ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဇွန် စာ. ၂၅
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘အခွန်ခံထိုက်သူအား အခွန်ပေးလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မဿဲကို ဖိတ်ခေါ်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • အခွန် ဆောင်ဖို့ လိုသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • မောပန်းသူများအတွက် မေတ္တာပါသောဖိတ်ကြားချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဇွန် စာ. ၂၅
ယေရှု ဒေနာရိတစ်ပြား ကိုင်ထား။

သင် သိပါသလား

ယေရှုခေတ်မှာ ဘယ်အခွန်တွေ ပေးဆောင်ရသလဲ

အစောပိုင်းအချိန်ကတည်းက အစ္စရေးတွေဟာ စစ်မှန်တဲ့ ဝတ်ပြုရေးကို ထောက်ပံ့ဖို့ ငွေပေးရတာတွေ ရှိတယ်။ ဒါပေမဲ့ ယေရှုခေတ်မှာ ဂျူးတွေ ပေးရတဲ့ အခွန်အခ များလာလို့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်။

အရွယ်ရောက်ပြီးသား ဂျူးအမျိုးသား အားလုံးဟာ ဗိမာန်တော်ကို ထောက်ပံ့ဖို့ ဒရက်မာ နှစ်ပြား ပေးဆောင်ရတယ်။ ပထမရာစုမှာ အဲဒီငွေတွေကို ပူဇော်သက္ကာတွေအတွက်၊ ဟေရုဒ် တည်ဆောက်ခဲ့တဲ့ ဗိမာန်တော်ကို ထိန်းသိမ်းဖို့အတွက် သုံးတယ်။ ယေရှု ဗိမာန်တော်အခွန် မပေးဘူးလားလို့ ပေတရုကို ဂျူးတချို့ မေးတယ်။ ဗိမာန်တော်အခွန် ပေးတာ မှားတယ်လို့ ယေရှု မပြောဘူး။ ငွေတစ်ပြား ပေးဖို့တောင် ပေတရုကို မှာတယ်။—မ. ၁၇:၂၄-၂၇။

ဘုရားလူမျိုးဟာ ဆယ်ဖို့တစ်ဖို့လည်း ပေးရတယ်။ လယ်ထွက်သီးနှံ ဒါမှမဟုတ် ဝင်ငွေ ဆယ်ပုံတစ်ပုံကို ဆိုလိုတယ်။ (ဝတ်. ၂၇:၃၀-၃၂။ တော. ၁၈:၂၆-၂၈) “ပင်စိမ်း၊ စမုန်စပါး၊ ဇီရာ” စတဲ့ ကောက်ပဲသီးနှံတိုင်းအတွက် ဆယ်ဖို့တစ်ဖို့ တိတိကျကျ ပေးဖို့ ဘာသာရေး ခေါင်းဆောင်တွေ အတင်းအကျပ် တောင်းဆိုတယ်။ ဆယ်ဖို့တစ်ဖို့ ပေးတာကို ယေရှု အပြစ်မတင်ပေမဲ့ ကျမ်းတတ်နဲ့ ဖာရိရှဲတွေရဲ့ အယောင်ဆောင်မှုကိုတော့ ဖော်ထုတ်တယ်။—မ. ၂၃:၂၃။

ဂျူးတွေဟာ အဲဒီခေတ်မှာ အုပ်ချုပ်နေတဲ့ ရောမတွေကိုလည်း အခွန် ပေးရတယ်။ အခွန်တစ်ခုကတော့ မြေပိုင်ရှင်တွေဟာ ငွေသားနဲ့ဖြစ်စေ၊ ထွက်ကုန်နဲ့ဖြစ်စေ မြေခွန် ပေးရတယ်။ ခန့်မှန်းခြေအားဖြင့် မြေထွက်သီးနှံရဲ့ ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ ပေးရတယ်။ ဒါ့အပြင် ဂျူးယောက်တိုင်းဟာ လူခွန်လည်း ပေးရတယ်။ ဖာရိရှဲတွေ ယေရှုကို မေးခွန်းထုတ်တာ အဲဒီအခွန်ကိစ္စ ဖြစ်တယ်။ “ဆီဇာနဲ့ဆိုင်တာ ဆီဇာကို ပေးပါ။ ဘုရားသခင်နဲ့ဆိုင်တာ ဘုရားသခင်ကို ပေးပါ” ဆိုတဲ့ ယေရှုရဲ့ အဖြေက အခွန်နဲ့ပတ်သက်တဲ့ အမြင်မှန်ကို ဖော်ပြတယ်။—မ. ၂၂:၁၅-၂၂။

ကုန်သည်တွေဟာ နယ်မြေ အဝင်အထွက်အတွက်လည်း အခွန် ပေးရတယ်။ အဲဒီထဲမှာ ဆိပ်ကမ်းခွန်၊ တံတားကြေး၊ လမ်းကြေး၊ မြို့ဝင်ကြေး၊ ဈေးခွန်တွေ ပါဝင်တယ်။

ရောမ အုပ်ချုပ်မှုအောက်မှာ လူတွေ ပေးရတဲ့ အခွန်အခ သိပ်များတယ်။ ရောမ သမိုင်းပညာရှင် တက်စီတပ်စ် အဆိုအရ ယေရှု အသက်ရှင်ချိန်၊ ရောမ ဧကရာဇ် တိဗေရိ အုပ်ချုပ်ချိန်အတွင်း “အခွန် များလွန်းလို့ လျှော့ပေါ့ပေးဖို့ ဆီးရီးယားနဲ့ ယုဒတွေ တောင်းဆိုခဲ့ကြတယ်။”

အခွန်ကောက်တဲ့ ပုံစံကလည်း လူတွေကို ပိုအခက်တွေ့စေတယ်။ အခွန်ကောက်တဲ့ အလုပ်ကို လေလံတင်လေ့ ရှိတယ်။ ငွေအများဆုံး ပေးနိုင်သူက အလုပ်ရပြီး တကယ် အခွန်ကောက်မယ့်သူတွေကို ပြန်ငှားတယ်။ သူတို့က ကိုယ့်အတွက် အမြတ်ကျန်ဖို့ ပိုကောက်ကြတယ်။ ဇက်ခဲရဲ့ လက်အောက်မှာ အဲဒီလို အခွန်ကောက်သူတွေ ရှိပုံရတယ်။ (လု. ၁၉:၁၊ ၂) ဒါကြောင့် အခွန်ကောက်သူတွေကို လူတွေ မကြိုက်ကြတာ နားလည်နိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ