ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၁၃ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ် အကဲခတ်
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆွစ်ဇလန်
  • အစ္စရေး
  • အမေရိကန်ပြည်ထောင်စု
  • ဩစတြေးလျ
  • မွေးနေ့
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နိုးလော့!—၂၀၁၃
န ၇/၁၃ စာ. ၃

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ဆွစ်ဇလန်

ဆွစ်ဇလန်မှာပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ အသက် ၆၀ ကျော်တဲ့ သူတွေဟာ တခြားနေ့မှာထက် မွေးနေ့မှာသေဆုံးနိုင်ခြေ ၁၄ ရာခိုင်နှုန်း ပိုများနေတယ်။ မွေးနေ့မှာ အသက်အန္တရာယ်ရှိလောက်တဲ့ နှလုံးဖောက်မှုက ပုံမှန်ထက် ၁၈ ရာခိုင်နှုန်းပိုများတယ်။ အမျိုးသမီးတွေ လေဖြတ်နိုင်ခြေ ပုံမှန်ထက် ၂၁ ရာခိုင်နှုန်းပိုများပြီး အမျိုးသားတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နိုင်ခြေ ၃၅ ရာခိုင်နှုန်းပိုများတယ်။ ဖိစီးမှုနဲ့ အရက်ယမကာသောက်သုံးခြင်းက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုနဲ့ မတော်တဆဖြစ်မှုတွေကို တိုးပွားစေတဲ့အရာတွေဖြစ်တယ်လို့ ပညာရှင်တွေ ယူမှတ်ကြတယ်။ တချို့ပညာရှင်တွေက ဒီတွေ့ ရှိမှုကို လက်မခံကြဘူး။ မွေးဖွားတဲ့နေ့နဲ့ သေဆုံးတဲ့နေ့ တူနေရတာက မှတ်တမ်းတင်တဲ့အခါ ရေးမှားသွားတာဖြစ်နိုင်တယ်လို့ ယူမှတ်ကြတယ်။

အစ္စရေး

ကိုယ်ရေးအကျဉ်းနဲ့အတူ ဓာတ်ပုံတွဲတင်တဲ့အခါ အလုပ်အင်တာဗျူးဖြေရတဲ့သူ အများစုက ရုပ်ဖြောင့်တဲ့အမျိုးသားတွေဖြစ်ပြီး ရုပ်ချောတဲ့အမျိုးသမီး နည်းနေတာကို တွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာဗျူးဖြေခွင့်ပေးသင့်မသင့်ဆုံးဖြတ်တဲ့ ဝန်ထမ်းရေးရာဌာနမှာ အများစုက အမျိုးသမီးတွေဖြစ်တဲ့အတွက်ကြောင့် ဖြစ်နိုင်တယ်လို့ သုတေသီတွေ ခန့်မှန်းကြတယ်။ ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားကတော့ အဲဒီအမျိုးသမီးတွေက ရုပ်ချောတဲ့အမျိုးသမီးတွေကို မနာလိုတဲ့အတွက်ကြောင့်လို့ မဂ္ဂဇင်းတစ်စောင် (The Economist) က ရှင်းပြတယ်။

အမေရိကန်ပြည်ထောင်စု

အကြမ်းဖက်မှုနဲ့ စစ်ဆန့်ကျင်ရေးဝါဒီတွေဖြစ်ကြတဲ့ အသက် ၈၂ နှစ်အရွယ် ခရစ်ယာန်သီလရှင်တစ်ဦးနဲ့ အသက် ၆၃ နှစ် နဲ့ ၅၇ နှစ် အမျိုးသားနှစ်ဦးဟာ မကြာသေးခင်က တက်နက်စီပြည်နယ်၊ အောခ် ရစ်ဂ်ျ မြို့မှာရှိတဲ့ နျူးကလီး ယားပစ္စည်း တန် ၁၀၀ သိုလှောင်ထား တဲ့ အဆောက်အအုံတွေရှိတဲ့နေရာကို ဖောက်ဝင်ပြီး အဆောက်အအုံတစ်ခုရဲ့ နံရံမှာ စစ်ဆန့်ကျင်ရေးဆောင်ပုဒ်တွေ ရေးသားခဲ့ကြတယ်။ “ကမ္ဘာ့လုံခြုံရေးအတင်းကျပ်ဆုံး နေရာတစ်ခုလို့ ယူမှတ်ထားတဲ့” နေရာမှာ လုံခြုံရေးလစ်ဟင်းနေမှုဟာ “ကြောက်ခမန်းလိလိ ဒုက္ခရောက်မယ့်ကိန်းပဲ” လို့ စွမ်းအင်ဝန်ကြီးဌာနရဲ့ အတွင်းရေးမှူး စတီဗင်ချူးက ပြောတယ်။

ဩစတြေးလျ

နိုင်ငံရဲ့ ဗဟိုတရားရုံးက ဆေးလိပ်ကုမ္ပဏီတွေကို စီးကရက်ဗူးတွေမှာ အရောင်တွေ၊ အမှတ်တံဆိပ်တွေဖြုတ်ပြီး စီးကရက်ဗူးအားလုံးက လူအများစုမကြိုက်တဲ့ ညိုမှိုင်းတဲ့အရောင်ဖြစ်ပြီး ဆေးလိပ်သောက်ခြင်းရဲ့ဆိုးကျိုးကို ဖော်ပြထားတဲ့ပုံ ဖြစ်ရမယ်လို့ အမိန့်ထုတ်ပြန်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ