ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fg အခန်း ၃ မေးခွန်းများ ၁-၄
  • ကျမ်းစာထဲက သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာထဲက သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာလား
  • လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ဆီက ဘာကြောင့် သင်ယူရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကျမ်းစာဟာ ဘုရားဆီကလာတဲ့ သတင်းစကားဖြစ်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • သမ္မာကျမ်းစာ —ဘုရားသခင်ဆီကစာအုပ်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • သမ္မာကျမ်းစာသည် တကယ်ပင် ဘုရားသခင်ထံမှလော
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
လူမျိုးအားလုံးအတွက် သတင်းကောင်း
fg အခန်း ၃ မေးခွန်းများ ၁-၄

အခန်း ၃

ကျမ်းစာထဲက သတင်းကောင်းဟာ ဘုရားသခင်ဆီက လာတာလား

၁။ ကျမ်းစာရဲ့ အာဘော်ရှင်က ဘယ်သူလဲ။

ကျမ်းစာအမျိုးမျိုးနဲ့ ရှေးခေတ် ကျမ်းစာများ

လူတွေ ကမ္ဘာပေါ် ထာဝစဉ်အသက်ရှင်နိုင်မယ်ဆိုတဲ့ သတင်းကောင်း ကျမ်းစာမှာပါတယ်။ (ဆာလံ ၃၇:၂၉) ကျမ်းစာကို စာစောင်ငယ် ၆၆ စောင်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမဲ့ ကျမ်းစောင်တွေကို ရေးဖို့ သစ္စာရှိအမျိုးသား အယောက် ၄၀ လောက်ကို ဘုရားသခင် အသုံးပြုခဲ့တယ်။ ကျမ်းစာရဲ့ ဦးဆုံးကျမ်း ငါးစောင်ကို လွန်ခဲ့တဲ့ အနှစ် ၃,၅၀၀ လောက်က မောရှေ ရေးသားခဲ့တယ်။ နောက်ဆုံးကျမ်းစောင်ကိုတော့ လွန်ခဲ့တဲ့ အနှစ် ၁,၉၀၀ ကျော်လောက်က တမန်တော်ယောဟန် ရေးသားခဲ့တယ်။ ကျမ်းရေးသူတွေက ဘယ်သူ့စိတ်ကူးတွေကို ချရေးခဲ့ကြတာလဲ။ ဘုရားသခင်က သန့်ရှင်းသောစွမ်းအားတော်ကနေတစ်ဆင့် ကျမ်းရေးသူတွေနဲ့ ဆက်သွယ်ခဲ့ပါတယ်။ (၂ ရှမွေလ ၂၃:၂) ဒီအချက်ကိုကြည့်ရင် ကျမ်းရေးသူတွေက ကိုယ်ပိုင်စိတ်ကူးတွေကို မဟုတ်ဘဲ ဘုရားသခင့်စိတ်ကူးနဲ့ အတွေးအခေါ်တွေကို ရေးခဲ့ခြင်းဖြစ်တယ်။ ဒါကြောင့် ကျမ်းစာရဲ့ အာဘော်ရှင်ဟာ ဘုရားသခင်ပဲ ဖြစ်ပါတယ်။​—၂ တိမောသေ ၃:၁၆။ ၂ ပေတရု ၁:၂၀၊ ၂၁ တို့ကိုဖတ်ပါ။

ကျမ်းစာရဲ့ အာဘော်ရှင်က ဘယ်သူလဲ ဗီဒီယိုကိုကြည့်ပါ။

၂။ ကျမ်းစာက ဘုရားသခင်ဆီကလာတာလို့ ဘာကြောင့် ပြောနိုင်သလဲ။

ဘာကြောင့် ပြောနိုင်တာလဲဆိုတော့ ကျမ်းစာက အနာဂတ်မှာ ဖြစ်မယ့်အရာတွေကို အသေးစိတ်ကအစ ကြိုပြောထားလို့ပါပဲ။ ဘယ်လူသားကမှ အဲဒီလို ကြိုမပြောနိုင်ဘူး။ (ယောရှု ၂၃:၁၄) အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်သာ လူတွေရဲ့အနာဂတ်ကို အတိအကျ ကြိုမြင်နိုင်စွမ်းရှိပါတယ်။​—ဟေရှာယ ၄၂:၉။ ၄၆:၁၀ ကိုဖတ်ပါ။

ဘုရားသခင်ဆီကလာတဲ့ စာအုပ်ဆိုရင် တကယ့်ကို ထူးခြားလိမ့်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်၊ တကယ်လည်း ထူးခြားနေပါတယ်။ ကျမ်းစာကို ဘာသာစကားပေါင်းများစွာနဲ့ အုပ်ရေသန်းပေါင်းများစွာ ထုတ်ဝေပြီးသွားပါပြီ။ ကျမ်းစာက ရှေးကျပေမဲ့ သိပ္ပံပညာနဲ့လည်း ကိုက်ညီမှုရှိတယ်။ ဒါ့အပြင် ကျမ်းရေးသူ အယောက် ၄၀ ရှိပေမဲ့လည်း သူတို့ရဲ့ ရေးသားမှုတွေမှာ ဆန့်ကျင်ကွဲလွဲတာ မရှိဘူး။a ကျမ်းစာက ဘုရားသခင့်မေတ္တာအကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြပြီး အခုအချိန်ထိ လူတွေရဲ့ အသက်တာကို ပြောင်းလဲပေးနိုင်စွမ်း ရှိနေတုန်းပါပဲ။ အဲဒီအချက်တွေကြောင့် သန်းနဲ့ချီတဲ့လူတွေဟာ ကျမ်းစာကို ဘုရားသခင့်စကားတော်လို့ ယုံကြည်နေတာဖြစ်ပါတယ်။​—၁ သက်သာလောနိတ် ၂:၁၃ ကိုဖတ်ပါ။

ကျမ်းစာက ဘုရားသခင်ဆီကလာတာလို့ ဘာကြောင့် ပြောနိုင်သလဲ ဗီဒီယိုကိုကြည့်ပါ။

၃။ ကျမ်းစာထဲမှာ ဘာအကြောင်းတွေ ပါသလဲ။

မူလသာယာလှပတဲ့ ပရဒိသုဥယျာဉ်၊ ပရဒိသုပျောက်ဆုံးခြင်း၊ နောဧခတ်ရေလွှမ်းမိုးချိန်၊ မောရှေနဲ့ပညတ်တော် ၁၀ ပါးနဲ့ ယေရှူသွန်သင်ပေးနေပုံ။

ကျမ်းစာရဲ့ အဓိကအကြောင်းတစ်ခုက လူတွေအတွက် ဘုရားသခင် ပြင်ဆင်ပေးမယ့် ကောင်းမြတ်လှတဲ့ အနာဂတ်သတင်းကောင်း ဖြစ်ပါတယ်။ သာယာလှပတဲ့ကမ္ဘာပေါ် အသက်ရှင်ရမယ့်အခွင့်ထူးဟာ လူ့သမိုင်းစတင်ကတည်းက ဘယ်လို ဆုံးရှုံးသွားတယ်၊ ဒါပေမဲ့ ဒီကမ္ဘာကြီးက သာယာလှပတဲ့ ပရဒိသုဥယျာဉ် ဘယ်လိုပြန်ဖြစ်လာမယ် ဆိုတဲ့အကြောင်းတွေကို ကျမ်းစာက ရှင်းပြပါတယ်။​—ဗျာဒိတ် ၂၁:၄၊ ၅ ကိုဖတ်ပါ။

ကျမ်းစာမှာ ပညတ်တွေ၊ မူတွေနဲ့ အကြံပေးချက်တွေလည်း ပါရှိတယ်။ ဘုရား သခင်က သူ့လူမျိုးနဲ့ ဘယ်လို ဆက်ဆံသလဲဆိုတာတွေလည်း ပါတယ်။ အဲဒါတွေကို ကြည့်ပြီး ဘုရားသခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာ ကျွန်တော်တို့ သိရှိနိုင်ပါတယ်။ ဒါကြောင့် ဘုရားသခင်အကြောင်းသိအောင် ကျမ်းစာက ကူညီပေးနိုင်ပါတယ်။ ဘုရားသခင့်မိတ်ဆွေ ဘယ်လိုဖြစ်နိုင်သလဲဆိုတာကိုပါ ရှင်းပြပေးနိုင်ပါတယ်။​—ဆာလံ ၁၉:၇၊ ၁၁။ ယာကုပ် ၂:၂၃၊ ၄:၈ တို့ကိုဖတ်ပါ။

၄။ ကျမ်းစာကို နားလည်အောင် ဘာက ကူညီပေးမလဲ။

ဒီစာစောင်က ကျမ်းစာကို နားလည်အောင် ကူညီပေးမှာဖြစ်တယ်။ ဒီစာစောင်က ယေရှုသုံးခဲ့တဲ့နည်းကိုပဲ သုံးထားပါတယ်။ ယေရှုဟာ ကျမ်းချက်တစ်ချက် ကိုးကားပြီးတိုင်း “ကျမ်းချက်တွေရဲ့ အဓိပ္ပာယ်” ကို ရှင်းပြခဲ့တယ်။​—လုကာ ၂၄:၂၇၊ ၄၅ ကိုဖတ်ပါ။

ဘုရားသခင်ဆီကလာတဲ့ သတင်းကောင်းက တခြားသတင်းတွေထက် ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီသတင်းကောင်းကို လူတချို့ စိတ်မဝင်စားကြဘူး။ တချို့ဆိုရင် စိတ်အနှောင့်အယှက်တောင် ဖြစ်ကြသေးတယ်။ သူတို့ကြောင့် စိတ်ဓာတ်မကျပါနဲ့။ သင့်ရဲ့ ထာဝရအသက်မျှော်လင့်ချက်က ဘုရားသခင်အကြောင်း ဘယ်လောက်သိသလဲ ဆိုတဲ့အချက်အပေါ် မူတည်နေပါတယ်။​—ယောဟန် ၁၇:၃ ကိုဖတ်ပါ။

ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ အခန်း ၂ မှာ ဖတ်ကြည့်ပါ။

a လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် စာစောင်ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ