ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၄/၁၃ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမေရိကန် ပြည်ထောင်စု
  • အန္တာတိက
  • နယ်သာလန်
  • ဂျာမနီ
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
    နိုးလော့!—၂၀၁၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
    နိုးလော့!—၂၀၁၄
နိုးလော့!—၂၀၁၃
န ၄/၁၃ စာ. ၃

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အမေရိကန် ပြည်ထောင်စု

၂၀၁၂ အောက်တိုဘာ ၂၉ အပတ် မှာ နယူးယောက်မှာ လူသတ်မှု၊ ကြီးလေးတဲ့ ရာဇဝတ်မှုနဲ့ လုယက်မှုတွေက ၂၀၁၁ ခုနှစ်ရဲ့ အဲဒီအပတ်နဲ့နှိုင်းယှဉ်ရင် အတော့်ကို လျော့ကျသွားတယ်။ အကြောင်းရင်းကတော့ အမေရိကန်အရှေ့ဘက် ကမ်းရိုးတမ်းကို တိုက်ခိုက်သွားပြီး လျှပ်စစ်မီးတွေကို ပြတ်တောက်သွားစေတဲ့ အင်အားပြင်း စန္ဒီဟာရီကိန်းမုန်တိုင်းကြောင့်ဖြစ်တယ်။ “သဘာဝဘေးတွေ ဒါမှမဟုတ် [၂၀၀၁ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုလိုမျိုး] ရုတ်တရက်အဖြစ်ဆိုးကြီးတွေ ဖြစ်ပြီးနောက်မှာ ဖြစ်နေကျရာဇဝတ်မှုတွေ လျော့ကျသွားတတ်တယ်” လို့ နယူးယောက်ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ပေါလ် ဘရောင်းက ဆိုတယ်။ ဒါပေမဲ့ ဖောက်ထွင်းခိုးယူမှုတွေတော့ များလာတယ်။ ဒါကိုတော့ ဘရောင်း မအံ့သြပါဘူး။ “မီးမရှိဘဲ မှောင်နေတဲ့နေရာတွေ အများကြီးပဲ” လို့ သူက ဆိုတယ်။

အန္တာတိက

အန္တာတိကရဲ့ သဘာဝပတ်ဝန်းကျင်က တခြားနေရာကနေရောက်လာတဲ့ အပင် မျိုးစိတ်တွေကြောင့် စိုးရိမ်စရာအခြေအနေရောက်နေတာကို ပညာရှင်တွေ စိုးရိမ်နေကြတယ်။ အန္တာတိကတိုက်ကို နှစ်စဉ် သောင်းနဲ့ချီတဲ့ဧည့်သည်တွေ ရောက်လာကြပြီး သူတို့ရဲ့ ဘွတ်ဖိနပ်နဲ့ လွယ်အိတ်တွေမှာ တစ်ယောက်ကို ပျမ်းမျှ မျိုးစေ့ ၉.၅ စေ့ သယ်ဆောင်လာကြတယ်လို့ ခန့်မှန်းရတယ်။ တခြားဒေသကနေရောက်လာပြီး ပေါက်ရောက်ရှင်သန်နေတဲ့ အပင်မျိုးစိတ်တွေကို အန္တာတိကရဲ့ အနောက်ကျွန်းဆွယ်မှာ တွေ့နေရပြီ။

နယ်သာလန်

အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ အဘွားအို တစ်ယောက်ဟာ 3-D လေဆာပရင်တာကနေထုတ်တဲ့ တိုင်တေးနီယမ် မေးရိုးအတုကို ဦးဆုံးလက်ခံရရှိသူဖြစ်လာခဲ့တယ်။ သူဟာ အရိုးရောဂါကြောင့် မေးရိုးပျက်စီးသွားသူဖြစ်တယ်။ အခုတော့ ပုံမှန် စားနိုင်၊ အသက်ရှူနိုင်၊ စကားပြောနိုင်ပြီ။ အဲဒီလေဆာပရင်တာက တိုင်တေးနီယမ်အစတွေကို တစ်လွှာပြီးတစ်လွှာ ပေါင်းစပ်ပြီး သူ့မေးရိုးပုံ ဖော်ပေးခဲ့တယ်။ အဲဒါကို ခွဲစိတ်တပ်ဆင်ပေးခဲ့တယ်။

ဂျာမနီ

ဂျာမနီနိုင်ငံရဲ့ လူအများရှိတဲ့ နေရာတချို့ကို ဆေးလိပ်မသောက်ရ နယ်မြေအဖြစ်သတ်မှတ်ခဲ့တယ်။ အဲဒီလိုသတ်မှတ်ပြီးတစ်နှစ်အတွင်း အုပ်စုတစ်စုကို လေ့လာကြည့်တဲ့အခါ နှလုံးကြောင့် ရင်ဘတ်အောင့်ရောဂါ ၁၃.၃ ရာခိုင်နှုန်း လျော့နည်းသွားပြီး ရုတ်တရက်နှလုံးဖောက်မှုဟာ ၈.၆ ရာခိုင်နှုန်း လျော့နည်းသွားတာကို တွေ့ ရှိရတယ်လို့ ဆေးရုံက သက်ဆိုင်ရာဌာနတွေက ဖော်ပြကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ