ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁/၁၅ စာ. ၇
  • ပျားလဘို့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပျားလဘို့
  • နိုးလော့!—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၁၅
  • ‘နို့နှင့်ပျားရည် စီးသောပြည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နိုးလော့!—၂၀၁၅
န ၁/၁၅ စာ. ၇
ပျားအုံမှာ အလုပ်များနေကြတဲ့ ပျားများ

ဒါက သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား

ပျားလဘို့

ပျားတွေက သူတို့ရဲ့ ဗိုက်အောက်က အဖုအကျိတ်လေးတွေကနေ ထွက်တဲ့ ဖယောင်းနဲ့ ပျားလဘို့ကို တည်ဆောက်တယ်။ ပျားလဘို့ကို တကယ် ထူးခြားအံ့သြစရာကောင်းလောက်အောင် တည်ဆောက်ထားကြတယ်။ ဘာကြောင့်လဲ။

သုံးသပ်ကြည့်ပါ– အဆောက်အဦတစ်ခုကို ခြောက်မြှောင့်ပုံစံအခန်းဖွဲ့တာက အနားညီတဲ့ တြိဂံပုံ၊ စတုရန်းပုံတွေထက် ဆောက်လုပ်ရေးပစ္စည်း နည်းနည်းပဲ ကုန်ပြီး နေရာကျယ်ကျယ် ရရှိစေတယ်လို့ သင်္ချာပညာရှင်တွေ ပြောခဲ့တာ နှစ်ပေါင်းရာနဲ့ချီ ရှိပြီ။ ဒါပေမဲ့ ဘာကြောင့်လဲဆိုတာ အပြည့်အဝ မရှင်းပြပေးနိုင်သေးဘူး။ ၁၉၉၉ ခုနှစ်မှာ ပါမောက္ခ သောမတ်စ် စီ. ဟေးလ်စ်က အဲဒါကို “ပျားလဘို့ သီအိုရီ” လို့ နာမည်တပ်ပြီး သင်္ချာတွက်နည်းနဲ့ သက်သေပြခဲ့တယ်။ နေရာလွတ်တစ်ခုမှာ နေရာကျယ်ကျယ် ရစေတဲ့ အကောင်းဆုံး အခန်းဖွဲ့နည်းက ခြောက်မြှောင့်ပုံ အခန်းတွေဖွဲ့တာ ဖြစ်တယ်လို့ သူ သရုပ်ပြခဲ့တယ်။

ပျားတွေက ဖယောင်းနည်းနည်းနဲ့ ပေါ့လည်း ပေါ့၊ ခိုင်လည်း ခိုင်တဲ့ ခြောက်မြှောင့်ပုံ အခန်းကလေးတွေ ကန့်ထားတဲ့ ပျားလဘို့ထဲက လပ်နေတဲ့ နေရာရှိသမျှမှာ ပျားရည် သိုလှောင်ကြတယ်။ ဒါကြောင့် ပျားလဘို့ကို “အင်မတန် လက်ရာမြောက်တဲ့ ဗိသုကာလက်ရာ”လို့ ခေါ်ကြတာက အံ့ဩစရာ မဟုတ်ပါဘူး။

ဒီနေ့ခေတ် ပညာရှင်တွေက ပျားလဘို့ပုံစံကို အတုယူပြီး ခိုင်လည်း ခိုင်၊ နေရာလည်း ကျယ်တဲ့ အဆောက်အဦကို ဆောက်လုပ်ကြတယ်။ ဥပမာ၊ လေယာဉ်ပျံ အင်ဂျင်နီယာတွေက ပျားလဘို့ပုံစံရှိတဲ့ ဘောင်တွေကို သုံးပြီး ပိုလည်း ခိုင်၊ ပေါ့လည်း ပေါ့တဲ့ လေယာဉ်ပျံတွေကို ဆောက်လုပ်ထားကြလို့ လောင်စာနည်းနည်းပဲ သုံးဖို့ လိုတယ်။

သင် ဘယ်လို ထင်ပါသလဲ။ ပျားတွေက လက်ရာမြောက်တဲ့ ပျားလဘို့ကို ဘယ်လို တည်ဆောက်တတ်လာသလဲ။ သူ့အလိုလို တတ်လာတာလား။ ဒါမှမဟုတ် တစ်စုံတစ်ဦးက အဲဒီအစွမ်း ထည့်ပေးထားတာလား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ