ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lmd သင်ခန်းစာ ၄
  • နှိမ့်ချပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှိမ့်ချပါ
  • လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပေါလု ဘာလုပ်သလဲ
  • ပေါလုဆီကနေ ဘာသင်ယူရသလဲ
  • ပေါလုကို အတုယူပါ
  • နှိမ့်ချခြင်းကို အဘယ်ကြောင့်ဝတ်ဆင်သင့်ကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • နှိမ့်ချသူတွေကို ယေဟောဝါ တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • တုပစရာ နှိမ့်ချခြင်းပုံသက်သေများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • စစ်မှန်သောနှိမ့်ချမှုကို မွေးမြူလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
lmd သင်ခန်းစာ ၄

စကားစမြည် စပြောခြင်း

အစောင့်နဲ့ တွဲပြီး သံကြိုးချည်ထားခံရတဲ့ တမန်တော် ပေါလုဟာ အဂရိပ္ပမင်း၊ ဘုရင်ခံ ဖေတ္တု၊ ဗေရနိတ်တို့ကို လေးလေးစားစား စကားပြောနေ။

တ. ၂၆:၂၊ ၃

သင်ခန်းစာ ၄

နှိမ့်ချပါ

ကျမ်းစာမူ။ “စိတ်နှိမ့်ချကြပါ၊ သူတစ်ပါးကို ကိုယ့်ထက် သာတယ်လို့ သဘောထားပါ။”—ဖိ. ၂:၃။

ပေါလု ဘာလုပ်သလဲ

အစောင့်နဲ့ တွဲပြီး သံကြိုးချည်ထားခံရတဲ့ တမန်တော် ပေါလုဟာ အဂရိပ္ပမင်း၊ ဘုရင်ခံ ဖေတ္တု၊ ဗေရနိတ်တို့ကို လေးလေးစားစား စကားပြောနေ။

ဗီဒီယို။ အဂရိပ္ပမင်းကို ပေါလု ဟော

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် တမန်တော် ၂၆:၂၊ ၃ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1. က။ အဂရိပ္ပမင်းကို စကားပြောတုန်းက ပေါလု နှိမ့်ချမှု ဘယ်လို ပြသလဲ။

  2. ခ။ ကိုယ့်ကို မဟုတ်ဘဲ ယေဟောဝါဘုရားနဲ့ ကျမ်းစာကို အာရုံစိုက်ဖို့ ပေါလု ဘာလုပ်သလဲ။—တမန်တော် ၂၆:၂၂ ကို ကြည့်ပါ။

ပေါလုဆီကနေ ဘာသင်ယူရသလဲ

၂။ နှိမ့်ချမှု ရှိရှိ၊ လေးလေးစားစား ဟောတဲ့အခါ လူတွေ ပိုနားထောင်ချင်ကြတယ်။

ပေါလုကို အတုယူပါ

၃။ အထက်စီး မဆန်ပါနဲ့။ ကိုယ်ပဲ အားလုံး သိတယ်၊ တစ်ဖက်သား ဘာမှ မသိဘူးဆိုတဲ့ ပုံစံ မဖမ်းပါနဲ့။ လေးလေးစားစား ပြောပါ။

၄။ ကိုယ် ပြောပြနေတာတွေဟာ ကျမ်းစာထဲက ဖြစ်ကြောင်း သိစေပါ။ ကျမ်းစာက လူတွေရဲ့ စိတ်ကို ထိမိစေတယ်။ ဒါကြောင့် ကျမ်းစာ သုံးတာဟာ ကိုယ့်အပြောကို မဟုတ်ဘဲ ကျမ်းစာအဆိုကို အခြေခံပြီး ယုံကြည်လာဖို့ ကူညီပေးနေတာပဲ။

၅။ နူးညံ့သိမ်မွေ့ပါ။ ကိုယ် မှန်တယ်ဆိုတာ အသည်းအသန် ရှင်းမပြပါနဲ့။ ကျွန်တော်တို့ အငြင်းအခုံ မဖြစ်ချင်ကြဘူး။ စိတ်အေးအေး ထားပါ။ ဘယ်အချိန် ပြန်ထွက်လာရမယ်ဆိုတာ သိပါ။ ဒီနည်းနဲ့ နှိမ့်ချမှု ရှိကြောင်း ပြပါ။ (ပညာ. ၁၇:၁၄။ တိ. ၃:၂) နူးနူးညံ့ညံ့ တုံ့ပြန်တယ်ဆိုရင် နောင်တစ်ချိန် ပြေပြေလည်လည် စကားပြောလို့ ရနိုင်တယ်။

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ

ရော. ၁၂:၁၆-၁၈။ ၁ ကော. ၈:၁။ ၂ ကော. ၃:၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ