ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • th သင်ခန်းစာ ၇ စာ. ၁၀
  • တိကျမှန်ကန်ခြင်း၊ ယုံကြည်စိတ်ချရခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိကျမှန်ကန်ခြင်း၊ ယုံကြည်စိတ်ချရခြင်း
  • ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တင်ပြချက်တိကျမှု
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ကျမ်းချက်တွေကို ဆီလျော်စွာ မိတ်ဆက်ပေးခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • လက်တွေ့ကျတန်ဖိုးကို ရှင်းလင်းစွာ ဖော်ပြခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
  • မေးခွန်းများကို အသုံးပြုခြင်း
    ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
နောက်ထပ် ကြည့်ပါ
ဖတ်ရှုခြင်းနဲ့ သွန်သင်ခြင်းမှာ ကြိုးစားပါ
th သင်ခန်းစာ ၇ စာ. ၁၀

သင်ခန်းစာ ၇

တိကျမှန်ကန်ခြင်း၊ ယုံကြည်စိတ်ချရခြင်း

ညွှန်းထားတဲ့ကျမ်းချက်

လုကာ ၁:၃

အကျဉ်းချုပ်– နားထောင်နေသူတွေ မှန်ကန်တဲ့ ကောက်ချက်ချနိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေကို အသုံးပြုပါ။

လုပ်ဆောင်နိုင်ပုံ–

  • ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေကို ရှာဖွေ အသုံးပြုပါ။ ကျမ်းစာကို အခြေခံပြီး ပြောဆိုပါ။ ဖြစ်နိုင်တဲ့အခါတိုင်း ကျမ်းစာထဲကနေ ဖတ်ပြပါ။ သိပ္ပံဆိုင်ရာအကြောင်း၊ သတင်းတစ်ပုဒ်၊ တွေ့ကြုံမှုတစ်ခု၊ အထောက်အထားတစ်ခုအကြောင်း ပြောတဲ့အခါ ကိုးကားတဲ့ရင်းမြစ်က ယုံကြည်စိတ်ချရရဲ့လား၊ နောက်ဆုံးအချက်အလက် ဖြစ်ရဲ့လားဆိုတာ အရင်စစ်ဆေးပါ။

  • အချက်အလက်တွေကို တော်မှန်စွာ သုံးပါ။ ကျမ်းချက်တွေကို ရှင်းပြတဲ့အခါ အထက်အောက်စကား၊ ကျမ်းစာရဲ့အဓိကသတင်းစကား၊ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ ထုတ်ဝေတဲ့ စာပေတွေနဲ့အညီ ဖြစ်စေပါ။ (မ. ၂၄:၄၅) လောကသတင်းတွေကို ကိုးကားတဲ့အခါ မူရင်းအဓိပ္ပာယ်အတိုင်း၊ စာရေးသူ ဆိုလိုတဲ့အတိုင်း ဖြစ်စေပါ။

    လေ့ကျင့်ရမယ့်အချက်

    အချက်အလက်တွေ၊ ကိန်းဂဏန်းတွေကို ချဲ့ကားပြောတာ၊ ပိုပြောတာမျိုး မလုပ်ပါနဲ့။ “လူတချို့” ကို “လူအများစု၊” “တစ်ခါတလေ” ကို “အမြဲတမ်း” လို့ မပြောပါနဲ့။

  • အထောက်အထားကို ကျိုးကြောင်းဆင်ခြင်ပါ။ ကျမ်းချက်တစ်ချက်ဖတ်ပြီး ဒါမှမဟုတ် အချက်အလက်ကို ကိုးကားပြီးနောက်မှာ နားထောင်နေသူတွေ ကိုယ်ပိုင်ကောက်ချက်ချနိုင်အောင် မေးခွန်းတစ်ခု မေးပါ၊ ဒါမှမဟုတ် ဥပမာတစ်ခု ပေးပါ။

အမှုဆောင်လုပ်ငန်းမှာ

ဟောပြောဖို့ ပြင်ဆင်တဲ့အခါ လူတွေမေးနိုင်တဲ့ မေးခွန်းတွေကို ကြိုတင်စဉ်းစားပါ။ အဖြေကို ရှာဖွေလေ့လာပါ။ သူတို့မေးခွန်းရဲ့ အဖြေကို မသိရင် လေ့လာပြီးမှ ပြန်လာမယ်လို့ ပြောပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ