ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • fg အခန်း ၁၁ မေးခွန်းများ ၁-၄
  • ကျမ်းစာမူတွေ အကျိုးရှိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမူတွေ အကျိုးရှိသလား
  • လူမျိုးအားလုံးအတွက် သတင်းကောင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ခြေလှမ်းများကို ဘုရားသခင်ရေးရာ မူများဖြင့် လမ်းညွှန်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ကျင့်ဝတ်မူကို ပိုင်းခြားသိမြင်ခြင်းက ရင့်ကျက်မှုကိုထင်ဟပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဘုရားသခင်ဆိုင်ရာမူများ အကျိုးပြုနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဘုရားသခင့်ပညတ်တွေက ကျွန်ုပ်တို့ကို ဘယ်လိုအကျိုးပြုသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
လူမျိုးအားလုံးအတွက် သတင်းကောင်း
fg အခန်း ၁၁ မေးခွန်းများ ၁-၄

အခန်း ၁၁

ကျမ်းစာမူတွေ အကျိုးရှိသလား

၁။ ကျွန်တော်တို့ ဘာကြောင့် လမ်းညွှန်မှု လိုအပ်သလဲ။

ကျမ်းစာလမ်းညွှန်ချက်ကို ကျင့်သုံး– မိခင်က ကလေးကို ကားထိုင်ခုံခါးပတ် ပတ်ပေး၊ သားအဖ နှစ်ယောက် စက်ဘီးစီး ဦးထုပ်ဆောင်းထား၊ ကိုယ်ဝန်ဆောင်မိခင် နဲ့ အလုပ်သမား သတိပေးချက်တွေကို လိုက်နာ

ကြိုတင်ကာကွယ်မှုတွေပြုလုပ်ဖို့ ကျွန်တော်တို့ကို ကျမ်းစာမူတွေက ဘယ်လို လှုံ့ဆော်ပေးနိုင်သလဲ —ဆာလံ ၃၆:၉။

ဖန်ဆင်းရှင်ဟာ ဉာဏ်ပညာအရာမှာ ကျွန်တော်တို့ထက် အများကြီးသာလွန်ပါတယ်။ မေတ္တာရှင်ဖခင် ဘုရားသခင်က ကျွန်တော်တို့ကို ဂရုစိုက်နေတယ်။ ဘုရားသခင်မပါဘဲ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်ဖို့ ကျွန်တော်တို့ကို မဖန်ဆင်းထားပါဘူး။ (ယေရမိ ၁၀:၂၃) ဒါကြောင့် ကလေးတစ်ယောက်က မိဘရဲ့လမ်းညွှန်မှု လိုအပ်သလို ကျွန်တော်တို့လည်း ဘုရားသခင်ရဲ့ လမ်းညွှန်မှု လိုအပ်တယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ကျမ်းစာမူတွေဟာ ဘုရားသခင်ဆီကလာတဲ့ ဆုလက်ဆောင်ဖြစ်ပြီး ကျွန်တော်တို့ကို လမ်းညွှန်ပေးပါတယ်။​—၂ တိမောသေ ၃:၁၆ ကိုဖတ်ပါ။

ယေဟောဝါဘုရားရဲ့ ပညတ်တွေနဲ့ မူတွေဟာ အခုအချိန်မှာ အကောင်းဆုံးဘဝလမ်းစဉ်နဲ့ နေထိုင်ဖို့ သွန်သင်ပေးတဲ့အပြင် အနာဂတ်မှာ ထာဝရအသက် ရရှိဖို့ ဘာလုပ်ရမလဲဆိုတာကိုလည်း ဖော်ပြပေးတယ်။ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်လို့ ဘုရားရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်သင့်ပြီး လိုလိုလားလား လိုက်လျှောက်သင့်ပါတယ်။​—ဆာလံ ၁၉:၇၊ ၁၁။ ဗျာဒိတ် ၄:၁၁ တို့ကိုဖတ်ပါ။

၂။ ကျမ်းစာမူတွေဆိုတာ ဘာကိုပြောတာလဲ။

ကျမ်းစာမူတွေဟာ အခြေခံအမှန်တရားတွေ ဖြစ်ပါတယ်။ ဒါပေမဲ့၊ အခြေအနေတချို့အတွက် သတ်သတ်မှတ်မှတ် ဖော်ပြထားတဲ့ ပညတ်တွေလည်း ရှိပါတယ်။ (တရားဟောရာ ၂၂:၈) ကျမ်းစာမူတစ်ခုက အခြေအနေတစ်ခုနဲ့ ဘယ်လိုသက်ဆိုင်သလဲဆိုတာ နားလည်အောင် ကျွန်တော်တို့ရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို အသုံးပြုရမယ်။ (ပညာအလိမ္မာ ၂:၁၀-၁၂) ဥပမာ၊ အသက်ဟာ ဘုရားသခင်ဆီကလာတဲ့ ဆုလက်ဆောင်ဖြစ်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီအခြေခံမူက အလုပ်ခွင်မှာ၊ အိမ်မှာ၊ ခရီးသွားနေတဲ့အချိန်မှာတောင် ကိုယ့်အတွက်ရော တခြားသူတွေအတွက်ပါ ဘေးကင်းအောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ ကျွန်တော်တို့ကို လမ်းညွှန်ပေးပါတယ်။​—တမန်တော် ၁၇:၂၈ ကိုဖတ်ပါ။

၃။ အရေးကြီးတဲ့ ကျမ်းစာမူနှစ်ခုက ဘာလဲ။

အရေးကြီးတဲ့ ကျမ်းစာမူ နှစ်ခုကို ယေရှု ပြောပြခဲ့တယ်။ လူသားတွေ အသက်ရှင်ရတဲ့ အဓိကရည်ရွယ်ချက်က ဘုရားသခင်ကို သိရှိဖို့၊ ချစ်ဖို့၊ သစ္စာရှိရှိ ဝတ်ပြုဖို့ဆိုတာ ပထမကျမ်းစာမူကနေ သိရှိရတယ်။ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချတိုင်း အဲဒီမူကို ထည့်သွင်းသုံးသပ်သင့်တယ်။ (ပညာအလိမ္မာ ၃:၆) အဲဒီမူနဲ့အညီ နေထိုင်တဲ့သူတွေဟာ ဘုရားသခင်နဲ့ မိတ်ဆွေဖွဲ့ ခွင့်၊ စစ်မှန်တဲ့ပျော်ရွှင်မှုအပြင် အနာဂတ်မှာ ထာဝရအသက်ကိုပါ ရရှိကြပါမယ်။​—မဿဲ ၂၂:၃၆-၃၈ ကိုဖတ်ပါ။

ဒုတိယကျမ်းစာမူက သူတစ်ပါးနဲ့ သင့်သင့်မြတ်မြတ် နေတတ်အောင် လမ်းညွှန်ပေးပါတယ်။ (၁ ကောရိန္သု ၁၃:၄-၇) ဒုတိယကျမ်းစာမူကို ကျင့်သုံးမယ် ဆိုရင် လူတွေနဲ့ ဘုရားသခင် ဆက်ဆံပုံကို တုပရာရောက်တယ်။​—မဿဲ ၇:၁၂။ ၂၂:၃၉၊ ၄၀ ကိုဖတ်ပါ။

၄။ ကျမ်းစာမူတွေက အကျိုးရှိသလား။

ပျော်ရွှင်တဲ့မိသားစု

ကျမ်းစာမူတွေက အချင်းချင်း ချစ်ပြီး စည်းလုံးညီညွတ်တဲ့ မိသားစုတွေဖြစ်လာအောင် သွန်သင်ပေးပါတယ်။ (ကောလောသဲ ၃:၁၂-၁၄) မိသားစုတွေ မပြိုကွဲအောင် ကာကွယ်ပေးတဲ့ နောက်မူတစ်ခုက အိမ်ထောင်မင်္ဂလာဟာ ရာသက်ပန်ဖြစ်ရမယ် ဆိုတဲ့အချက်ပါပဲ။​—ကမ္ဘာဦး ၂:၂၄ ကိုဖတ်ပါ။

ကျမ်းစာသွန်သင်ချက်တွေကို ကျင့်သုံးမယ်ဆိုရင် ရုပ်ပစ္စည်း ဖူလုံပြီး စိတ်ငြိမ်သက်မှု ရရှိပါလိမ့်မယ်။ ဥပမာ၊ ရိုးသားကြိုးစားပါဆိုတဲ့ ကျမ်းစာမူနဲ့အညီ နေထိုင်တဲ့ အလုပ် သမားတွေကို အလုပ်ရှင်တွေက လိုချင်ကြတယ်။ (ပညာအလိမ္မာ ၁၀:၄၊ ၂၆။ ဟီဘရူး ၁၃:၁၈) ရှိတာလေးနဲ့ ရောင့်ရဲတတ်ဖို့၊ ရုပ်ပစ္စည်းထက် ဘုရားသခင်နဲ့ မိတ်ဆွေ ဖွဲ့ခွင့်ရတာကို တန်ဖိုးထားတတ်ဖို့လည်း ကျမ်းစာက သွန်သင်ပေးပါတယ်။​—မဿဲ ၆:၂၄၊ ၂၅၊ ၃၃။ ၁ တိမောသေ ၆:၈-၁၀ တို့ကိုဖတ်ပါ။

ကျမ်းစာမူတွေနဲ့အညီ နေထိုင်ခြင်းက ကျန်းမာရေးကိုလည်း အကျိုးပြုနိုင်ပါတယ်။ (ပညာအလိမ္မာ ၁၄:၃၀။ ၂၂:၂၄၊ ၂၅) ဥပမာ၊ အရက်ကို လွန်ကြူးစွာမသောက်ရဆိုတဲ့ ဘုရားသခင်ရဲ့ပညတ်ကို ကျင့်သုံးမယ်ဆိုရင် ရောဂါတွေနဲ့ မတော်တဆမှုတွေကို ရှောင်ကြဉ်နိုင်မယ်။ (ပညာအလိမ္မာ ၂၃:၂၀) ကျမ်းစာအရ၊ အရက်ကို တော်ရုံသင့်ရုံသောက်ခွင့်ရှိပါတယ်။ (ဆာလံ ၁၀၄:၁၅။ ၁ ကောရိန္သု ၆:၁၀) ကိုယ့်လုပ်ရပ်နဲ့ အတွေးအခေါ်တွေ သတိလက်လွတ် မဖြစ်ရအောင် ကျမ်းစာမူတွေက ကူညီပေးတယ်။ (ဆာလံ ၁၁၉:၉၇-၁၀၀) ဒါပေမဲ့ ခရစ်ယာန်စစ်တွေဟာ ကိုယ့်အကျိုးအတွက်လောက်ပဲ မဟုတ်ဘဲ ဘုရားသခင်ကို ဂုဏ်တင်ဖို့အတွက်ပါ ကျမ်းစာမူတွေကို ကျင့်သုံးနေတာဖြစ်တယ်။​—မဿဲ ၅:၁၄-၁၆ ကိုဖတ်ပါ။

ပိုသိချင်တယ်ဆိုရင် သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ အခန်း ၁၂ နဲ့ ၁၃ မှာဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ