ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၁/၁၅ စာ. ၁၅
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဓမ္မဟောင်းကျမ်း” သည် မည်မျှယုံကြည်လောက်သနည်း
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • ယေရိခေါမြို့ရိုး အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယောရှုကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ခေါင်းဆောင် ခရစ်တော်ကို ယုံကြည်စိတ်ချပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၁/၁၅ စာ. ၁၅
ယဇ်ပုရောဟိတ်တွေ တံပိုးမှုတ်နေ၊ ယောရှု စစ်ညာသံပေးနေ၊ ယေရိခေါမြို့ရိုး ပြိုကျလာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရိခေါမြို့ကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့မှန်း ဘယ်ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုက ဖော်ပြသလဲ။

အစ္စရေးစစ်သားတွေဟာ ယေရိခေါမြို့ပတ်လည်ကို တစ်ရက်မှာ တစ်ပတ်နှုန်းနဲ့ ခြောက်ရက်တိတိ လှည့်ပတ်ချီတက်ကြတယ်လို့ ယောရှု ၆:၁၀-၁၅၊ ၂၀ မှာ ပြောထားတယ်။ ခုနစ်ရက်မြောက်နေ့မှာတော့ မြို့ကို ခုနစ်ပတ် ပတ်ကြတယ်။ အဲဒီနောက် ဘုရားသခင်က ခိုင်မာလှတဲ့ ယေရိခေါမြို့ရိုးကို ပြိုကျစေခဲ့တယ်။ မြို့ကို အစ္စရေးတွေ သိမ်းပိုက်လိုက်ကြတယ်။ ကျမ်းစာမှာပြောတဲ့အတိုင်း ယေရိခေါမြို့ကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတာ ဖော်ပြတဲ့ ရှေးဟောင်းသုတေသန ရှာဖွေတွေ့ရှိမှုတစ်ခုခု ရှိသလား။

ရှေးခေတ်တုန်းက ရန်သူတွေဟာ မြို့တစ်မြို့ကို တိုက်ခိုက်ဖို့ ဦးဆုံး ဝိုင်းရံပိတ်ဆို့ကြတယ်။ ဝိုင်းရံပိတ်ဆို့ထားချိန်မှာ မြို့သားတွေဟာ မြို့ထဲမှာသိုလှောင်ထားတဲ့ အစားအစာတွေကိုသာ စားရတဲ့အတွက် ဝိုင်းရံပိတ်ဆို့ချိန် ကြာမြင့်မယ်ဆိုရင် အစားအစာတွေလည်း ကုန်သလောက်ဖြစ်သွားမှာပဲ။ နောက်ဆုံး၊ မြို့ကို ရန်သူတွေ သိမ်းပိုက်တဲ့အခါ လက်ကျန်အစားအစာတွေ အပါအဝင် ရှိသမျှကို သိမ်းယူကြတယ်။ ဒါကြောင့် ဝိုင်းရံပိတ်ဆို့ပြီးမှ တိုက်ခိုက်ခံခဲ့ရတဲ့ ပါလက်စတိုင်းမြို့တွေရဲ့ အပျက်အယွင်းတွေကို ရှာဖွေတွေ့ရှိတဲ့အခါ လက်ကျန်အစားအစာတွေကို လုံးဝမတွေ့ရသလောက်ပဲ။ ဒါပေမဲ့ ယေရိခေါမြို့ရဲ့ အပျက်အယွင်းတွေကတော့ ထူးခြားတယ်။ ဂျာနယ်တစ်စောင် (Biblical Archaeology Review) က အခုလိုပြောတယ်– “မြို့အပျက်အယွင်းတွေထဲမှာ အများဆုံးတွေ့ရတာကတော့ မြေထည်ပစ္စည်းတွေနဲ့ ကောက်နှံတွေပဲ။ . . . ဒီလောက်များတဲ့ ကောက်နှံတွေကို တွေ့ရတာ တော်တော်ထူးခြားတယ်။”

ယေရိခေါမြို့ထဲက ဘယ်အစားအစာကိုမှ မသိမ်းယူဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာထားတဲ့အတွက် ဘာကိုမှ သူတို့မသိမ်းယူကြဘူးလို့ ကျမ်းစာပြောတယ်။ (ယောရှု ၆:၁၇၊ ၁၈) အဲဒီအပြင် ကောက်ရိတ်ပြီးခါစအချိန်၊ မြို့ထဲမှာ ကောက်နှံအလျှံပယ်ရှိချိန်ဖြစ်တဲ့ နွေဦးမှာ ယေရိခေါမြို့ကို အစ္စရေးတွေ တိုက်ခိုက်ခဲ့တယ်လို့လည်း ကျမ်းစာပြောတယ်။ (ယောရှု ၃:၁၅-၁၇; ၅:၁၀) ဒါကြောင့် ယေရိခေါမြို့ထဲမှာ ကောက်နှံအမြောက်အမြား ကျန်နေတယ်ဆိုတဲ့ အချက်က ကျမ်းစာပြောတဲ့အတိုင်း မြို့ကို ဝိုင်းရံပိတ်ဆို့ချိန် တိုတောင်းခဲ့တယ်ဆိုတာကို အတည်ပြုထောက်ခံတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ