ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၆/၁၄ စာ. ၁၅-၁၆
  • အသုံးစရိတ် ချွေတာနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသုံးစရိတ် ချွေတာနိုင်ပုံ
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • ငွေကြေးကို စီမံသုံးစွဲခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ငွေသုံးချင်စိတ်ကို ငါဘယ်လို ချုပ်တည်းနိုင်မလဲ
    နိုးလော့!—၂၀၀၆
  • ငါ့ရဲ့ ငွေအသုံးပြုပုံကို ဘယ်လိုထိန်းချုပ်ရမလဲ
    လူငယ်များအမေး
  • ငွေကြေးစီမံခန့်ခွဲနည်း
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၆/၁၄ စာ. ၁၅-၁၆
မောင်နှံတစ်စုံ စျေးဝယ်ထွက်နေ

မိသားစုတွေအတွက် အကူအညီ | အိမ်ထောင်ရေး

အသုံးစရိတ် ချွေတာနိုင်ပုံ

အခက်အခဲ

အသုံးစရိတ်စာရင်းကိုကြည့်လိုက်တော့ အသုံးကြမ်းနေတာကို သတိပြုမိသလား။ အိမ်ထောင်ကျတာလည်း မကြာသေး၊ ငွေသုံးတာကလည်း စည်းလွတ်ဝါးလွတ်ဖြစ်နေလို့ ကိုယ့်အိမ်ထောင်ဖက်ကိုပဲ အပြစ်ပုံချသလား။ နေပါအုံး။ ဒီလို အခြေအနေမျိုး ဘာကြောင့် ရောက်ခဲ့ ရတယ်ဆိုတာကို အတူတကွ စဉ်းစားကြည့်ပါ။a

ဘာကြောင့် ဖြစ်ရ

ညှိနှိုင်းဖို့လို။ အိမ်ထောင်မပြုခင်က မိဘအိမ်မှာနေခဲ့ရင် အသုံးစရိတ်တွေ ဘယ်လောက်ကုန်တယ်ဆိုတာ သိမှာမဟုတ်ဘူး။ ကိုယ်နဲ့ ကိုယ့်အိမ်ထောင်ဖက်ကလည်း ငွေသုံးပုံသုံးနည်း မတူတာလည်း ဖြစ်နိုင်တယ်။ ဥပမာ၊ ကိုယ်က ဝယ်ချင်၊ သူက စုချင်တာ ဖြစ်နိုင်တယ်။ ဒါကြောင့် ငွေကို နှစ်ဦးသဘောတူသုံးစွဲနိုင်ဖို့ အချိန်ပေးပြီး ညှိနှိုင်းရပါလိမ့်မယ်။

အိမ်ထောင်သည်မောင်နှံတစ်စုံရဲ့ ခြေထောက်မှာ နွယ်ပင်တွေ တဖြည်းဖြည်းရစ်ပတ်လာ

အကြွေးယူတာကို သတိမထားရင် ခြံထဲက နွယ်ပင်တွေလို အကြွေးတွေ တဖြည်းဖြည်းတက်လာပြီး မလူးသာမလွန့်သာ ဖြစ်လာမယ်။

အချိန်ဆွဲခြင်း။ အခု အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ဂျင်မ်က သူ အိမ်ထောင်ကျခါစမှာ ငွေမသုံးတတ်လို့ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်လို့ ဝန်ခံတယ်။ “ပေးရမှာကို ပေးဖို့အချိန်ဆွဲမိတာကြောင့် ရက်လွန်ကြေးတွေပေးရတာနဲ့ပဲ ပိုက်ဆံတွေအများကြီး ကုန်သွားတယ်” လို့ သူပြောပြတယ်။

မမြင်သာတဲ့ ငွေယိုပေါက်။ ပိုက်ဆံတွေ အိတ်ထဲကနေ ရှောခနဲ၊ ရှောခနဲ ထွက်သွားတာကို သတိမထားမိဘူးဆိုရင် ငွေကိုလွယ်လွယ်သုံးမိနိုင်တယ်။ အကြွေးလွယ်လွယ်ယူတာ၊ အွန်လိုင်းကနေ စျေးဝယ်တာတွေကြောင့်လည်း အိမ်ထောင်ကျခါစ မောင်နှံစုံတွေဟာ ငွေပိုသုံးမိနိုင်တယ်။

အကြောင်းရင်းက ဘာပဲဖြစ်ဖြစ် ငွေကြောင့် အိမ်ထောင်မှာ ပြဿနာတက်နိုင်တယ်။ “ပိုက်ဆံဘယ်လောက်ရှိရှိ ငွေကြောင့် ပြဿနာတက်ရတယ်၊ ခဏခဏ စကားများရတယ်လို့ မောင်နှံစုံအများစုက ပြောတယ်” ဆိုပြီး စာအုပ်တစ်အုပ် (Fighting for Your Marriage) မှာ ဖော်ပြထားတယ်။

လုပ်ဆောင်နိုင်ရာ

အတူတူဆုံးဖြတ်ပါ။ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်မယ့်အစား ငွေကို ချင့်ချင့်ချိန်ချိန်သုံးဖို့ အတူတူဆုံးဖြတ်ပါ။ စကားစပြောကတည်းက ငွေကြောင့် အချင်းချင်းစိတ်ဝမ်းမကွဲစေရဘူးလို့ ဆုံးဖြတ်ထားပါ။ —ကျမ်းစာအကြံပြုချက်– ဧဖက် ၄:၃၂။

ဘယ်လောက်ပဲ သုံးမယ်ဆိုတာ သတ်မှတ်ထားပါ။ တစ်လမှာ ဘယ်လောက်ပဲသုံးသုံး ကုန်ကျစရိတ်အားလုံးကို စာရင်းလုပ်ထားပါ။ ဒါမှ ငွေ ဘယ်လိုကုန်သွားတယ်၊ မလိုအပ်ဘဲ ငွေဘယ်လို သုံးလိုက်သလဲဆိုတာကို သိနိုင်မယ်။ “မဆင်မခြင်သုံးတာမျိုးကိုတော့ ရပ်တန်းကရပ်ရမယ်။ ဒီအဆိုက ဆေးလောကမှာရော စီးပွားရေးလောကမှာပါ အသုံးတည့်တယ်” လို့ ဂျင်မ်က ထပ်ပြောတယ်။

အစားအစာ၊ အဝတ်အစား၊ အိမ်လခ၊ ကားခ စတဲ့ မဖြစ်မနေသုံးရမယ့် အသုံးစရိတ်တွေရဲ့ တစ်လတာ ‘အကုန်အကျ’ ကို စာရင်းလုပ်ထားပါ။—ကျမ်းစာအကြံပြုချက်– လုကာ ၁၄:၂၈။

“ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏။”—သုတ္တံ ၂၂:၇။

အစားအစာ၊ အိမ်လခ၊ ကားခ စတာတွေအတွက် ကုန်မယ့်ငွေကို စာအိတ်သတ်သတ်စီနဲ့ထည့်ပြီး ဖယ်ထားပါ။b စာအိတ်ထဲမှာ ပိုက်ဆံနည်းနေပြီ ဆိုရင် အဲဒီအတွက် ထပ်မသုံးပါနဲ့တော့။ ဒါမှမဟုတ် မဖြစ်မနေသုံးဖို့လိုတယ်ဆိုရင် တခြားစာအိတ်ထဲက ငွေကို ယူသုံးပါ။

ပစ္စည်းဥစ္စာတွေနဲ့ ပတ်သက်တဲ့ သဘောထားကို ပြန်ဆန်းစစ်ပါ။ နောက်ဆုံးပေါ်ပစ္စည်းတွေရှိမှ ပျော်ရွှင်တာမဟုတ်ပါဘူး။ ယေရှုက “လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်” လို့ ပြောခဲ့ပါတယ်။ (လုကာ ၁၂:၁၅) အဲဒီစကားကို လက်ခံတယ်ဆိုရင် ငွေသုံးတာကို ချင့်ချိန်မှာပဲ။—ကျမ်းစာအကြံပြုချက်– ၁ တိမောသေ ၆:၈။

ပြုပြင်ချိန်ညှိပါ။ “ပိုက်ဆံပေးရတဲ့ ရုပ်သံလိုင်းတွေတပ်ဆင်တာ၊ အပြင်ထွက်ပြီး ဆိုင်မှာစားတာတွေက အစမှာတော့ သိပ်မကုန်ပါဘူးလို့ ထင်ရတယ်။ ဒါပေမဲ့ ရေရှည်တွက်ကြည့်လိုက်ရင် ကုန်ကျစရိတ်တွေက အဆမတန်များသွားနိုင်တယ်။ ဒါကြောင့် ကိုယ်တတ်နိုင်တာထက် ပိုမသုံးမိအောင် ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပေးရတယ်” လို့ အိမ်ထောင်သက် နှစ်နှစ်ပဲရှိသေးတဲ့ အယ်ရွန်က ပြောတယ်။

a ဒီဆောင်းပါးက ကြင်စဦးဇနီးမောင်နှံတွေကို ရည်ရွယ်ပေမဲ့ အိမ်ထောင်သက်ကြာတဲ့သူတွေနဲ့လည်း သက်ဆိုင်ပါတယ်။

b Credit card သုံးရင်၊ အွန်လိုင်းကနေတစ်ဆင့် ငွေပေးချေတယ်ဆိုရင် စာအိတ်တစ်ခုစီမှာ သုံးမယ့်ငွေပမာဏကို ရေးမှတ်ထားပါ။

ကျမ်းစာအကြံပြုချက်များ

  • ‘အချင်းချင်း ကြင်နာမှုပြ၍ သနားစာနာ ကြလော့။ အချင်းချင်း အကြွင်းမဲ့ခွင့်လွှတ်ကြလော့။’—ဧဖက် ၄:၃၂။

  • ‘သင်တို့တွင် တစ်ယောက်သောသူသည် မျှော်စင်ကို တည်ဆောက်လိုလျှင် ဦးစွာ ထိုင်၍ ကုန်ကျစရိတ်ကို မတွက်ချက်ဘဲ နေမည်လော။’— လုကာ ၁၄:၂၈။

  • “ငါတို့သည် စားစရာ၊ ဝတ်စရာ၊ နေစရာရှိသမျှနှင့် ကျေနပ်ရောင့်ရဲနေကြရမည်။”—၁ တိမောသေ ၆:၈။

မိုက်ခါ နဲ့ မေဂန်

မိုက်ခါနဲ့ မေဂန်

“အိမ်ထောင်မှာ ပိုက်ဆံကိုင်တဲ့သူက တစ်ယောက်တည်းဖြစ်နေရင် ငွေဝင်၊ ငွေထွက်အခြေအနေကို နှစ်ယောက်စလုံး သိသင့်တယ်။ လင်နဲ့မယားက ပြောပြောဆိုဆိုရှိရင် ပြဿနာ နည်းသွားမယ်။”

ဒေးဗစ် နဲ့ နက်တလိန်

ဒေးဗစ်နဲ့ နက်တလိန်

“ရှေ့ရေးကို ကြိုတွေးပါ။ စုထားတဲ့ငွေအားလုံးကို အကုန်လုံး မသုံးပစ်ပါနဲ့။ အရေးပေါ်ကိစ္စတွေအတွက် ငွေစုထားမှ ဖြစ်မယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ