ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဇူလိုင် စာ. ၈-၁၃
  • ယေဟောဝါဘုရားရဲ့ ခံနိုင်ရည်ကို တုပပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါဘုရားရဲ့ ခံနိုင်ရည်ကို တုပပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါ ဘာတွေကို ခံရပ်နေသလဲ
  • ယေဟောဝါရဲ့ ခံနိုင်ရည်ကနေ သင်ယူနိုင်ရာ
  • “ခံနိုင်ရည်သည် မိမိ၏အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါစေ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ခံနိုင်ရည်—ခရစ်ယာန်များအတွက် အရေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့ အနီးကပ်နေပါ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ခံနိုင်ရည် ရှိသူ ယေရှုအကြောင်း “အသေအချာ စဉ်းစားကြည့်ပါ”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဇူလိုင် စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၂၇

ယေဟောဝါဘုရားရဲ့ ခံနိုင်ရည်ကို တုပပါ

“ခံနိုင်ရည် ရှိမယ်ဆိုရင် ခင်ဗျားတို့ အသက်ရလိမ့်မယ်။”—လု. ၂၁:၁၉။

သီချင်း ၁၁၄ “စိတ်ရှည်ကြပါ”

အကြိုသုံးသပ်ချက်a

၁-၂။ ဟေရှာယ ၆၅:၁၆၊ ၁၇ မှာ ပါတဲ့ ယေဟောဝါရဲ့ စကားက လက်မလျှော့ဖို့ ဘယ်လို ကူညီပေးသလဲ။

“လက်မလျှော့နဲ့” ဆိုတာ ၂၀၁၇ ခရိုင်အစည်းအဝေး အဓိကအကြောင်း ဖြစ်တယ်။ အခက်အခဲတွေကို ဘယ်လို ခံရပ်နိုင်ကြောင်း သိခဲ့ရတယ်။ လေးနှစ် ကုန်လွန်သွားပြီ။ ဒီစနစ်ဆိုးဒဏ်ကို ကျွန်တော်တို့ ခံရပ်နေရတုန်းပဲ။

၂ လောလောဆယ် သင် ဘယ်ပြဿနာတွေ ကြုံနေရသလဲ။ မိသားစုဝင် ဒါမှမဟုတ် ချစ်မိတ်ဆွေတစ်ယောက် သေဆုံးသွားသလား။ ကိုယ်တိုင် ရောဂါဆိုး ခံစားနေရသလား။ အသက်အရွယ် အိုမင်းမှု၊ သဘာဝဘေး၊ အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံနေရသလား။ ဒါမှမဟုတ် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ဂယက်တွေ ရင်ဆိုင်နေရသလား။ အဲဒီပြဿနာအားလုံး ပျောက်ကွယ်ပြီး ဘယ်တော့မှ ပြန်မဖြစ်တော့မယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။—ဟေရှာယ ၆၅:၁၆၊ ၁၇ ကို ဖတ်ပါ။

၃။ အခု ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ဘာကြောင့်လဲ။

၃ ဒီစနစ်မှာ ဘဝဟာ ခက်ခဲတယ်။ ဒါပေမဲ့ အနာဂတ်မှာ ပိုဆိုးတဲ့ အခြေအနေတွေ ကြုံလာရနိုင်တယ်။ (မ. ၂၄:၂၁) ဒါကြောင့် ခံနိုင်ရည် တိုးပွားအောင် လုပ်နေရမယ်။ “ခံနိုင်ရည် ရှိမယ်ဆိုရင် ခင်ဗျားတို့ အသက်ရလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (လု. ၂၁:၁၉) ကိုယ့်လိုပဲ အခက်အခဲ ကြုံနေရသူတွေ ဘယ်လို ကြံ့ကြံ့ခံ ရပ်တည်နေကြောင်း စဉ်းစားတာက ကျွန်တော်တို့ရဲ့ ခံနိုင်ရည်ကို တိုးပွားစေနိုင်တယ်။

၄။ ယေဟောဝါဟာ ခံနိုင်ရည် တင်ပြရာမှာ အကောင်းဆုံး ပုံသက်သေ ဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

၄ ခံနိုင်ရည် တင်ပြရာမှာ အကောင်းဆုံး ပုံသက်သေကတော့ ယေဟောဝါဘုရား ဖြစ်တယ်။ ဒီလိုပြောလို့ အံ့ဩသွားသလား။ ဒီအချက်ကို စဉ်းစားကြည့်ပါ။ ဒီလောကဟာ မာရ်နတ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့အတွက် ပြဿနာတွေ ပြည့်နေတယ်။ ပြဿနာတွေကို ချက်ချင်း ဖြေရှင်းနိုင်တဲ့ တန်ခိုး ယေဟောဝါမှာ ရှိပေမဲ့ အချိန်ကို စောင့်နေတယ်။ (ရော. ၉:၂၂) အဲဒီအချိန် မရောက်မချင်း ဆက်ခံရပ်နေတယ်။ ယေဟောဝါ ခံရပ်နေတဲ့အရာ ကိုးခုအကြောင်း ဆွေးနွေးကြစို့။

ယေဟောဝါ ဘာတွေကို ခံရပ်နေသလဲ

တားမြစ်ထားတဲ့ အသီး စားဖို့ ဧဝ ဟန်ပြင်နေတာကို မြွေ ကြည့်နေ။

၅။ ဘုရား နာမတော် ဘယ်လို ရှုတ်ချခံနေရသလဲ။ အဲဒီအတွက် သင် ဘယ်လို ခံစားရသလဲ။

၅ နာမတော် ကဲ့ရဲ့ရှုတ်ချ ခံရတာ။ မိမိနာမတော်ကို ယေဟောဝါ မြတ်နိုးတယ်။ ယောက်တိုင်း လေးစားစေချင်တယ်။ (ဟေရှာ. ၄၂:၈) ဒါပေမဲ့ နာမတော် ကဲ့ရဲ့ရှုတ်ချခံနေရတာ နှစ်ပေါင်း ခြောက်ထောင်လောက် ရှိပြီ။ (ဆာ. ၇၄:၁၀၊ ၁၈၊ ၂၃) အာဒံနဲ့ ဧဝ ပျော်ရွှင်ဖို့ လိုအပ်ရာတွေကို ဘုရား မပေးဘူးလို့ မာရ်နတ် (“ရှုတ်ချဂုဏ်ဖျက်သူ” လို့ အဓိပ္ပာယ်ရ) စွပ်စွဲတဲ့ ဧဒင်ဥယျာဉ်ကနေ စခဲ့တာ။ (က. ၃:၁-၅) အဲဒီအချိန်ကစပြီး လူတွေ တကယ် လိုအပ်တာကို ယေဟောဝါ မပေးဘူးလို့ မတရား စွပ်စွဲခံနေရတယ်။ ဖခင်နာမည် ရှုတ်ချခံရတာကို ယေရှု သိပ်ခံစားရတယ်။ ဒါကြောင့် “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့ အဖ၊ နာမတော် သန့်ရှင်းမြင့်မြတ်ပါစေ” ဆိုပြီး ဆုတောင်းဖို့ တပည့်တွေကို သင်ပေးခဲ့တာ။—မ. ၆:၉။

တားမြစ်ထားတဲ့ အသီး စားဖို့ အာဒံကို ဧဝ ကျွေးနေ။

၆။ အချုပ်အခြာ အာဏာ အရေးကိစ္စကို ဖြေရှင်းဖို့ ယေဟောဝါ ဘာကြောင့် အချိန် အများကြီး ပေးခဲ့သလဲ။

၆ အချုပ်အခြာ အာဏာ ဆန့်ကျင်ခံရတာ။ ကောင်းကင်၊ မြေကြီးကို ယေဟောဝါ အကြွင်းမဲ့ အုပ်စိုးပိုင်ခွင့် ရှိတယ်။ ဘုရားရဲ့ အုပ်ချုပ်နည်းကလည်း အကောင်းဆုံး ဖြစ်တယ်။ (ဗျာ. ၄:၁၁) ဒါပေမဲ့ ဘုရားမှာ အဲဒီလို အုပ်ချုပ်ပိုင်ခွင့် မရှိဘူးလို့ ကောင်းကင်တမန်နဲ့ လူတွေ ထင်လာအောင် မာရ်နတ် လှည့်စားတယ်။ ယေဟောဝါရဲ့ အချုပ်အခြာ အာဏာ အရေးကိစ္စဟာ ညတွင်းချင်း ဖြေရှင်းလို့ မရဘူး။ ဖန်ဆင်းရှင် မပါဘဲ လူအချင်းချင်း အုပ်ချုပ်တာ အောင်မြင်မှာ မဟုတ်ဘူးဆိုတာ သိလာအောင် ဘုရား အချိန် အများကြီး ပေးခဲ့တယ်။ (ယေ. ၁၀:၂၃) ဘုရားသခင့် စိတ်ရှည်မှုကြောင့် ရလဒ်အနေနဲ့ ဘုရားသခင်သာ အချုပ်အခြာ အာဏာပိုင်ရှင် ဖြစ်ကြောင်း၊ ဘုရားရဲ့ အုပ်ချုပ်နည်းသာ အကောင်းဆုံး ဖြစ်ကြောင်း၊ ဘုရားနိုင်ငံတော်သာ ကမ္ဘာပေါ် စစ်မှန်တဲ့ ငြိမ်းချမ်းလုံခြုံမှု ပေးနိုင်ကြောင်း ထင်ရှားလာပါလိမ့်မယ်။

ကောင်းကင်မှာ စာတန်နဲ့ ကောင်းကင်တမန်ဆိုးတွေ။

၇။ ယေဟောဝါကို ဘယ်သူတွေ ပုန်ကန်ကြသလဲ။ ပုန်ကန်သူတွေကို ဘုရား ဘာလုပ်မလဲ။

၇ သားသမီးတချို့ ပုန်ကန်ကြတာ။ ယေဟောဝါဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေနဲ့ လူတွေကို အပြစ်အနာအဆာ မရှိ၊ ပြည့်ဝစုံလင်စွာ ဖန်ဆင်းခဲ့တယ်။ ဒါပေမဲ့ ပုန်ကန်တဲ့ ကောင်းကင်တမန် စာတန် (“ခုခံသူ” လို့ အဓိပ္ပာယ်ရ) ဟာ ယေဟောဝါကို ဆန့်ကျင်ဖို့ ပြည့်ဝစုံလင်တဲ့ လူသား အာဒံနဲ့ ဧဝကို သွေးဆောင်ခဲ့တယ်။ တခြား ကောင်းကင်တမန်တွေနဲ့ လူတွေလည်း ပုန်ကန်မှုမှာ ပါဝင်လာတယ်။ (ယု. ၆) နောက်ပိုင်း၊ ရွေးချယ်ခံ အစ္စရေးလူမျိုးတောင် မှားယွင်းတဲ့ ဘုရားတွေ ဝတ်ပြုပြီး ယေဟောဝါကို စွန့်ပစ်ခဲ့ကြတယ်။ (ဟေရှာ. ၆၃:၈၊ ၁၀) သစ္စာဖောက်တယ်လို့ ယေဟောဝါ ခံစားခဲ့ရတယ်။ ဒါတောင် ပုန်ကန်မှု အားလုံးကို အဆုံးသတ်မယ့်အချိန်အထိ ဆက်ခံရပ်နေတယ်။ ယေဟောဝါနဲ့အတူ ဒီစနစ်ဆိုးဒဏ်ကို သစ္စာရှိရှိ ခံရပ်နေသူတွေ အဲဒီအချိန်ရောက်ရင် သိပ်ပျော်ရွှင်ကြပါလိမ့်မယ်။

ကောင်းကင်မှာ ယေဟောဝါရှေ့ ယောဘကို စာတန် စွပ်စွဲနေ။ တစ်ကိုယ်လုံး အနာစိမ်း ပေါက်နေတဲ့ ယောဘ မြေပေါ် ထိုင်နေ။

၈-၉။ ယေဟောဝါနဲ့ပတ်သက်ပြီး ဘယ်လို အလိမ်အညာတွေ ပြောနေသလဲ။ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်ကြသလဲ။

၈ မာရ်နတ်ရဲ့ အလိမ်အညာတွေ။ ဖြောင့်မတ်သူ ယောဘနဲ့ တခြား သစ္စာရှိ ကျေးကျွန်တွေဟာ ကိုယ်ကျိုးအတွက် ယေဟောဝါကို ဝတ်ပြုနေတာလို့ စာတန် စွပ်စွဲတယ်။ (ယောဘ ၁:၈-၁၁။ ၂:၃-၅) စာတန် ဒီနေ့အထိ အဲဒီလို စွပ်စွဲနေတုန်းပဲ။ (ဗျာ. ၁၂:၁၀) အခက်အခဲတွေကို ခံရပ်ခြင်း၊ ယေဟောဝါကို ချစ်တဲ့စိတ်နဲ့ ဆက်သစ္စာစောင့်သိနေခြင်းအားဖြင့် စာတန့် အလိမ်အညာတွေ မှားကြောင်း ကျွန်တော်တို့ သက်သေပြနိုင်တယ်။ ခံနိုင်ရည် ရှိမယ်ဆိုရင် ယောဘလိုပဲ ကျွန်တော်တို့လည်း ဆုချခံရပါလိမ့်မယ်။—ယာ. ၅:၁၁။

၉ စာတန်က မှားယွင်းတဲ့ ဘာသာရေး ခေါင်းဆောင်တွေကို သုံးပြီး အလိမ်အညာတွေ ဖြန့်နေတယ်။ ယေဟောဝါဟာ ရက်စက်တယ်၊ လူ့ဆင်းရဲဒုက္ခတွေဟာ ဘုရားကြောင့်၊ ကလေးတွေ သေဆုံးတဲ့အခါ ကောင်းကင်မှာ ကောင်းကင်တမန်တွေ လိုနေလို့ ဘုရား ခေါ်သွားတာဆိုပြီးတောင် သူတို့ ပြောကြတယ်။ ဘုရားကို စော်ကားတာပဲ။ ကျွန်တော်တို့ကတော့ ဘုရားအကြောင်း သိတဲ့အတွက် ရောဂါဆိုး ခံစားရတဲ့အခါ၊ ချစ်ရသူတစ်ယောက် သေဆုံးသွားတဲ့အခါ ဘုရားကို ဘယ်တော့မှ မပြစ်မတင်ဘူး။ အဲဒီအစား တစ်နေ့ကျရင် အရာရာကို အကောင်းအတိုင်း ပြန်လုပ်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချတယ်။ ယေဟောဝါဟာ မေတ္တာရှင် ဖြစ်ကြောင်း တခြားသူတွေကို ပြောပြကြတယ်။ ဒါမှ ကဲ့ရဲ့သူကို ယေဟောဝါ ပြန်ချေပနိုင်မယ်။—ပညာ. ၂၇:၁၁။

လက်မှာ ဆေးသွင်းထားပြီး နှာခေါင်းမှာ အောက်ဆီဂျင်ပိုက် တပ်ထားတဲ့ အမျိုးသမီးတစ်ယောက် ဆေးရုံ ခုတင်ပေါ် လှဲနေ။

၁၀။ ဆာလံ ၂၂:၂၃၊ ၂၄ က ယေဟောဝါအကြောင်း ဘယ်လို ဖော်ပြသလဲ။

၁၀ ချစ်မြတ်နိုးရတဲ့ ကျေးကျွန်တွေ ဆင်းရဲဒုက္ခ ခံစားနေရတာ။ ယေဟောဝါဟာ ထောက်ထားစာနာတဲ့ ဘုရား ဖြစ်တယ်။ နှိပ်စက်ညှဉ်းပန်းမှု၊ ဖျားနာမှု၊ မစုံလင်မှုတွေကြောင့် ကျွန်တော်တို့ ဒုက္ခရောက်နေတာ မြင်ရတဲ့အခါ စိတ်မချမ်းသာဘူး။ (ဆာလံ ၂၂:၂၃၊ ၂၄ ကို ဖတ်ပါ။) ကျွန်တော်တို့နဲ့ ထပ်တူထပ်မျှ နာကျင်ခံစားရတယ်။ ဒုက္ခတွေ ပပျောက်သွားအောင် လုပ်ပေးချင်တယ်။ လုပ်လည်း လုပ်ပေးပါလိမ့်မယ်။ (ထွက်မြောက်ရာ ၃:၇၊ ၈။ ဟေရှာယ ၆၃:၉ တို့နဲ့ နှိုင်းယှဉ်ပါ။) အဲဒီအချိန် ရောက်လာတဲ့အခါ ဘုရားသခင်က “မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာ. ၂၁:၄။

ဇနီးမောင်နှံတစ်စုံ သင်္ချိုင်းမှာ အခေါင်း မြေချတာကို ကြည့်ရင်း ငိုကြွေးနေ။

၁၁။ သေဆုံးသွားတဲ့ သစ္စာရှိ ကျေးကျွန်တွေနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစားရသလဲ။

၁၁ သေဆုံးသွားတဲ့ ချစ်မိတ်ဆွေတွေနဲ့ ခွဲခွာရတာ။ သေဆုံးသွားတဲ့ သစ္စာရှိ အမျိုးသား/သမီးတွေနဲ့ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ခံစားရသလဲ။ သူတို့ကို ပြန်မြင်ချင်စိတ် ပြင်းပြနေတယ်။ (ယောဘ ၁၄:၁၅) မိတ်ဆွေ အာဗြဟံကို ယေဟောဝါ ဘယ်လောက် ပြန်တွေ့ချင်နေမလဲ။ (ယာ. ၂:၂၃) မိမိနဲ့ “မျက်နှာချင်းဆိုင်” စကားပြောခဲ့တဲ့ မောရှေကိုကော။ (ထွ. ၃၃:၁၁) ဒါဝိဒ်နဲ့ တခြား ဆာလံဆရာတွေရဲ့ ချီးမွမ်းသီချင်းသံကိုလည်း ပြန်ကြားချင်နေမှာပဲ။ (ဆာ. ၁၀၄:၃၃) အဲဒီမိတ်ဆွေတွေ သေခြင်းမှာ အိပ်ပျော်နေပေမဲ့ သူတို့ကို ယေဟောဝါ မမေ့ဘူး။ (ဟေရှာ. ၄၉:၁၅) သူတို့ရဲ့ ပင်ကိုစရိုက်တွေကို အသေးစိတ်ကအစ မှတ်မိနေတယ်။ တကယ်တော့ “ဘုရားသခင်ရဲ့ အမြင်မှာ သူတို့အားလုံး အသက်ရှင်နေတယ်။” (လု. ၂၀:၃၈) တစ်နေ့ကျရင် သူတို့ကို ပြန်ထမြောက်ပေးမယ်။ သူတို့ရဲ့ ဆုတောင်းသံတွေကို ပြန်နားထောင်ပြီး ဝတ်ပြုမှုကို လက်ခံမယ်။ ကိုယ်ချစ်ရသူတစ်ယောက် ဆုံးပါးသွားတယ်ဆိုရင် အဲဒီအချက်တွေက နှစ်သိမ့်မှု ဖြစ်စေနိုင်ပါတယ်။

ပုံ– ဖိနှိပ်မှု ပုံနမူနာများ။ ၁။ စစ်သားတစ်ယောက် တင့်ကား မောင်းနေ။ တခြားစစ်သားတွေ ခြေလျင် လျှောက်နေ။ ၂။ လက်ထိပ်ခတ်ခံထားရတဲ့ သက်သေခံ မောင်နှံကို ရဲအရာရှိတွေ ခေါ်သွားနေ။

၁၂။ ဆိုးသွမ်းတဲ့ ဒီနောက်ဆုံးကာလမှာ ဘယ်အရာက ယေဟောဝါကို စိတ်ဒုက္ခ ရောက်စေသလဲ။

၁၂ လူလူချင်း ဖိနှိပ်နေတာ။ ဧဒင်မှာ ပုန်ကန်မှု စကတည်းက အခြေအနေတွေ ပိုဆိုးလာမယ်ဆိုတာ ယေဟောဝါ သိတယ်။ ဒီနေ့ခေတ် ကမ္ဘာမှာ ဖြစ်နေတဲ့ ဆိုးသွမ်းမှု၊ မတရားမှု၊ အကြမ်းဖက်မှုတွေကို ယေဟောဝါ မုန်းတယ်။ အထူးသဖြင့် အကာအကွယ်မဲ့သူ၊ အားနည်းသူ၊ မိဘမဲ့၊ မုဆိုးမတွေကို အမြဲ သနားစာနာတယ်။ (ဇာ. ၇:၉၊ ၁၀) သစ္စာရှိ ကျေးကျွန်တွေ ဖိနှိပ်ခံရ၊ ထောင်ချခံရတဲ့အခါ စိတ်ဒုက္ခရောက်တယ်။ မိမိနဲ့အတူ ခံရပ်နေသူ အားလုံးကို ဘုရား ချစ်မြတ်နိုးတယ်ဆိုတာ စိတ်ချပါ။

နိုက်ကလပ် ပါတီမှာ လူတွေ သောက်စားနေ။

၁၃။ ဘုရားရဲ့ အမြင်မှာ လူတွေရဲ့ အကျင့်စာရိတ္တ ဘယ်လောက် ယိုယွင်းနေသလဲ။ ဘုရား ဘာလုပ်မလဲ။

၁၃ လူ့မိသားစု အကျင့်ယိုယွင်းနေတာ။ ဘုရားပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံထားရတဲ့ လူတွေ အကျင့်စာရိတ္တ ယိုယွင်းနေတာ စာတန် မြင်ချင်တယ်။ နောဧခေတ်မှာ “လူတွေ သိပ်ဆိုးသွမ်းနေတာ” ယေဟောဝါ မြင်တဲ့အခါ “ကမ္ဘာပေါ်မှာ သူဖန်ဆင်းခဲ့တဲ့ လူတွေကြောင့် စိတ်မကောင်းဖြစ်တယ်၊ စိတ်ထိခိုက်မိတယ်။” (က. ၆:၅၊ ၆၊ ၁၁) အခုအချိန်မှာကော အခြေအနေတွေ ပိုကောင်းလာသလား။ မကောင်းပါဘူး။ လိင်တူ၊ လိင်ခြား အကျင့်ယိုယွင်းမှု ပုံစံမျိုးစုံ များလာတာကို ကြည့်ပြီး မာရ်နတ် သိပ်ပျော်နေမှာပဲ။ (ဧ. ၄:၁၈၊ ၁၉) အထူးသဖြင့် ယေဟောဝါကို ဝတ်ပြုနေသူတွေ ကြီးလေးတဲ့ အပြစ်လုပ်မိတဲ့အခါ စာတန် သိပ်ပျော်တယ်။ ယေဟောဝါဟာ မိမိရဲ့ စိတ်ရှည်မှု အတိုင်းအတာ ကုန်ဆုံးချိန်မှာ အကျင့် မပြောင်းလဲသူတွေကို ဖျက်ဆီးပစ်ခြင်းအားဖြင့် လိင်အကျင့်ယိုယွင်းမှုကို ဘယ်လောက် မုန်းကြောင်း ပြပါလိမ့်မယ်။

စက်ရုံတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်း။ ငှက်တစ်ကောင် ဆီချေးတွေကြားထဲ ရုန်းကန်နေ။

၁၄။ ဘုရားသခင့် ဖန်ဆင်းရာတွေကို လူတွေ ဘာလုပ်နေကြသလဲ။

၁၄ ဖန်ဆင်းရာတွေ ဖျက်ဆီးခံနေရတာ။ “လူလူချင်း အုပ်ချုပ်တာဟာ ထိခိုက်နစ်နာစရာတွေပဲ ဖြစ်စေတယ်။” ဒါ့အပြင် လူတွေဟာ ယေဟောဝါ အပ်ထားတဲ့ ကမ္ဘာနဲ့ တိရစ္ဆာန်တွေကိုလည်း ကောင်းကောင်း မထိန်းသိမ်းကြဘူး။ (ဒေ. ၈:၉။ က. ၁:၂၈) လူတွေရဲ့ လုပ်ရပ်ကြောင့် နောက်နှစ်အနည်းငယ်အတွင်း တိရစ္ဆာန်နဲ့ သစ်ပင် မျိုးစိတ် တစ်သန်းကျော် မျိုးသုဉ်း ပျောက်ကွယ်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တချို့ ပြောကြတယ်။ သဘာဝပတ်ဝန်းကျင် တကယ့်ကို ပျက်စီးနေပြီ။ ဒါပေမဲ့ “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီး” ပြီး ကမ္ဘာကို ပရဒိသု ဥယျာဉ်အဖြစ် ပြောင်းလဲမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။—ဗျာ. ၁၁:၁၈။ ဟေရှာ. ၃၅:၁။

ယေဟောဝါရဲ့ ခံနိုင်ရည်ကနေ သင်ယူနိုင်ရာ

၁၅-၁၆။ ယေဟောဝါလို ခံရပ်နိုင်ဖို့ ဘယ်အရာက ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်သလဲ။ ဥပမာပေးပါ။

၁၅ ကောင်းကင်ဖခင် နှစ်ထောင်နဲ့ချီ ခံရပ်လာတဲ့ စိတ်ပျက်စရာ ပြဿနာတွေကို စဉ်းစားကြည့်ပါ။ (“ယေဟောဝါ ခံရပ်နေတဲ့ အရာများ” လေးထောင့်ကွက်ကို ကြည့်ပါ။) ဆိုးသွမ်းတဲ့ စနစ်ဆိုးကို အချိန်မရွေး ယေဟောဝါ ဖျက်ဆီးပစ်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ စိတ်ရှည်မှုကြောင့် ကျွန်တော်တို့ ကောင်းချီး ခံစားနေရတယ်။ ဒီဥပမာကို စဉ်းစားကြည့်ပါ။ ဆရာဝန်က ဇနီးမောင်နှံတစ်စုံကို ဗိုက်ထဲက ကလေးအကြောင်း ရှင်းပြတယ်။ ကလေးမှာ ကိုယ်အင်္ဂါ ချို့ယွင်းနေတယ်။ မွေးလာရင်လည်း တော်တော် ခက်ခက်ခဲခဲ အသက်ရှင်ရမယ်။ အသက်လည်း တိုလိမ့်မယ်။ ဒီလိုကလေးကို ပြုစုစောင့်ရှောက်ဖို့ မလွယ်မှန်း သိပေမဲ့ ဇနီးမောင်နှံက မွေးဖို့ ဆုံးဖြတ်လိုက်တယ်။ ကလေးကို ချစ်တဲ့စိတ်ကြောင့် ဘယ်လို အခက်အခဲကိုမဆို ခံရပ်ပြီး ကလေးအတွက် အကောင်းဆုံးကို ပေးချင်ကြတယ်။

၁၆ အဲဒီလိုပဲ အာဒံ၊ ဧဝရဲ့ သားစဉ်မြေးဆက်တွေလည်း မွေးလာကတည်းက မစုံလင်ကြဘူး။ ဒါပေမဲ့ သူတို့ကို ယေဟောဝါ ချစ်မြတ်နိုးတယ်။ ဂရုစိုက်တယ်။ (၁ ယော. ၄:၁၉) ဥပမာမှာ ပါတဲ့ လူသားမိဘတွေနဲ့ မတူတာက ယေဟောဝါဟာ ကိုယ့်သားသမီးတွေရဲ့ ဝေဒနာကို ပျောက်ကင်းအောင် လုပ်ပေးနိုင်တယ်။ လူ့ဆင်းရဲဒုက္ခတွေ အဆုံးသတ်မယ့် အချိန်ကို သတ်မှတ်ထားတယ်။ (မ. ၂၄:၃၆) အဲဒီအချိန်အထိ ဆက်ခံရပ်နေဖို့ ယေဟောဝါရဲ့ မေတ္တာက ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်တယ်။

ယေဟောဝါ ခံရပ်နေတဲ့ အရာများ

  1. တားမြစ်ထားတဲ့ အသီး စားဖို့ ဧဝ ဟန်ပြင်နေတာကို မြွေ ကြည့်နေ။

    ၁။ နာမတော် ကဲ့ရဲ့ရှုတ်ချ ခံရတာ

  2. တားမြစ်ထားတဲ့ အသီး စားဖို့ အာဒံကို ဧဝ ကျွေးနေ။

    ၂။ အချုပ်အခြာ အာဏာ ဆန့်ကျင်ခံရတာ

  3. ကောင်းကင်မှာ စာတန်နဲ့ ကောင်းကင်တမန်ဆိုးတွေ။

    ၃။ သားသမီးတချို့ ပုန်ကန်ကြတာ

  4. ကောင်းကင်မှာ ယေဟောဝါရှေ့ ယောဘကို စာတန် စွပ်စွဲနေ။ တစ်ကိုယ်လုံး အနာစိမ်း ပေါက်နေတဲ့ ယောဘ မြေပေါ် ထိုင်နေ။

    ၄။ မာရ်နတ်ရဲ့ အလိမ်အညာတွေ

  5. လက်မှာ ဆေးသွင်းထားပြီး နှာခေါင်းမှာ အောက်ဆီဂျင်ပိုက် တပ်ထားတဲ့ အမျိုးသမီးတစ်ယောက် ဆေးရုံ ခုတင်ပေါ် လှဲနေ။

    ၅။ ချစ်မြတ်နိုးရတဲ့ ကျေးကျွန်တွေ ဆင်းရဲဒုက္ခ ခံစားနေရတာ

  6. ဇနီးမောင်နှံတစ်စုံ သင်္ချိုင်းမှာ အခေါင်း မြေချတာကို ကြည့်ရင်း ငိုကြွေးနေ။

    ၆။ သေဆုံးသွားတဲ့ မိတ်ဆွေတွေနဲ့ ခွဲခွာရတာ

  7. ပုံ– ဖိနှိပ်မှု ပုံနမူနာများ။ ၁။ စစ်သားတစ်ယောက် တင့်ကား မောင်းနေ။ တခြားစစ်သားတွေ ခြေလျင် လျှောက်နေ။ ၂။ လက်ထိပ်ခတ်ခံထားရတဲ့ သက်သေခံ မောင်နှံကို ရဲအရာရှိတွေ ခေါ်သွားနေ။

    ၇။ လူလူချင်း ဖိနှိပ်နေတာ

  8. နိုက်ကလပ် ပါတီမှာ လူတွေ သောက်စားနေ။

    ၈။ လူ့မိသားစု အကျင့်ယိုယွင်းနေတာ

  9. စက်ရုံတွေကြောင့် ပတ်ဝန်းကျင် ညစ်ညမ်း။ ငှက်တစ်ကောင် ဆီတွေကြားထဲ ရုန်းကန်နေ။

    ၉။ ဖန်ဆင်းရာတွေ ဖျက်ဆီးခံနေရတာ

၁၇။ ဟီဘရူး ၁၂:၂၊ ၃ မှာ ပါတဲ့ ယေရှုရဲ့ ပုံသက်သေက ဆက်ခံရပ်ဖို့ ကျွန်တော်တို့ကို ဘယ်လို ကူညီပေးသလဲ။

၁၇ ခံနိုင်ရည် တင်ပြရာမှာ ယေဟောဝါဟာ အကောင်းဆုံး ပုံသက်သေ ဖြစ်တယ်။ ဖခင်ရဲ့ ခံနိုင်ရည်ကို ယေရှု တုပတယ်။ လူသားတစ်ယောက်အနေနဲ့ ကမ္ဘာပေါ် ရှိနေချိန် ရန်လိုတဲ့ စကားတွေ၊ အရှက်ခွဲခံရတာတွေ၊ သစ်တိုင်တင်ခံရတာတွေကို သည်းခံခဲ့တယ်။ (ဟီဘရူး ၁၂:၂၊ ၃ ကို ဖတ်ပါ။) ယေဟောဝါရဲ့ ခံနိုင်ရည် ပုံသက်သေက ယေရှုကို ခံနိုင်ရည်စွမ်း ရှိစေသလို ကျွန်တော်တို့ကိုလည်း ရှိစေနိုင်တယ်။

၁၈။ ၂ ပေတရု ၃:၉ အရ ယေဟောဝါရဲ့ စိတ်ရှည်မှုကြောင့် ဘာတွေ ပြီးမြောက်နေသလဲ။

၁၈ ၂ ပေတရု ၃:၉ ကို ဖတ်ပါ။ ဆိုးသွမ်းတဲ့ ဒီလောကကို အဆုံးတိုင်ဖို့ အကောင်းဆုံးအချိန်ကို ယေဟောဝါ သိတယ်။ ဘုရားရဲ့ စိတ်ရှည်မှုကြောင့် လူအုပ်ကြီး သန်းနဲ့ချီ တိုးပွားလာပြီး ဘုရားကို ဝတ်ပြုချီးမွမ်းနေကြတယ်။ ယေဟောဝါ ခံနိုင်ရည် ရှိနေလို့သာ သူတို့ မွေးဖွားလာဖို့၊ ဘုရားကို ချစ်လာဖို့၊ ဆက်ကပ်အပ်နှံဖို့ အချိန် အလုံအလောက် ရခဲ့တာ။ အဲဒီအတွက် သိပ်ကျေးဇူးတင်နေကြတယ်။ သန်းနဲ့ချီတဲ့ လူတွေ အဆုံးထိ ခံနိုင်ရည် တင်ပြကြလို့ ဆုချခံရချိန်မှာ ယေဟောဝါရဲ့ စိတ်ရှည်ခံရပ်မှု မှန်ကန်ကြောင်း ထင်ရှားလာပါလိမ့်မယ်။

၁၉။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သလဲ။ ဘာဆုကျေးဇူး ရမလဲ။

၁၉ ဝမ်းမြောက်စွာ ဘယ်လို ခံရပ်နိုင်ကြောင်း ယေဟောဝါဆီကနေ သိခဲ့ရပြီ။ စာတန်ကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေ၊ ဒုက္ခတွေကြား ယေဟောဝါဟာ “ပျော်ရွှင်တဲ့ ဘုရားသခင်” ဖြစ်နေဆဲပဲ။ (၁ တိ. ၁:၁၁) ကျွန်တော်တို့လည်း နာမတော်ကို ယေဟောဝါ သန့်ရှင်းမြင့်မြတ်စေမယ့်အချိန်၊ အချုပ်အခြာ အာဏာ သံသယ ကင်းရှင်းစေမယ့်အချိန်၊ လက်ရှိ ပြဿနာတွေနဲ့ ဆိုးသွမ်းမှုအားလုံး အဆုံးတိုင်မယ့်အချိန်ကို စိတ်ရှည်ရှည် စောင့်ရင်း ပျော်ရွှင်နိုင်ပါတယ်။ ဒါကြောင့် ကောင်းကင်ဖခင် ခံရပ်နေသလို ဆက်ခံရပ်သွားဖို့ စိတ်ပိုင်းဖြတ်ကြပါစို့။ ဒါဆိုရင် “စမ်းသပ်မှုကို ကြံ့ကြံ့ခံရပ်သူဟာ ပျော်ရွှင်ချမ်းမြေ့တယ်။ သူဟာ ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရရှိတဲ့အတွက် အသက်သရဖူ ရလိမ့်မယ်။ ယေဟောဝါက မိမိကို ချစ်မြဲ ချစ်နေသူတွေကို အဲဒီသရဖူ ပေးမယ်” ဆိုတဲ့ ကျမ်းစကားအတိုင်း ထာဝရအသက် ဆုကျေးဇူးကို ကျွန်တော်တို့ ယောက်တိုင်း ရရှိကြပါလိမ့်မယ်။—ယာ. ၁:၁၂။

သင် ဘယ်လို ဖြေမလဲ

  • ခံနိုင်ရည် ပြခဲ့တဲ့ ယေဟောဝါရဲ့ ဘယ်ပုံသက်သေကို သင် အထူးနှစ်သက်သလဲ။

  • ဖခင်ရဲ့ ခံနိုင်ရည် ပုံသက်သေကနေ ယေရှု ဘယ်လို အကျိုးရသလဲ။

  • ခံနိုင်ရည် ရှိဖို့ သင် ဘာကြောင့် စိတ်ပိုင်းဖြတ်ထားသလဲ။

သီချင်း ၁၃၉ မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ

a ကျွန်တော်တို့အားလုံးမှာ ပြဿနာ တစ်မျိုးမဟုတ် တစ်မျိုး ရှိကြတယ်။ ပြဿနာ အများစုက လောလောဆယ် ဖြေရှင်းနည်း မရှိဘူး။ ခံရပ်သွားရုံပဲ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တစ်ယောက်တည်း မဟုတ်ဘူး။ ယေဟောဝါကိုယ်တိုင် ကိစ္စများစွာကို ခံရပ်နေတယ်။ အဲဒီထဲက ကိုးခုကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ယေဟောဝါရဲ့ ခံနိုင်ရည်ကြောင့် ဘာတွေ ပြီးမြောက်နေကြောင်း၊ ဘုရားရဲ့ ပုံသက်သေကနေ ဘယ်လို အကျိုးရနိုင်ကြောင်း သိလာရပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ