ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၅ စာ. ၁၄-၁၅
  • ချစ်မြတ်နိုးရသူတစ်ဦး နေမကောင်း ဖြစ်ချိန်မှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချစ်မြတ်နိုးရသူတစ်ဦး နေမကောင်း ဖြစ်ချိန်မှာ
  • နိုးလော့!—၂၀၁၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆေးရုံတက်တဲ့အခါ
  • ဖိစီးမှုဒဏ်ခံ ဆရာဝန်များ
    နိုးလော့!—၂၀၀၅
  • ရောဂါကျွမ်းနေသူများကို နှစ်သိမ့်ပေးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • သင်၌ ရွေးချယ်ပိုင်ခွင့် ရှိသည်
    သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
  • ယုံကြည်ခြင်းအတွက် စိန်ခေါ်ချက်ဖြစ်သောဆေးဘက်ဆိုင်ရာအခြေအနေကိုရင်ဆိုင်ရန် အသင့်ရှိပြီလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၁၀/၁၅ စာ. ၁၄-၁၅

ချစ်မြတ်နိုးရသူတစ်ဦး နေမကောင်း ဖြစ်ချိန်မှာ

“အဖေဆေးရုံကဆင်းခါနီးမှာ အဖေစစ်ထားတဲ့သွေးအဖြေကို ပြန်ကြည့်ပေးဖို့ ဆရာဝန်ကို တောင်းဆိုခဲ့တယ်။ အားလုံးက ပုံမှန်ပါပဲလို့ ဆရာဝန်က ပြောပေမဲ့လည်း ကျွန်မတို့စိတ်ကျေနပ်အောင် ပြန်ကြည့်ပေးတယ်။ သွေးအဖြေနှစ်ခုက သာမန်ထက် ပိုနေတာကို ဆရာဝန်တွေ့တဲ့အခါ အံ့ဩသွားတယ်။ ဆရာဝန်က ကျွန်မတို့ကို တောင်းပန်ခဲ့ပြီး အထူးကုဆရာဝန်တစ်ယောက်နဲ့ ချိတ်ဆက်ပေးခဲ့တယ်။ အခုဆိုရင် အဖေ ပြန်သက်သာလာပါပြီ။ ကျွန်မတို့ အဲဒီလို မေးခဲ့တဲ့အတွက် တကယ်အကျိုးရှိခဲ့တယ်။”—မာရီဘယ်လ်။

ရောဂါလက္ခဏာနဲ့ သောက်နေတဲ့ ဆေးတွေအကြောင်းကို စာရင်းပြုစုနေတဲ့ ခင်ပွန်းဖြစ်သူကို ကူညီပေးနေတဲ့ ဇနီးသည်

ဆရာဝန်နဲ့မပြခင် ရောဂါလက္ခဏာနဲ့ သောက်နေတဲ့ဆေးတွေကို စာရင်းပြုပါ

ဆေးခန်းပြရတာ၊ ဆေးရုံတက်ရတာက တကယ့်ကို စိတ်ဖိစီးမှု ဖြစ်စေနိုင်တယ်။ မာရီဘယ်လ်ရဲ့ အတွေ့အကြုံအရ သူငယ်ချင်းတစ်ယောက်၊ ဆွေမျိုးတစ်ယောက်ကြောင့် အကူအညီဖြစ်နိုင်တယ်။ ချစ်ရသူတစ်ဦးကို ဘယ်လို အကူအညီမျိုး ပေးနိုင်သလဲ။

ဆရာဝန်မပြခင်။ ရောဂါလက္ခဏာတွေ၊ မှီဝဲနေတဲ့ဆေးဝါးတွေ၊ ဖြည့်စွက်စာတွေကို စာရင်းပြုရာမှာ သူ့ကို ကူညီပေးပါ။ ဆရာဝန်ကို မေးချင်တဲ့ဘယ်မေးခွန်းကိုမဆို စာရင်းပြုထားပါ။ ရောဂါနဲ့ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေ ဒါမှမဟုတ် အဲဒီလိုရောဂါမျိုး မိသားစုမှာဖြစ်ခဲ့ဖူးသလားဆိုတာ သင့်ရဲ့မိတ်ဆွေ ဆန်းစစ်နိုင်အောင် ကူညီပေးပါ။ ဆရာဝန်က အဲဒီအချက်အလက်တွေသိပြီးသား ဒါမှမဟုတ် သူ့ဘက်ကမေးလာမယ်လို့ မယူမှတ်ပါနဲ့။

ခင်ပွန်းသည် ဆရာဝန်ပြနေချိန်မှာ မှတ်စုလိုက်ရေးနေတဲ့ ဇနီးသည်

အာရုံစူးစိုက် နားထောင်ပါ၊ လေးလေးစားစားနဲ့ မေးခွန်းတွေမေးပါ၊ မှတ်သားထားပါ

ဆရာဝန်ပြတဲ့အခါ။ သင်နဲ့ လူနာဟာ ဆရာဝန်ရဲ့ရှင်းပြချက်အားလုံးကို နားလည်ကြောင်း သေချာစေပါ။ မေးခွန်းတွေမေးပါ၊ ဒါပေမဲ့ တစ်ယူသန်ပြောဆိုခြင်းကို ရှောင်ပါ။ မေးတာ၊ ဖြေတာတွေကို လူနာကို လုပ်ခွင့်ပေးပါ။ အာရုံစိုက်နားထောင်ပြီး ဂရုတစိုက် မှတ်သားပါ။ ဘယ်လိုကုသမှုတွေ ရွေးချယ်နိုင်သလဲဆိုတာ မေးမြန်းပါ။ တချို့ကိစ္စတွေမှာဆိုရင် နောက်ဆရာဝန်တစ်ယောက်ရဲ့ ထင်မြင်ချက်ကိုရယူတာက ပညာရှိကြောင်း သူ့ကို အကြံပေးနိုင်တယ်။

ဆရာဝန်နဲ့တွေ့တုန်းက ရေးခဲ့တဲ့မှတ်စုကို ပြန်လည်သုံးသပ်နေတဲ့ လင်မယား

ဆရာဝန်ရဲ့ ညွှန်ကြားချက်တွေကို ပြန်သုံးသပ်ပါ၊ ညွှန်းထားတဲ့ဆေးတွေကို ပြန်စစ်ပါ

ဆရာဝန်ပြပြီးနောက်။ ဆရာဝန်နဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းတွေကို ပြန်သုံးသပ်ပါ။ ဖြစ်တဲ့ရောဂါနဲ့ ပေးတဲ့ဆေးမှန်ကြောင်း သေချာစေပါ။ ဆေးညွှန်းအတိုင်းသောက်ဖို့ အားပေးပါ၊ ဘေးထွက်ဆိုးကျိုး ဆိုးဆိုးရွားရွား ဖြစ်လာတာ သတိပြုမိရင် ဆရာဝန်ကို ချက်ချင်းအကြောင်းကြားပါ။ အပြုသဘောထားရှိဖို့ လူနာကို အားပေးပါ၊ ကုသမှုဆိုင်ရာ နောက်ထပ် လုပ်ဆောင်စရာတွေ စတဲ့ ထပ်ဆင့်ညွှန်ကြားချက်တွေအတိုင်း လိုက်နာဖို့ အားပေးပါ။ လူနာကို ရောဂါအခြေအနေအကြောင်း ပိုသိလာအောင် ကူညီပေးပါ။

ဆေးရုံတက်တဲ့အခါ

အမျိုးသမီးတစ်ယောက် ဆေးရုံကုတင်ပေါ်မှာ ရှိနေချိန် ကျန်းမာရေးစောင့်ရှောက်မှု ကိုယ်စားလှယ်က ဆရာဝန်နဲ့ ဆွေးနွေးပြောဆိုနေ

လျှောက်လွှာပုံစံတွေကို မှန်ကန်စွာ ဖြည့်ထားကြောင်း သေချာစေပါ

အေးဆေးတည်ငြိမ်ပြီး နိုးကြားနေပါ။ ဆေးရုံတက်ရတဲ့ လူနာတစ်ယောက်ဟာ စိုးရိမ်ပူပန်စိတ်များပြီး ကူကယ်ရာမဲ့ ခံစားနေရနိုင်တယ်။ သင်က အေးဆေးတည်ငြိမ်ပြီး သတိရှိနေရင် ပါဝင်ပတ်သက်နေသူအားလုံးကို စိတ်တည်ငြိမ်နေအောင်၊ အမှားတွေမလုပ်မိအောင် ကူညီပေးနိုင်ပါတယ်။ လျှောက်လွှာဖြည့်တဲ့အခါ မှန်ကန်စွာ ဖြည့်စွက်ထားကြောင်း သေချာစေပါ။ ဆေးကုသမှုနဲ့ပတ်သက်လာရင် လူနာရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားပါ။ သူက အရမ်းကို နေမကောင်းဖြစ်နေလို့ ဆုံးဖြတ်ချက်မချနိုင်တဲ့ အခြေအနေဆိုရင် ဆေးကုသမှုဆိုင်ရာ လူနာရဲ့ရေးသားချက်ဆန္ဒအတိုင်း လုပ်ပါ ဒါမှမဟုတ် အနီးစပ်ဆုံး ဆွေမျိုးသားချင်း၊ သူတာဝန်လွှဲအပ်ထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကိုယ်စားလှယ်ပြောတဲ့အတိုင်း လိုက်နာပါ။a

အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ကျန်းမာရေးစောင့်ရှောက်မှု ကိုယ်စားလှယ်တို့ ဆေးရုံဝန်ထမ်းတစ်ယောက်နဲ့ စကားပြောဆိုနေ

သတိပြုမိတာတွေရှိရင် ဆေးရုံဝန်ထမ်းတွေကို လေးလေးစားစား ပြောပြပါ

အစပြုလုပ်ဆောင်ပါ။ ပွင့်ပွင့်လင်းလင်းပြောဆိုဖို့ မကြောက်ပါနဲ့။ လေးစား၊ ယဉ်ကျေးစွာ ပြောဆိုတာက ဆေးရုံဝန်ထမ်းတွေ လူနာအပေါ် အရေးတယူရှိလာအောင်၊ ပိုကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဆေးရုံအတော်များများမှာ လူနာတွေကို ဆရာဝန်တစ်ယောက်ထက်မက ကြည့်ရှုစစ်ဆေးတယ်။ တခြားဆရာဝန်တွေ ဘာမှတ်ချက်တွေပေးထားသလဲဆိုတာ သူတို့ကို ပြောပြခြင်းဖြင့် ကူညီပေးနိုင်တယ်။ လူနာရဲ့ ကာယပိုင်း၊ စိတ်ပိုင်းပြောင်းလဲမှုအခြေအနေ တစ်ခုခုကို သတိပြုမိတယ်ဆိုရင် ပြောပြနိုင်ပါတယ်။

အမျိုးသမီး ပြန်သက်သာလာချိန်မှာ သူ့ရဲ့ကျန်းမာရေးစောင့်ရှောက်မှု ကိုယ်စားလှယ်က သူနာပြုဆရာမတစ်ဦးကို စကားပြောဆိုနေ

အနှောင့်အယှက်မဖြစ်စေတဲ့နည်းနဲ့ ကိုယ်တတ်နိုင်တာ လုပ်ဆောင်ပါ

လေးစားမှုပြပါ၊ ကျေးဇူးတင်လေးမြတ်စိတ် တင်ပြပါ။ ဆေးရုံဝန်ထမ်းတွေဟာ စိတ်ဖိစီးမှုများနေနိုင်တယ်။ ကိုယ့်ကို ဆက်ဆံစေချင်သလိုမျိုး သူတို့ကို ဆက်ဆံပါ။ (မဿဲ ၇:၁၂) သူတို့ရခဲ့တဲ့လေ့ကျင့်မှုနဲ့ အတွေ့အကြုံတွေကို အသိအမှတ်ပြုပြီး လေးစားမှုပြပါ၊ သူတို့အပေါ် ယုံကြည် စိတ်ချမှုပြပြီး လုပ်ဆောင်ပေးမှုတွေအတွက် ကျေးဇူးတင်ကြောင်းပြောပါ။ အဲဒီလို ပြောမယ်ဆိုရင် သူတို့ဘက်က အတတ်နိုင်ဆုံးလုပ်ဆောင်စေဖို့ အားပေးရာရောက်ပါတယ်။

ဖျားနာမှုကို ဘယ်သူမှ မရှောင်လွှဲနိုင်ဘူး။ ဒါပေမဲ့ ကြိုတင်စီစဉ်မှုတွေနဲ့ လက်တွေ့ကျတဲ့ အကူအညီတွေက သူငယ်ချင်း၊ ဆွေမျိုးသားချင်းကို ခက်ခဲတဲ့အခြေအနေအောက်မှာ အကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်အောင် ကူညီပေးမှာ ဖြစ်တယ်။—သုတ္တံ ၁၇:၁၇။

a လူနာရဲ့ လုပ်ပိုင်ခွင့်၊ တာဝန်တွေနဲ့ပတ်သက်လာရင် ဥပဒေ၊ စည်းမျဉ်းတွေက တစ်နေရာနဲ့တစ်နေရာ မတူကြဘူး။ ဆေးကုသမှုဆိုင်ရာ လူနာရဲ့ဆန္ဒပါဝင်တဲ့ စာရွက်စာတမ်းအားလုံးဟာ ပြည့်စုံပြီး နောက်ဆုံးပြုလုပ်ထားချက်ဖြစ်ကြောင်း သေချာစေပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ