ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၈ အမှတ် ၃ စာ. ၄-၅
  • သင့်ကို ဘုရား သိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ကို ဘုရား သိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖန်ဆင်းခြင်းက သွန်သင်ရာ
  • ဘုရားသခင့် ဂရုစိုက်စောင့်ရှောက်မှုနဲ့ပတ်သက်ပြီး ကျမ်းစာ သွန်သင်ရာ
  • “ကျွန်မကို ယေဟောဝါ မချစ်ဘူးလို့ ခံစားခဲ့ရ”
  • မီးတွင်း စိတ်ကျဝေဒနာကို—နားလည်သဘောပေါက်ခြင်း
    နိုးလော့!—၂၀၀၄
  • သားသမီးရခြင်း—တာဝန်လည်းဖြစ် ဆုလည်းဖြစ်
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • ရင်သွေးငယ်များ လိုအပ်ရာနှင့် လိုချင်ရာ
    နိုးလော့!—၂၀၀၄
  • သားသမီးရလာခြင်းက အိမ်ထောင်ရေးမှာ အပြောင်းအလဲ ဖြစ်ပေါ်စေနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
ကလ၁၈ အမှတ် ၃ စာ. ၄-၅
ပန်းခြံထဲက ခုံတန်းရှည်ပေါ် ထိုင်ပြီး ငှက်တွေကို ကြည့်နေတဲ့ ဇနီးမောင်နှံ

‘ခင်ဗျားတို့ဟာ ပိုတန်ဖိုးရှိပါတယ်။’—မဿဲ ၁၀:၃၁

ဘုရား သင့်ကို သိသလား

ဖန်ဆင်းခြင်းက သွန်သင်ရာ

မွေးကင်းစကလေးအတွက် မိခင်ဝမ်းထဲကနေ ထွက်ထွက်ချင်း ဦးဆုံး မိနစ် ၆၀ ဟာ သိပ်အရေးပါတယ်။ ဘာကြောင့်လဲ။ ဒီအချိန်အတွင်း မိခင်ရဲ့ ယုယပိုက်ထွေးမှုဟာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အကြီးအကျယ် တိုးတက်စေနိုင်လို့ပဲ။a

မွေးကင်းစကလေးကို ယုယပိုက်ထွေးဖို့ မိခင်ကို ဘာက လှုံ့ဆော်ပေးသလဲ။ အောက်ဆီတိုစင် ဟော်မုန်းက “မီးဖွားပြီးနောက် ကလေးကို ထိတွေ့၊ ကြည့်ရှုပြီး နို့ချိုတိုက်ကျွေးရင်း မိခင်စိတ် ဝင်လာအောင် လှုံ့ဆော်ပေးတယ်” လို့ မဂ္ဂဇင်းတစ်စောင် (The Journal of Perinatal Education) မှာ ပါမောက္ခ ဂျဲနက် ခရန်ရှော ရှင်းပြတယ်။ ဒီလိုအချိန်မှာ ထွက်တဲ့ ဟော်မုန်း နောက်တစ်မျိုးကလည်း “ကလေးအပေါ် တုံ့ပြန်ဖို့ မိခင်ကို လှုံ့ဆော်ပေးတယ်။” ဒါ ဘာကြောင့် ထူးခြားသလဲ။

မိခင်နဲ့ ကလေးကြားက သံယောဇဉ်နှောင်ကြိုးကို မေတ္တာရှိတဲ့ ဖန်ဆင်းရှင် ယေဟောဝါဘုရား ဒီဇိုင်းဆွဲထားတယ်။b “အမေ့ဝမ်းထဲကနေ ခေါ်ထုတ်ပြီး” အမေ့ရင်ခွင်မှာ ဘေးကင်းလုံခြုံစေတဲ့အတွက် ဘုရားသခင်ကို ဘုရင်ဒါဝိဒ် ချီးမွမ်းခဲ့တယ်။ “ကျွန်တော်ဟာ မွေးကတည်းက ကိုယ်တော်ဂရုစိုက်တာ ခံခဲ့ရသူပါ။ အမေ့ဝမ်းထဲမှာ ရှိကတည်းက ကိုယ်တော်ဟာ ကျွန်တော့်ဘုရားသခင်ပါ” လို့ ဒါဝိဒ် ဆုတောင်းတယ်။—ဆာလံ ၂၂:၉၊ ၁၀။

သုံးသပ်ကြည့်ပါ– မိခင်တွေ ကလေးကို မေတ္တာနဲ့ ဂရုစိုက်ကြည့်ရှုပြီး ကလေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ရှုပ်ထွေးတဲ့စနစ်ကို ဘုရား ဖန်ဆင်းခဲ့တယ်ဆိုရင် “ဘုရားရဲ့ သားသမီးတွေ” ဖြစ်တဲ့ ကျွန်တော်တို့တစ်ဦးစီကို ဘုရား ဂရုစိုက်တယ်ဆိုတာ ယုတ္တိရှိတယ် မဟုတ်လား။—တမန်တော် ၁၇:၂၉။

ဘုရားသခင့် ဂရုစိုက်စောင့်ရှောက်မှုနဲ့ပတ်သက်ပြီး ကျမ်းစာ သွန်သင်ရာ

ဖန်ဆင်းရှင်အကြောင်း တခြားသူတွေထက် ပိုနားလည်တဲ့ ယေရှုခရစ်က “စာငှက်နှစ်ကောင်ကို ငွေတစ်ပြားနဲ့ ဝယ်လို့ရတယ် မဟုတ်လား။ အဖဘုရား မသိဘဲနဲ့ အဲဒီစာငှက်တစ်ကောင်မှ မြေပေါ်မကျဘူး။ ခင်ဗျားတို့ရဲ့ ဆံပင်တွေကိုတောင် အကုန် ရေတွက်ထားတယ်။ ဒါကြောင့် မကြောက်ပါနဲ့။ ခင်ဗျားတို့ဟာ စာငှက်လေးတွေထက် ပိုတန်ဖိုးရှိပါတယ်” လို့ သင်ပေးတယ်။—မဿဲ ၁၀:၂၉-၃၁။

ငှက်တစ်ကောင်ချင်းကို သတိထားကြည့်မိတဲ့သူ ရှားပါတယ်။ ငှက်တစ်ကောင် မြေပေါ်ကျတာကို သိဖို့ဆိုရင်တော့ ပိုဝေးတာပေါ့။ ဒါပေမဲ့ ကောင်းကင်ဖခင်က ငှက်တစ်ကောင်ချင်းကို သိတယ်။ လူကို ငှက်တွေထက် ပိုတန်ဖိုးထားတယ်။ သင်ခန်းစာကတော့ ဘုရား သတိမထားမိမှာကို တွေးပူနေဖို့ မလိုပါဘူး။ သင့်ကို ဘုရား တကယ်ဂရုစိုက်ပါတယ်။

ကျွန်တော်တို့ရဲ့ ကောင်းကျိုးကို ဘုရား တကယ် စိတ်ဝင်စားပြီး မေတ္တာနဲ့ ဂရုစိုက်စောင့်ရှောက်နေတယ်

ယုံကြည်စိတ်ချစေတဲ့ ကျမ်းချက်များ

  • “ယေဟောဝါက အရာရာကို မြင်တယ်။ လူဆိုးတွေကိုရော လူကောင်းတွေကိုပါ ကြည့်နေတယ်။” —ပညာအလိမ္မာ ၁၅:၃။

  • “ယေဟောဝါက ဖြောင့်မတ်သူတွေကို ကြည့်ရှုနေတယ်။ သူတို့ရဲ့ အော်ဟစ်အကူအညီတောင်းသံကို နားထောင်နေတယ်။”—ဆာလံ ၃၄:၁၅။

  • “ခိုင်မြဲတဲ့မေတ္တာတော်ကြောင့် ကျွန်တော် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမှာပါ။ ကျွန်တော် ဒုက္ခရောက်နေတာကို ကိုယ်တော် မြင်တယ်။ အကြီးအကျယ် သောကရောက်နေတာကို သိတယ်။”—ဆာလံ ၃၁:၇။

“ကျွန်မကို ယေဟောဝါ မချစ်ဘူးလို့ ခံစားခဲ့ရ”

ကျွန်တော်တို့ရဲ့ ကောင်းကျိုးကို ဘုရား တကယ် စိတ်ဝင်စားပြီး မေတ္တာနဲ့ ဂရုစိုက်နေတယ်ဆိုတာ သိရခြင်းက ဘဝကို ပြောင်းလဲစေနိုင်သလား။ ပြောင်းလဲစေနိုင်ကြောင်း အင်္ဂလန်နိုင်ငံက ဟဲနာ ပြောပြတယ်။c

“ကျွန်မကို ယေဟောဝါ မချစ်ဘူး၊ ဆုတောင်းချက်တွေကို မဖြေပေးဘူးလို့ အကြိမ်ကြိမ် ခံစားခဲ့ရတယ်။ ကိုယ့်မှာ ယုံကြည်ခြင်း မရှိလို့ဆိုပြီး ထင်ခဲ့တယ်။ ကျွန်မကို ဘုရား အပြစ်ပေးနေတာ၊ အရေးမပါလို့ လျစ်လျူရှုထားပြီး ဂရုမစိုက်ဘူးလို့ ခံစားခဲ့ရတယ်။”

အခုတော့ ယေဟောဝါရဲ့ ဂရုစိုက်မှုနဲ့ မေတ္တာကို ဟဲနာ သံသယမဝင်တော့ဘူး။ ဘာက ပြောင်းလဲသွားစေတာလဲ။ “တကယ့် အပြောင်းအလဲပါပဲ။ ယေရှုရွေးဖိုးနဲ့ပတ်သက်တဲ့ ဟောပြောချက်တစ်ခုက ကျွန်မအပေါ် အကြီးအကျယ် အကျိုးသက်ရောက်ခဲ့တယ်။ အဲဒီဟောပြောချက်က ယေဟောဝါရဲ့ မေတ္တာကို သံသယမဝင်အောင် ကူညီပေးတယ်။ ဆုတောင်းချက်တွေ အဖြေရတဲ့အခါ ယေဟောဝါရဲ့ မေတ္တာကို နားလည်လာပြီး မျက်ရည်ကျရတာ ခဏခဏပဲ။ ကျမ်းစာလေ့လာပြီး အစည်းအဝေးတွေ တက်တာက ယေဟောဝါအကြောင်း၊ ဘုရားရဲ့ အရည်အသွေးတွေအကြောင်း၊ ကျွန်မတို့အပေါ်ထားတဲ့ ခံစားချက်တွေအကြောင်း ပိုသိလာစေတယ်။ ကျွန်မတို့အားလုံးကို ယေဟောဝါ ချစ်မှန်း၊ တစ်ယောက်စီကို ကူညီစောင့်ရှောက်ချင်မှန်း အခု နားလည်ပါပြီ။”

ဟဲနာရဲ့ စကားတွေက အားရှိစရာပါပဲ။ ဒါပေမဲ့ သင့်ကို ဘုရား နားလည်မှန်း၊ ခံစားချက်တွေကို သိမှန်း ဘယ်လို သိနိုင်မလဲ။ နောက်ဆောင်းပါးက အဖြေပေးပါလိမ့်မယ်။

a မီးတွင်း စိတ်ကျဝေဒနာ ခံစားနေရတဲ့ မိခင်တချို့ဟာ ကလေးကို ယုယပိုက်ထွေးဖို့ အခက်တွေ့နိုင်တယ်။ သူတို့ကို အပြစ်မတင်သင့်ဘူး။ အမေရိကန် အမျိုးသား စိတ်ကျန်းမာရေး တက္ကသိုလ်ရဲ့ အဆိုအရ မီးတွင်း စိတ်ကျဝေဒနာဟာ “ရုပ်ပိုင်း၊ စိတ်ပိုင်း အခြေအနေတွေကြောင့် ဖြစ်ပုံရတယ်။ မိခင်တစ်ယောက် တစ်ခုခုကို လုပ်လို့၊ မလုပ်လို့ ဖြစ်တာ မဟုတ်ပါဘူး။” ထပ်သိချင်ရင် ၂၀၀၄၊ မတ် ၈ ရက်ထုတ် နိုးလော့! “မီးတွင်း စိတ်ကျဝေဒနာကို နားလည်သဘောပေါက်ခြင်း” ဆောင်းပါးကို ကြည့်ပါ။

b ယေဟောဝါဆိုတာ ကျမ်းစာမှာပါတဲ့ ဘုရားသခင့် နာမည်ပါ။—ဆာလံ ၈၃:၁၈။

c ဒီဆောင်းပါးတွဲထဲက နာမည်တချို့ကို ပြောင်းထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ