ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၀ စာ. ၂-၃
  • မည်သူ ဦးဆုံးလုပ်ခဲ့သနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မည်သူ ဦးဆုံးလုပ်ခဲ့သနည်း
  • နိုးလော့!—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်သည် တကယ်ပင် ပြိုင်စံရှားလေစွ!
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • မိုဘိုင်းလ်ဖုန်း မိတ်ဆွေလော၊ ရန်သူလော
    နိုးလော့!—၂၀၀၅
  • သင့် တယ်လီဖုန်း အမူအကျင့်များကား မည်သို့နည်း
    နိုးလော့!—၁၉၉၇
  • တယ်လီဖုန်းဖြင့်သက်သေခံခြင်းသည် ထိရောက်မှုရှိနိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နိုးလော့!—၂၀၁၀
န ၃/၁၀ စာ. ၂-၃

မည်သူ ဦးဆုံးလုပ်ခဲ့သနည်း

ဒေါက်တာ မာတင်ကူးပါးသည် ၁၉၇၃ ခုနှစ်တွင် လက်ကိုင်ဆဲလ်လူလာတယ်လီဖုန်းကို ဦးဆုံးပြသခဲ့သူဖြစ်သည်။ ယင်းဖုန်းတွင် ဘက်ထရီတစ်ခု၊ ရေဒီယိုတစ်လုံးနှင့် ကွန်ပျူတာ၏အဓိကအလုပ်များကိုလုပ်ဆောင်သော မိုက်ကရိုချပ်စ်တစ်ခု (ကွန်ပျူတာအသေးစားတစ်ခု) တို့ပါသည်။ ကူးပါးသည် လမ်းပေါ်တွင် ဖုန်းခေါ်ဆိုနေသည်ကို နယူးယောက်မြို့သားများမြင်သောအခါ အံ့အားသင့်သွားကြသည်။ သို့သော် ၁၈၀၀ ပြည့်နှစ်က အလက်ဇန်ဒရို ဗိုလ်တာသည် စိတ်ချရသော ဘက်ထရီတစ်ခုကိုတီထွင်ခဲ့သောကြောင့်သာ ယင်းသို့ဖန်တီးနိုင်ခြင်းဖြစ်သည်။ ထို့ပြင်၊ ၁၈၇၆ ခုနှစ်တွင် တယ်လီဖုန်း၊ ၁၈၉၅ တွင် ရေဒီယိုနှင့် ၁၉၄၆ ခုနှစ်တွင် ကွန်ပျူတာတို့ တိုးတက်ဖြစ်ပေါ်လာခဲ့ကြသည်။ နောက်ဆုံးတွင် ၁၉၇၁ ခုနှစ်၌ မိုက်ကရိုချပ်စ်ကိုတီထွင်လိုက်ခြင်းက ဆဲလ်ဖုန်းများကို ဖြစ်ပေါ်လာနိုင်စေခဲ့သည်။ သို့သော်ငြား၊ အဆင့်မြင့်ကိရိယာများဖြင့်ဆက်သွယ်ခြင်းသည် တကယ်ပင်အသစ်အဆန်းလောဟု ကျွန်ုပ်တို့မေးပေမည်။

လူ့အသံသည် ဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်ပြီး ယင်းကို အမှုမဲ့အမှတ်မဲ့သဘောထားလေ့ရှိကြသည်။ သင့်ဦးနှောက်၏ လှုပ်ရှားမှုဆိုင်ရာအပြင်လွှာ (motor cortex) ရှိ နဗ်ကြောဘီလျံတစ်ဝက်ကျော်သည် စကားပြောအင်္ဂါများကိုထိန်းချုပ်ရာတွင်ပါဝင်ပြီး ကြွက်သား ၁၀၀ ခန့်သည် သင့်လျှာ၊ နှုတ်ခမ်း၊ မေးရိုး၊ လည်ချောင်းနှင့် ရင်ဘတ်တို့၏ ရှုပ်ထွေးသည့် အင်္ဂါအစိတ်အပိုင်းစုကို အလုပ်လုပ်စေသည်။

ယင်းဆက်သွယ်ရေးစနစ်တွင် သင့်နားသည်လည်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။ နားသည် သင့်ဦးနှောက်အလုပ်လုပ်နိုင်ရန် အသံများကို လျှပ်စစ်လှုံ့ဆော်လှိုင်းများအဖြစ်သို့ ပြောင်းလဲပေးသည်။ လူတို့၏အသံနေအသံထားအားဖြင့် သူတို့ကိုမှတ်မိနိုင်ရန် သင့်ဦးနှောက်က အသံများကို စိစစ်ပိုင်းခြားပေးသည်။ နားတစ်ဖက်သည် အခြားတစ်ဖက်ထက် တစ်စက္ကန့်၏ သန်းပေါင်းဘယ်နှစ်ပုံမြောက်၏တစ်ပုံတွင် အရင်ကြားကြောင်း ဦးနှောက်ကတွက်ချက်ပေးခြင်းဖြင့်လည်း အသံလာသည့်နေရာကို တိကျစွာတွက်ချက်နိုင်ခြင်းဖြစ်သည်။ ယင်းတို့သည် အခြားလူများစွာစကားပြောနေသည့်တိုင် လူတစ်ဦးတည်း၏အသံကို နားထောင်နိုင်စေသည့် အသွင်အပြင်နှစ်ခုသာဖြစ်သည်။

ထို့ကြောင့် (တစ်ဖက်မှခေါ်ဆိုသူ၏ဖုန်းနံပါတ်ကိုဖော်ပြသည့်) အဆင့်မြင့်ကြိုးမဲ့ဆက်သွယ်ရေးသည် အသစ်အဆန်းမဟုတ်ပါ။ သက်ရှိလောကရှိ သဘာဝတွင် ယင်းကို ဦးဆုံးတွေ့ရှိရပါသည်။

[စာမျက်နှာ ၃ ပါ ပုံကြမ်း/ရုပ်ပုံများ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

၁၈၀၀

စိတ်ချရသောဘက်ထရီ

၁၈၇၆

တယ်လီဖုန်း

၁၉၇၁

မိုက်ကရိုချပ်စ်

၁၉၇၃

ဒေါက်တာ မာတင် ကူးပါးသည် မိုဘိုင်းလ် တယ်လီဖုန်းကို တီထွင်ခဲ့

[Credit Line]

Dr. Cooper and mobile phone: © Mark Berry

[စာမျက်နှာ ၂ ပါ ရုပ်ပုံများ]

စာမျက်နှာ ၂ ညာဘက်၊ သရုပ်ဖော်ပုံများ၊ အရှေ့မှအနောက်ဘက်သို့- ရေဒီယိုကိရိယာနှင့် ဂူဂလီမို မာကိုနီ၊ သောမတ်စ် အက်ဒီဆင်နှင့် မီးသီး; ဆက်သွယ်ရေးကိရိယာ တီထွင်သူ ဂရန်ဗီလီ တီ. ဝုဗ်; ရိုက်ညီအစ်ကိုများနှင့် ၁၉၀၃ ခုနှစ်က ရိုက်ညီနောင်၏ ပျံသန်းသူ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ