ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၁၅ စာ. ၁၂-၁၃
  • အယ်လ် ကွာရီဇမီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အယ်လ် ကွာရီဇမီ
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အာရဗီသင်္ချာဘာသာရပ်ကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူ”
  • အာရဗီသင်္ချာ ပျံ့နှံ့လာ
  • မာတိကာ
    နိုးလော့!—၂၀၁၅
  • ယင်းကို သင်ယုံရမည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • အလယ်ခေတ်က စပိန်နိုင်ငံမှာ ဘုရားသခင့်စကားတော်ကို လူသိများလာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နိုးလော့!—၂၀၁၅
န ၅/၁၅ စာ. ၁၂-၁၃
အယ်လ် ကွာရီဇမီရုပ်တု

အတိတ်မှပုံရိပ်များ

အယ်လ် ကွာရီဇမီ

စားသောက်ကုန်တွေရဲ့ အလေးချိန်နဲ့ တန်ဖိုးကို ချိန်တွယ်၊ တွက်ချက်တဲ့အခါ လူအတော်များများက ဟိန္ဒူ-အာရဗီ ကိန်းဂဏန်းတွေကို သုံးကြတယ်။ “ဟိန္ဒူ–အာရဗီ” လို့ ဘာကြောင့် ပြောတာလဲ။ သုညကနေ ကိုးအထိ အသုံးပြုတဲ့ ခေတ်သစ်ကိန်းဂဏန်းရေတွက်မှုစနစ်ဟာ အိန္ဒိယနိုင်ငံကနေ အခြေပြုလာပုံရတယ်။ အဲဒါကို အလယ်ခေတ် အာရဗီပညာရှင်တွေက ရေးသားပြုစုခဲ့ကြပြီး နောက်ပိုင်း အနောက်တိုင်းကို ရောက်သွားတယ်။ အဲဒီပညာရှင်တွေထဲက အထင်ရှားဆုံးသူကတော့ မိုဟာမက် အီဘင် မူဆာ အယ်လ် ကွာရီဇမီ ဖြစ်ပါတယ်။ ဥဇဘတ်ကစ္စတန်နိုင်ငံမှာ အေဒီ ၇၈၀ လောက်တုန်းက မွေးဖွားခဲ့ပုံရတယ်။ သူ့ကို “အာရဗီသင်္ချာဘာသာရပ်ကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူ” လို့ ခေါ်ကြတယ်။ ဘာကြောင့် အဲဒီလို ခေါ်ကြတာလဲ။

“အာရဗီသင်္ချာဘာသာရပ်ကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူ”

အယ်လ် ကွာရီဇမီဟာ ဒသမကိန်းတွက်နည်းရဲ့ လက်တွေ့အကျိုးရှိပုံအကြောင်း ရေးသားခဲ့တယ်၊ သင်္ချာပြဿနာတွေအတွက် ဖြေရှင်းနည်းတစ်ခုကို ရှင်းပြပေးခဲ့ပြီး လူသုံးများလာအောင် လုပ်ခဲ့တယ်။ အဲဒီတွက်နည်းကို သူရေးသားခဲ့တဲ့ စာအုပ် (The Book of Restoring and Balancing) မှာ ရှင်းပြပေးထားတယ်။ အာရဗီစကားနဲ့ဆိုရင် စာအုပ်ခေါင်းစဉ်က ကီတာ့ပ် အယ်လ်ဂျာဘရာ ဝဲလ် မူကာဘာလာဖြစ်ပြီး အဲဒီမှာပါတဲ့ အယ်လ်ဂျာဘရာကနေ အင်္ဂလိပ် စကားလုံး အယ်လ်ဂျီဘရာ (အက္ခရာသင်္ချာ) ဆင်းသက်လာတာဖြစ်တယ်။ အက္ခရာသင်္ချာဟာ “သင်္ချာနဲ့ပတ်သက်ပြီး တီထွင်ဖန်တီးခဲ့သမျှမှာ အရေးအပါဆုံးဖြစ်ပြီး သိပ္ပံနဲ့ဆိုင်တဲ့ ကိစ္စရပ်တိုင်းကိုလည်း ထောက်ပံ့ပေးတယ်” လို့ သိပ္ပံစာရေးဆရာ အက်ဆန် မာဆွတ် ရေးသားခဲ့တယ်။a

ဘယ်လောက်ရိုးရှင်းသလဲဆိုတာကို ဥပမာ ပြရရင် ရောမကိန်းဂဏန်းနဲ့ CLXXXVIII လို့ရေးရတာကို အာရဗီကိန်းဂဏန်းနဲ့ 188 လို့ပဲ ရေးဖို့လိုပါတယ်။

“ခေတ်အဆက်ဆက်က အထက်တန်းကျောင်းသားတွေက [အယ်လ် ကွာရီဇမီ] သာ လျှာမရှည်ခဲ့ရင် ကောင်းသား ဆိုပြီး ပြောကြတယ်” လို့ စာရေးဆရာ တစ်ယောက်က ဟာသနှောပြီး ပြောခဲ့တယ်။ ဒါပေမဲ့ အယ်လ် ကွာရီဇမီရဲ့ ရည်ရွယ်ချက်ကတော့ မြေတိုင်းရာမှာ၊ အမွေခွဲရာမှာ၊ ကုန်သွယ်ရာမှာနဲ့ တခြားအရာတွေကို တွက်ချက်တဲ့အခါ လွယ်ကူစေဖို့ ဖြစ်တယ်။

နှစ်ရာနဲ့ချီကြာပြီးနောက် အယ်လ် ကွာရီဇမီရဲ့ သင်္ချာညီမျှခြင်းတွက်နည်း ရှင်းပြချက်ကြောင့် ဂယ်လီလီယိုနဲ့ ဖီဘိုနာချီအပါအဝင် အနောက်တိုင်း သင်္ချာ ပညာရှင်တွေဟာ သူ့ကို အထင်ကြီးလေးစားကြတယ်။ အယ်လ် ကွာရီဇမီရဲ့ ရှင်းပြချက်တွေကြောင့် အက္ခရာသင်္ချာ၊ ဂဏန်းသင်္ချာ၊ တြိဂိုနော်မေတြီ (တြိဂံနဲ့ပတ်သက်တဲ့ သင်္ချာ) စတဲ့ပညာရပ်တွေအတွက် လမ်းပွင့်သွားတယ်။ အရှေ့အလယ်ပိုင်းက ပညာရှင်တွေက တြိဂိုနော်မေတြီပညာရပ်ကြောင့် တြိဂံရဲ့ အနား၊ ထောင့်တွေတန်ဖိုးကို တွက်ချက် လာနိုင်ကြသလို ကြယ်၊ နက္ခတ်တွေကို လေ့လာရာမှာလည်း အထောက်အကူပြုတယ်။b

အက္ခရာသင်္ချာ– “သင်္ချာနဲ့ပတ်သက်ပြီး တီထွင်ဖန်တီးခဲ့သမျှမှာ အရေးအပါဆုံးဖြစ်”

အယ်လ် ကွာရီဇမီရဲ့ ရှင်းပြချက်ကို သုံးကြတဲ့သူတွေဟာ ဒသမကိန်းတွက်နည်းအသစ်တွေနဲ့ ထုထည်နဲ့ဧရိယာကို တွက်ချက်နိုင်တဲ့နည်းအသစ်တွေကို တီထွင်နိုင်ခဲ့ကြတယ်။ အရှေ့အလယ်ပိုင်း ဗိသုကာပညာရှင်တွေနဲ့ ဆောက်လုပ်ရေးသမားတွေဟာ သူတို့နဲ့တစ်ခေတ်တည်းသား အနောက်တိုင်းသားတွေ မသုံးခင် အချိန်တော်တော်ကြာကတည်းက အဲဒီနည်းပညာကို အသုံးပြုနှင့်ပြီးဖြစ်တယ်။ အနောက်တိုင်းသားတွေဟာ ခရူးဆိတ်စစ်ပွဲအတွင်း အဲဒီနည်းပညာအကြောင်းသိလာကြတယ်။ ပညာတတ် မွတ်ဆလင်သုံ့ပန်းတွေနဲ့ ပြောင်းရွှေ့နေထိုင်သူတွေဆီကနေ အဲဒီနည်းတွေကို သင်ယူတတ်မြောက်လာကြတယ်။

အာရဗီသင်္ချာ ပျံ့နှံ့လာ

နောက်ပိုင်းမှာ အယ်လ် ကွာရီဇမီရဲ့ စာအုပ်ကို လက်တင်ဘာသာနဲ့ ပြန်ဆိုခဲ့တယ်။ ပီဆာမြို့သား လီယိုနာဒို လို့သိကြတဲ့ အီတလီလူမျိုး အနောက်တိုင်း သင်္ချာပညာရှင် ဖီဘိုနာချီ (အေဒီ ၁၁၇၀-၁၂၅၀) ဟာ ရိုးရှင်းတဲ့ ဟိန္ဒူ–အာရဗီ ကိန်းဂဏန်းတွေကို လူသိများအောင်လုပ်ပေးခဲ့တဲ့သူလို့ အသိအမှတ်ပြုကြတယ်။ မြေထဲပင်လယ်ဒေသကို သွားပြီး အဲဒီကိန်းဂဏန်းတွေကို လေ့လာခဲ့တယ်၊ ပြီးတော့ စာအုပ်တစ်အုပ် (The Book of Calculation) ရေးသားပြုစုခဲ့တယ်။

အယ်လ် ကွာရီဇမီရဲ့ ရှင်းပြချက်ဟာ ရာစုနှစ်နဲ့ချီကြာမှ လူသိများလာတယ်။ သူ့ရဲ့တွက်နည်းတွေ၊ အဲဒါနဲ့ဆက်စပ်နေတဲ့ သင်္ချာဘာသာရပ်တွေဟာ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းမှာသာမက သိပ္ပံနဲ့နည်းပညာအတွက်ပါ မရှိမဖြစ် လိုအပ်တယ်။

a ခေတ်သစ် အက္ခရာသင်္ချာမှာ x ဒါမှမဟုတ် y ကို မသိကိန်းအဖြစ် ထားလေ့ရှိတယ်။ ဥပမာ၊ x + 4 = 6 ဆိုတဲ့ ပုစ္ဆာမှာ x ရဲ့တန်ဖိုးကို သိအောင် ညီမျှချင်းတစ်ဖက်ကို လာပြီး 6 ထဲကနေ 4 ကို နုတ်လိုက်ရင် x ရဲ့တန်ဖိုးဟာ 2 ဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။

b ဂရိနက္ခတ္တဗေဒပညာရှင်တွေဟာ တြိဂံရဲ့အနား၊ ထောင့်တွေရဲ့တန်ဖိုးကို စပြီး တွက်ချက်ခဲ့သူတွေ ဖြစ်တယ်။ အစ္စလာမ်မစ် ပညာရှင်တွေဟာ တြိဂိုနော်မေတြီပညာရပ်ကို အသုံးပြုပြီး မက္ကာမြို့တော်ရှိတဲ့အရပ်ကို ဆုံးဖြတ်ကြတယ်။ မွတ်ဆလင်တွေဟာ မက္ကာမြို့တော်ဘက်ကို မျက်နှာမူပြီး ဝတ်ပြုဆုတောင်းကြတယ်။ ထုံးတမ်းအစဉ်လာအရ လူသေတွေကို မက္ကာမြို့တော်ဘက်ကို မျက်နှာမူပြီး မြေမြှုပ်သင်္ဂြိုဟ်ပေးရတယ်၊ ပြီးတော့ မွတ်စလင် သားသတ်သမားတွေဟာ အစားအစာရဖို့ သားသတ်တဲ့အခါ မက္ကာမြို့တော်ဘက် မျက်နှာမူပြီး သတ်ကြရတယ်။

အချက်အလက်အကျဉ်း

  • ဘီစီ ၃ ရာစု လောက်ကစပြီး အိန္ဒိယနိုင်ငံမှာ ခေတ်သစ် ကိန်းဂဏန်းတွေရဲ့ ရှေ့ပြေးပုံစံကို အသုံးပြုနေကြပြီ။

  • နောက်ပိုင်းမှာ ဟိန္ဒူပညာရှင်တွေဟာ ဘဂ္ဂဒက်မြို့မှာရှိတဲ့ ကလစ်ဖ် အယ်လ် မန်ဆာရဲ့နန်းတော်မှာ သူတို့ရဲ့သင်္ချာပညာရပ်ကို သင်ကြားပို့ချပေးခဲ့တယ်။

  • အယ်လ် ကွာရီဇမီရဲ့ စာအုပ် (Calculation With Indian Numerals)က ဒသမ ကိန်းတွက်နည်းကို ပိုတိုးတက်စေတယ်။ သူဟာ ဂရိ၊ ဟီဘရူးနဲ့ ဟိန္ဒူစာပေ အပါအဝင် ရှေးစာပေတွေမှာ တွေ့ရတဲ့ အယူအဆတွေကို အသေးစိတ်ရှင်းပြပေးခဲ့တယ်။

တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်

“ကိန်းဂဏန်းတွေနဲ့ သင်္ချာဘာသာရပ်အကြောင်း ပြောမယ်ဆိုရင် [အလယ်ခေတ်က အရှေ့အလယ်ပိုင်း ပညာရှင်တွေ ချန်ထားခဲ့တဲ့] အမွေအနှစ်ဟာ သိပ်တန်ဖိုးကြီးတယ်ဆိုတာ အသေအချာပါပဲ။”—Science and Islam, by Ehsan Masood.

“မျက်မှောက်ခေတ် အနောက်တိုင်း သင်္ချာအက္ခရာတွေဟာ ရင်းမြစ်အမျိုးမျိုးကနေ စုပေါင်းထားတာဖြစ်တယ်။ ဒါပေမဲ့ သိရသလောက်တော့ ဒီသင်္ချာအက္ခရာတွေထဲက ပုံစံအများစုကို အိန္ဒိယနိုင်ငံမှာ ဦးဆုံး အသုံးပြုခဲ့တာဖြစ်တယ်။”—Britannica Online Encyclopedia.

ဟိန္ဒူ–အာရဗီ ကိန်းဂဏန်းတွေကို “၁၅ ရာစုကျမှ ဥရောပမှာ လူသိများလာတာဖြစ်တယ်။”—Encyclopedia of Society and Culture in the Medieval World.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ