သီချင်း ၄၁
ဆုတောင်းသံကို နားထောင်ပေးပါ
ပုံနှိပ်စာပေ
(ဆာလံ ၅၄)
၁။ ကောင်းကင်အဖ၊ တောင်းဆု နားထောင်ပေး။
ကျွန်တော့်အားပိုင်၊ ကျွန်တော့် ဘုရားပါ။
နာမတော် ကြီးမြတ်လှ၊ ပြိုင်ဘက်ကင်း။
(ထပ်ကျော့ပိုဒ်)
ထွတ်မြတ် ယေဟောဝါ၊ နားထောင်ပေးပါ။
၂။ ကျေးဇူးကြီးလှ၊ ပေးသနား ဒီနေ့၊
အသက် ပေးကာ၊ လမ်းပြလို့ ပို့ဆောင်။
ကိုယ်တော့် ဂရုစိုက်မှုမှာ ပျော်မွေ့။
(ထပ်ကျော့ပိုဒ်)
ထွတ်မြတ် ယေဟောဝါ၊ နားထောင်ပေးပါ။
၃။ မှန်ရာ ပြုဖို့ သိပ်စိတ်ထက်သန်လှ။
ကူညီပေးပါ၊ အလင်းထဲ လျှောက်ဖို့။
ဝန်တွေကို ထမ်းဖို့ စောင်မခွန်အား။
(ထပ်ကျော့ပိုဒ်)
ထွတ်မြတ် ယေဟောဝါ၊ နားထောင်ပေးပါ။
(ထွ. ၂၂:၂၇။ ဆာ. ၁၀၆:၄။ ယာ. ၅:၁၁ တို့ကိုလည်း ကြည့်ပါ။)