ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၅ စာ. ၁၀-၁၁
  • ဟဲရိုဒိုတပ်စ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟဲရိုဒိုတပ်စ်
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမိုင်းကြောင်းထက်မက ရေးသားခဲ့
  • ဟဲရိုဒိုတပ်စ်ရဲ့ တိကျမှန်ကန်မှု
  • သင်သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • မြေထဲပင်လယ်ကို ကျော်လွန်သွားသော ရှေးခေတ်ရေကြောင်းခရီးစဉ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • မာတိကာ
    နိုးလော့!—၂၀၁၅
  • ပရောဖက်ပြုချက်စာအုပ်
    လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ်
နိုးလော့!—၂၀၁၅
န ၉/၁၅ စာ. ၁၀-၁၁
ဟဲရိုဒိုတပ်စ် ရုပ်တု

အတိတ်မှပုံရိပ်များ

ဟဲရိုဒိုတပ်စ်

လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်၊ သုံးထောင်လောက်မှာ လူနေမှုပုံစံက ဘယ်လိုများနေမလဲ။ ဘယ်လို ထုံးတမ်းစဉ်လာတွေကို လူတွေ လိုက်နာစောင့်ထိန်းခဲ့ကြသလဲ။ ရှေးဟောင်းသုတေသနပညာကနေ အဖြေတချို့ရနိုင်ပေမဲ့ အားလုံးတော့ မဟုတ်ဘူး။ ရှေးအချိန်မှာ အသက်ရှင်ခဲ့တဲ့ လူတွေရဲ့ စဉ်းစားတွေးခေါ်ပုံအကြောင်း သိနိုင်အောင် အဲဒီခေတ်အခါအကြောင်းကို လူတစ်ယောက်ရေးသားခဲ့တဲ့ သမိုင်းမှတ်တမ်းက ကူညီပေးပါလိမ့်မယ်။ သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၄၀၀ လောက်က အသက်ရှင်ခဲ့သူဖြစ်တယ်။ သူ့နာမည်က ဟဲရိုဒိုတပ်စ် ဖြစ်ပြီး ဘီစီ ၅ ရာစုက ဂရိသမိုင်းပညာရှင်ဖြစ်တယ်။ သူဟာ သမိုင်းကျမ်းကို ရေးသားပြုစုခဲ့တယ်။

ဟဲရိုဒိုတပ်စ်က ဂရိလူမျိုး စစ်တိုက်ရတဲ့ အကြောင်းရင်းတွေ၊ အထူးသဖြင့် ဘီစီ ၄၉၀ နဲ့ သူ ကလေးအရွယ်သာရှိသေးတဲ့ ဘီစီ ၄၈၀ အချိန်က ပါရှားတွေ ဝင်ရောက်ကျူးကျော်တဲ့ အကြောင်းရင်းတွေကို ရေးသားပြုစုခဲ့တယ်။ ပါရှားတွေရဲ့ ကျူးကျော်မှုအပြင် ပါရှားတွေကျူးကျော်တိုက်ခိုက်ခဲ့တဲ့ နိုင်ငံတွေအကြောင်း သူရှာဖွေသိရှိသမျှ အားလုံးကို ရေးသားခဲ့တယ်။

သမိုင်းကြောင်းထက်မက ရေးသားခဲ့

ဟဲရိုဒိုတပ်စ်က မှတ်တမ်းပြုစုတဲ့နေရာမှာ ထူးချွန်သူတစ်ယောက်ဖြစ်တယ်။ စာရေးသားရာမှာ စေ့စပ်ပြီး ဇာတ်ကြောင်းပြည့်စုံစေဖို့ လိုအပ်တဲ့ အချက်အလက်အားလုံးကို ထည့်သွင်းရေးသားတယ်။ သမိုင်းဖြစ်ရပ်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ အစိုးရ မှတ်တမ်းမှတ်ရာတွေမရှိ၊ ရှိရင်လည်းရဖို့ခဲယဉ်းတဲ့အတွက် သူ့ရဲ့ပြုစုရေးသားချက်တွေက ထူးခြားတဲ့အောင်မြင်မှုလို့ ပြောနိုင်တယ်။

အဲဒီအချိန်ကဆိုရင် ဂုဏ်ယူဝင့်ကြွားစရာကိစ္စရှိမှသာ လူအနည်းစုလောက်ပဲ သမိုင်းကြောင်းကို မှတ်တမ်းတင်ကြတာ ဖြစ်တယ်။ ဒါကြောင့် ဟဲရိုဒိုတပ်စ်ဟာ သူမှတ်တမ်းရေးချင်တဲ့ အဖြစ်အပျက်တွေအကြောင်းသိဖို့ စူးစမ်းလေ့လာမှုတွေ၊ ရှေးအစဉ်အလာစကားတွေနဲ့ တခြားသူတွေရဲ့ထွက်ဆိုချက်တွေကို အားထားရတယ်။ ဟဲရိုဒိုတပ်စ်ဟာ အချက်အလက်တွေစုဆောင်းဖို့ နေရာအတော်များများကို ခရီးဆန့်ခဲ့တယ်။ ဂရိကိုလိုနီဖြစ်တဲ့ ဟာလီကာနတ်ဆပ်စ် (အခုအခေါ် ဘော့ဒ်ရမ်၊ တူရကီတောင်ပိုင်း) မှာ ကြီးပြင်းလာပြီး ဂရိတစ်ခွင် လှည့်လည်ခဲ့သူဖြစ်တယ်။

ဟဲရိုဒိုတပ်စ်ဟာ သတင်းအချက်အလက်တွေ စုဆောင်းဖို့ နေရာအတော်များများ ခရီးဆန့်ခဲ့

မြောက်ဘက်ပိုင်းဆိုရင် ပင်လယ်နက်နဲ့ ဆစ်သီးယားဆိုတဲ့ လက်ရှိ ယူကရိန်းနယ်မြေအထိ၊ တောင်ဘက်ပိုင်းဆိုရင် ပါလက်စတိုင်းနဲ့ အီဂျစ်အထက်ပိုင်းအထိ လှည့်လည်ခဲ့တယ်။ အရှေ့ဘက်ပိုင်းဆိုရင် ဗာဗုလုန်အထိ၊ အနောက်ဘက်ပိုင်း ဆိုရင် ဂရိကိုလိုနီဖြစ်ခဲ့တဲ့ အီတလီနိုင်ငံတောင်ပိုင်းအထိရောက်ခဲ့ပြီး အဲဒီမှာပဲ သေဆုံးတဲ့အထိ အခြေချနေထိုင်ခဲ့ပုံရတယ်။ ဘယ်နေရာကိုပဲသွားသွား စူးစမ်း လေ့လာတယ်၊ မေးမြန်းတယ်၊ ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်ဖြစ်ပုံအရဆုံး သူတွေဆီကနေ သတင်းအချက်အလက်တွေ ရယူခဲ့တယ်။

ဟဲရိုဒိုတပ်စ်ရဲ့ တိကျမှန်ကန်မှု

“သမိုင်းကျမ်း” ရဲ့ ကျူစာအပိုင်းအစ

သမိုင်းကျမ်းရဲ့ ကျူစာအပိုင်းအစ

ဟဲရိုဒိုတပ်စ်ရဲ့ မှတ်တမ်းပါ သတင်းအချက်အလက်တွေက ဘယ်လောက်အထိ တိကျမှန်ကန်ပါသလဲ။ သူလှည့်လည်ခဲ့တဲ့နယ်မြေတွေ၊ မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့တဲ့အရာတွေအရ သူ့ရဲ့မှတ်တမ်းတွေက တိကျတယ်လို့ သတ်မှတ်နိုင်တယ်။ ဆစ်သီးယန်းလူမျိုး တော်ဝင်မိသားစု မြေမြှုပ်သင်္ဂြိုဟ်နည်းတွေ ဒါမှမဟုတ် အီဂျစ်လူမျိုး ရုပ်အလောင်းဆေးစိမ်နည်းတွေ စတဲ့ ဂရိလူမျိုးတွေမသိတဲ့ လုပ်ဆောင်နည်းတွေအကြောင်း ဖော်ပြချက်ဟာ ရှေးဟောင်းသုတေသနပညာရှင်တွေရဲ့ တွေ့ရှိချက်နဲ့ အတော်အတန် သွားတူနေတာကို တွေ့ရတယ်။ အီဂျစ်လူမျိုးတွေအကြောင်း မှတ်တမ်းတင်ခဲ့တဲ့ အချက်အလက်တွေက “အဲဒီနိုင်ငံအကြောင်း ရှေးအချိန်က ရေးသားပြုစုခဲ့တဲ့ ဘယ်မှတ်တမ်းထက်မဆို သာလွန်တာကို တွေ့ရတယ်” လို့ ပြောကြတယ်။

ဒါပေမဲ့ မကြာခဏဆိုသလို ဟဲရိုဒိုတပ်စ်ဟာ သံသယဖြစ်ဖွယ် သက်သေ ထွက်ဆိုချက်တွေကို ယုံကြည်အားထားရုံကလွဲလို့ တခြားရွေးစရာမရှိဘူး။ နောက်ပြီး အဲဒီခေတ်ကလူတွေဟာ လူ့အရေးကိစ္စတွေမှာ နတ်ဘုရားတွေက ဝင်ရောက်စွက်ဖက်ကြတယ်လို့ အပြည့်အဝ ယုံကြည်ကြတယ်။ ဒါကြောင့် သူရေးသားခဲ့သမျှထဲက တချို့ဟာ ခေတ်သစ်သမိုင်းပညာရှင်တွေရဲ့ စံနှုန်းနဲ့ ကိုက်ညီမှု မရှိဘူး။ ဒါတောင်မှ ဟဲရိုဒိုတပ်စ်ဟာ ဒဏ္ဍာရီစကားတွေကနေ ဖြစ်ရပ်မှန်ကို သီးခြားခွဲထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ကို ပြောပြတာတွေအားလုံး သူယုံကြည်ခဲ့တာမဟုတ်ဘူးလို့ ဝန်ခံခဲ့တယ်။ သူဟာ ရင်းမြစ်တွေကို သေသေချာချာ စိစစ်ပြီးမှ၊ နှိုင်းယှဉ်ပြီးမှ ကောက်ချက်ချခဲ့တာ ဖြစ်တယ်။

ဟဲရိုဒိုတပ်စ်ဟာ သူ့ဘဝတစ်သက်တာလုံးကို သမိုင်းကျမ်း ရေးဖို့ မြှုပ်နှံခဲ့ပုံရတယ်။ သတင်းအချက်အလက်တွေရဖို့ ခက်ခဲပေမဲ့ သူလုပ်ဆောင်နိုင်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် ထူးခြားတဲ့ အောင်မြင်မှုလို့ ပြောနိုင်ပါတယ်။

အချက်အလက်အကျဉ်း

  • သူအသက်ရှင်ခဲ့တဲ့အချိန်အထိ အတိတ်သမိုင်းဖြစ်ရပ် အတော်များများကို သမိုင်းကျမ်းမှာ မှတ်တမ်းတင်ပြုစုခဲ့တာကြောင့် လက်တင်စာရေးဆရာ စစ္စရို (ဘီစီ ၁၀၆-၄၃) က ဟဲရိုဒိုတပ်စ်ကို သမိုင်းကြောင်းရဲ့ ဖခင်ကြီးလို့ အမည်ပေးခဲ့တာ ဖြစ်နိုင်တယ်။

  • သမိုင်းကျမ်းက “တန်ဖိုးမဖြတ်နိုင်တဲ့စာအုပ်” လို့ ခေတ်သစ် စာရေးဆရာတစ်ဦးက ရေးသားဖော်ပြခဲ့တယ်။ “အဲဒီထဲမှာ သမိုင်းသက်သက်ကိုသာမဟုတ်ဘဲ မနုဿဗေဒ၊ ပထဝီဝင်အနေအထား၊ ဓမ္မပညာ၊ အတွေးအခေါ်ပညာ၊ နိုင်ငံရေးဆိုင်ရာ ပညာရပ်နဲ့ ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းတွေအကြောင်းကိုပါ ရေးသားထားတယ်။”

  • ကမ္ဘာ့သမိုင်းမှာ မငြိမ်မသက်ဖြစ်နေချိန် အတောအတွင်း ဟဲရိုဒိုတပ်စ်က ဂရိ၊ အာရှအနောက်ပိုင်းနဲ့ အီဂျစ်နဲ့ဆိုင်တဲ့ သမိုင်းကြောင်းတွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ပြီး ရေးသားပြုစုခဲ့တယ်။

ဟဲရိုဒိုတပ်စ်ရဲ့ သမိုင်းမှတ်တမ်းကို ဆန်းစစ်ကြည့်ခြင်း

“[ဟဲရိုဒိုတပ်စ်ရဲ့] ရေးသားချက်တွေဟာ မှန်ပါတယ်လို့ ပြောလို့ရတဲ့ သက်သေအထောက်အထား အခုဆိုရင် အလုံအလောက်ရှိနေပြီ” လို့ သမိုင်းကြောင်းလေ့လာသူ သုတေသီ အာနယ်လ်ဒို မိုမီ လီယာနိုက ရေးသားခဲ့တယ်။ “အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ ဘာသာစကားလေ့လာသူ ပညာရှင်တွေက ရှေးဟောင်းသုတေသနတွေ့ရှိချက်တွေ၊ တခြားဘာသာစကားနဲ့ မှတ်တမ်းတင်ခဲ့တဲ့ သမိုင်းကြောင်းတွေရဲ့ အကူအညီကို ရယူပြီး ဟဲရိုဒိုတပ်စ်မှတ်တမ်းကို စေ့စပ်သေချာစွာ စူးစမ်းလေ့လာခဲ့ကြတယ်။ သူဟာ တွေ့ရှိခဲ့တဲ့အရာ၊ ကြားသိခဲ့တဲ့အရာတွေကို အမှန်အတိုင်း ရိုးသားစွာ မှတ်တမ်းတင်ခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ကြတယ်။ သူ့ရေးသားချက် အမှားတချို့ဟာ သတင်းပေးသူရဲ့အမှားကြောင့်၊ ပြောပြချက်တွေအပေါ် သူနားလည်မှု လွဲသွားတာကြောင့်ဖြစ်တယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ