ခရစ်ယာန်အသက်တာလမ်းစဉ်
အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—မတိုးတက်တဲ့ ကျမ်းစာသင်အံမှုတွေကို ရပ်လိုက်ခြင်း
ဘာကြောင့် အရေးကြီး– လူတွေ ကယ်တင်ခံရဖို့ ယေဟောဝါရဲ့ နာမည်ကို ခေါ်ရမှာ ဖြစ်တယ်။ (ရ ၁၀:၁၃၊ ၁၄) ဒါပေမဲ့ ကျမ်းစာလေ့လာဖို့ သဘောတူတဲ့သူတိုင်းကတော့ ယေဟောဝါရဲ့စံနှုန်းအတိုင်း နေထိုင်ချင်ကြတာ မဟုတ်ဘူး။ ယေဟောဝါရဲ့ မျက်နှာသာရဖို့ အမှန်တကယ် ပြောင်းလဲချင်သူတွေကို ကူညီပေးခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ အဖိုးတန်အချိန်တွေကို အသုံးပြုကြပါတယ်။ ဒါကြောင့် ကျမ်းစာသင်းသားတစ်ယောက်ဟာ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ မတိုးတက်ဘူးဆိုရင် သူ့ကို ကျမ်းစာ ဆက်မသင်တော့ဘဲ အဖွဲ့အစည်းထံ ယေဟောဝါ ဆွဲဆောင်သူကိုပဲ ကူညီဖို့ ကျွန်တော်တို့ရဲ့ အချိန်ကို အသုံးပြုမှာဖြစ်တယ်။ (ယဟ ၆:၄၄) ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီပုဂ္ဂိုလ်ဟာ ပြောင်းလဲလာပြီး “ထာဝရအသက်ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစား” သူဖြစ်ကြောင်း ဖော်ပြတယ်ဆိုရင် ကျမ်းစာသင်အံမှုကို ပြန်စနိုင်ပါတယ်။—တ ၁၃:၄၈။
လုပ်ဆောင်နိုင်ပုံ–
တိကျမှန်ကန်တဲ့ အသိပညာ ရယူချင်တဲ့အတွက် ကျမ်းစာသင်သားကို ချီးမွမ်းပါ။—၁တိ ၂:၄
လေ့လာသိရှိတာကို လက်တွေ့ကျင့်သုံးဖို့ အရေးကြီးကြောင်း ပြောပြပါ။—လု ၆:၄၆-၄၉
မျိုးကြဲသူ ပုံဥပမာအကြောင်း ပြောပြပါ၊ တိုးတက်ဖို့ ဘာက အတားအဆီး ဖြစ်နေသလဲဆိုတာ သူ့ကို မေးကြည့်ပါ။—မ ၁၃:၁၈-၂၃
ဘာကြောင့် ကျမ်းစာ ဆက်မသင်ပေးတော့သလဲဆိုတာ လိမ္မာပါးနပ်စွာ ရှင်းပြပါ
သူ့ဆီကို မကြာမကြာ လာလည်ပတ် အားပေးမယ့်အကြောင်း၊ သူ တိုးတက်လာတဲ့အခါ ကျမ်းစာပြန်သင်ပေးမယ့်အကြောင်း ပြောပြပါ
ဗီဒီယိုကို ကြည့်ပြီး အောက်ပါမေးခွန်းတွေကို ဖြေပါ–
ကျမ်းစာသင်သား မတိုးတက်ဘူးဆိုတာ ဒီစကားပြောခန်းကနေ ဘယ်လို သိရသလဲ။
ပြောင်းလဲဖို့လိုမှန်း ကျမ်းစာသင်သား နားလည်လာအောင် ကြေညာသူ ဘယ်လို ကူညီပေးသလဲ။
ကြေညာသူက နောက်ပိုင်း တစ်ချိန်ချိန်မှာ ကျမ်းစာပြန်သင်ပေးနိုင်ဖို့ ဘယ်လို လမ်းဖွင့်ထားခဲ့သလဲ။