ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၇ စာ. ၂
  • ကျောင်းမှအကောင်းဆုံး အကျိုးရယူပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျောင်းမှအကောင်းဆုံး အကျိုးရယူပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငါကျောင်းထွက်လိုက်ရင် ကောင်းမလား
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ရည်ရွယ်ချက်တစ်ခုရှိသောပညာရေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • လောကီပညာရေးနှင့်သင့် ဝိညာဏပန်းတိုင်များ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • လူငယ်တို့—သင်တို့၏ကျောင်းပညာဆည်းပူးခြင်းမှ အကျိုးရယူပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၈/၉၇ စာ. ၂

ကျောင်းမှအကောင်းဆုံး အကျိုးရယူပါ

၁ လူငယ်များစွာက “ငါကျောင်းပြန်တက်ဖို့ အသင့်ဖြစ်ပြီလား” ဟူ၍မေးသည့်အချိန်သည် ယခုအချိန်ပင်ဖြစ်သည်။ ကျောင်းပြန်တက်သည်နှင့် စိန်ခေါ်ချက်နှင့် စိုးရိမ်ပူပန်မှုတချို့ဒွန်တွဲပါလာမည်ဖြစ်သော်လည်း မိမိတို့၏ပညာရေးမှ အကောင်းဆုံးအကျိုးရယူရန် ကြိုးပမ်းသည့်လူငယ်များရရှိမည့် အကျိုးမြောက်မြားစွာလည်းရှိသည်။

၂ အခြေခံကောင်းသောပညာရေးတွင် လူတစ်ဦး၏ဝိညာဏတိုးတက်မှုပါဝင်နိုင်သည်။ နောင်လူကြီးဖြစ်လာသောအခါ မိမိ အဘယ်အလုပ်မျိုးလုပ်ကိုင်ပြီးမြောက်နိုင်မည် ဟူသည့်အချက်သည် လူငယ့်ဘဝ၌ပြုခဲ့သည့်အရာများအပေါ် များစွာမူတည်သည်။ ကျောင်းနေသည့်ကိစ္စတွင်ပင် “လူသည် မျိုးစေ့ကြဲသည်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။” (ဂလ. ၆:၇) ကျောင်းသင်ခန်းစာများကို ဝီရိယရှိရှိဆည်းပူးသည့်လူငယ်များသည် ယေဟောဝါအတွက် ပို၍အသုံးဝင်စေမည့် အစွမ်းအစများကိုရရှိနိုင်သည်။

၃ ကျောင်းဘာသာရပ်များရွေးချယ်ရာတွင် မှန်သောရွေးချယ်မှုဖြစ်လိုပါက ဂရုတစိုက်ကြိုတင်စဉ်းစားထားရန်လိုသည်။ မိဘတို့သည် မိမိတို့၏သားသမီးများအား ဘဝတွင် ဝိညာဏပန်းတိုင်များသို့ရောက်ရှိရန် လက်တွေ့အကျဆုံးလေ့ကျင့်မှုပေးသည့်ဘာသာရပ်ကို ရွေးချယ်ရန် ကူညီပေးသင့်သည်။ မိမိတို့၏အစွမ်းအစကိုတိုးတက်စေခြင်းဖြင့် လူငယ်တို့သည် ရှေ့ဆောင်လုပ်ငန်းတွင် မိမိတို့ကိုယ်ကိုထောက်ပံ့ပေးနိုင်သည့်အကျိုးကို ရရှိမည်ဖြစ်သည်။ သူတို့၏အခြေခံပညာရေးသည် အဘယ်နေရာ၌ပင် အမှုဆောင်ရစေကာမူ ယေဟောဝါကိုချီးမွမ်းရန် အကူအညီဖြစ်စေသင့်သည်။

၄ လူငယ်တို့၊ သင်တို့ကျောင်းနေစဉ် အကောင်းဆုံးအကျိုးများရယူရန် ကြိုးစားပါ။ ထိုသို့လုပ်ဆောင်ရာတွင် လောကီလုပ်ငန်းတစ်ခုရရှိခြင်းအပေါ်တွင်မဟုတ်ဘဲ မြင့်မြတ်သောလုပ်ငန်းတော်တွင် ပိုမိုအဓိပ္ပာယ်ပြည့်ဝသည့်အသက်တာဖြင့် အသက်ရှင်ခြင်းအပေါ်တွင် အာရုံစိုက်ပါ။ သင်တို့၏အသက်တာကို ယေဟောဝါအလိုတော်ဆောင်ရာတွင် ကြိုးစားအသုံးပြုပါ။ ဤသို့အားဖြင့် ယေဟောဝါအားချီးမွမ်းရန်ဟူသောသင့်လမ်းခရီးသည် အောင်မြင်ပါလိမ့်မည်။—ဆာ. ၁:၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ