ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၃/၁၅ စာ. ၈-၉
  • ယောက္ခမနဲ့ ဆက်ဆံရေးကောင်းရှိခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယောက္ခမနဲ့ ဆက်ဆံရေးကောင်းရှိခြင်း
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခက်အခဲ
  • လုပ်ဆောင်နိုင်ရာ
  • ယောက္ခမများနှင့် ဆက်ဆံရေးကောင်း ရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ယေဟောဝါသက်သေများသည် အိမ်ထောင် ဖြိုခွဲသူများလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ပြဿနာတွေ ဆွေးနွေးနိုင်ပုံ
    နိုးလော့!—၂၀၁၆
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၃/၁၅ စာ. ၈-၉
ယောက္ခမနှစ်ယောက်ကြားမှာ မသက်မသာ ထိုင်နေရရှာတဲ့ ခင်ပွန်းသည်ကို နောက်ကွယ်ကနေ ဇနီးသည်က ကြည့်နေ

မိသားစုအတွက် အကူအညီ | အိမ်ထောင်ရေး

ယောက္ခမနဲ့ ဆက်ဆံရေးကောင်းရှိခြင်း

အခက်အခဲ

“ကျွန်တော်တို့ ပြဿနာတက်ပြီဆိုရင် ကျွန်တော့်ဇနီးက သူ့မိဘတွေကို သွားပြောတော့တာပဲ။ အဲဒီအခါ သူ့အဖေက ဖုန်းဆက်ပြီး အကြံဉာဏ်ပေးတယ်။ အဲဒါကို ကျွန်တော် မကြိုက်ဘူး။”—ဂျိမ်း။a

“ကျွန်မရဲ့ယောက္ခမက ‘ငါ့သားလေးကို သိပ်သတိရတာပဲ’ လို့ မကြာခဏ ပြောတယ်။ သူတို့သားအမိ ချစ်ခင်ရင်းနှီးတဲ့အကြောင်းတွေကိုပဲ ပြောပြနေတော့ သူ့သားကို လက်ထပ်မိတာက အပြစ်ရှိသလို ခံစားလာရတယ်။”—နတာရှာ။

ယောက္ခမနဲ့ အဆင်မပြေတာနဲ့ပဲ အိမ်ထောင်ရေးပြဿနာ တက်ရကောလား။

သိသင့်သိထိုက်ရာ

အိမ်ထောင်ပြုလိုက်တာနဲ့ မိသားစုအသစ်တစ်ခု ဖြစ်လာပြီ။ အိမ်ထောင်ပြုသောအခါ “ယောက်ျားသည် မိဘကိုစွန့်ခွာ၍ မယားနှင့်စုံဖက်သဖြင့် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒါကြောင့် သူတို့ဟာ မိသားစုသစ်တစ်ခု ဖြစ်လာပြီ။ —မဿဲ ၁၉:၅။

ကိုယ့်အိမ်ထောင်ရေးက မိဘတွေထက် အရေးပါတယ်။ “အိမ်ထောင်မှာ စိတ်တူကိုယ်တူရှိဖို့ အရေးကြီးတယ်။ အဲဒီလို ဖြစ်လာနိုင်ဖို့ ကိုယ်က ကိုယ့်မိဘ၊ မောင်နှမတွေနဲ့ အရင်ကလောက် ရင်းနှီးမှု ရှိချင်မှရှိတော့မယ်” လို့ အိမ်ထောင်ရေးအတိုင်ပင်ခံ ဂျွန် အမ် ဂေါ့ဒ်မန်က ရေးသားခဲ့တယ်။b

အဲဒါကို မိဘတချို့ လက်ခံဖို့ ခက်နိုင်တယ်။ ငယ်ရွယ်တဲ့ ခင်ပွန်းသည်တစ်ဦး ဒီလိုပြောပြတယ်– “မင်္ဂလာမဆောင်ခင်ကဆိုရင် ကျွန်တော့်ဇနီးက သူ့မိဘတွေရဲ့ဆန္ဒကို ဦးစားပေးလေ့ရှိတယ်။ လက်ထပ်ပြီးနောက်မှာ ကျွန်တော့်ကို ဦးစားပေးတာကို သူ့အမေ လက်မခံနိုင်ဘူး။”

ကြင်စဦးဇနီးမောင်နှံတချို့ အခက်အခဲ တွေ့နိုင်တယ်။ “ယောက္ခမဆိုတာ ရွေးပေါင်းလို့ရတဲ့ သူငယ်ချင်းမျိုး မဟုတ်ဘူး။ ကြိုက်ကြိုက် မကြိုက်ကြိုက် သူငယ်ချင်းအသစ်နှစ်ယောက် ရလိုက်ပြီ။ ကိုယ့်ကို စိတ်အနှောင့်အယှက် ပေးရင်တောင် သူတို့က ကိုယ့်ရဲ့မိသားစုပဲ” လို့ ဂျိမ်း ပြောပြတယ်။

လုပ်ဆောင်နိုင်ရာ

ယောက္ခမကြောင့် လင်မယားအချင်းချင်း သဘောထားမတိုက်ဆိုင်ရင် ပူးပေါင်းဖြေရှင်းလိုက်ပါ။ ကျမ်းစာပြောတဲ့အတိုင်း “သူတစ်ပါးနှင့်အသင့်အတင့်” ရှိအောင် ကြိုးစားပါ။—ဆာလံ ၃၄:၁၄။

အဲဒီလိုလုပ်ဆောင်နိုင်ဖို့ အောက်ဖော်ပြပါ ဖြစ်နိုင်ခြေတွေကို သုံးသပ်ကြည့်ပါ။ ဖြစ်နိုင်ခြေတစ်ခုစီဟာ ခင်ပွန်း ဒါမှမဟုတ် ဇနီးသည်ရဲ့ ထင်မြင်ချက်တွေဖြစ်ပါတယ်။ ဆွေးနွေးထားတဲ့အချက်တွေက ယောက္ခမကြောင့် ဖြစ်တဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ကူညီပေးနိုင်ပါတယ်။

ဇနီးသည်က ကိုယ့်ကို သူ့အမေနဲ့ ဆက်ဆံရေးကောင်း ရှိစေချင်တယ်။ ဒါပေမဲ့ ကိုယ်က သူ့အမေနဲ့ အဆင်မပြေဘူး။

ဒီအချက်ကို ကြိုးစားကြည့်ပါ– ပြဿနာကို ဇနီးနဲ့အတူ ဆွေးနွေးပါ၊ ပြီးတော့ လိုက်လျောပေးလိုစိတ် ရှိပါ။ ယောက္ခမအပေါ်ခံစားချက်က အဓိကမဟုတ်ဘဲ ကိုယ်ချစ်ရတဲ့ ဇနီးအပေါ်ခံစားချက်က အဓိကပါ။ ဒါကြောင့် လင်နဲ့မယား ဆွေးနွေးတဲ့အခါ ယောက္ခမနဲ့ဆက်ဆံရေးကောင်းရှိလာစေမယ့် နည်းလမ်းတစ်ခု၊ နှစ်ခုလောက် ရှာပြီး အဲဒီအတိုင်း လုပ်ဆောင်ပါ။ ကြိုးစားနေတာကို ဇနီးသည်တွေ့တဲ့အခါ ကိုယ့်ကို ပိုပြီးလေးစားလာပါလိမ့်မယ်။ —ကျမ်းစာအကြံပြုချက်– ၁ ကောရိန္သု ၁၀:၂၄။

သူ့မိဘစိတ်ကြိုက်လုပ်နေတာပဲ ဆိုပြီး ခင်ပွန်းသည်က ပြောတယ်။

ဒီအချက်ကို ကြိုးစားကြည့်ပါ– ပြဿနာကို ခင်ပွန်းနဲ့အတူ ဆွေးနွေးပါ၊ သူ့ကို နားလည်ပေးပါ။ ကိုယ်က မိဘအပေါ် ရိုသေသမှုပြုတာကို ခင်ပွန်း တစ်မျိုးမထင်သွားရအောင် ကြိုးစားပါ။ (သုတ္တံ ၂၃:၂၂) ကိုယ့်မိဘတွေထက် ကိုယ့်ခင်ပွန်းကသာ အဓိကကျတယ်ဆိုတာကို အလုပ်နဲ့ သက်သေပြပြီး သူ့ကို ယုံကြည်စိတ်ချစေပါ။ အဲဒီလို လုပ်တယ်ဆိုရင် ငါ့ဇနီးဟာ သူ့မိဘတွေကို ရိုသေသမှုပြုသလို ငါ့ကိုလည်း ရိုသေလေးစားပါလားဆိုပြီး သိလာလိမ့်မယ်။—ကျမ်းစာအကြံပြုချက်– ဧဖက် ၅:၃၃။

ဇနီးသည်က ကိုယ့်ဆီကနေမဟုတ်ဘဲ သူ့မိဘတွေဆီကနေ အကြံဉာဏ်တောင်းတယ်။

ဒီအချက်ကို ကြိုးစားကြည့်ပါ– အဲဒါနဲ့ပတ်သက်ပြီး ဆွေးနွေး၊ သဘောတူ ပြီးမှ အတိုင်းအတာတစ်ခုအထိတော့ ခွင့်ပြုနိုင်တယ်ဆိုတာ ဇနီးကို အသိပေးထားပါ။ အကျိုးသင့်အကြောင်းသင့် ရှိပါ။ မိဘကို ကိုယ်နဲ့ဆိုင်တဲ့ကိစ္စပြောပြတာက အမြဲတမ်း မှားသလား။ ဘယ်လိုအချိန်အခါမျိုးမှာ လက်ခံသင့်သလဲ။ ပြောသင့်တာကို ပြောတယ်၊ မပြောသင့်တာတွေကို မပြောဘူးဆိုရင် ပြဿနာ ကြီးကြီးမားမား ဖြစ်လာတော့မှာ မဟုတ်ဘူး။ —ကျမ်းစာအကြံပြုချက်– ဖိလိပ္ပိ ၄:၅။

a ဒီဆောင်းပါးမှာ နာမည်တွေကို ပြောင်းထားပါတယ်။

b The Seven Principles for Making Marriage Work စာအုပ်မှ ကောက်နုတ်ထားပါတယ်။

ကျမ်းစာအကြံပြုချက်များ

  • “ကိုယ့်အကျိုးကိုမရှာဘဲ သူတစ်ပါး၏အကျိုးကို ရှာကြစေ။”—၁ ကောရိန္သု ၁၀:၂၄။

  • “ဇနီးသည်လည်း မိမိ၏ခင်ပွန်းကို အလွန်ရိုသေသင့်၏။”—ဧဖက် ၅:၃၃။

  • “သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို . . . ထင်ရှားစေကြလော့။”—ဖိလိပ္ပိ ၄:၅။

ကောင်းကွက်ကို ကြည့်ပါ

“ယောက္ခမနဲ့ သင့်မြတ်ဖို့ အရေးကြီးတယ်။ သူတို့မှာ ဘယ်လို အားနည်းချက်တွေပဲ ရှိနေပါစေ ကိုယ့်ဇနီးရဲ့ မိဘတွေဖြစ်လို့ သူတို့ကို ကျေးဇူးတင်သင့်တယ်။ သူတို့ဘဝအတွေ့အကြုံကနေ သင်ယူနိုင်ပါတယ်။ သူတို့ရဲ့ကောင်းကွက်ကို ကြည့်ပြီး အတုယူတယ်ဆိုရင် ကိုယ်လည်း ရင့်ကျက်သူတစ်ယောက် ဖြစ်လာနိုင်တယ်။”—ဂျက်စီကာ။

ယောက္ခမနှစ်ယောက်နဲ့အတူ လင်မယားနှစ်ယောက် ပျော်ရွှင်နေကြ
    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ