ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၇/၁၃ စာ. ၁၀-၁၁
  • တွေ့ရခဲတဲ့ ကန္တာရတောကြောင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တွေ့ရခဲတဲ့ ကန္တာရတောကြောင်
  • နိုးလော့!—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ကြောင်လျှာ
    အလိုလို ဖြစ်လာနိုင်ပါ့မလား
  • သဲပေါ်လမ်းလျှောက်ခြင်း—ကျန်းမာရေး ပိုမိုကောင်းမွန်စေသော လှုပ်ရှားမှုများ
    နိုးလော့!—၁၉၉၇
  • ကြောင်များ တောဝင်သွားချိန်ဝယ်
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၃
န ၇/၁၃ စာ. ၁၀-၁၁
[ရုပ်ပုံ]

တွေ့ရခဲတဲ့ ကန္တာရတောကြောင်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

နှစ်လကြာ သားလွယ်ထားပြီးနောက် ပျမ်းမျှအားဖြင့် သုံးကောင်ပေါက်

ကန္တာရတောကြောင်ဟာ ခြောက်သွေ့တဲ့ သဲကန္တာရအလယ်၊ ညအမှောင်မှာ ပုန်းခိုရာမြေတွင်းထဲကနေ ထွက်ပေါ်လို့လာပါတယ်။ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး အသံကိုလည်း နားစွင့်တယ်။ နောက်၊ မြေကြီးပေါ်ဝပ်လိုက်ပြီး သဲပြင်ပေါ် ခြေသံလုံလုံ စလှမ်းလိုက်တယ်။

ကန္တာရတောကြောင်ဟာ သတိမရှိတဲ့သားကောင်ကို ရုတ်တရက် ခုန်အုပ်လိုက်တယ်။ တစ်ညလုံး ပုန်းလျှိုးကွယ်လျှိုးလှည့်လည်ပြီး တစ်ခါတလေ သားကောင်တွေကို ခုန်ဖမ်းတတ်တယ်။ စားနိုင်တာထက် ပိုဖမ်းမိရင် ကျန်တာကို သဲထဲမှာ ဝှက်ထားခဲ့တယ်။ မနက်ဝေလီဝေလင်းအချိန်မှာ မြေတွင်းထဲပြန်ဝင်သွားပြီး နေ့အချိန်မှာတော့ အပြင်မထွက်သလောက်ပဲ။ တွေ့ရခဲပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဒီတောကြောင်ရဲ့ အသွင်အပြင်တချို့ကို သုံးသပ်ကြည့်ပါ။

  • နားပါးတဲ့အတွက် သားကောင်ရှိရာကိုသိနိုင်၊ သားကောင်က မြေတွင်းထဲမှာရှိရင်တောင် သိနိုင်

  • မိတ်ဖက်ကို ရှာတွေ့ဖို့ အထီးက အသံစူးစူးရှရှအော်တတ်။ အမက နားပါးတဲ့အတွက် အဝေးကြီးကနေ အော်တဲ့ အထီးရဲ့အသံကိုကြားနိုင်

  • ကြောင်ရဲ့ဖဝါးက အမွေးတွေဖုံးနေတဲ့အတွက် သဲထဲမနှစ်မြုပ်သွား၊ ပြင်းထန်တဲ့အပူချိန်ကိုလည်း မခံစားရ

  • နားရွက်အတွင်းပိုင်းမှာ ထူထူထဲထဲရှိတဲ့ အမွေးဖြူဖြူတွေက လေနဲ့ပါလာတဲ့သဲတွေကို နားထဲမဝင်အောင် ကာကွယ်ပေး

  • ကန္တာရတောကြောင်ရဲ့ခြေရာကို တွေ့ရခဲ။ ဖဝါးကို အမွေးထူထူက ဖုံးအုပ်နေတဲ့အတွက် ခြေရာမကျန်ရစ်

  • ကန္တာရတောကြောင်တွေဟာ သူတို့ရဲ့သားကောင်ဆီကရတဲ့ ရေဓာတ်နဲ့ အသက်ဆက်နိုင်

  • ကာရာကွန် သဲကန္တာရရဲ့ သဲအပူချိန်က ၈၀˚C အထိရှိနိုင်။ တချို့အချိန်တွေမှာ လေထုအပူချိန်က အနုတ် ၂၅˚C အထိကျဆင်း

သိမှတ်ဖွယ်ရာအချက်အလက်များ

  • ကန္တာရတောကြောင်ကို တွေ့နိုင်တဲ့နေရာ– ဆာဟာရအတွင်းပိုင်း၊ အာရေဗျတစ်လျှောက်နဲ့ အာရှအလယ်ပိုင်း

  • အလေးချိန်– အထီးက လေးပေါင်ခွဲကနေ ခြောက်ပေါင်ခွဲကြားရှိ

  • ယေဘုယျအရွယ်အစား– ခေါင်းနဲ့ကိုယ်အရှည်က ၁၆ လက်မကနေ ၂၂ လက်မကြားရှိ

  • အမြီး– ၈ လက်မကနေ ၁၂ လက်မကြားရှိ

  • ပင်ကိုစရိုက်– တခြားရက်စက်တဲ့ တောကြောင်တွေထက်စာရင် သိမ်မွေ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ