ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၀၆ စာ. ၂၁
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ချမ်းသာကြွယ်ဝမှုနှင့်ပတ်သက်သည့် သဘောထား
  • လှည့်ပတ်နေသော စွန့်ပစ်ပစ္စည်းများ
  • လက်နက်များနှင့် စစ်ပွဲ
  • လောင်စာဆီနှစ်မျိုးသုံးကားများ
  • ကလေးတွေကို အရက်အကြောင်း ပြောပြထားပါ
    မိသားစုအတွက် အကူအညီ
  • လူတွေ ဘာကို ကြောက်ရွံ့နေကြသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ကမ္ဘာတစ်ဝန်း စစ်အသုံးစရိတ် ဒေါ်လာ ၂ ထရီလီယံ ကျော်လွန်—ကျမ်းစာအဆိုက ဘာလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • အရက်သောက်သုံးခြင်းနှင့်ပတ်သက်၍ မျှတသောအမြင်ထားရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၆
န ၄/၀၆ စာ. ၂၁

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

◼ အမေရိကန်ပြည်ထောင်စုတွင် “လူလေးဦးလျှင် တစ်ဦးခန့်သည် မည်သည့်နှစ်၌မဆို အနည်းဆုံး စိတ်ဝေဒနာတစ်မျိုး ဖြစ်ပေါ်ခံစားနေရပြီး လူနှစ်ဦးလျှင် တစ်ဦးသည် ၎င်းတို့၏ဘဝတွင် တစ်ချိန်ချိန်၌ ထိုသို့ဖြစ်ပေါ်ခံစားကြရ၏။”—⁠ဆိုင်းယင့်နယူးစ်၊ ယူ.အက်စ်.အေ.။

◼ ၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် အိုင်ဗင်ဟာရီကိန်းမုန်တိုင်းကြောင့် မက္ကဆီကိုပင်လယ်ကွေ့တွင် အမြင့်ပေ ၅၀ ကျော်ရှိ လှိုင်းလုံးကြီး အနည်းဆုံး ၂၄ ခု ဖြစ်ပေါ်စေခဲ့၏။ အကြီးဆုံးလှိုင်းလုံးကြီးမှာ ၉၁ ပေရှိသည်။—⁠ဆိုင်းယင့်မဂ္ဂဇင်း၊ ယူ.အက်စ်.အေ.။

◼ ယာဉ်မောင်းများသည် လက်ကိုင်ဖို့မလိုသော ဆဲလ်ဖုန်းကို အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ ယာဉ်မောင်းစဉ် ဆဲလ်ဖုန်းများအသုံးပြုခြင်းကြောင့် ဆေးရုံတက်ဖို့လိုသည့်အထိ ယာဉ်တိုက်မည့်အန္တရာယ် လေးဆတိုးလာနိုင်သည်။ —⁠ဘီအမ်ဂျေ၊ ဗြိတိန်။

◼ ကျမ်းစာဘာသာပြန်သူများအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အသစ်ထုတ်ဝေသည့် စာရင်းတစ်ခုတွင် အသုံးပြုဆဲဘာသာစကားပေါင်း ၆,၉၁၂ မျိုးကို စာရင်းပြုစုထား၏။—⁠နယူးယောက် တိုင်းမ်စ်၊ ယူ.အက်စ်.အေ.။

◼ သားသမီးများကို ထိခိုက်စေကြောင်း သတိပေးထားလင့်ကစား ပိုလန်နိုင်ငံမှ အမျိုးသမီး ၃၀ ရာခိုင်နှုန်းသည် ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် နို့တိုက်ကျွေးစဉ်အတွင်း ဆေးလိပ်သောက်ကြသည်။—⁠ဇဒရိုဗီးမဂ္ဂဇင်း၊ ပိုလန်။

ချမ်းသာကြွယ်ဝမှုနှင့်ပတ်သက်သည့် သဘောထား

ဩစတြေးလျသုတေသနဌာနတစ်ခုသည် ချမ်းသာကြွယ်ဝမှုနှင့်ပတ်သက်သည့် သဘောထားများကို လေ့လာမှုပြုခဲ့ရာ ဩစတြေးလျသန်းကြွယ်သူဌေး ၂၀ တွင် တစ်ဦးသာ မိမိကိုယ်ကို ကြီးပွားချမ်းသာသူဟု ယူမှတ်သည်ကို တွေ့ ရှိခဲ့ရကြောင်း အေဘီစီ သတင်းအွန်လိုင်းကဆို၏။ ယင်းဌာန၏ အမှုဆောင်ဒါရိုက်တာ ကလိဗ် ဟမ်မီလ်တန်၏အဆိုအရ “ချမ်းသာကြွယ်ဝလာလေလေ မိမိဝင်ငွေအပေါ် ကျေနပ်ရောင့်ရဲမှု နည်းလာလေလေဖြစ်သည်။” အမှန်ဆိုရလျှင် ဝင်ငွေအများဆုံးရရှိသူလူတန်းစား၏ ၁၃ ရာခိုင်နှုန်းကသာ ဘဝတွင် ကျေနပ်ရောင့်ရဲကြလေသည်။ ဟမ်မီလ်တန်က ဤသို့ဆို၏– “ဘဝ၏အခြားကဏ္ဍများသည် အမှန်တကယ် ပျော်ရွှင်ချမ်းမြေ့စေကြောင်း အထောက်အထားအားလုံးက တင်ပြသော်လည်း လူ့အဖွဲ့အစည်းသည် အဘယ်ကြောင့် အခြားအရာများထက် ငွေကြေးချမ်းသာမှုနောက်ကို တကောက်ကောက်လိုက်နေရသနည်းဟု သင်မေးမြန်းမိပေမည်။”

လှည့်ပတ်နေသော စွန့်ပစ်ပစ္စည်းများ

“ယာဉ်မောင်းများသည် လောင်စာဆီကုန်သွားသည့် မိမိတို့၏ကားများကို မြို့လမ်းမပေါ် ထိုအတိုင်းပစ်ထားခဲ့မည်ဆိုလျှင် မည်မျှဒေါသထွက်စရာကောင်းမည်ကို မြင်ယောင်ကြည့်ပါ” ဟု နယူးဆိုင်းယင်းတစ်မဂ္ဂဇင်းကဆို၏။ အသုံးမဝင်တော့သော ဂြိုဟ်တုများသည် ထိုနည်းအတိုင်းပစ်ထားခံရရာ အာကာသယာဉ်အသစ်များသည် လှည့်ပတ်နေသော စွန့်ပစ်ပစ္စည်းများနှင့် ဝင်တိုက်မည့်အန္တရာယ် တိုးများလာလျက်ရှိသည်။ အချင်း ၂၀ လက်မထက်ပိုကြီးသော အရာဝတ္ထု ၁,၁၂၀ သည် ကမ္ဘာ့ပုံသေဂြိုဟ်တုပတ်လမ်းအနီး၊ ဆက်သွယ်ရေးကိရိယာများ အဆက်အသွယ်လုပ်နိုင်သော သင့်တော်သည့်အကွာအဝေးတွင် ရှိနေသော်လည်း အသုံးပြုဆဲဂြိုဟ်တုများမှာ ၃၀၀ ကျော်လောက်သာရှိကြောင်း ခန့်မှန်းရ၏။ ဂြိုဟ်တုပတ်လမ်း၏ နေရာအသီးသီးတွင်ရှိသော အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများတွင် အသုံးမဝင်တော့သည့် နျူကလီးယားစွမ်းအင်ထုတ်ဂြိုဟ်တု ၃၂ ခုပါသည်။

လက်နက်များနှင့် စစ်ပွဲ

စစ်အေးတိုက်ပွဲများ အဆုံးသတ်သွားသောအခါ လက်နက်ရောင်းဝယ်ရေး ကျဆင်းသွားခဲ့၏။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်က အဆိုပါရောင်းဝယ်ရေးသည် ပြန်လည်ဦးမော့လာခဲ့သည်။ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနဌာန (အက်စ်အိုင်ပီအာရ်အိုင်) ၏မှတ်တမ်းအရ ၂၀၀၄ ခုနှစ်တွင် ကမ္ဘာချီစစ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်းတစ်သန်း အထိဖြစ်လေသည်။ ဤကိန်းဂဏန်းသည် ကမ္ဘာပေါ်ရှိ အမျိုးသား၊ အမျိုးသမီး၊ ကလေးတစ်ဦးစီအတွက် ၁၆၂ ဒေါ်လာနှင့်ညီမျှသည်။ အက်စ်အိုင်ပီအာရ်အိုင်၏အဆိုအရ ၂၀၀၄ ခုနှစ်တွင် စစ်ပွဲတစ်ပွဲလျှင် လူ ၁,၀၀၀ ကျော်သေစေသော စစ်ပွဲ ၁၉ ခုဖြစ်ပွားခဲ့၏။ အဆိုပါစစ်ပွဲများတွင် ၁၆ ခုမှာ စစ်ဆင်နွှဲနေရာ ဆယ်နှစ်ကျော်ကြာခဲ့ပြီဖြစ်သည်။

လောင်စာဆီနှစ်မျိုးသုံးကားများ

ယခု ဘရာဇီးနိုင်ငံတွင် ရောင်းချလျက်ရှိသော ကားသစ်သုံးပုံတစ်ပုံမှာ လောင်စာဆီနှစ်မျိုးသုံးကားများဖြစ်ကြောင်း ဗာဇာမဂ္ဂဇင်းကဆိုသည်။ အဆိုပါယာဉ်များကို ဓာတ်ဆီ၊ ကြံမှရရှိသည့်အယ်လ်ကိုဟော သို့မဟုတ် မည်သည့်အချိုးအစားဖြင့်မဆို နှစ်မျိုးစပ်ထားသည့်ဆီဖြင့် မောင်းနှင်၍ရ၏။ ၂၀၀၃ မှ ၂၀၀၄ ခုနှစ်အထိ အယ်လ်ကိုဟောလောင်စာဆီ ရောင်းရငွေမှာ ၃၄ ရာခိုင်နှုန်း တိုးများလာခဲ့သည်။ ဝန်းကျင်ကိုထိခိုက်စေမည့်အကြောင်း မရှိသလောက်ပင်။ အယ်လ်ကိုဟောကို လောင်စာအဖြစ်အသုံးပြု၍ မောင်းနှင်ခြင်းက ယာဉ်မောင်းအများစုအတွက် ပို၍အကုန်အကျသက်သာသည်။ လောင်စာဆီနှစ်မျိုးသုံးကားများသည် “လောင်စာဆီအကျပ်အတည်းနှင့် ဈေးနှုန်းအတက်အကျ” မဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း ဘရာဇီးအခြေခံအဆောက်အအုံစင်တာမှ ဒါရိုက်တာ ရာဖယ်လ် ရှီဒမန်က ရှင်းပြသည်။ “အယ်လ်ကိုဟောဆီဈေးနှုန်း တက်လာမယ်ဆိုရင် ဓာတ်ဆီကိုပြောင်းသုံးပါ၊ ဓာတ်ဆီဈေးတက်ရင်တော့ အယ်လ်ကိုဟောဆီကိုသုံးပါ။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ