ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၆ အမှတ် ၆ စာ. ၃
  • ရောဂါမကူးစက်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရောဂါမကူးစက်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းများ
  • နိုးလော့!—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပိုးမွှားများ၏ လက်စားချေမှု
    နိုးလော့!—၁၉၉၇
  • ဒူပေနာပေခံ ထိုရောဂါပိုးများ—ပြန်ထွန်းလာပုံ
    နိုးလော့!—၂၀၀၄
  • ၂၀ ရာစု ရောဂါကပ်ဘေး
    နိုးလော့!—၁၉၉၈
  • ရောဂါတိုက်ဖျက်ရေးတွင် အောင်မြင်မှုများနှင့် ရှုံးနိမ့်မှုများ
    နိုးလော့!—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၆
န၁၆ အမှတ် ၆ စာ. ၃

မျက်နှာဖုံးဆောင်းပါး

ရောဂါမကူးစက်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းများ

မမြင်ရပေမဲ့ သေစေနိုင်တဲ့ ရန်သူတွေကို လူ့ခန္ဓာကိုယ်ဟာ နေ့တိုင်းတိုက်ထုတ်နေရတယ်။ ပြင်ပကလာတဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ကပ်ပါးကောင်တွေဟာ ကျန်းမာရေးကို ထိခိုက်နိုင်တယ်။a သင့်ရဲ့ကိုယ်ခံအားစနစ်က ဒီအကောင်တွေကို ရောဂါမဖြစ်ခင်ကတည်းက တိုက်ထုတ်နေမှန်း သင် သိချင်မှသိမယ်။ တစ်ခါတလေမှာတော့ ဒီပိုးမွှားတွေဟာ အနိုင်ရသွားပြီး သင့်ကို ဖျားနာစေတယ်။ အဲဒီအခါ ဆေးဝါးတွေ၊ တခြားကုသနည်းတွေနဲ့ ရောဂါပျောက်အောင်လုပ်ရတယ်။

ရောဂါဖြစ်ရတဲ့ အကြောင်းအမျိုးမျိုးထဲမှာ ခရီးသွားလာတာ၊ မမြင်နိုင်တဲ့ပိုးမွှားတွေ၊ ဆင်းရဲမွဲတေမှုနဲ့ ချက်ပြုတ်ပြင်ဆင်တဲ့နည်းတွေကြောင့်လည်း ပါဝင်တယ်

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက လူတွေဟာ အန္တရာယ်ရှိတဲ့ ပိုးမွှားတွေအကြောင်း မသိသလောက်ပဲ။ ၁၉ ရာစုရောက်တဲ့အခါ သိပ္ပံပညာရှင်တွေဟာ ပိုးမွှားတွေကြောင့် ရောဂါဖြစ်တာလို့ ပြောလာတယ်။ ဒါကြောင့် လူတွေဟာ အရင်ကထက် အခု ရောဂါကာကွယ်တတ်လာတယ်။ ဆေးပညာရှင်တွေဟာ ရေကျောက်နဲ့ ပိုလီယိုအပါအဝင် တခြားကူးစက်နိုင်တဲ့ရောဂါတွေကို အကြီးအကျယ် နှိမ်နင်းနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ သိပ်မကြာသေးခင်က အသားဝါနဲ့ သွေးလွန်တုတ်ကွေး စတဲ့ရောဂါတချို့ ခေါင်းပြန်ထောင်လာတယ်။ ဘာကြောင့်လဲ။ ဒီအချက်တွေကြောင့်ပါ–

  • နှစ်စဉ်နှစ်တိုင်း၊ ကမ္ဘာတစ်ဝန်းက ခရီးသည်တွေဟာ အန္တရာယ်ရှိပိုးမွှားတွေကို သယ်ဆောင်သွားကြတယ်။ ဆေးဂျာနယ်တစ်စောင် (Clinical Infectious Diseases) အရ “ရောဂါပိုးမွှားတွေဟာ လေယာဉ်ခရီးကြောင့် တစ်နိုင်ငံကနေ တစ်နိုင်ငံ အမြန်ဆုံး ပျံ့နှံ့သွား” တာဖြစ်တယ်။

  • တချို့ ဘက်တီးရီးယားတွေဟာ ဆေးယဉ်သွားကြပြီ။ “ပဋိဇီဝဆေးအတော်များများဟာ ရောဂါတွေကို မတားဆီးပေးနိုင်တော့ဘူး” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြတယ်။

  • အစိုးရက ရောဂါမပျံ့နှံ့ဖို့ ကြိုးစားကာကွယ်ပေမဲ့ ပြည်တွင်းမငြိမ်သက်မှုနဲ့ ဆင်းရဲမွဲတေမှုကြောင့် ထင်သလောက် မအောင်မြင်ဘူး။

  • လူအတော်များများမှာ ရောဂါ ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ အသိပညာ မရှိကြဘူး။

အဲဒီလိုအခြေအနေမျိုးတွေရှိပေမဲ့ ကိုယ်တိုင်နဲ့ မိသားစုကို ကာကွယ်နိုင်တဲ့နည်းတွေ အများကြီးရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံမှာ နေရင်တောင် လုပ်ဆောင်နိုင်တဲ့ ရိုးရှင်းပြီး လက်တွေ့ကျတဲ့အချက်တွေကို နောက်ဆောင်းပါးတွေမှာ ဖော်ပြထားပါတယ်။

a ပိုးမွှားအများစုကတော့ ရောဂါမဖြစ်စေဘူး။ ဒီဆောင်းပါးတွေမှာ သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့၊ မမြင်နိုင်တဲ့ ပိုးမွှားတွေနဲ့ ရောဂါကူးစက်နိုင်တဲ့ တခြားအရာတွေအကြောင်း အဓိကဆွေးနွေးပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ