သီချင်း ၃၀
ကျွန်တော့်ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ
ပုံနှိပ်စာပေ
၁။ လွန်ခက်ခဲလှ ဒီဘဝ
မျက်ရည် ကျ၊ နာကျင်မှုများ ခံရ။
ဒါတောင် ငါ နေ့တိုင်း ပြောမှာ၊
“ငါ့ဘဝ အချည်းနှီး မဟုတ်။”
(ထပ်ကျော့ပိုဒ်)
တရားမျှတ ဘုရားရှင်၊
ငါပြတဲ့ချစ်ခြင်း သူမေ့မထား။
အထီးကျန် ငါဘယ်တော့ မဟုတ်၊
ရှင်ယေဟောဝါ အစဉ် ငါ့နားမှာ။
ငါ့အား ထောက်မပေးသောသူ၊
ကိုယ်တော်သာ အဆုံးတိုင် ကာကွယ်မှာ။
ရှင်ယေဟောဝါ ငါ့ရဲ့ဘုရား၊
မိတ်ဆွေ၊ ဖခင်။
၂။ ငါ့ပျိုရွယ်ချိန် ကုန်ဆုံးသွား၊
အခု ရောက်လာ ဒုက္ခနေ့ရက်များ။
ဒါတောင် ငါ့ယုံကြည်ခြင်း ပွား၊
မျှော်လင့်ခြင်း တောက်ပဆဲ။
(ထပ်ကျော့ပိုဒ်)
တရားမျှတ ဘုရားရှင်၊
ငါပြတဲ့ချစ်ခြင်း သူမေ့မထား။
အထီးကျန် ငါဘယ်တော့ မဟုတ်၊
ရှင်ယေဟောဝါ အစဉ် ငါ့နားမှာ။
ငါ့အား ထောက်မပေးသောသူ၊
ကိုယ်တော်သာ အဆုံးတိုင် ကာကွယ်မှာ။
ရှင်ယေဟောဝါ ငါ့ရဲ့ဘုရား၊
မိတ်ဆွေ၊ ဖခင်။
(ဆာ. ၇၁:၁၇၊ ၁၈ တို့ကိုလည်း ကြည့်ပါ။)