ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၃ စာ. ၃
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၁၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာတိတ်ဒေသ
  • ကမ္ဘာ့သတင်း
  • ဗြိတိန်
  • ကွန်ဂိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ
  • ဩစတြေးလျ
  • ဆင်စွယ်—မည်မျှတန်ဖိုးရှိသနည်း
    နိုးလော့!—၁၉၉၉
နိုးလော့!—၂၀၁၃
န ၉/၁၃ စာ. ၃

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အာတိတ်ဒေသ

“နွေရာသီမှာ အာတိတ်ဒေသရေခဲထုဟာ လွန်ခဲတဲ့အနှစ် ၃၀ မှာရှိခဲ့တဲ့ ရေခဲထုရဲ့ လေးပုံတစ်ပုံပဲရှိတော့တယ်” ဆိုပြီး ဗြိတိန်နိုင်ငံ၊ ကိမ်းဘရစ်ချ်တက္ကသိုလ်က သမုဒ္ဒရာဆိုင်ရာ ရူပဗေဒပါမောက္ခ ပီတာ ဝဒ်ဒမ်စ် က ပြောတယ်။ ၂၀၁၂ ခုနှစ်မှာ၊ သင်္ဘောအစင်းရေ ၅၀ လောက်ဟာ ကမ္ဘာချီပူနွေးမှုကြောင့် ပွင့်သွားတဲ့လမ်းကြောင်းတွေကို အသုံးပြုပြီး မြောက်ဖျားပိုင်းသမုဒ္ဒရာခရီး နှင်ခဲ့ကြတယ်။

ကမ္ဘာ့သတင်း

ကလေးမွေးဖွားပြီးနောက် ရက်ပိုင်းအတွင်းတိုက်ကျွေးတဲ့ မိခင်နို့ရည်ထဲမှာ ဘက်တီးရီးယား အမျိုးပေါင်း ၇၀၀ ကျော်ပါရှိနေတာကို ပညာရှင်တွေ တွေ့ ရှိခဲ့တယ်၊ အဲဒါက သူတို့မျှော်လင့်ထားတာထက် ပိုများတဲ့ အရေအတွက်ဖြစ်တယ်။ အဲဒီဘက်တီးရီးယားတွေဟာ မွေးကင်းစကလေးရဲ့ အစာချေစနစ်နဲ့ ကိုယ်ခံအားစနစ်အတွက် ဘယ်လိုအကျိုးပြုတယ်ဆိုတာသိအောင် သုတေသီတွေ ကြိုးစားနေကြတယ်။

ဗြိတိန်

ဗြိတိသျှသိပ္ပံပညာရှင်တွေဦးစီးပြီး ကားမောင်းသူတွေကို စမ်းသပ်လေ့လာမှုပြုတဲ့အခါ အအေးမိရောဂါခံစားနေရသူတစ်ယောက်ဟာ အရက်သောက်ထားပြီး စွမ်းရည်ယုတ်လျော့နေသူထက် တုံ့ ပြန်မှုအရမ်းနှေးကွေးနေတာကို တွေ့ ရှိခဲ့ကြတယ်။

ကွန်ဂိုဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ

အာဖရိကမှာ ဆင်စွယ်အတွက် နှစ်စဉ် ဆင်ကောင်ရေ သောင်းနဲ့ချီ သတ်ဖြတ်တာ ခံနေရတယ်၊ “တရားလွန်” လို့ပြောရလောက်အောင် သတ်ဖြတ်နေကြတယ်။ အဖြစ်အပျက်တစ်ခုအရ ဆင်ကောင်ရေအတော်များများဟာ ဦးခေါင်းထိပ်ဘက်မှာ သေနတ်မှန်တာကိုကြည့်ရင် ရဟတ်ယာဉ်ပေါ်ကနေ ပစ်ပုံရတယ်။

ဩစတြေးလျ

ဂရိတ်ဘယ်ရီယယ်လ်ကျောက်တန်းမှာရှိတဲ့ သန္တာကျောက်ခက်တစ်ဝက်ကျော်ဟာ လွန်ခဲ့တဲ့ ၂၇ နှစ်အတွင်းမှာ သေဆုံးသွားကြတယ်။ ဒီလိုသေဆုံးရတာက အပူပိုင်းမုန်တိုင်းတွေ၊ ကိုယ်ခန္ဓာမှာ ဆူးချွန်တွေပါတဲ့ ကြယ်ငါးတွေတိုးများလာမှုနဲ့ ပင်လယ်ရေအပူချိန်မြင့်လာတဲ့အခါ သန္တာကျောက်ခက်တွေ အဖြူရောင်အဖြစ် ပြောင်းလဲသွားတာတွေကြောင့်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေ ပြောကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ