သီချင်း ၂၅
အထူးပိုင်ဆိုင်မှု
၁။ ဘုရားဘိသိက်ခံသားများ၊
အသစ်သော ဖန်ဆင်းရာများ၊
လူတွေထဲက ဝယ်ယူထား၊
မျက်နှာသာတော် ရထား။
(ထပ်ကျော့ပိုဒ်)
အထူးပိုင်ဆိုင်မှုပါ၊
နာမတော်တွက် လူမျိုးပါ။
ဘုရားကို သူတို့ချစ်၊
ဘုန်းတော်၊ ဂုဏ်တော် စည်းလုံးစွာ ကြေညာ။
၂။ သန့်စင်တဲ့လူမျိုး ဖြစ်ကာ
ကျမ်းစာကို သူတို့ကျွမ်းကျင်။
မှောင်မိုက်ထဲက အလင်းဆီ
ဘုရားခေါ်ဆောင်လာခဲ့။
(ထပ်ကျော့ပိုဒ်)
အထူးပိုင်ဆိုင်မှုပါ၊
နာမတော်တွက် လူမျိုးပါ။
ဘုရားကို သူတို့ချစ်၊
ဘုန်းတော်၊ ဂုဏ်တော် စည်းလုံးစွာ ကြေညာ။
၃။ သစ္စာရှိရှိ တာဝန်ကျေ၊
အခြားသိုး သူတို့စုသိမ်း။
သိုးသငယ်ကို သစ္စာစောင့်။
ပညတ်များကို လိုက်လျှောက်။
(ထပ်ကျော့ပိုဒ်)
အထူးပိုင်ဆိုင်မှုပါ၊
နာမတော်တွက် လူမျိုးပါ။
ဘုရားကို သူတို့ချစ်၊
ဘုန်းတော်၊ ဂုဏ်တော် စည်းလုံးစွာ ကြေညာ။
(ဟေရှာ. ၄၃:၂၀ခ၊ ၂၁။ မာလ. ၃:၁၇။ ကော. ၁:၁၃ တို့ကိုလည်း ကြည့်ပါ။)