ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဒီဇင်ဘာ စာ. ၁၅
  • သင် မှတ်မိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် မှတ်မိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါကို ဘယ်အချိန်မှာ အားကိုးမလဲ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ဘုရားသခင်ရဲ့ ခိုင်မြဲတဲ့မေတ္တာက စာတန်ရဲ့ အလိမ်အညာတွေကနေ ကာကွယ်ပေး
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ဉာဏ်ပညာရနိုင်တဲ့ နည်းလမ်းသုံးသွယ်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ယုံကြည်သူချင်းတွေကို ဘယ်တော့မှ ပစ်မထားပါနဲ့
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဒီဇင်ဘာ စာ. ၁၅

သင် မှတ်မိသလား

ဒီနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကင်းမျှော်စင် တွေကို သင် သေသေချာချာ ဖတ်ရှုသလား။ အောက်ပါမေးခွန်းတွေကို ဖြေနိုင်သလားဆိုတာ စမ်းကြည့်ပါ–

ယေဟောဝါဟာ “အလွန် ချစ်ခင်စာနာ” တယ်၊ “ကရုဏာ” ရှိတယ် ဆိုတဲ့ ယာကုပ် ၅:၁၁ က ဘယ်အချက်ကို အာမခံသလဲ။

ယေဟောဝါဟာ ကရုဏာ ရှိလို့ ကျွန်တော်တို့ရဲ့ အမှားတွေကို ခွင့်လွှတ်ပေးတယ်။ မေတ္တာပါပါ ကူညီပေးတယ်။ ဘုရားကို ကျွန်တော်တို့ တုပသင့်တယ်။—w21.01 စာ. ၂၁။

ဦးစီးမှု အစီအစဉ်ကို ယေဟောဝါ ဘာကြောင့် အစပြုခဲ့သလဲ။

မေတ္တာရှိလို့ပါ။ ဒီအစီအစဉ်ကြောင့် ယေဟောဝါရဲ့ မိသားစုဟာ ငြိမ်သက်ပြီး စည်းစနစ်တကျ ရှိနေတယ်။ ဒီအစီအစဉ်ကို လိုက်နာတဲ့ မိသားစုတိုင်း အပြီးသတ် ဆုံးဖြတ်ချက် ဘယ်သူ ချမလဲ၊ အဲဒီဆုံးဖြတ်ချက်အတိုင်း ဘယ်သူ ဦးဆောင်လုပ်မလဲဆိုတာ သိကြတယ်။—w21.02 စာ. ၃။

မက်ဆေ့ချ် ပို့တဲ့ အပလီကေးရှင်းတွေ သုံးတဲ့အခါ ခရစ်ယာန်တွေ ဘာကြောင့် သတိထားသင့်သလဲ။

အဲဒီလို အပလီကေးရှင်းတွေ သုံးတဲ့အခါ အပေါင်းအသင်းကို သတိထား ရွေးချယ်ရမယ်။ အုပ်စုကြီးလေ သတိထားဖို့ ခက်လေပဲ။ (၁ တိ. ၅:၁၃) မခိုင်လုံတဲ့ သတင်းတွေ ဖြန့်မိနိုင်တဲ့၊ ညီအစ်ကို/မ အဆက်အသွယ်တွေကို စီးပွားရေး အကျိုးအမြတ်အတွက် သုံးမိနိုင်တဲ့ အန္တရာယ်တွေလည်း ရှိတယ်။—w21.03 စာ. ၃၁။

ယေရှု ဝေဒနာ ခံပြီးမှ သေဆုံးဖို့ ယေဟောဝါ ခွင့်ပြုခဲ့တဲ့ အကြောင်းရင်းတချို့က ဘာလဲ။

အကြောင်းရင်း တစ်ခုကတော့ ယေရှု သစ်တိုင်ပေါ် သေဆုံးမှ ဂျူးတွေ ကျိန်ခြင်းတစ်မျိုးကနေ လွတ်မြောက်နိုင်မယ်။ (ဂလ. ၃:၁၀၊ ၁၃) ဒုတိယ အကြောင်းရင်းက ယေရှုကို ပုရောဟိတ်မင်း ဖြစ်နိုင်ဖို့ ယေဟောဝါ လေ့ကျင့်ပေးနေတာ။ တတိယ အကြောင်းရင်းကတော့ ယေရှု သစ္စာရှိရှိ သေဆုံးတာက လူတွေဟာ အပြင်းအထန် စမ်းသပ်ခံရချိန်မှာ ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်တယ်ဆိုတာကို သက်သေထူပေးလို့ပဲ။ (ယောဘ ၁:၉-၁၁)—w21.04 စာ. ၁၆-၁၇။

အမှုဆောင်မှာ လူတွေနဲ့ တွေ့ဖို့ ခက်ရင် ဘာလုပ်နိုင်သလဲ။

အိမ်မှာ လူရှိမယ့်အချိန် သွားဖို့ ကြိုးစားနိုင်တယ်။ ဟောပြောတဲ့ နေရာ ပြောင်းကြည့်နိုင်တယ်။ စာရေးတာလိုမျိုး ချဉ်းကပ်နည်း ပြောင်းကြည့်နိုင်တယ်။—w21.05 စာ. ၁၅-၁၆။

“ပညတ်တရားမှာ သေဆုံးသွားပြီ” လို့ တမန်တော် ပေါလု ပြောတာ ဘာကို ဆိုလိုသလဲ။ (ဂလ. ၂:၁၉)

ပညတ်တရားက လူ့မစုံလင်မှုကို ပေါ်လွင်စေပြီး အစ္စရေးတွေကို ခရစ်တော်ဆီ လမ်းညွှန်ပေးတယ်။ (ဂလ. ၃:၁၉၊ ၂၄) ပညတ်တရားကြောင့်သာ ခရစ်တော်ကို ပေါလု ယုံကြည်လက်ခံလာတာ။ ဒီနည်းအားဖြင့် ပေါလုဟာ “ပညတ်တရားမှာ သေဆုံးသွား” တယ်။ ပညတ်တရားရဲ့ အချုပ်အနှောင်အောက် မရှိတော့ဘူး။—w21.06 စာ. ၃၁။

ခံနိုင်ရည် တင်ပြရာမှာ ယေဟောဝါ ဘယ်လို ပုံသက်သေ ပြသလဲ။

နာမတော် ကဲ့ရဲ့ရှုတ်ချ ခံရတာ၊ အချုပ်အခြာ အာဏာ ဆန့်ကျင်ခံရတာ၊ သားသမီးတချို့ ပုန်ကန်ကြတာ၊ မာရ်နတ်ရဲ့ အလိမ်အညာတွေ၊ ကျေးကျွန်တွေ ဆင်းရဲဒုက္ခ ခံစားနေရတာ၊ သေဆုံးသွားတဲ့ မိတ်ဆွေတွေနဲ့ ခွဲခွာရတာ၊ လူလူချင်း ဖိနှိပ်နေတာ၊ ဖန်ဆင်းရာတွေ ဖျက်ဆီးခံနေရတာတွေကို ယေဟောဝါ ခံရပ်နေတယ်။—w21.07 စာ. ၉-၁၂။

စိတ်ရှည်မှုနဲ့ပတ်သက်ပြီး ယောသပ် ဘယ်ပုံသက်သေကောင်း ချမှတ်ခဲ့သလဲ။

ယောသပ်ဟာ အစ်ကိုတွေ မတရား ဆက်ဆံတာကို ခံရတယ်။ မတရား စွပ်စွဲခံရပြီး အီဂျစ်ပြည်မှာ နှစ်ပေါင်းများစွာ ထောင်ကျခဲ့တယ်။—w21.08 စာ. ၁၂။

ဟဂ္ဂဲ ၂:၆-၉၊ ၂၀-၂၂ မှာ ဘယ်ပုံဆောင် လှုပ်ခါခြင်းအကြောင်း ကြိုဟောထားသလဲ။

နိုင်ငံတော်သတင်း ဟောပြောခြင်းကို လူတွေ ငြင်းပယ်ကြတယ်။ လူများစွာကတော့ လက်ခံတုံ့ပြန်ကြတယ်။ မကြာခင် လူမျိုးတွေ ဖျက်ဆီးခံရချိန်မှာ နောက်ဆုံးအကြိမ် လှုပ်ခါခံကြရမှာ ဖြစ်တယ်။—w21.09 စာ. ၁၅-၁၉။

အမှုဆောင်လုပ်ငန်းမှာ ဘာကြောင့် လက်မလျှော့သင့်သလဲ။

ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ မြင်ပြီး နှစ်သက်တယ်။ ကျွန်တော်တို့ လက်မလျှော့ဘူးဆိုရင် ထာဝရအသက် ရပါလိမ့်မယ်။—w21.10 စာ. ၂၅-၂၆။

“ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ” ဆိုတဲ့ အကြံဉာဏ်ကို လိုက်လျှောက်ဖို့ ဝတ်ပြုရာ အခန်းကြီး ၁၉ က ဘယ်လို ကူညီပေးနိုင်သလဲ။ (၁ ပေ. ၁:၁၅)

အဲဒီအခန်းငယ်ဟာ ဝတ်ပြုရာ ၁၉:၂ ကို ကိုးကားထားတာ ဖြစ်နိုင်တယ်။ နေ့စဉ်ဘဝမှာ ၁ ပေတရု ၁:၁၅ ကို လိုက်လျှောက်နိုင်တဲ့ နမူနာများစွာကို အခန်းကြီး ၁၉ မှာ ဖော်ပြထားတယ်။—w21.12 စာ. ၃-၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ