သီချင်း ၁၃၄
ဘုရားပေး သားသမီးများ
၁။ ယောက်ျားတစ်ယောက် ဖခင်ဖြစ်လာ၊
မိန်းမတစ်ယောက် ကလေးရလာတဲ့ခါ၊
အပ်နှံရာဖြစ်ကြောင်း သတိရပါ၊
မိမိတို့ချည်း ပိုင်ရာမဟုတ်။
အသက်နဲ့ မေတ္တာရဲ့ ရင်းမြစ်မှန်
ယေဟောဝါထံတော်မှ လက်ဆောင်မွန်ဖြစ်။
ပညာရှိလမ်းစဉ် လျှောက်လှမ်းစေဖို့
မိဘတို့ကို ဘုရား လမ်းညွှန်ထား။
(ထပ်ကျော့ပိုဒ်)
သင်ရထားတဲ့ မြင့်မြတ်အပ်နှံရာ၊
အဖိုးထိုက်အသက် သင့်လက်ထဲ။
သင်အပ်နှင်းနိုင် အကောင်းဆုံးဥစ္စာ၊
ဘုရားပညတ် သွန်သင်ပေးပါ။
၂။ ဘုရားပညတ်တဲ့ စကားများ၊
သင့်နှလုံးမှာ အစဉ် တည်ရန်လိုပါ။
သားသမီးတို့အား ပြောပြ၊ ဒီစကားများ၊
သင့်အား အပ်နှံရာ၊ သင့်ဝန်တာ။
ဘဝတစ်လျှောက်လုံး သတိရဖို့၊
သူတို့ သစ္စာရှိဖို့၊ ကောင်းချီးရဖို့၊
ခရီးသွားချိန်၊ အိပ်ချိန်၊ နိုးထချိန်
အချိန်မရွေး သူတို့ကို ပြောပြ။
(ထပ်ကျော့ပိုဒ်)
သင်ရထားတဲ့ မြင့်မြတ်အပ်နှံရာ၊
အဖိုးထိုက်အသက် သင့်လက်ထဲ။
သင်အပ်နှင်းနိုင် အကောင်းဆုံးဥစ္စာ၊
ဘုရားပညတ် သွန်သင်ပေးပါ။
(တရား. ၆:၆၊ ၇။ ဧ. ၆:၄။ ၁ တိ. ၄:၁၆ တို့ကိုလည်း ကြည့်ပါ။)