ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၄ စာ. ၁၆-စာ. ၁၇ ပိုဒ်. ၃
  • လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေတဲ့ မာရိ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေတဲ့ မာရိ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • သန္ဓေတည်နေသော်လည်း အိမ်ထောင်မရှိ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • မာရိ၏ပုံသက်သေက ကျွန်ုပ်တို့ကို သင်ပေးနိုင်သည့်အရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • “ကျွန်မဟာ ယေဟောဝါဘုရားရဲ့ အစေခံပါ”
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • သူ “ဆင်ခြင်တွေးတော” ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၄ စာ. ၁၆-စာ. ၁၇ ပိုဒ်. ၃
မာရိက သူ့မှာကိုယ်ဝန်ရှိနေတယ်လို့ ယောသပ်ကိုပြောပြ

အခန်း ၄

လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေတဲ့ မာရိ

မဿဲ ၁:၁၈-၂၅ လုကာ ၁:၅၆

  • မာရိမှာ ကိုယ်ဝန်ရှိနေမှန်း ယောသပ် သိသွား

  • မာရိဟာ ယောသပ်ရဲ့ဇနီး ဖြစ်လာ

မာရိမှာ ကိုယ်ဝန်လေးလ ရှိနေပြီ။ ကိုယ်ဝန်ဆောင်ခါစတုန်းက တောင်ဘက် ယုဒတောင်တန်းဒေသမှာ နေတဲ့ ဆွေမျိုးတော်စပ်သူ ဧလိရှဗက်ဆီ အလည်သွားခဲ့တာကို သတိရပါ။ အခုတော့ နာဇရက်မြို့ကို ပြန်ရောက်နေပြီ။ သူ့မှာ ကိုယ်ဝန်ရှိနေမှန်း မကြာခင် လူတွေသိကြတော့မယ်။ သူဘယ်လောက် စိတ်ညစ်နေမယ်ဆိုတာ စဉ်းစားကြည့်ပါ။

ပိုဆိုးတာက မာရိဟာ လက်သမားယောသပ်နဲ့ စေ့စပ်ထားတယ်။ အစ္စရေးလူမျိုးကို ဘုရားပေးတဲ့ ပညတ်အရ စေ့စပ်ထားတဲ့ အမျိုးသမီးဟာ တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ရင် ကျောက်ခဲနဲ့ပေါက်သတ်ခံရမယ်ဆိုတာ မာရိ သိထားတယ်။ (တရားဟောရာ ၂၂:၂၃၊ ၂၄) တကယ်တော့ မာရိ ဖောက်ပြန်ခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့မှာ ကိုယ်ဝန်ရှိနေမှန်း ယောသပ်ကို ဘယ်လို ရှင်းပြရမလဲ၊ ဘာတွေဖြစ်လာမလဲ ဆိုပြီး စဉ်းစားနေမှာပဲ။

မာရိ ခရီးထွက်သွားတာ သုံးလလောက်ရှိပြီဆိုတော့ သူ့ကို ယောသပ် တွေ့ချင်နေမှာပဲ။ သူတို့တွေ့တဲ့အခါ မာရိက ဖြစ်ကြောင်းကုန်စင်ပြောပြပြီး သန့်ရှင်းသော စွမ်းအားတော်ကြောင့် ကိုယ်ဝန်ရှိနေမှန်း အတတ်နိုင်ဆုံး ရှင်းပြပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီအကြောင်းတွေကို ယောသပ် နားလည်ရခက်၊ ယုံရခက်နေမှာပဲ။

မာရိဟာ နာမည်ကောင်းရှိတဲ့ မိန်းမကောင်းဆိုတာ ယောသပ်သိထားပြီး သူ့ကို ချစ်မြတ်နိုးတယ်။ ဒါပေမဲ့ သူ ဘယ်လိုပဲ ရှင်းပြရှင်းပြ တခြားယောက်ျားနဲ့ ဖောက်ပြန်ပြီး ကိုယ်ဝန်ရှိနေပုံပဲလို့ ယောသပ် ထင်နေတယ်။ ယောသပ်က သူ့ကို ကျောက်ခဲနဲ့ပေါက်သတ် မခံစေချင်ဘူး၊ လူရှေ့သူရှေ့မှာလည်း အရှက်မကွဲစေချင်ဘူး။ ဒါကြောင့် သူ့ကို တိတ်တဆိတ် ကွာရှင်းဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီခေတ်တုန်းက စေ့စပ်ထားသူတွေကို လက်ထပ်ပြီးသားလို့ ယူမှတ်ကြတဲ့အတွက် စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ဆိုရင် ကွာရှင်းဖို့လိုတယ်။

ယေဟောဝါရဲ့ကောင်းကင်တမန် ယောသပ်ရဲ့အိပ်မက်ထဲမှာပေါ်လာ

အဲဒီအကြောင်းတွေကို ယောသပ် စဉ်းစားနေရင်း အိပ်ပျော်သွားတယ်။ ဒီအခါ ယေဟောဝါရဲ့ ကောင်းကင်တမန်က အိပ်မက်ထဲမှာ ပေါ်လာပြီး အခုလိုပြောတယ်– “မင်းရဲ့ဇနီးမာရိကို အိမ်ခေါ်သွားဖို့ မစိုးရိမ်နဲ့။ သန့်ရှင်းသော စွမ်းအားတော်ကြောင့် ကိုယ်ဝန်ရှိနေတာ။ သူ သားလေးမွေးလိမ့်မယ်။ ယေရှုလို့ နာမည်ပေးပါ။ အဲဒီသားဟာ လူတွေကို အပြစ်ကနေ ကယ်တင်လိမ့်မယ်။”—မဿဲ ၁:၂၀၊ ၂၁။

ယောသပ်နိုးလာတဲ့အခါ အကြောင်းစုံကို ရှင်းရှင်းလင်းလင်း နားလည်သွားလို့ ဘယ်လောက်တောင် ကျေးဇူးတင်လိုက်မလဲ။ ကောင်းကင်တမန် ညွှန်ကြားတဲ့အတိုင်း ချက်ချင်းပဲ မာရိကို သူ့အိမ်ခေါ်သွားတယ်။ လူအများရှေ့မှာ အဲဒီလိုလုပ်တာက လက်ထပ်ထိမ်းမြားတာနဲ့ တူတယ်။ အခု ယောသပ်နဲ့ မာရိဟာ အကြင်လင်မယား ဖြစ်သွားပြီ။ ဒါပေမဲ့ ယေရှုကို ကိုယ်ဝန်ဆောင်ထားချိန်အတွင်း ယောသပ်က မာရိနဲ့ မပေါင်းသင်းဘူး။

မြည်းပေါ်မှာ မာရိထိုင်နေပြီး ယောသပ်က အထုပ်တွေတင်နေ

လအနည်းငယ်ကြာတော့ ယောသပ်နဲ့ မပေါ့မပါး ဖြစ်နေတဲ့ မာရိတို့ဟာ နာဇရက်မြို့မှာရှိတဲ့ သူတို့အိမ်နဲ့ တော်တော်ဝေးတဲ့နေရာကို ခရီးထွက်ဖို့ ပြင်ဆင်နေကြတယ်။ မာရိ မီးဖွားခါနီးကျမှ ဘယ်ကို သွားမလို့လဲ။

  • မာရိမှာ ကိုယ်ဝန်ရှိနေမှန်း ယောသပ်သိတော့ ဘယ်လို တွေးမိသလဲ၊ ဘာကြောင့်လဲ။

  • ယောသပ်နဲ့ မာရိ လက်မထပ်ရသေးဘဲ ဘာကြောင့် ကွာရှင်းဖို့လိုတာလဲ။

  • ယောသပ်နဲ့ မာရိ အကြင်လင်မယား ဖြစ်သွားပြီဆိုတာ ဘာက ဖော်ပြသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ