ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၂၂ အမှတ် ၁ စာ. ၁၃-၁၅
  • ၄ | မျှော်လင့်ချက် ရှင်သန်နေစေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၄ | မျှော်လင့်ချက် ရှင်သန်နေစေပါ
  • နိုးလော့!—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် အရေးကြီး
  • သိသင့်သိအပ်ရာ
  • ယခု လုပ်ဆောင်နိုင်ရာ
  • ကျမ်းစာက စစ်မှန်တဲ့ မျှော်လင့်ချက် ရှိစေ
  • မျှော်လင့်ချက်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကျမ်းစာထဲက မျှော်လင့်ချက်ရောင်ခြည်
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာသင်ခန်းစာ မိတ်ဆက်
  • ၂၀၂၄ ခုနှစ်မှာ မျှော်လင့်ချက် ရှာဖွေခြင်း—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၂၂
န၂၂ အမှတ် ၁ စာ. ၁၃-၁၅
ပန်းအိုးဘေးမှာ ဖွင့်ထားတဲ့ကျမ်းစာ။

ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ

၄ | မျှော်လင့်ချက် ရှင်သန်နေစေပါ

ဘာကြောင့် အရေးကြီး

ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ စိုးရိမ်သောကတွေကြောင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်ကြရတယ်။ အခြေအနေဆိုး ကြုံနေရသူတွေခမျာ မျှော်လင့်ချက်ရောင်ခြည် ရေးရေးလေးတောင် မကျန်တော့ဘူး။ သူတို့ ဘာလုပ်ကြသလဲ။

  • တချို့က အနာဂတ်အကြောင်း ခေါင်းထဲ မထည့်ချင်တော့ဘူး။

  • ဖိစီးမှုဒဏ် မခံနိုင်လို့ အရက်၊ မူးယစ်ဆေး သုံးတဲ့သူတွေလည်း ရှိတယ်။

  • ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သူတွေတောင် ရှိတယ်။ “ဘာအတွက် အသက်ဆက်ရှင်ရမှာလဲ။ သေတာမှ ကောင်းဦးမယ်” ဆိုပြီး ပြောကြတယ်။

သိသင့်သိအပ်ရာ

  • လောလောဆယ် ကြုံနေရတဲ့ ပြဿနာတွေဟာ အချိန်မရွေး အကောင်းဘက်ကို ပြောင်းသွားနိုင်တယ်။

  • မပြောင်းလဲရင်တောင် အခက်အခဲကို ရင်ဆိုင်နိုင်ဖို့ လုပ်နိုင်စရာတွေ ရှိပါတယ်။

  • စစ်မှန်တဲ့ မျှော်လင့်ချက် ရှိတယ်၊ လူ့ပြဿနာတွေကို အပြီးအပိုင် ဖယ်ရှားပေးမယ်လို့ ကျမ်းစာ ကတိပေးထားတယ်။

ယခု လုပ်ဆောင်နိုင်ရာ

ကျမ်းစာအဆို။ “နေ့ရက်တိုင်းဟာ သူ့စိုးရိမ်စရာနဲ့သူ ရှိနေမှာဆိုတော့ မနက်ဖြန်အတွက် ဘယ်တော့မှ မစိုးရိမ်ပါနဲ့။ ဒီနေ့ ကြုံရတဲ့ အခက်အခဲကိုပဲ စဉ်းစားပါ။”—မဿဲ ၆:၃၄။

တစ်နေ့တာအတွက်ပဲ စဉ်းစားပါ။ ဒီနေ့ လုပ်ရမယ့်အရာတွေကို အာရုံမစိုက်နိုင်တဲ့အထိ မနက်ဖြန်အတွက် တွေးပူနေတာမျိုးကို ရှောင်ပါ။

မဖြစ်လာသေးတာတွေကို ကြိုတွေးပြီး သောကရောက်နေရင် အခြေအနေ ပိုဆိုးရုံပဲ ရှိမယ်။ မျှော်လင့်ချက် မဲ့သည်ထက် မဲ့လာမယ်။

ဘယ်လို ရှေ့ဆက် ရပ်တည်နိုင်မလဲ—အကြံပြုချက်

အကောင်းမြင်စိတ် မွေးပါ

အမျိုးသမီးတစ်ယောက် ပြတင်းပေါက်ကနေ ငေးကြည့်နေစဉ်။

ကျမ်းစာအဆို။ “ဒုက္ခရောက်နေသူအတွက် နေ့ရက်တိုင်းဟာ ဆိုးရွားလှတယ်။ စိတ်ရွှင်လန်းသူတွေအတွက်တော့ အချိန်တိုင်းဟာ စားသောက်ပွဲ ဖြစ်နေတယ်။” (ပညာအလိမ္မာ ၁၅:၁၅) အဆိုးမြင်စိတ်က ပြဿနာဖြေရှင်းနည်းတွေကို မျက်စိမှောက်သွားစေနိုင်တယ်။ အကောင်းမြင်စိတ်ကတော့ ဖြေရှင်းနည်းတွေကို တွေးမိစေတယ်။

  • သတင်း ကြည့်ချိန်၊ ဖတ်ချိန်ကို ကန့်သတ်ထားပါ။

  • တစ်နေ့တာ အဆုံးမှာ ကျေးဇူးတင်စရာအချက် တစ်ချက် နှစ်ချက်လောက် ချရေးထားပါ။

  • လုပ်ရမယ့်အရာတွေကို စာရင်းလုပ်ထားပါ။ ဒီနေ့ လုပ်နိုင်တာတွေကိုပဲ ထည့်ရေးပါ။ အလုပ်တွေ လွယ်သွားအောင်၊ တစ်နေ့တာ အလုပ်ပြီးအောင် နည်းနည်းစီ ခွဲလုပ်ပါ။

အကူအညီ ယူပါ

အသက်ကြီးသူတစ်ယောက်က လူငယ်တစ်ယောက်ကို အားပေးနေစဉ်။

ကျမ်းစာအဆို။ “တစ်သီးပုဂ္ဂလနေတဲ့သူဟာ အတ္တဆန္ဒနောက်ကိုပဲ လိုက်တတ်တယ်။ လက်တွေ့ကျ ဉာဏ်ပညာမှန်သမျှကို ငြင်းပယ်တတ်တယ်။” (ပညာအလိမ္မာ ၁၈:၁) တွင်းနက်ထဲကနေ တစ်ယောက်ထဲ ကုတ်ကတ်တွယ်တက်ဖို့ ကြိုးစားနေမယ့်အစား အကူအညီ ယူရင် အောင်မြင်နိုင်မယ်။

  • မိသားစု၊ မိတ်ဆွေတွေကို အကူအညီ တောင်းပါ။

  • သူတို့ကို ကိုယ့်ဘက်က ဘာတွေ ကူညီနိုင်သလဲဆိုတာ စဉ်းစားပါ။ တခြားသူတွေကို ကူညီတာက ကိုယ့်ပြဿနာတွေကို မျှမျှတတ ရှုမြင်နိုင်အောင် ကူညီပေးတယ်။

  • မျှော်လင့်ချက် မဲ့နေရင်၊ အသက်ရှင်ရကျိုး မနပ်ဘူးလို့ ခံစားရရင် ဆရာဝန်ပြဖို့ စဉ်းစားပါ။ စိတ်ကျရောဂါတို့လို စိတ်ပိုင်း မကျန်းမာတဲ့ လက္ခဏာလည်း ဖြစ်နိုင်တယ်။ ဆေးကုရင် ပြန်ကောင်းသွားတဲ့သူ အများကြီး ရှိတယ်။a

a နိုးလော့! က ဆေးကုသနည်းတစ်မျိုးမျိုးကို ထောက်ခံနေခြင်း မဟုတ်ပါ။

ကျမ်းစာက စစ်မှန်တဲ့ မျှော်လင့်ချက် ရှိစေ

ရှေးခေတ် ဆာလံကျမ်းရေးသူတစ်ဦးက “နှုတ်တော်ထွက်စကားဟာ ကျွန်တော့်ခြေကို လမ်းပြတဲ့ မီးခွက်ပါ။ လမ်းခရီးကို လင်းစေတဲ့ အလင်းပါ” လို့ ဆိုတယ်။ (ဆာလံ ၁၁၉:၁၀၅) ဘုရားရဲ့ တရားစကားတော် ကျမ်းစာက အဲဒီလို လုပ်ပေးနိုင်စွမ်း ရှိတယ်။

မှောင်မိုက်တဲ့ညမှာ မီးခွက်ဟာ ကိုယ်ခြေချရမယ့်လမ်းကို မြင်စေတယ်။ အလားတူပဲ၊ ကျမ်းစာက အခုလိုခေတ်ဆိုးကြီးမှာ ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ လမ်းပြပေးနိုင်တယ်။

အလင်းဟာ ရှေ့ခပ်လှမ်းလှမ်းမှာ ဘာတွေ ရှိနေသလဲဆိုတာ မြင်စေတယ်။ အလားတူပဲ၊ ကျမ်းစာက တောက်ပတဲ့ အနာဂတ် မျှော်လင့်ချက်ကို မြင်စေတယ်။

ကျမ်းစာက လူ့သမိုင်းကြောင်းကို ခြေရာခံတဲ့ စာအုပ်လောက်ပဲ မဟုတ်ဘူး။ စစ်မှန်တဲ့ မျှော်လင့်ချက် ရှိစေတဲ့ ကျမ်းဂန် ဖြစ်တယ်။ ကျမ်းစာမှာ ဒီမေးခွန်းတွေရဲ့ အဖြေတွေ ပါတယ်။

ဆင်းရဲဒုက္ခတွေ ဘယ်လို အစပြုခဲ့သလဲ

“အပြစ်ဟာ လူတစ်ယောက်ကြောင့် လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်။”—ရောမ ၅:၁၂။

ပြဿနာတွေကို လူ့အစိုးရ ဘာကြောင့် မဖြေရှင်းပေးနိုင်သလဲ

‘လူဟာ ကိုယ်သွားမယ့်လမ်းကို လမ်းညွှန်နိုင်စွမ်း မရှိဘူး။ ကိုယ့်ခြေလှမ်းကို လမ်းညွှန်ပိုင်ခွင့်လည်း မရှိပါဘူး’ လို့ ကျမ်းစာ ဆိုတယ်။ (ယေရမိ ၁၀:၂၃) လက်ရှိ ကမ္ဘာ့အခြေအနေတွေက သက်သေပါပဲ။

ဘုရားသခင် ဘာလုပ်ပေးမလဲ

“ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်က ဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၄။

”ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ” ဗီဒီယိုထဲက ပြကွက်။ ဇနီးက ကျမ်းစာမှာ ဖတ်ထားတာတွေကို ခင်ပွန်းကို ဝေမျှနေစဉ်။

ထပ်လေ့လာပါ။ ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ ဗီဒီယိုကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ