ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ မတ် စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရလဒ်တွေကြောင့် အံ့အားသင့်သွားတယ်
    တွေ့ကြုံမှုများ
  • သင် မှတ်မိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ကောင်းချီးလော၊ ဘေးသင့်ခြင်း၏အကြောင်းရင်းလော
    နိုးလော့!—၂၀၀၉
  • နိဒါန်း
    နိုးလော့!—၂၀၁၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ မတ် စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

မက်ဆေ့ချ် ပို့တဲ့ အပလီကေးရှင်းတွေ သုံးတဲ့အခါ ခရစ်ယာန်တွေ ဘာကြောင့် သတိထားသင့်သလဲ

မိသားစုတွေ၊ ညီအစ်ကို/မတွေနဲ့ ဆက်သွယ်ဖို့ ခေတ်နည်းပညာတွေကို ခရစ်ယာန်တချို့ သုံးကြတယ်။ ဒါပေမဲ့ “အမြော်အမြင်ရှိသူက အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံ မရှိသူကတော့ သွားမြဲ သွားနေလို့ ဆိုးကျိုးတွေပဲ ခံရတတ်တယ်” ဆိုတဲ့ အကြံဉာဏ်ကို ရင့်ကျက်တဲ့ ခရစ်ယာန်တွေ လိုက်နာကြတယ်။—ပညာ. ၂၇:၁၂။

ကျွန်တော်တို့ကို ယေဟောဝါ ကာကွယ်ပေးချင်တယ်ဆိုတာ နားလည်တယ်။ ဒါကြောင့် စိတ်ဝမ်းကွဲပြားအောင် လုပ်သူ၊ နှင်ထုတ်ခံထားရသူ၊ မှားယွင်းတဲ့ အတွေးအခေါ် သွန်သင်ပေးသူတွေနဲ့ အပေါင်းအသင်း မလုပ်ကြဘူး။ (ရော. ၁၆:၁၇။ ၁ ကော. ၅:၁၁။ ၂ ယော. ၁၀၊ ၁၁) ဒါပေမဲ့ အသင်းတော်ထဲမှာ အသရေရှိရှိ မပြုမူသူတချို့ ရှိနိုင်တယ်။ (၂ တိ. ၂:၂၀၊ ၂၁) ဒါကြောင့် အပေါင်းအသင်း ရွေးချယ်တဲ့အခါ သတိထားရတယ်။ မက်ဆေ့ချ် ပို့တဲ့ အပလီကေးရှင်း သုံးတဲ့အခါ အပေါင်းအသင်းကောင်း ရွေးချယ်ဖို့ ခက်နိုင်တယ်။

အထူးသဖြင့် အုပ်စုကြီးတွေ ဖွဲ့ပြီး မက်ဆေ့ချ် ပို့တဲ့အခါ ပိုသတိထားသင့်တယ်။ ခရစ်ယာန်တချို့ အဲဒီလိုအုပ်စုတွေမှာ ပါမိပြီး ဆိုးကျိုးတွေ ကြုံခဲ့ရတယ်။ လူရာချီ၊ ထောင်ချီ ပါတဲ့ အုပ်စု ဖြစ်မယ်ဆိုရင် ယောက်တိုင်းရဲ့ သရုပ်မှန်နဲ့ ဘုရားရေးရာ အခြေအနေတွေကို သိဖို့ မဖြစ်နိုင်တော့ဘူး။ “လူလိမ်လူညာတွေနဲ့ မပေါင်းဘူး။ သရုပ်မှန် ဖုံးကွယ်ထားသူတွေကို ရှောင်တယ်” လို့ ဆာလံ ၂၆:၄ မှာ ပြောတယ်။ ကိုယ်သိတဲ့သူတွေနဲ့ပဲ မက်ဆေ့ချ် ပို့သင့်တယ်ဆိုတာကို ဒီအချက်က ဖော်ပြနေတယ်။

အုပ်စု ငယ်ရင်တောင် အချိန် ဘယ်လောက် သုံးတယ်၊ ဘာတွေ ပြောတယ်ဆိုတာ ဂရုစိုက်ရမယ်။ မက်ဆေ့ချ်တိုင်းကို အကြောင်းပြန်ရမယ်လို့ မခံစားသင့်ဘူး။ “အတင်းအဖျင်း ပြောတဲ့သူတွေ၊ သူတစ်ပါးကိစ္စမှာ ဝင်စွက်ပြီး မပြောသင့်တာကို ပြောတဲ့သူတွေ ဖြစ်သွားနိုင်တယ်” လို့ တိမောသေကို ပေါလု သတိပေးတယ်။ (၁ တိ. ၅:၁၃) ဒီနေ့လည်း အီလက်ထရောနစ် နည်းပညာကို သုံးပြီး အဲဒီလို ဖြစ်သွားနိုင်တယ်။

ရင့်ကျက်တဲ့ ခရစ်ယာန်တစ်ယောက်ဟာ ညီအစ်ကို/မတွေရဲ့ မကောင်းကြောင်း ဒါမှမဟုတ် လျှို့ဝှက်ချက်တွေကို ပြောမှာ၊ နားထောင်မှာ မဟုတ်ဘူး။ (ဆာ. ၁၅:၃။ ပညာ. ၂၀:၁၉) ပုံကြီးချဲ့ထားတဲ့ သတင်းတွေ၊ မခိုင်လုံတဲ့ သတင်းတွေကို ရှောင်တယ်။ (ဧ. ၄:၂၅) jw.org ဝက်ဘ်ဆိုက်၊ လစဉ် JW ရုပ်သံထုတ်လွှင့်မှု® အစီအစဉ်တွေကတစ်ဆင့် ကျမ်းစာအကြောင်းအရာတွေ၊ ယုံကြည်စိတ်ချရတဲ့ နောက်ဆုံးသတင်းတွေ ကျွန်တော်တို့ အလျှံပယ် ရနေတယ်။

သက်သေခံတချို့က မက်ဆေ့ချ် ပို့တဲ့ အပလီကေးရှင်းတွေ သုံးပြီး အရောင်းအဝယ် လုပ်တယ်၊ ကုန်ပစ္စည်းတွေ ကြော်ငြာတယ်၊ အလုပ်တွေ အပ်ကြတယ်။ ဒါဟာ စီးပွားရေး ကိစ္စ ဖြစ်ပြီး ဝတ်ပြုရေးနဲ့ မရောထွေးသင့်ဘူး။ “ငွေတပ်မက်တာကို ရှောင်” ချင်တဲ့ ခရစ်ယာန်တွေဟာ စီးပွားရေး အကျိုးအမြတ်အတွက် ညီအစ်ကို/မတွေကို အသုံးချမှာ မဟုတ်ဘူး။—ဟီ. ၁၃:၅။

အကူအညီ လိုအပ်နေတဲ့ ညီအစ်ကို/မတွေအတွက်၊ သဘာဝဘေး ကယ်ဆယ်ရေးအတွက် ရန်ပုံငွေ ကောက်ဖို့ မက်ဆေ့ချ် ပို့တဲ့ အပလီကေးရှင်းတွေ အသုံးပြုသင့်သလား။ ညီအစ်ကို/မတွေကို ချစ်ပြီး စိတ်ဝင်တစား ရှိတဲ့အတွက် ကျွန်တော်တို့ အချင်းချင်း ကူညီအားပေးကြတယ်။ (ယာ. ၂:၁၅၊ ၁၆) ဒါပေမဲ့ မက်ဆေ့ချ် ပို့တဲ့ အုပ်စုကြီးတွေမှာ အဲဒီလို လုပ်မယ်ဆိုရင် ဌာနခွဲရုံး ဒါမှမဟုတ် အသင်းတော် အကြီးအကဲတွေ စီစဉ်တာကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်။ (၁ တိ. ၅:၃၊ ၄၊ ၉၊ ၁၀၊ ၁၆) ဘုရားသခင့် သိုးတော်စုကို ကြည့်ရှုစောင့်ရှောက်ဖို့ ကျွန်တော်တို့ အထူးတာဝန် ရထားတဲ့ပုံမျိုး မထွက်ချင်ကြပါဘူး။

ဘုရား ဘုန်းတော် ထင်ရှားစေမယ့်အရာတွေကို ကျွန်တော်တို့ လုပ်ဆောင်ချင်တယ်။ (၁ ကော. ၁၀:၃၁) ဒါကြောင့် မက်ဆေ့ချ် ပို့တဲ့ အပလီကေးရှင်း ဒါမှမဟုတ် တခြား ခေတ်နည်းပညာတွေကို အသုံးပြုတဲ့အခါ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ထည့်စဉ်းစားပါ။ သတိရှိပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ