ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၄ စာ. ၁၀-၁၁
  • နာကြည်းစိတ်ကို ဘယ်လို ဖြေဖျောက်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နာကြည်းစိတ်ကို ဘယ်လို ဖြေဖျောက်မလဲ
  • နိုးလော့!—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • ၄ ခွင့်လွှတ်ခြင်း
    နိုးလော့!—၂၀၁၈
  • ဘယ်လို ခွင့်လွှတ်ရမလဲ
    နိုးလော့!—၂၀၁၃
  • ပြန်လည်သင့်မြတ်ခြင်းသည် ဖြစ်နိုင်မည်လော
    နိုးလော့!—၂၀၀၁
  • စိတ်ထိခိုက်မှု​—“မကျေနပ်စရာ” တွေကြောင့် စိတ်ထိခိုက်တဲ့အခါ
    ယေဟောဝါဘုရားဆီ ပြန်လာပါ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၉/၁၄ စာ. ၁၀-၁၁
ယောက်ျားကို စိတ်ဆိုးနေတဲ့ ဇနီးသည်

မိသားစုတွေအတွက် အကူအညီ | အိမ်ထောင်ရေး

နာကြည်းစိတ်ကို ဘယ်လို ဖြေဖျောက်မလဲ

အခက်အခဲ

ကိုယ့်အိမ်ထောင်ဖက်ပြောခဲ့တဲ့စကား၊ လုပ်ခဲ့တဲ့အမှားတွေကို စိတ်ထဲမှာ ဖျောက်ဖျက်လို့မရအောင် စွဲနေတယ်။ ဒါကြောင့် ချစ်ခြင်းမေတ္တာနေရာမှာ နာကြည်းစရာတွေ အစားထိုးဝင်လာတယ်။ မေတ္တာကင်းမဲ့တဲ့ အိမ်ထောင်ရေးကို ကြိတ်မှိတ်သည်းခံပြီး ရှေ့ဆက်နေရတယ်။ ဒီလိုဖြစ်နေတာကိုလည်း ကြိတ်မနိုင်ခဲမရ ဖြစ်နေတယ်။

ဒီလိုပဲ အမြဲဖြစ်နေစရာ မလိုပါဘူး။ စိတ်နာကြည်းစေတဲ့ အကြောင်းကို အရင်ဆုံး သုံးသပ်ကြည့်ပါ။

သိသင့်သိထိုက်ရာ

လေးလံစူးနစ်ဝင်နေတဲ့ကျောက်ဆူးကြောင့် ရှေ့ဆက်သွားလို့မရဖြစ်နေတဲ့ နှစ်ယောက်စီးစက်ဘီးပေါ်က လင်မယားစုံတွဲ

အငြိုးအတေးထားတာက အိမ်ထောင်ရေးကို ရှေ့ဆက်တိုးလို့မရအောင် လုပ်နေတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုဖန်တီးနေသလိုဖြစ်

နာကြည်းစိတ်က အိမ်ထောင်ကို ပြိုကွဲစေနိုင်တယ်။ အိမ်ထောင်မှာ ရှိသင့်တဲ့ ချစ်ခြင်းမေတ္တာ၊ ယုံကြည်စိတ်ချမှု၊ သစ္စာရှိမှုတွေကို နာကြည်းစိတ်က လှိုက်စားသွားနိုင်တယ်။ ဒါကြောင့် နာကြည်းစိတ်က အိမ်ထောင်ရေးပြဿနာတစ်ခုဖြစ်တယ်။ သမ္မာကျမ်းစာက ‘ခပ်သိမ်းသော ခါးသီးနာကြည်းခြင်းရှိသမျှကို ဖယ်ရှားကြလော့’ လို့ ပြောတာ သိပ်မှန်တာပဲ။—ဧဖက် ၄:၃၁။

အငြိုးအတေးထားရင် ကိုယ်ပဲ အထိနာမယ်။ အငြိုးအတေးထားတာက ကိုယ့်ပါးကို ကိုယ်ရိုက်ပြီး တခြားသူကို နာစေချင်တာနဲ့ တူတယ်။ “ကိုယ်က အငြိုးအတေးထားပေမဲ့ ခံရသူက ဘာမှန်းတောင်မသိဘူး၊ ပျော်လို့ ရွှင်လို့ပဲ” ဆိုပြီး မာ့ခ် ဇစ်ခယ်လ်က သူ့ရဲ့စာအုပ် (Healing From Family Rifts) မှာ ဆိုထားတယ်။ ဘာကို ဆိုလိုချင်တာလဲ။ “နာကြည်းစိတ်က တခြားသူထက် ကိုယ်ပဲ ပိုထိခိုက်ရတယ်” ဆိုပြီး ဇစ်ခယ်လ်က ဆက်ပြောတယ်။

အငြိုးအတေးထားတာက ကိုယ့်ပါးကို ကိုယ်ရိုက်ပြီး တခြားသူကို နာစေချင် တာနဲ့ တူတယ်

စိတ်နာကြည်းတာက လုပ်ကိုလုပ်ရမယ့် အရာမဟုတ်ပါဘူး။ ဒီအချက်နဲ့ ပတ်သက်ပြီး တချို့က သိပ်သဘောမတူကြဘူး။ ‘ကိုယ့်အိမ်ထောင်ဖက်က ကိုယ့်ကို စိတ်နာအောင်လုပ်နေတာ’ ဆိုပြီး အဲဒီသူတွေ ဆိုကြတယ်။ ကိုယ်ထိန်းချုပ်လို့ မရတဲ့ တခြားသူရဲ့လုပ်ရပ်ကိုပဲ အာရုံစိုက်လွန်းနေတာမျိုး ဖြစ်နိုင်တယ်။ သမ္မာကျမ်းစာမှာ အဲဒီလို မပြောဘဲ “လူတိုင်း ကိုယ်ပြုသောအမှုကို ဆန်းစစ်ပါစေ” လို့ ဆိုထားပါတယ်။ (ဂလာတိ ၆:၄) တခြားသူရဲ့ အပြောအဆိုနဲ့ လုပ်ရပ်ကို ထိန်းချုပ်လို့မရနိုင်ပေမဲ့ ကိုယ့်ရဲ့တုံ့ပြန်ပုံကို ထိန်းချုပ်နိုင်ပါတယ်။ စိတ်နာကြည်းတာက တစ်ခုတည်းသော ရွေးချယ်စရာမဟုတ်ဘူး။

လုပ်ဆောင်နိုင်ရာ

ကိုယ်က နာကြည်းမှုခံစားရလို့ အိမ်ထောင်ဖက်အပေါ် အပြစ်ပုံမယ့်အစား ခွင့်လွှတ်ပေးနိုင်တယ်။ ကိုယ့်အိမ်ထောင်ဖက်အပေါ် အပြစ်တင်ဖို့ လွယ်ပါတယ်။ ဒါပေမဲ့ နာကြည်းမှုနဲ့ပဲ တုံ့ပြန်ရမှာတော့ မဟုတ်ပါဘူး။ ခွင့်လွှတ်ပေးလို့လည်း ရပါတယ်။ “အမျက်မပြေဘဲ နေမဝင်စေနှင့်” ဆိုတဲ့ ကျမ်းစာရဲ့ တိုက်တွန်းချက်အတိုင်း လုပ်ဆောင်နိုင်ပါတယ်။ (ဧဖက် ၄:၂၆) ခွင့်လွှတ်တတ်တဲ့စိတ်က အိမ်ထောင်ရေးပြဿနာတွေကို အကောင်းမြင်သဘောထားနဲ့ ဖြေရှင်းစေနိုင်ပါလိမ့်မယ်။—ကျမ်းစာအကြံပြုချက်– ကောလောသဲ ၃:၁၃။

ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသားဆန်းစစ်ပါ။ တချို့လူတွေဟာ “အမျက်ထွက်လွယ်” ပြီး “ဒေါသပြင်းထန်” တယ် လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (သုတ္တံ ၂၉:၂၂၊ သမ္မာ) သင်ကော အဲဒီလို လူစားမျိုးလား။ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးကြည့်ပါ– “ငါက နာကြည်းလွယ်တဲ့သူလား၊ အထိမခံ ရွှေပန်းကန်လို လူစားမျိုးလား၊ တစ်စိတ်ကို တစ်အိတ်လုပ်တတ်တဲ့သူလား။” ကျမ်းစာထဲမှာ “အပြစ်ကိုပြန်လည်ဖော်ထုတ်ခြင်းသည်မိတ်ပျက်စေနိုင်” တယ်ဆိုပြီး ဖော်ပြထားတယ်။ (သုတ္တံ ၁၇:၉; ဒေသနာ ၇:၉) အိမ်ထောင်အတွင်းမှာလည်း အလားတူ ဖြစ်နိုင်တယ်။ ကိုယ့်အိမ်ထောင်ဖက်ကို အခဲမကျေဖြစ်လာပြီဆိုရင် ‘ငါ့အိမ်ထောင်ဖက်အပေါ် ဒီထက်ပိုပြီး စိတ်ရှည်ပေးနိုင်မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။—ကျမ်းစာအကြံပြုချက်– ၁ ပေတရု ၄:၈။

တကယ်အရေးကြီးတာက ဘာလဲဆိုတာ သိအောင်လုပ်ပါ။ “တိတ်ဆိတ်စွာနေရသောအချိန်နှင့် စကားပြောရသောအချိန်လည်းရှိ၏” လို့ ကျမ်းစာမှာ ပြောထားတယ်။ (ဒေသနာ ၃:၇) အသေးအဖွဲကိစ္စရပ်တိုင်းကို အငြင်းပွားနေ စရာ မလိုပါဘူး။ တစ်ခါတလေ “အိပ်ရာပေါ်မှာ ကိုယ်စိတ်နှလုံးနှင့်ဆွေးနွေး စဉ်းစား၍ တိတ်ဆိတ်” စွာနေ နိုင်ပါတယ်။ (ဆာလံ ၄:၄) မကျေနပ်ချက်တစ်ခုခုကို ဆွေးနွေးဖို့လိုလာပြီဆိုရင်လည်း စိတ်အေးသွားတဲ့အထိ စောင့်ပါ။ “ကျွန်မ ဝမ်းနည်းပက်လက်ဖြစ်တဲ့အခါ အရင်ဆုံး စိတ်ပြေသွားအောင် လုပ်တယ်။ တစ်ခါတလေ ဘာမဟုတ်တဲ့ပြဿနာလေးကို ပုံကြီးချဲ့မိတယ်ဆိုတာ သိလာတော့ ကျွန်မရဲ့ခင်ပွန်းကို လေးလေးစားစားနဲ့ စကားပြောချင်လာတယ်” လို့ ဇနီးသည် ဘီးထရီးစ်က ပြောပြတယ်။—ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၉:၁၁။

“ခွင့်လွှတ်ခြင်း” ရဲ့ အဓိပ္ပာယ်ကို နားလည်ပါ။ တစ်ခါတလေ၊ ကျမ်းစာမှာ ပါတဲ့ “ခွင့်လွှတ်” ဆိုတဲ့ စကားလုံးဟာ မေ့ပစ်လိုက်တယ်၊ လက်လွှတ်လိုက်တယ်လို့ အဓိပ္ပာယ်ရှိတဲ့ မူရင်းစကားလုံးကနေ ပြန်ဆိုတာ ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ တစ်ခါမှ အပြစ်မလုပ်ခဲ့ဘူးလို့ထင်လိုက်တာမျိုး၊ အပြစ်ကို လျှော့ပေါ့မြင်တာမျိုး မဟုတ်ဘဲ အမှားတွေကို အတတ်နိုင်ဆုံး မေ့ပစ်လိုက်ခြင်း ဖြစ်တယ်။ အကြောင်းကတော့ နာကြည်းစိတ်က အိမ်ထောင်နဲ့ ကျန်းမာရေးကို ထိခိုက်စေလို့ပါပဲ။

ကျမ်းစာအကြံပြုချက်များ

  • “တစ်ဦးနှင့် တစ်ဦး မကျေနပ်စရာအကြောင်း ရှိလျှင် အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။”—ကောလောသဲ ၃:၁၃။

  • “ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။”—၁ ပေတရု ၄:၈။

  • “သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကိုချုပ်တည်းတတ်၏။ သူတစ်ပါးပြစ်မှားခြင်းကို သည်းခံသောသူသည်လည်း ဘုန်းအသရေရှိ၏။”—သုတ္တံ ၁၉:၁၁။

ဒီအချက်ကို ကြိုးစားကြည့်ပါ။

နောက်တစ်ပတ်ကစပြီး ကိုယ့်အိမ်ထောင်ဖက်ရဲ့ အရည်အသွေးကောင်း သုံးခုကို ရှာကြည့်ပါ။ သီတင်းပတ်အကုန်မှာ အဲဒီသုံးခုကို ချရေးပြီး ဒီအရည်အသွေးတွေကို ဘာကြောင့် နှစ်သက်သဘောကျတယ်ဆိုတာ အိမ်ထောင်ဖက်ကို ပြောပြပါ။ ကောင်းတာလေးတွေကိုပဲ အာရုံစိုက်မယ်ဆိုရင် နာကြည်းစိတ်ဝင်တော့မှာ မဟုတ်ဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ