ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၂ စာ. ၃
  • စိတ်ပါဝင်စားမှု ရှိပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ပါဝင်စားမှု ရှိပါ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျောင်းတက်ဖို့ စိတ်ကုန်နေရင် ဘာလုပ်ရမလဲ
    လူငယ်များအမေး
  • ငါကျောင်းထွက်လိုက်ရင် ကောင်းမလား
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ကျောင်းမှအကောင်းဆုံး အကျိုးရယူပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ကျောင်းထွက်လိုက်ရင် ကောင်းမလား
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၁၀/၁၂ စာ. ၃

စိတ်ပါဝင်စားမှု ရှိပါ

ကျောင်းကို လမ်းလျှောက်သွားနေတဲ့ ကျောင်းသားလေး

ဘယ်အလုပ်မှာမဆို လက်တွေ့ကျ တန်ဖိုးကို မြင်မှသာ စိတ်ဝင်တစား ကြိုးစားလုပ်ဆောင်နိုင်မှာ ဖြစ်တယ်။

ကျောင်းကနေရရှိတဲ့ လက်တွေ့ကျတန်ဖိုးက ဘာလဲ။ ကျောင်းက ဉာဏ်ပညာရရှိစေတယ်။ “ပညာသည် ကွယ်ကာတတ်၏” ဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒေ. ၇:၁၂) ဘယ်လိုနည်းနဲ့ ကွယ်ကာပေးသလဲ။ ဥပမာ၊ သင်က အန္တရာယ်များတဲ့ နယ်မြေမှာ လမ်းလျှောက်နေရတယ် ဆိုပါစို့။ သင်တစ်ယောက်တည်း လျှောက်ချင်သလား ဒါမှမဟုတ် လိုအပ်ရင် သင့်ကို ကာကွယ်ပေးနိုင်တဲ့ သူငယ်ချင်းတွေနဲ့အတူ လျှောက်ချင်သလား။ အခြေခံပညာရေး ကောင်းကောင်း ရှိထားခြင်းက “သူငယ်ချင်း” တွေလို အားကိုးရပြီး သင်နဲ့အတူ အမြဲရှိနေနိုင်တဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်စေတယ်။ အောက်ပါ အရည်အသွေးတွေဖြစ်တယ်–

  • စဉ်းစားချင့်ချိန်နိုင်စွမ်း။ ကျောင်းတက်ခြင်းက ‘ပညာဉာဏ်နဲ့ ထိုးထွင်းဉာဏ်’ ကို တိုးတက်လာစေတယ်။ (သု. ၃:၂၁၊ ခမ) အဲဒီ အရည်အသွေးတွေက ပြဿနာတွေ ပေါ်လာတဲ့အခါ သူများကိုပဲ အားကိုးမယ့်အစား ကိုယ့်ဘာသာကိုယ် ဖြေရှင်းနိုင်စေတယ်။

  • လူမှုပေါင်းသင်းဆက်ဆံနိုင်စွမ်း။ စိတ်ရှည်ခြင်း၊ ချုပ်တည်းခြင်းစတဲ့ အရည်အသွေးတွေကို မွေးမြူကြဖို့ သမ္မာကျမ်းစာက တိုက်တွန်းတယ်။ (ဂလာတိ ၅:၂၂၊ ၂၃) ကျောင်းမှာ လူအမျိုးမျိုးရှိတဲ့အတွက် အဲဒီအရည်အသွေးအပြင် သည်းခံစိတ်၊ ရိုသေလေးစားမှု၊ စာနာမှုစတဲ့ အရည်အသွေးတွေကို တင်ပြနိုင်တဲ့ အခွင့်အရေးရစေတယ်။ အဲဒီအရည်အသွေးတွေက သင် လူကြီးဖြစ်လာတဲ့အခါမှာလည်း အထောက်အကူပြုတယ်။

  • လက်တွေ့အသုံးဝင်မယ့် လေ့ကျင့်မှု။ ကျောင်းကနေ အလုပ်ကြိုးစား လုပ်ဆောင်တတ်ဖို့ သင်ပေးတဲ့အတွက် အဲဒါက အလုပ်ရဖို့နဲ့ အလုပ်မြဲဖို့ အထောက်အကူပြုမှာ ဖြစ်တယ်။ အဲဒီအပြင် သင့်ဝန်းကျင် ကမ္ဘာလောကအကြောင်း ပိုသိလာတာနဲ့အမျှ သင်ဟာ ဘယ်လို လူစားလဲ၊ သင့်အတွက် အရေးအကြီးဆုံးက ဘာလဲဆိုတာတွေကို ပိုသိလာပါလိမ့်မယ်။ (သု. ၁၄:၁၅) ဒီအသိတွေကြောင့် သင့်ယုံကြည်ချက်အကြောင်းကို ပိုလေးစားစွာ ရှင်းပြနိုင်လာပါလိမ့်မယ်။—၁ ပေတရု ၃:၁၅။

အဓိကအချက်– အခြေခံပညာရေးကို သင် လိုအပ်တဲ့အတွက် ကျောင်းနဲ့ ပတ်သက်ပြီး သင်မကြိုက်တဲ့ အကြောင်းတွေကို စဉ်းစားနေခြင်းက အကျိုးမရှိဘူး။ အဲဒီအစား ကျောင်းကို သင် စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးတဲ့ ဖော်ပြပါအချက်တွေကို စဉ်းစားပါ။ ကျောင်းတက်ခြင်းရဲ့ တခြား အကျိုးကျေးဇူးတွေကိုတောင် သင် စဉ်းစားမိပါလိမ့်မယ်။

ဆရာကောင်းတွေကို လေးမြတ်ကြ

“ကျွန်တော့်ရဲ့ အထက်တန်း ဘောဂဗေဒဆရာက ဘဏ်အလုပ်လိုမျိုး ငွေကြေးနဲ့ဆိုင်တဲ့ အလုပ်ကောင်း တစ်ခု ရနိုင်တယ်။ ဒါပေမဲ့ ဆင်းရဲသား အများစုနေထိုင်တဲ့၊ ကျောင်းသားအများစုက ဘောဂဗေဒကို စိတ်မဝင်စားတဲ့မြို့မှာ လာအလုပ်လုပ်နေတယ်။ ဒီဘာသာရပ်ကို သူက ရိုးရိုးရှင်းရှင်းနဲ့ စိတ်ဝင်စားစရာကောင်းအောင် သင်တဲ့အပြင် ကျွန်တော်တို့နဲ့ ဘယ်လို သက်ဆိုင်သလဲဆိုတာကိုလည်း ပြောပြတယ်။ တစ်ခါက ကျွန်တော့်အမေကို ခေါ် ပြီး ကျွန်တော်ရေးတဲ့ စာစီစာကုံး ကောင်းကြောင်း ချီးမွမ်းခဲ့တယ်။ ဒီကျောင်းမှာ ဘာလို့ စာလာသင်တာလဲလို့ ကျောင်းသူ/သားတွေက မေးကြတဲ့အခါ ဒီနေရာက အလုပ်လုပ်လို့ အကောင်းဆုံးနေရာပဲလို့ ပြန်ဖြေတယ်။ သူ ကျွန်တော်တို့ကို နားလည်ပေးတယ်။ ကျွန်တော်တို့ကို ချီးမွမ်းပေးတယ်။ ကျွန်တော်တွေ့ ဖူးတဲ့ ဆရာတွေထဲမှာ အကောင်းဆုံးဆရာပဲ။” —ရီရွန်၊ အမေရိက။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ