေလ ၃၃:၁-၁၁။
အရေးတကြီး သဘောထားကို ဆက်ထိန်းထားပါ
ဟောပြောခြင်းလုပ်ငန်း ဘာကြောင့်အရေးကြီး
၃ ကျွန်ုပ်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းက ဘယ်ပုံဘယ်နည်းနဲ့ အသက်တွေကို ကယ်တင်နိုင်တယ်ဆိုတာ သင်စဉ်းစားမိတဲ့အခါ တခြားသူတွေကို သတင်းကောင်းဟောပြောဖို့ အရေးကြီးတယ်လို့ သင်ခံစားရနိုင်တယ်။ (ရော. ၁၀:၁၃၊ ၁၄) သမ္မာကျမ်းစာမှာ ဒီလိုပြောတယ်– ‘ဆိုးသောသူအား “သင်သည် စင်စစ် အသေခံရလိမ့်မည်” ဟု ငါဆိုသော်လည်း ထိုသူသည် မိမိမကောင်းမှုကို ရှောင်၍ တရားသောအမှု၊ ဖြောင့်မတ်သောအမှုကိုပြု . . . လျှင် အသေမခံရဘဲ စင်စစ် အသက်ရှင်ရလိမ့်မည်။ ပြုမိသော မကောင်းမှုအပြစ် တစ်စုံတစ်ခုကိုမျှ သူ၌မတင်။’ (ယေဇ. ၃၃:၁၄-၁၆) သမ္မာကျမ်းစာက သတင်းကောင်း ဟောသူတွေကို ဒီလိုပြောတယ်– “ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူကိုလည်းကောင်း ကယ်တင်လိမ့်မည်။”—၁ တိ. ၄:၁၆; ယေဇ. ၃:၁၇-၂၁။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
ယေဟောဝါ၏ကောင်းကင်ရထားနှင့်အတူ အမီလိုက်ခြင်း
ဂရုမစိုက်ခြင်းကြောင့် ဟန့်တားမှုမဖြစ်
၁၆ ယေဇကျေလသည် နာခံမှုပြခြင်းနှင့် ဂရုမစိုက်ခြင်း သို့မဟုတ် ကဲ့ရဲ့ခြင်းတို့ကြောင့် သူ့အား ဟန့်တားမှု မဖြစ်စေခဲ့ခြင်းတွင်လည်း ပုံသက်သေပြခဲ့သည်။ အလားတူပင်၊ စင်ကြယ်သောဘာသာစကား တိုးပွားခြင်းနှင့်အညီ အမီလိုက်ခြင်းဖြင့်လည်း တော်ဝင်ရထားစီးတော်မူရှင် သွားရာဘက်သို့ တညီတည်းဖြစ်နေမည်။ သို့ဖြင့်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏အမိန့်ကို တုံ့ပြန်ရန် အသင့်ဖြစ်နေပြီး၊ ယေဟောဝါ၏ တရားစီရင်ခြင်း သတင်းကို ကျွန်ုပ်တို့ ဟောပြောသောသူတို့၏ ဂရုမစိုက်ခြင်း (သို့မဟုတ်) ကဲ့ရဲ့ခြင်းတို့ကြောင့် ဟန့်တားမှုမဖြစ်စေရန် ခွန်အားရှိစေမည်။ အချို့သူများသည် အလွန် ဆန့်ကျင်ကြမည်ဖြစ်ပြီး ခေါင်းမာ၍ နှလုံးခိုင်မာမည့်အကြောင်း ဘုရားရှင်သည် ကျွန်ုပ်တို့အား ယေဇကျေလကဲ့သို့ ကြို၍ သတိပေးပြီး ဖြစ်သည်။ အချို့သည် ယေဟောဝါကို နားမထောင်လိုသောကြောင့် မကြားနာလိုကြချေ။ (ယေဇကျေလ ၃:၇-၉) အချို့မူ၊ ယေဇကျေလ ၃၃:၃၁၊ ၃၂ တွင် ဖော်ပြထားသည့်အတိုင်း ဟန်ဆောင်သူများ ဖြစ်မည်။ “ငါ၏လူကဲ့သို့ သင်တို့ထံသို့လာ၍၊ ငါ၏လူကဲ့သို့ သင့်ရှေ့မှာထိုင်လျက် သင်၏စကားကို ကြားသော်လည်း နားမထောင်ဘဲ နေကြ၏။ အလွန်ချစ်ဖွယ်သော လက္ခဏာကို နှုတ်နှင့်ပြသော်လည်း စိတ်နှလုံးမူကား လောကီဥစ္စာကို စွဲလမ်းလျက်ရှိ၏။ သင်၏စကားသည် ကောင်းမွန်စွာတီး၍ သာယာသောအသံနှင့် ပြည့်စုံသောသူဆိုသော နှစ်သက်ဖွယ်သော သီချင်းကဲ့သို့ သူတို့၌ဖြစ်၍ သူတို့သည် ကြားရသော်လည်း နားမထောင်တတ်ကြ။”
၁၇ ရလဒ်ကား မည်သို့နည်း။ အခန်းငယ် ၃၃ က ထပ်ဆင့်လိုက်သည်။ “သို့ရာတွင်၊ အမှုရောက်လိမ့်မည်။ အမှုရောက်သောအခါ သူတို့တွင် ပရောဖက်ရှိဖူးသည်ကို သူတို့ သိရကြလိမ့်မည်။” ယင်းစကားများက ယေဇကျေလသည် လူတို့၏ တုံ့ပြန်မှုမရသော်လည်း လက်မလျှော့ခဲ့ကြောင်း ပြသသည်။ အခြားသူများ၏ ဂရုမစိုက်ခြင်းက သူ့အား ဥပေက္ခာပြုသူတစ်ဦး မဖြစ်စေခဲ့ချေ။ လူများ နားထောင်သည်ဖြစ်စေ၊ မထောင်သည်ဖြစ်စေ သူသည် ဘုရားရှင်အား နာခံခဲ့ပြီး မိမိ၏တာဝန်ကို ထမ်းဆောင်ခဲ့သည်။
မေတ္တာပြည့်ဝသောသိုးထိန်းများကို နှိမ့်ချစွာလက်အောက်ခံပါ
၃ ဟေရှာယ ၄၀:၁၀၊ ၁၁ ပါ ပရောဖက်ပြုချက်က ယေဟောဝါသည် ကိုယ်တော်၏ လူမျိုးကို သနားကြင်နာစွာ ထိန်းကျောင်းတော်မူကြောင်း အလေးပေးဖော်ပြသည်။ (ဆာလံ ၂၃:၁-၆) ယေရှုသည်လည်း မြေကြီးပေါ် ဓမ္မအမှုဆောင်ချိန်အတွင်း ကိုယ်တော့်တပည့်များနှင့် လူတို့ကို သနားကြင်နာကြောင်း တင်ပြတော်မူခဲ့သည်။ (မဿဲ ၁၁:၂၈-၃၀; မာကု ၆:၃၄) မိမိတို့၏ သိုးအုပ်ကို အရှက်မဲ့စွာ လျစ်လျူရှုထားပြီး မိမိတို့ အကျိုးအတွက်သာ အသုံးပြုကြသော သနားကြင်နာမှု မရှိသည့် ဣသရေလသိုးထိန်းများ သို့မဟုတ် ခေါင်းဆောင်များကို ယေဟောဝါနှင့် ယေရှု နှစ်ပါးစလုံး ပြစ်တင်ရှုတ်ချ တော်မူခဲ့သည်။ (ယေဇကျေလ ၃၄:၂-၁၀; မဿဲ ၂၃:၃၊ ၄၊ ၁၅) ယေဟောဝါ ဤသို့ ကတိပြုတော်မူခဲ့၏– “ငါသည် ငါ့သိုးများကို ကယ်တင်သဖြင့် သူတို့သည် နောက်တစ်ဖန် လုယူရာမဖြစ်ရဘဲ သိုးတစ်ကောင်နှင့် တစ်ကောင်ကြားတွင် ငါတရားစီရင်မည်။ ငါ၏ကျွန် ဒါဝိဒ်ကိုလည်း သိုးထိန်းတစ်ဦးတည်းအဖြစ် ငါခန့်ထား၍ သူသည် လုပ်ကျွေးလျက် သူတို့အဖို့ သိုးထိန်း ဖြစ်ရလိမ့်မည်။” (ယေဇကျေလ ၃၄:၂၂၊ ၂၃၊ သမ္မာ) ဤနောက်ဆုံးကာလတွင် ယေဟောဝါသည် မြေကြီးပေါ်ရှိ ကိုယ်တော်၏ ကျေးကျွန်များဖြစ်သော ဝိညာဉ်တော်ဖွားများနှင့် “အခြားသိုး” တို့အပေါ်တွင် သာ၍ကြီးမြတ်သော ဒါဝိဒ်ဖြစ်သည့် ယေရှုခရစ်ကို “သိုးထိန်းတစ်ဦး” အဖြစ် ခန့်ထားတော်မူသည်။—ယောဟန် ၁၀:၁၆။
ဩဂုတ် ၂၁–၂၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေဇကျေလ ၃၅–၃၈
“မာဂေါဂပြည်က ဂေါဂ မကြာခင် ဖျက်ဆီးခံရမယ်”
စာရှုသူများထံမှ မေးခွန်းလွှာ
ဒါဆို မာဂေါဂပြည်သား ဂေါဂဟာ ဘယ်သူလဲ။ ဒီမေးခွန်းကို ဖြေနိုင်ဖို့ဆိုရင် ဘုရားသခင့်လူမျိုးကို ဘယ်သူတိုက်ခိုက်မယ်ဆိုတဲ့ ကျမ်းစာဖော်ပြချက်ကို သိဖို့ လိုအပ်တယ်။ ကျမ်းစာမှာ “မာဂေါဂပြည်သား ဂေါဂမင်း” ရဲ့တိုက်ခိုက်မှု၊ ‘မြောက်ဘုရင်’ ရဲ့တိုက်ခိုက်မှု၊ “မြေကြီးဘုရင်များ” ရဲ့တိုက်ခိုက်မှုအကြောင်း ဖော်ပြထားတယ်။ (ယေဇ. ၃၈:၂၊ ၁၀-၁၃; ဒံ. ၁၁:၄၀၊ ၄၄၊ ၄၅; ဗျာ. ၁၇:၁၄; ၁၉:၁၉) အဲဒါတွေက သီးခြားတိုက်ခိုက်မှုတွေကို ဆိုလိုသလား။ ဆိုလိုပုံမရပါဘူး။ တိုက်ခိုက်မှုတစ်မျိုးတည်းကိုပဲ နာမည်အမျိုးမျိုးနဲ့ ဖော်ပြထားတာဖြစ်နိုင်တယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ ဘာကြောင့်လဲဆိုတော့ အာမဂေဒုန်စစ်ပွဲကို အစပျိုးပေးတဲ့ အဲဒီနောက်ဆုံးတိုက်ခိုက်မှုမှာ ကမ္ဘာ့တိုင်းနိုင်ငံအားလုံး ပါဝင်မယ်လို့ ကျမ်းစာမှာ ဖော်ပြထားလို့ပဲ။—ဗျာ. ၁၆:၁၄၊ ၁၆။
ဘုရားသခင့်လူမျိုး ကြုံရတဲ့ နောက်ဆုံး တိုက်ခိုက်မှုအကြောင်း ကျမ်းစာဖော်ပြချက် အားလုံးကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ မာဂေါဂပြည်သား ဂေါဂမင်းဟာ စာတန်ကို မဆိုလိုမှန်း သိသာထင်ရှားတယ်။ အဲဒီအစား မာဂေါဂပြည်သား ဂေါဂမင်းဟာ နိုင်ငံပေါင်းစုံ ဖွဲ့စည်းထားတဲ့ အုပ်စုတစ်စုကို ဆိုလိုတယ်။ အဲဒီအုပ်စုကို ‘မြောက်ဘုရင်’ ဦးဆောင်မလား။ အတိအကျ မပြောနိုင်ပါဘူး။ ဒါပေမဲ့ အဲဒီလို ဦးဆောင်မယ်ဆိုတဲ့ ယူဆချက်ဟာ ဂေါဂကို ယေဟောဝါပြောတဲ့ ဒီစကားနဲ့ ကိုက်ညီနေပုံရတယ်– ‘သင်က သင်နဲ့အတူ ရှိနေတဲ့လူတွေ၊ မြင်းစီးလာတဲ့ စစ်တပ်ကြီးတစ်တပ်နဲ့အတူ သင့်နေရာဖြစ်တဲ့ မြောက်ဘက် အစွန်အဖျား ဒေသကနေ လာလိမ့်မယ်။’—ယေဇ. ၃၈:၆၊ ၁၅၊ ကဘ။
ဒီကမ္ဘာကြီး ဘယ်လိုနည်းနဲ့ အဆုံးတိုင်သွားမလဲ
၈ အယူမှားဝတ်ပြုရေး ဖျက်ဆီးခံရပြီးတဲ့နောက်မှာ ဘုရားသခင့်လူမျိုးတွေက “မြို့ရိုးမရှိ” တဲ့ “ငြိမ်ဝပ်သောပြည်သား” တွေ ဖြစ်နေပါလိမ့်မယ်။ (ယေဇ. ၃၈:၁၁၊ ၁၄) ယေဟောဝါကို ဆက်ဝတ်ပြုနေပြီး အကာအကွယ်မဲ့နေသူတွေလို့ ထင်ရတဲ့ ဒီအုပ်စု ဘာကြုံတွေ့ရမလဲ။ သူတို့က ‘လူတွေ’ ရဲ့ တိုက်ခိုက်ခြင်း ခံရမယ့်ပုံ ပေါက်နေတယ်။ ဒီအခြေအနေကို “မာဂေါဂပြည်သား ဂေါဂမင်း” ရဲ့တိုက်ခိုက်မှုအဖြစ် သမ္မာကျမ်းစာက ဖော်ပြတယ်။ (ယေဇကျေလ ၃၈:၂၊ ၁၅၊ ၁၆ ကိုဖတ်ပါ။) ဒီတိုက်ခိုက်မှုကို ကျွန်ုပ်တို့ ဘယ်လို ရှုမြင်သင့်သလဲ။
၉ ဘုရားသခင့်လူမျိုး တိုက်ခိုက်ခံရမယ်ဆိုတာ ကြိုတင်သိရပေမဲ့ ကျွန်ုပ်တို့ အရမ်း မစိုးရိမ်ကြပါဘူး။ ကျွန်ုပ်တို့ကယ်တင်ခံရဖို့ထက် ယေဟောဝါရဲ့နာမည် သန့်ရှင်းမြင့်မြတ်စေဖို့နဲ့ ကိုယ်တော့် အကြွင်းမဲ့ ပိုင်သအုပ်စိုးခွင့် သံသယကင်းရှင်းဖို့က ပိုအရေးကြီးပါတယ်။ “ငါက ယေဟောဝါ ဖြစ်တယ်ဆိုတာ သင်တို့သိရလိမ့်မယ်” ဆိုတဲ့စကားကို ယေဇကျေလကျမ်းမှာ အကြိမ် ၆၀ ထက်မက ယေဟောဝါ ပြောခဲ့တယ်။ (ယေဇ. ၆:၇၊ ကဘ) ယေဇကျေလ ပရောဖက်ပြုချက်ရဲ့ အရေးကြီးတဲ့ဒီအပိုင်း ဘယ်လိုပြည့်စုံလာမယ် ဆိုတာကို ကျွန်ုပ်တို့ အရမ်းစိတ်ဝင်စားကြတယ်။ ယေဟောဝါက မိမိရဲ့စကား နားထောင်သူတွေကို စုံစမ်းနှောင့်ယှက်ခြင်းထဲက ဘယ်လို ကယ်တင်ရမယ် ဆိုတာကို သိကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချကြတယ်။ (၂ ပေ. ၂:၉) တစ်ချိန်တည်းမှာပဲ ကျွန်ုပ်တို့က ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေမယ့် အရာမှန်သမျှကို လုပ်ဆောင်လိုကြတယ်၊ ဒါမှ ဘယ်လိုစမ်းသပ်မှုမျိုးပဲ ကြုံရပါစေ ယေဟောဝါအပေါ် ဆက်ပြီး သစ္စာတည်ကြည် နိုင်မှာဖြစ်တယ်။ ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။ ဆုတောင်း၊ သမ္မာကျမ်းစာလေ့လာ၊ တွေးတောဆင်ခြင်ပြီး တခြားသူတွေကို ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောသင့်တယ်။ ဒါတွေကို လုပ်နေခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ ထာဝရအသက် မျှော်လင့်ချက်က “ကျောက်ဆူးသဖွယ်” မြဲမြံရှင်သန်နေမှာဖြစ်တယ်။—ဟေဗြဲ ၆:၁၉; ဆာ. ၂၅:၂၁။
‘ယခုမူကား သင်တို့သည် ဘုရားသခင်၏လူမျိုး ဖြစ်ကြ၏’
၁၆ မဟာဗာဗုလုန် ဖျက်ဆီးခံရပြီးနောက် ဘုရားသခင့်လူမျိုးဟာ မီးကုန်ယမ်းကုန် တိုက်ခိုက်ခံရလိမ့်မယ်။ ဒီတိုက်ခိုက်မှုက “ကြီးစွာသောဒုက္ခ” ရဲ့နောက်ဆုံးပိုင်းဖြစ်တဲ့ အာမဂေဒုန်ကို အစပျိုးပေးလိမ့်မယ်။ အဲဒီလိုဖြစ်လာအောင် ယေဟောဝါဟာ ကိစ္စရပ်တွေကို သတ်မှတ်ထားတဲ့အချိန်မှာ ညွှန်ကြားမှာဖြစ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့ ကာကွယ်မှုအောက် ရှိနေဖို့လိုတယ်။ (မ. ၂၄:၂၁; ယေဇ. ၃၈:၂-၄) ဂေါဂက ‘လူမျိုးတွေထဲကနေ ပြန်စုသိမ်းခံရသူတွေကို’ တိုက်ခိုက်ပါလိမ့်မယ်။ (ယေဇ. ၃၈:၁၀-၁၂၊ ကဘ) အဲဒီလိုဖြစ်လာချိန်မှာ ယေဟောဝါက သူ့လူတွေကို ကယ်တင်ဖို့၊ ဂေါဂနဲ့ သူ့စစ်တပ်ကို တိုက်ခိုက်ဖို့ ချက်ချင်း လုပ်ဆောင်ပါလိမ့်မယ်။ မိမိရဲ့ အချုပ်အခြာအာဏာကို ထင်ရှားစေပြီး နာမည်ကို သန့်ရှင်းမြင့်မြတ် စေပါလိမ့်မယ်။ ‘ငါက လူမျိုးအများကြီးရှေ့မှာ ငါ့ကိုယ်ငါ ချီးမြှောက်မယ်။ ငါ့ကိုယ်ငါ သန့်ရှင်းမြင့်မြတ်စေပြီး ငါ့အကြောင်းကို သိစေမယ်။ ငါဟာ ယေဟောဝါ ဖြစ်တယ်ဆိုတာ သူတို့သိရလိမ့်မယ်’ လို့ ကိုယ်တော်ပြောတယ်။—ယေဇ. ၃၈:၁၈-၂၃၊ ကဘ။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
ခရစ်ယာန်ကိုယ်ကျင့်တရားကို သင်ယူပြီး သွန်သင်လော့
၁၂ တမန်တော်သည် သမ္မာကျမ်းစာတွင် ပါရှိသည့် ကိုယ်ကျင့်တရားကို သင်ယူလေ့လာပြီး လက်တွေ့ကျင့်သုံးခြင်း၏ အဓိကအကြောင်းရင်းကို ပေါ်လွင်ထင်ရှား စေခဲ့သည်။ ဂျူးများ၏ အကျင့်ပျက်ပြားမှုက ယေဟောဝါ၏ ဂုဏ်သိက္ခာကို ထိခိုက်သည်– “ပညတ်တရားတော်ကို အမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ်အသရေတော်ကို ရှုတ်ချသလော။ အကြောင်းမူကား . . . ‘တစ်ပါးအမျိုးသားတို့သည် သင်တို့အကျင့်ကို ထောက်၍ ဘုရားသခင်၏ နာမတော်ကို ကဲ့ရဲ့တတ်ကြ၏။’” (ရောမ ၂:၂၃၊ ၂၄) ယနေ့လည်း ကျွန်ုပ်တို့သည် ခရစ်ယာန် ကိုယ်ကျင့်တရားကို လျစ်လျူရှုမည်ဆိုလျှင် ၎င်း၏ရင်းမြစ်ကို အလားတူပင် ဂုဏ်ဖျက်ရာကျသည်။ သို့သော် ဘုရားသခင့် စံနှုန်းများကို ကျွန်ုပ်တို့ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားမည်ဆိုလျှင် ကိုယ်တော့်ကို ဂုဏ်တင်ရာရောက်သည်။ (ဟေရှာယ ၅၂:၅; ယေဇကျေလ ၃၆:၂၀) ယင်းကို သင်သိရှိထားလျှင် ခရစ်ယာန် ကိုယ်ကျင့်တရားကို လျစ်လျူရှုခြင်းသည် အလွယ်ကူဆုံး၊ သို့မဟုတ် အဆင်ပြေဆုံး ဖြစ်ပုံရသည့် သွေးဆောင်မှုများ သို့မဟုတ် အခြေအနေများနှင့် သင်ရင်ဆိုင်ရသည့်အခါ သင်၏ဆုံးဖြတ်ချက်ကို ခိုင်ခံ့စေနိုင်ပါလိမ့်မည်။ ထို့ပြင် ပေါလု၏စကားများက အခြားတစ်ခုကိုလည်း သွန်သင်ပေးသည်။ သင့်အပြုအမူသည် ဘုရားသခင်ကို ဂုဏ်တင်နိုင်ကြောင်း ကိုယ်တိုင်သိရုံမက အခြားသူများအား သွန်သင်ပေးရာတွင် သူတို့သိရှိလာသည့် ကိုယ်ကျင့်တရား စံနှုန်းများကို လက်တွေ့ကျင့်သုံးကြခြင်းသည်လည်း ယေဟောဝါကို ဂုဏ်တင်နိုင်ကြောင်း သဘောပေါက်စေပါ။ ခရစ်ယာန် ကိုယ်ကျင့်တရားသည် ကျေနပ်အားရစေ၍ လူတစ်ဦးအား ကျန်းမာစေသည်သာမက ထိုကိုယ်ကျင့်တရားကို စီမံချမှတ်ပေးတော်မူပြီး အကျင့်သိက္ခာရှိရန် အားပေးသည့် အရှင်ကို ဂုဏ်တင်နိုင်သည်။—ဆာလံ ၇၄:၁၀; ယာကုပ် ၃:၁၇။
က၈၉ ၉/၁၅ ၂၀ ပိုဒ်. ၁၁
‘ငါသည် ယေဟောဝါဖြစ်ကြောင်း သူတို့ သိရကြလတံ့’
၁၁ အကြွင်းအကျန်တစ်စု ယုဒပြည်သို့ ပြန်ရောက်ပြီးနောက် ဆိတ်ညံရာပြည်သည် သီးပွင့်ဝေဆာသည့် “ဧဒင်ဥယျာဉ်” အဖြစ် အသွင်းပြောင်းလဲခဲ့သည်။ (ယေဇကျေလ ၃၆:၃၃-၃၆ ကိုဖတ်ပါ။) အလားတူပင် ၁၉၁၉ ခုနှစ်မှစ၍ ဘိသိက်ခံ အကြွင်းအကျန်တို့၏ တစ်ချိန်က ဆိတ်ညံရာဖြစ်ခဲ့သော ပိုင်နက်နယ်ပယ်ကို သီးပွင့်ဝေဆာသော ဝိညာဏပရဒိသုဘုံအဖြစ်သို့ ယေဟောဝါ ပြောင်းလဲစေတော်မူခဲ့သည်။ ထိုပရဒိသုဘုံကို ယခုအခါ “လူအုပ်ကြီး” ကလည်း မျှဝေခံစားနေကြသည်။ ဤဝိညာဏပရဒိသုဘုံ၌ သန့်ရှင်းသောလူမျိုးတော်တို့ဖြင့် စည်ကားသိုက်မြိုက်နေသည်ဖြစ်ရာ သစ္စာနှံခရစ်ယာန်တစ်ဦးစီအနေဖြင့် ယင်းကို အစဉ်သန့်ရှင်းနေစေရန် စောင့်ရှောက်ကြပါစို့။—ယေဇကျေလ ၃၆:၃၇၊ ၃၈။
ဩဂုတ် ၂၈–စက်တင်ဘာ ၃
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ယေဇကျေလ ၃၉-၄၁
“ယေဇကျေလရဲ့ ဗိမာန်တော် စိတ်အာရုံက သင်နဲ့ဆိုင်”
ဘုရားသခင့်ဗိမာန်တော်ကို “နှလုံးသွင်းလော့!”
၁၆ အဖြေရရန် အဆင်းအာရုံ ကိုယ်နှိုက်ကို ပြန်သုံးသပ်ကြည့်ကြစို့။ ယေဇကျေလက ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်၏ဗျာဒိတ် [အဆင်းအာ] ရုံအားဖြင့် ငါ့ကို ဣသရေလပြည်သို့ ဆောင်သွား၍၊ အလွန်မြင့်သော တောင်ပေါ်မှာ တင်ထားတော်မူ၏။ ထိုတောင်အနားမှာ တောင်ဘက်၌ မြို့ပုံသဏ္ဌာန်ရှိ၏။” (ယေဇကျေလ ၄၀:၂) “အလွန်မြင့်သောတောင်” ဟူသော ဤအဆင်းအာရုံ၏ ဇာတ်အိမ်က မိက္ခာ ၄:၁ ကိုအမှတ်ရစေသည်– “နောက်ဆုံးသောကာလ၌ ထာဝရဘုရား၏ အိမ်တော် တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်းသော လူစုတို့သည် ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။” ဤပရောဖက်ပြုချက်သည် မည်သည့်အချိန်တွင် ပြည့်စုံလာမည်နည်း။ လူမျိုးများသည် မှောက်မှားသော ဘုရားများကို ကိုးကွယ်နေကြသေးစဉ် စတင်ပြည့်စုံမည်ဟု မိက္ခာ ၄:၅ ကဖော်ပြသည်။ အမှန်ဆိုရလျှင် ကျွန်ုပ်တို့ကိုယ်နှိုက်၏ အချိန်၊ “နောက်ဆုံးသောကာလ” တွင်စင်ကြယ်သော ဝတ်ပြုရေးသည် ချီးမြှောက်ခံရပြီဖြစ်၍ နေရာမှန်ဖြစ်သည့် ဘုရားသခင့် ကျေးကျွန်များ၏ အသက်တာတွင် ပြန်လည်တည်ထောင်ခဲ့ပြီ ဖြစ်သည်။
ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—၂
၄၀:၃–၄၃:၁၇—ဝတ်ပြုရာအိမ်တော် တိုင်းတာခြင်းသည် အဘယ် အထူးအဓိပ္ပာယ် ရှိသနည်း။ ဝတ်ပြုရာအိမ်တော်ကို တိုင်းတာခြင်းသည် မှန်သောဝတ်ပြုရေးနှင့် ပတ်သက်သော ဘုရားသခင့် ရည်ရွယ်ချက် အမှန်ပြည့်စုံမည့် အမှတ်လက္ခဏာ ဖြစ်သည်။
ယေဇကျေလကျမ်းမှ ပေါ်လွင်ချက်များ—၂
၄၀:၁၄၊ ၁၆၊ ၂၂၊ ၂၆။ ဝတ်ပြုရာအိမ်တော် အဝင်လမ်းများရှိ နံရံတွင် ထွင်းထုထားသော စွန်ပလွံပင်ပုံများက ကိုယ်ကျင့်တရားဘက်တွင် ဖြောင့်မတ်သူတို့သာ ဝင်ခွင့်ရသည်ကို ဖော်ပြသည်။ ကျွန်ုပ်တို့ ဖြောင့်မတ်မှသာလျှင် ကျွန်ုပ်တို့၏ဝတ်ပြုမှုကို ယေဟောဝါ လက်ခံမည်ဖြစ်ကြောင်း ယင်းက သင်ပေးသည်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
‘ငါသည် ယေဟောဝါဘုရားသခင်ဖြစ်ကြောင်း လူမျိုးများ သိရကြလိမ့်မည်’
“နောက်တစ်ဖန် သူတို့သည် ငါ၏နာမမြတ် [“သန့်ရှင်းသောနာမည်၊” ကဘ] ကို မရှုတ်ချရကြ” ဆိုပြီး ယေဟောဝါ ဘုရားသခင် ပြောတယ်။ မတရားမှုတွေအတွက် ဘုရားသခင်ကို အပြစ်ပုံချတာက ဘုရားသခင့် နာမည်ကို ရှုတ်ချနေတာပဲ။ ဘယ်လိုလုပ် သိရသလဲ။ ကျမ်းစာထဲမှာ၊ “နာမ” ဆိုတာ တစ်ခါတလေ ဂုဏ်သတင်းကိုလည်း ရည်ညွှန်းတယ်။ ဘုရားသခင့် နာမည်က “ဘုရားသခင်ဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲဆိုတာ ဖော်ပြတယ်၊ ပြီးတော့ ဘုရားသခင့် ဂုဏ်သတင်းကိုလည်း ကိုယ်စားပြုတယ်” လို့ အကိုးအကား စာအုပ်တစ်အုပ်မှာ ဖော်ပြထားတယ်။ ဒါကြောင့် ယေဟောဝါရဲ့ နာမည်လို့ ပြောတဲ့အခါ ကိုယ်တော့် ဂုဏ်သတင်းလည်း ပါဝင်တယ်။ မတရားမှုနဲ့ ပတ်သက်လာရင် ဘုရားသခင်မှာ ဘယ်လို ဂုဏ်သတင်းမျိုး ရှိသလဲ။ ဘုရားသခင်က မတရားမှုကို မုန်းပါတယ်။ မတရား ပြုမူခံရတဲ့ သူတွေကိုလည်း ကိုယ်တော် သနားကြင်နာတယ်။ (ထွက်မြောက်ရာ ၂၂:၂၂-၂၄) ဘုရားသခင် ရွံမုန်းတဲ့အရာတွေအတွက် ဘုရားသခင်မှာ တာဝန်ရှိတယ်လို့ လူတွေ စွပ်စွဲနေတာက ဘုရားသခင်ကို နာမည်ဖျက်နေတာ ဖြစ်တယ်။ အဲဒီလိုနဲ့ သူတို့ဟာ “[ကိုယ်တော့်] နာမတော်ကို . . . မထီမဲ့မြင်ပြု” နေကြတယ်။—ဆာလံ ၇၄:၁၀။
ပရဒိသုသို့ ပြန်လမ်း ဖွင့်ပေးခြင်း
၂၀ သို့သော် တိုင်းနိုင်ငံများ ချန်ရစ်ကြမည့် စစ်လက်နက် ဒုနှင့်ဒေးကော။ မီးစွဲနိုင်သည့်အပိုင်းများကို ပယ်ရှင်းပစ်ချိန်၏ တင်စားဖော်ပြချက်အရ တောင်ပုံရာပုံ၊ မသိမ်းမဆည်းနိုင်ဟန်ရှိသည်။ (ယေဇကျေလ ၃၉:၈-၁၀) တိုင်းနိုင်ငံတို့၏ ကျန်ကြွင်းသောစစ်အမွေအနှစ်ကို အာမဂေဒုန်ကပ်ကျော်သူများသည် အသုံးဝင်ပစ္စည်းများအဖြစ်သို့ ပြောင်းလဲပြုလုပ်နိုင်ပေမည်။—ဟေရှာယ ၂:၂-၄။